တရုတ်နှင့်စစ်ပွဲအတွက် အမေရိကန် တက်ကြွစွာ ပြင်ဆင်နေ

 1303

Htay Oung (NP News) - မေ ၂၇

ထိုင်ဝမ်ကျူးကျော်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေများ တစ်နေ့တစ်ခြား ကြီးထွားလာနေခိုက် အမေရိကန်စစ်တပ်ဟာ တရုတ်နဲ့ စစ်ခင်းဖို့အတွက် စိတ်အားထက်သန်စွာ ပြင်ဆင်နေပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်မရိန်းတပ်သားတွေဟာ ထိုင်ဝမ်နဲ့မနီးမဝေး ကျွန်းငယ်များပေါ်မှာ နိမိတ်ဆိုးရွားလှတဲ့ စစ်ကစားနည်းများကို လေ့ကျင့်နေကြတယ်လို့ အမေရိကန် “ဝေါလ်စထရိဂျာနယ်” ရဲ့ သတင်းကို ဗြိတိန် “ဒေးလီးမေးလ်” က ယနေ့( မေလ ၂၇ ရက်)မှာ ကူးယူဖော်ပြပါတယ်။

လေ့ကျင့်မှုမှာ “ချင်းနွတ်” ရဟတ်ယာဉ်များနဲ့ မရိန်းတပ်သားများ တပ်ဖြန့်ခြင်း၊ ချေမှုန်းရေး ရိုင်ဖယ်များ မပါပဲ လက်နက်မဲ့ အသင့်ပြင်ဆင်ခြင်းနဲ့ ပဋိပက္ခဖြစ်ပွားလာမယ်ဆိုရင် စစ်တလင်းဖြစ်လာဖွယ်ရှိတဲ့ မြေမျက်နှာသွင်ပြင်များနဲ့ လိုက်လျောညီထွေလှုပ်ရှားနည်းတို့ ပါဝင်နေပါတယ်။

ရန်လိုတဲ့နိုင်ငံက ထိုင်ဝမ်ကို သိမ်းပိုက်ရန် ဆက်လက်ခြိမ်းခြောက်နေတဲ့ နောက်ဆက်တွဲဖြစ်ရပ်များဟာ အမေရိကန်စစ်ခေါင်းဆောင်များအနေနဲ့ မျက်စိ ဆံပင်မွှေးစူးစရာများချည့် ဖြစ်နေပါတယ်။ အမေရိကန်နဲ့ တရုတ်တို့အကြား တိုက်ရိုက်ဖြစ်ပွားတဲ့ ပဋိပက္ခမှန်သမျှ နှစ်ဖက်စလုံးက နျူကလီယာလက်ပိုင်ရှင်များ ဖြစ်တဲ့အတွက် ကမ္ဘာကို ဖျက်ဆီးနိုင်တဲ့ တတိယကမ္ဘာစစ်အဖြစ် အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။

