မကွေးမြို့ရှိ ကန်သာကန်၌ ငါးမျိုးစုံ ထောင်နှင့်ချီကာ သေဆုံးမှု ဖြစ်ပွား

 2167

Pearl (NP News) - မေ ၂၅

မကွေးမြို့ရှိ ကန်သာကန်၌ ငါးမျိုးစုံ ထောင်နှင့်ချီကာ သေဆုံးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မေလ ၂၅ ရက်) ၊ နံနက်ပိုင်းတွင် မကွေးတိုင်း၊ မကွေးမြို့ ၊ ကန်သာရပ် ကွက်၊ အထက (၁) လမ်းဘေးရှိ ကန်သာကန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကန်သာကန်အတွင်းရှိ ငါးကြင်း နှင့် တီးလားဗီးယား အပါအဝင် ငါးအမျိုးအစားများစွာ သေဆုံးနေ လျက်ရှိကြောင်း သိရသည်။

“ငါးတွေက တော်တော်များတယ်။ ဆာလာအိတ်နဲ့ (၄)(၅)အိတ် မကဘူး။ ရေကြောင့်လား၊ အဆိပ်ချခံရတာလားတော့ သေချာမသိပေမယ့် လူနေရပ်ကွက်တွေ၊ ရေမြောင်းတွေကနေ ရေပုပ်တွေ ကန်သာကန်ထဲကို စီးတတ်တယ်။ အဲဒီရေပုပ်တွေကြောင့် သေတာလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်သိရသလောက်က ဒါပထမဆုံးဖြစ်စဉ်ပဲ။ အရင် မိုးတွင်းတွေတုန်းက ကန်ထဲက ရေလျှံလို့ ငါးတွေပါလာပြီး နည်းနည်းပါးပါး သေတာလောက်ပဲ ဖြစ်ဖူးတယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် အဆိုပါငါးများကို အနီးပတ်ဝန်ကျင်ရှိ ဒေသခံများက ဆယ်ယူနေလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ငါးမွေးမြူရေးကန်များတွင် ငါးများ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်တွင်လည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၊ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်တွင် သောင်းနှင့်ချီသော အလှမွေးငါးများ သေဆုံးခဲ့ဖူးသည်။

zawgyi version
မေကြးၿမိဳ႕ရွိ ကန္သာကန္၌ ငါးမ်ိဳးစုံ ေထာင္ႏွင့္ခ်ီကာ ေသဆုံးမႈ ျဖစ္ပြား
Pearl (NP News) - ေမ ၂၅

မေကြးၿမိဳ႕ရွိ ကန္သာကန္၌ ငါးမ်ိဳးစုံ ေထာင္ႏွင့္ခ်ီကာ ေသဆုံးမႈ ျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေမလ ၂၅ ရက္) ၊ နံနက္ပိုင္းတြင္ မေကြးတိုင္း၊ မေကြးၿမိဳ႕ ၊ ကန္သာရပ္ ကြက္၊ အထက (၁) လမ္းေဘးရွိ ကန္သာကန္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အဆိုပါ ကန္သာကန္အတြင္းရွိ ငါးၾကင္း ႏွင့္ တီးလားဗီးယား အပါအဝင္ ငါးအမ်ိဳးအစားမ်ားစြာ ေသဆုံးေန လ်က္ရွိေၾကာင္း သိရသည္။

“ငါးေတြက ေတာ္ေတာ္မ်ားတယ္။ ဆာလာအိတ္နဲ႔ (၄)(၅)အိတ္ မကဘူး။ ေရေၾကာင့္လား၊ အဆိပ္ခ်ခံရတာလားေတာ့ ေသခ်ာမသိေပမယ့္ လူေနရပ္ကြက္ေတြ၊ ေရေျမာင္းေတြကေန ေရပုပ္ေတြ ကန္သာကန္ထဲကို စီးတတ္တယ္။ အဲဒီေရပုပ္ေတြေၾကာင့္ ေသတာလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္သိရသေလာက္က ဒါပထမဆုံးျဖစ္စဥ္ပဲ။ အရင္ မိုးတြင္းေတြတုန္းက ကန္ထဲက ေရလွ်ံလို႔ ငါးေတြပါလာၿပီး နည္းနည္းပါးပါး ေသတာေလာက္ပဲ ျဖစ္ဖူးတယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ အဆိုပါငါးမ်ားကို အနီးပတ္ဝန္က်င္ရွိ ေဒသခံမ်ားက ဆယ္ယူေနလ်က္ရွိေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ဧၿပီလအတြင္းကလည္း ရာသီဥတုပူျပင္းမႈဒဏ္ေၾကာင့္ ဧရာဝတီတိုင္းအတြင္းရွိ ငါးေမြးျမဴေရးကန္မ်ားတြင္ ငါးမ်ား အစုလိုက္အၿပဳံလိုက္ ေသဆုံးမႈမ်ား ျဖစ္ေပၚခဲ့ဖူးေၾကာင္း သိရသည္။ ထို႔ျပင္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ေမလ ၂၂ ရက္တြင္လည္း ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕၊ နိဗၺာန္ခ်မ္းသာ မဂၤလာကန္တြင္ ေသာင္းႏွင့္ခ်ီေသာ အလွေမြးငါးမ်ား ေသဆုံးခဲ့ဖူးသည္။

Related news

© 2021. All rights reserved.