ကမ္ဘာ့အပူဆုံးမြို့ စာရင်းတွင်ပါဝင်ခဲ့သော မကွေးတိုင်းရှိ ဒေသများတွင် တစ်ရွာလျှင် သစ်ပင် အနည်းဆုံး (၂)ဧကစိုက်ပျိုးရန် တိုက်တွန်း

 706

Pearl (NP News) - မေ ၂၅

ကမ္ဘာ့အပူဆုံးမြို့ စာရင်းတွင်ပါဝင်ခဲ့သော မကွေးတိုင်းရှိ ဒေသများတွင် တစ်ရွာလျှျှင်စ်ပင် အနည်းဆုံး ၂ ဧက စိုက်ပျိုးရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းထားသည်။

ယမန်နေ့ (မေလ ၂၄ ရက်) က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့ နှင့် မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းသည် အပူပိုင်းဇုန်တွင်ပါဝင်ပြီး ယခုနှစ်တွင် ရာသီဥတုမှာသိသိသာသာ ပိုမိုပူပြင်းလာသည်ကိုတွေ့ရှိရပြီး ကမ္ဘာ့အပူချိန်အမြင့်ဆုံး (၁၅)မြို့ စာရင်းတွင်လည်း မြန်မာနိုင်ငံရှိ မကွေး၊ ချောက်၊ မင်းဘူး၊ ညောင်ဦး စသည့်မြို့များပါဝင်ခဲ့သည်။ ထို့ကြောင့် အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင် အနည်းဆုံး ၂ ဧက စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အလားတူ အိမ်ဝင်း၊ လမ်းဘေးများတွင်လည်း စိုက်ရန် နှင့် မြို့ရွာများအလိုက် သစ်တောသစ်ပင် စိုက်ပျိုးရန်မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ပြင် ရာသီဥတုပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးအားနည်းသူများအနေဖြင့် အပူဒဏ်ရှောင်နိုင်ရေးအတွက် အပူဒဏ်ခံနိုင်မည့် အဆောက်အအုံများဆောက်လုပ်ရန် နှင့် ဥပမာအားဖြင့် လူဦးရေအများအပြား ဝင်ရောက်နိုင်ပြီး အေးချမ်းစွာခေတ္တနားခိုနိုင်မည့် အတွင်းလှိုဏ်ပါစေတီပုထိုးများတည်ထားကိုးကွယ်ခြင်းဖြင့် ကုသိုလ်လည်း ရရှိနိုင် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

အလားတူ နေရောင်ခြည်ကို အသုံးချ၍ ဆိုလာစွမ်းအင်သုံး လေအေးပေးစနစ်များ တပ်ဆင်ခြင်းဖြင့်လည်း အပူဒဏ်ကို ကျော်လွှားနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်သင့်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

zawgyi version
ကမာၻ႔အပူဆုံးၿမိဳ႕ စာရင္းတြင္ပါဝင္ခဲ့ေသာ မေကြးတိုင္းရွိ ေဒသမ်ားတြင္ တစ္႐ြာလွ်င္ သစ္ပင္ အနည္းဆုံး (၂)ဧကစိုက္ပ်ိဳးရန္ တိုက္တြန္း
Pearl (NP News) - ေမ ၂၅

ကမာၻ႔အပူဆုံးၿမိဳ႕ စာရင္းတြင္ပါဝင္ခဲ့ေသာ မေကြးတိုင္းရွိ ေဒသမ်ားတြင္ တစ္႐ြာလွ်ွ်င္စ္ပင္ အနည္းဆုံး ၂ ဧက စိုက္ပ်ိဳးရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တိုက္တြန္းထားသည္။

ယမန္ေန႔ (ေမလ ၂၄ ရက္) က နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္မ်ား၊ ခ႐ိုင္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူတို႔ ႏွင့္ မေကြးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ေတြ႕ဆုံ၍ ေဒသဖြံၿဖိဳး တိုးတက္ေရးဆိုင္ရာမ်ားအား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းသည္ အပူပိုင္းဇုန္တြင္ပါဝင္ၿပီး ယခုႏွစ္တြင္ ရာသီဥတုမွာသိသိသာသာ ပိုမိုပူျပင္းလာသည္ကိုေတြ႕ရွိရၿပီး ကမာၻ႔အပူခ်ိန္အျမင့္ဆုံး (၁၅)ၿမိဳ႕ စာရင္းတြင္လည္း ျမန္မာႏိုင္ငံရွိ မေကြး၊ ေခ်ာက္၊ မင္းဘူး၊ ေညာင္ဦး စသည့္ၿမိဳ႕မ်ားပါဝင္ခဲ့သည္။ ထို႔ေၾကာင့္ အပူရွိန္ေလွ်ာ့ခ်ေရးႏွင့္ ရာသီဥတုေကာင္းမြန္ေစေရးအတြက္ ေဆာင္႐ြက္ရန္မွာ သစ္ပင္စိုက္ပ်ိဳးျခင္းပင္ျဖစ္ၿပီး ေက်း႐ြာတစ္႐ြာခ်င္းစီအလိုက္ သစ္ေတာသစ္ပင္ အနည္းဆုံး ၂ ဧက စိုက္ပ်ိဳးျခင္းမ်ားကို ေဆာင္႐ြက္ႏိုင္ရန္လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။

အလားတူ အိမ္ဝင္း၊ လမ္းေဘးမ်ားတြင္လည္း စိုက္ရန္ ႏွင့္ ၿမိဳ႕႐ြာမ်ားအလိုက္ သစ္ေတာသစ္ပင္ စိုက္ပ်ိဳးရန္ေျမေနရာမ်ားကို စိစစ္ေဖာ္ထုတ္ရန္လိုအပ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။ ထို႔ျပင္ ရာသီဥတုျပင္းထန္သည့္ကာလမ်ား၌ သက္ႀကီး႐ြယ္အိုမ်ား၊ က်န္းမာေရးအားနည္းသူမ်ားအေနျဖင့္ အပူဒဏ္ေရွာင္ႏိုင္ေရးအတြက္ အပူဒဏ္ခံႏိုင္မည့္ အေဆာက္အအုံမ်ားေဆာက္လုပ္ရန္ ႏွင့္ ဥပမာအားျဖင့္ လူဦးေရအမ်ားအျပား ဝင္ေရာက္ႏိုင္ၿပီး ေအးခ်မ္းစြာေခတၱနားခိုႏိုင္မည့္ အတြင္းလႈိဏ္ပါေစတီပုထိုးမ်ားတည္ထားကိုးကြယ္ျခင္းျဖင့္ ကုသိုလ္လည္း ရရွိႏိုင္ ျဖစ္ေၾကာင္း ၎က ထပ္မံေျပာသည္။

အလားတူ ေနေရာင္ျခည္ကို အသုံးခ်၍ ဆိုလာစြမ္းအင္သုံး ေလေအးေပးစနစ္မ်ား တပ္ဆင္ျခင္းျဖင့္လည္း အပူဒဏ္ကို ေက်ာ္လႊားႏိုင္မည္ျဖစ္သျဖင့္ စဥ္းစားေဆာင္႐ြက္သင့္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.