ထိုင်ဝမ်ကို တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းလိုကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က လေအေးအေးနဲ့ ဗြောင်ဖွင့်ပြောနေပေမယ့် အမှတ်မထင် တိုက်ခိုက်မှုမျိုးကိုသာ ရွေးချယ်လာခဲ့ရင် ပြိုင်ဘက်နိုင်ငံများ အနေနဲ့ ပါးစပ်အဟောင်းသား ဖြစ်ယုံသာရှိပါလိမ့်မယ်။ ဒီမိုကရေစီတိုင်းပြည်အဖြစ် အောင်မြင်စွာ ရပ်တည်နေပြီဖြစ်တဲ့ ထိုင်ဝမ်ကလည်း တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ်ခံရန် ဆန္ဒမရှိကြောင်း ပြောနေပါတယ်။ ဒီနေရာမှာ တရုတ်က ဇွတ်အတင်း ကျူးကျော်လာခဲ့ရင် ထိုင်ဝမ်ဘက်က ခုခံကာကွယ်ပေးသွားမယ်လို့ အမေရိကန်က တရားဝင်ပြောဆိုထားပြီးပါပြီ။ တိုက်ခိုက်မှုဖြပြလာခဲ့ရင် ကျွန်းကို ကာကွယ်ဖို့ အမေရိကန်တပ်တွေ ချထားရမယ်လို့တောင် ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်က တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ နေရာယူလာခြင်းအပါအဝင် ကျူးကျော်ရန် ပြင်ဆင်နေတယ်လို့ ယူဆနိုင်တဲ့ စစ်ရေးလှုပ်ရှားမှုအတော်များများကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ပါတယ်။ ထိုင်ဝမ်သမ္မတသစ် လိုင်ချင်းတေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းအပြီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ အင်အားပြသခြင်းဟာ ကျွန်းနိုင်ငံကို (တိုက်ခိုက်သိမ်းယူတဲ့အထိ) ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း ပြောင်ပြောင်းတင်းတင်း ရည်ညွှန်းခြင်း ဖြစ်တယ်လို့ စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောပါတယ်။ တရုတ်ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာခြင်းနဲ့အတူ ဖိလစ်ပိုင်ကျွန်းစုများပေါ် စစ်ရေးလေ့ကျင့်မှုများကို ဝေါလ်စထရိဂျာနယ်က လေးကြိမ်မြောက်အဖြစ် ဒေသအတွင်း လှည့်လည် ကြည့်ရှု့ခွင့်ရရှိခဲ့ပါတယ်။ သတင်းထောက် ရောက်ရှိသွားတဲ့ တပ်ရင်းဟာ ဒေသအတွင်း အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ တည်ရှိမှုကို ပြု ပြင်ပြောင်းလဲရန် (ဘောင်ဘောင်းမားကို့စ် သမ္မတဖြစ်လာပြီးနောက်ပိုင်း) လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက ဖွဲ့ စည်းခဲ့ကြောင်း သိရှိရပါတယ်။ အလားတူ ဟာဝိုင်ယီကျွန်းစုများနဲ့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ယမန်နှစ်မှာတော့ အမေရိကန် တပ်ဖွဲ့တွေဟာ ဖိလစ်ပိုင် စစ်အခြေစိုက်စခန်း အတော်များအတွင်း ဝင်ရောက်လာခဲ့ပြီး ထိုင်ဝမ်ကျွန်းမှ တစ်နာရီခရီးသာသာ လူဇုံကျွန်းမြောက်ဘက်ရှိ ဘတမ်းကျွန်းစုများမှာ စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် တောင်တရုတ်ပင်လယ်တစ်ဝှန်းလုံးရှိ ကျွန်းစုများအကြား ရေတပ်သားများကို သယ်ယူရွှေ့ပြောင်းရန်အတွက် အမေရိကန်စစ်သင်္ဘောများဟာ အဓိကအချက်ဖြစ်ပြီး စီစဉ်ဖို့ လိုအပ်နေသေးကြောင်း တွေ့ရှိရပါတယ်။

စစ်ရေးလေ့ကျင့်လေ့ကျင့်ရာမှာ ကျည်အစစ်များ သို့မဟုတ် ဒုံးကျည်အသုံးပြုခြင်း မပါဝင်သေးပေမယ့် စစ်ပွဲ ဖြစ်ပွားပါက ချင်းနွတ်ရဟတ်ယာဉ်များကို အသုံးပြု ထွက်ခွာခြင်း၊ ကျွန်းများပေါ်မှာ တတ်နိုင်သမျှ အမြန်ဖြန့် ချနိုင်ဖို့အတွက် မရိန်းတပ်သားများက ပြင်ဆင်နေပါတယ်။ အချိန်တိုအတွင်း လျင်မြန်စွာ တိတ်တဆိတ် လှည့်ပတ်သွားလာခြင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေးအာရုံခံကိရိယာများနဲ့ ဒရုန်းများကို ရှောင်ရှားရန် သော့ချက် ဖြစ်ဖွယ်ရှိပါတယ်။ အမေရိကန်တပ်များအနေနဲ့ တစ်နေရာမှ တနေရာ လျင်မြန်စွာ ရွေ့လျားမှု ဆက်တိုက်ပြုလုပ်ခြင်းအားဖြင့် တရုတ်ရဲ့ ထောက်လှမ်းအကဲဖြတ်စစ်စွမ်းရည်အပေါ် ရှုတ်ထွေးှစေပြီး နောက်ထပ် (စစ်ကူစစ်သင်္ဘော စစ်လေယာဉ်များ) ရောက်ရှိသည်အထိ အချိန်ကို ဆွဲဆန့ိနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

အမေရိကန် တပ်တွေ ဘယ်မှာဘာလုပ်နေကြောင်း သိရှိဖော်ထုတ်ရဖို့အတွက် (တရုတ်အနေနဲ့) အရင်းအမြစ်တွေ အများကြီးသုံးစွဲရဖို့ ဖြစ်လာပါလိမ့်မယ်။ လျှပ်တပြက် ရေကြောင်းချီတပ်ရင်းအတွက် ကိုယ်ယောင် ဖျောက်နိုင်မှုနဲ့လျင်မြန်မှုတို့ဟာ ဦးစားပေးဖြစ်တဲ့အတွက် အမေရိကန်စစ်တပ်ရဲ့ တစ်ပါတည်း သယ်ဆောင်ဝန်နဲ့ အပေါ့ပါးဆုံးထောက်ပံ့ပို့ဆောင်ရေးဖြစ်ဖို့ ချိန်ညှိနေပါတယ်လို့ တပ်မှူးုဖြစ်သူက ရှင်းပြပါတယ်။ သေးငယ်တဲ့ ဒရုန်းများနဲ့ အာရုံခံထောက်လှမ်းရေးကိရိယာများကို အသုံးပြုခြင်းအားဖြင့် မရိန်းတပ်သားများ အနေနဲ့ကတော့ တရုတ်စစ်တပ်ကို အနီးကပ်မြင်နေရပြီး ဒုံးကျည်များနဲ့ တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ ဘင်ဂျမင်_ဂျင်ဆန်ရဲ့အဆိုအရ အာရှအရှေ့ပိုင်းဒေသမှာ မရိန်းတပ်သားအုပ်စုငယ်လေးများကို ဖြန့်ချထားနိုင်ခြင်းဟာ စစ်ပွဲတစ်ခုအတွက် အရေးပါလာလိမ့်မယ် သိရှိရတယ်။

စစ်ဖြစ်လာခဲ့ရင် အဲဒါကို ရှာဖွေဖို့ တရုတ်ရဲ့ အချိန်နဲ့အရင်းအမြစ်များကို ပြုန်းတီးအောင် အဲ့ဒီတပ်အုပ်စုငယ် လေးတွေကို အဆက်မပြတ် ဆက်တိုက်ရွှေပြောင်းပေးနေဖို့ လိုအပ်လိမ့်မယ်လို့ စစ်ဆင်ရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးက ပြောပါတယ်။ ဒီလိုဗျူဟာကို သုံးခြင်းအားဖြင့် တရုတ်ရဲ့ထောက်လှမ်းရေးစနစ်မှာ အလုပ်များ၊ ဆုံးဖြတ်ရန် ခက်ခဲပြီး အချိန်ဖြုန်းစေရန် ရည်ရွယ်ကြောင်း၊ ကျွန်းများအကြား လျှပ်တပြက်ရွှေ့ပြောင်းနိုင်စွမ်းဟာ ဒေသတွင်း(အိမ်ရှင်သဖွယ်) ဖြစ်နေတဲ့ တရုတ်ရဲ့ အားသာချက်ကို တန်ပြန်ရန် အဓိကနည်းဗျူဟာဖြစ်ကြောင်း၊ မကြာသေးမီက ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုဟာ ပဋိပက္ခဖြစ်လာချိန် အရေးပါနိုင်တဲ့ ကျွန်းများအကြား လက်တွေ့နှင့် ပေါင်းစပ်ခြင်းဖြစ်ကြောင်း၊ လမ်းကြောင်းများကို တိုင်းထွာသုံးသပ်ခြင်း၊ အခြေခံအဆောက်အအုံများကို အကဲဖြတ်ခြင်းနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခများအတွက် ပိုမိုကောင်းမွန်စွာပြင်ဆင်နိုင်ရန်၊ ပကတိ မြေမျက်နှာသွင်ပြင်ကို ခွဲခြမ်းစိတ်ဖြာရန် မြေပြင်မရိန်းတပ်သားများကို ချထားနိုင်ဖို့ အရေးကြီးကြောင်း ရှင်းပြပါတယ်။

(ဒီသတင်းကို ကမန်းကတန်းဖတ်ပြီး “တတိယကမ္ဘာစစ်ဖြစ်မှာလား၊ကျွန်တော့်သားလေး ထိုင်ဝမ်ရောက်နေလို့ ကျွန်မသမီးလေး တရုတ်မှာ ကျောင်းတက်နေလို့” တွေ ကျွန်တော့်လာ မမေးကြဖို့ အနှူးညွတ် တောင်းပန်ပါတယ်။ အဲ့ဒါ စံဇာနည်ဘိုနဲ့ ဇေယျာကို ကို မေးသင့်ပါတယ်။ အလုပ်ပျက်ယုံကလွဲပြီး ကျွန်တော်လုံး၀ မသိပါ ခင်ဗျား။ ။ သတင်းဘာသာပြန်သူ၏ ရေးသားဖော်ပြချက်ဖြစ်ပါသည်။)

(Daily mail., 26 May 2024,” America is actively preparing for war with China over growing fears of Taiwan invasion - and crucial piece of kit that could decide conflict hasn't even been built” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
တ႐ုတ္ႏွင့္စစ္ပြဲအတြက္ အေမရိကန္ တက္ႂကြစြာ ျပင္ဆင္ေန
Htay Oung (NP News) - ေမ ၂၇

ထိုင္ဝမ္က်ဴးေက်ာ္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာ အေျခအေနမ်ား တစ္ေန႔တစ္ျခား ႀကီးထြားလာေနခိုက္ အေမရိကန္စစ္တပ္ဟာ တ႐ုတ္နဲ႔ စစ္ခင္းဖို႔အတြက္ စိတ္အားထက္သန္စြာ ျပင္ဆင္ေနပါတယ္။ အေမရိကန္နဲ႔ ဖိလစ္ပိုင္မရိန္းတပ္သားေတြဟာ ထိုင္ဝမ္နဲ႔မနီးမေဝး ကြၽန္းငယ္မ်ားေပၚမွာ နိမိတ္ဆိုး႐ြားလွတဲ့ စစ္ကစားနည္းမ်ားကို ေလ့က်င့္ေနၾကတယ္လို႔ အေမရိကန္ “ေဝါလ္စထရိဂ်ာနယ္” ရဲ႕ သတင္းကို ၿဗိတိန္ “ေဒးလီးေမးလ္” က ယေန႔( ေမလ ၂၇ ရက္)မွာ ကူးယူေဖာ္ျပပါတယ္။

ေလ့က်င့္မႈမွာ “ခ်င္းႏြတ္” ရဟတ္ယာဥ္မ်ားနဲ႔ မရိန္းတပ္သားမ်ား တပ္ျဖန႔္ျခင္း၊ ေခ်မႈန္းေရး ႐ိုင္ဖယ္မ်ား မပါပဲ လက္နက္မဲ့ အသင့္ျပင္ဆင္ျခင္းနဲ႔ ပဋိပကၡျဖစ္ပြားလာမယ္ဆိုရင္ စစ္တလင္းျဖစ္လာဖြယ္ရွိတဲ့ ေျမမ်က္ႏွာသြင္ျပင္မ်ားနဲ႔ လိုက္ေလ်ာညီေထြလႈပ္ရွားနည္းတို႔ ပါဝင္ေနပါတယ္။

ရန္လိုတဲ့ႏိုင္ငံက ထိုင္ဝမ္ကို သိမ္းပိုက္ရန္ ဆက္လက္ၿခိမ္းေျခာက္ေနတဲ့ ေနာက္ဆက္တြဲျဖစ္ရပ္မ်ားဟာ အေမရိကန္စစ္ေခါင္းေဆာင္မ်ားအေနနဲ႔ မ်က္စိ ဆံပင္ေမႊးစူးစရာမ်ားခ်ည့္ ျဖစ္ေနပါတယ္။ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား တိုက္႐ိုက္ျဖစ္ပြားတဲ့ ပဋိပကၡမွန္သမွ် ႏွစ္ဖက္စလုံးက န်ဴကလီယာလက္ပိုင္ရွင္မ်ား ျဖစ္တဲ့အတြက္ ကမာၻကို ဖ်က္ဆီးႏိုင္တဲ့ တတိယကမာၻစစ္အျဖစ္ အလြယ္တကူ ပ်ံ႕ႏွံ႔သြားႏိုင္ပါတယ္။

ထိုင္ဝမ္ကို တ႐ုတ္ျပည္မႀကီးနဲ႔ ျပန္လည္ေပါင္းစည္းလိုေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ေလေအးေအးနဲ႔ ေျဗာင္ဖြင့္ေျပာေနေပမယ့္ အမွတ္မထင္ တိုက္ခိုက္မႈမ်ိဳးကိုသာ ေ႐ြးခ်ယ္လာခဲ့ရင္ ၿပိဳင္ဘက္ႏိုင္ငံမ်ား အေနနဲ႔ ပါးစပ္အေဟာင္းသား ျဖစ္ယုံသာရွိပါလိမ့္မယ္။ ဒီမိုကေရစီတိုင္းျပည္အျဖစ္ ေအာင္ျမင္စြာ ရပ္တည္ေနၿပီျဖစ္တဲ့ ထိုင္ဝမ္ကလည္း တ႐ုတ္ႏိုင္ငံရဲ႕ အစိတ္အပိုင္းအျဖစ္ခံရန္ ဆႏၵမရွိေၾကာင္း ေျပာေနပါတယ္။ ဒီေနရာမွာ တ႐ုတ္က ဇြတ္အတင္း က်ဴးေက်ာ္လာခဲ့ရင္ ထိုင္ဝမ္ဘက္က ခုခံကာကြယ္ေပးသြားမယ္လို႔ အေမရိကန္က တရားဝင္ေျပာဆိုထားၿပီးပါၿပီ။ တိုက္ခိုက္မႈျဖျပလာခဲ့ရင္ ကြၽန္းကို ကာကြယ္ဖို႔ အေမရိကန္တပ္ေတြ ခ်ထားရမယ္လို႔ေတာင္ ေျပာပါတယ္။

လြန္ခဲ့တဲ့ ၂ ရက္က တ႐ုတ္စစ္တပ္ဟာ ထိုင္ဝမ္ကြၽန္း ပတ္ပတ္လည္မွာ ေနရာယူလာျခင္းအပါအဝင္ က်ဴးေက်ာ္ရန္ ျပင္ဆင္ေနတယ္လို႔ ယူဆႏိုင္တဲ့ စစ္ေရးလႈပ္ရွားမႈအေတာ္မ်ားမ်ားကို ယခုရက္ပိုင္းအတြင္း ျပဳလုပ္ခဲ့ပါတယ္။ ထိုင္ဝမ္သမၼတသစ္ လိုင္ခ်င္းေတရဲ႕ က်မ္းသစၥာ က်ိန္ဆိုပြဲ မိန႔္ခြန္းအၿပီး တ႐ုတ္ရဲ႕ စစ္ေရးေလ့က်င့္မႈနဲ႔ အင္အားျပသျခင္းဟာ ကြၽန္းႏိုင္ငံကို (တိုက္ခိုက္သိမ္းယူတဲ့အထိ) ျပင္းထန္စြာ အေရးယူမွာျဖစ္ေၾကာင္း ေျပာင္ေျပာင္းတင္းတင္း ရည္ၫႊန္းျခင္း ျဖစ္တယ္လို႔ စစ္ေရး ႏိုင္ငံေရး ေလ့လာသုံးသပ္သူမ်ားက ေျပာပါတယ္။ တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈ ထြက္ေပၚလာျခင္းနဲ႔အတူ ဖိလစ္ပိုင္ကြၽန္းစုမ်ားေပၚ စစ္ေရးေလ့က်င့္မႈမ်ားကို ေဝါလ္စထရိဂ်ာနယ္က ေလးႀကိမ္ေျမာက္အျဖစ္ ေဒသအတြင္း လွည့္လည္ ၾကည့္ရႈ႕ခြင့္ရရွိခဲ့ပါတယ္။ သတင္းေထာက္ ေရာက္ရွိသြားတဲ့ တပ္ရင္းဟာ ေဒသအတြင္း အေမရိကန္ရဲ႕ စစ္ဘက္ဆိုင္ရာ တည္ရွိမႈကို ျပဳ ျပင္ေျပာင္းလဲရန္ (ေဘာင္ေဘာင္းမားကို႔စ္ သမၼတျဖစ္လာၿပီးေနာက္ပိုင္း) လြန္ခဲ့သည့္ ႏွစ္ႏွစ္ခန႔္ကတည္းက ဖြဲ႕ စည္းခဲ့ေၾကာင္း သိရွိရပါတယ္။ အလားတူ ဟာဝိုင္ယီကြၽန္းစုမ်ားနဲ႔ အေမရိကန္ ကယ္လီဖိုးနီးယားျပည္နယ္မွာလည္း ျပင္ဆင္မႈမ်ား ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။

ယမန္ႏွစ္မွာေတာ့ အေမရိကန္ တပ္ဖြဲ႕ေတြဟာ ဖိလစ္ပိုင္ စစ္အေျခစိုက္စခန္း အေတာ္မ်ားအတြင္း ဝင္ေရာက္လာခဲ့ၿပီး ထိုင္ဝမ္ကြၽန္းမွ တစ္နာရီခရီးသာသာ လူဇုံကြၽန္းေျမာက္ဘက္ရွိ ဘတမ္းကြၽန္းစုမ်ားမွာ စစ္ေရးေလ့က်င့္မႈမ်ားကို ျပဳလုပ္ေနခဲ့ပါတယ္။ ဒါေပမဲ့ စစ္ေရးေလ့က်င့္မႈ တစ္ခုလုံးကို ၿခဳံငုံသုံးသပ္ရမယ္ဆိုရင္ ေတာင္တ႐ုတ္ပင္လယ္တစ္ဝွန္းလုံးရွိ ကြၽန္းစုမ်ားအၾကား ေရတပ္သားမ်ားကို သယ္ယူေ႐ႊ႕ေျပာင္းရန္အတြက္ အေမရိကန္စစ္သေဘၤာမ်ားဟာ အဓိကအခ်က္ျဖစ္ၿပီး စီစဥ္ဖို႔ လိုအပ္ေနေသးေၾကာင္း ေတြ႕ရွိရပါတယ္။

စစ္ေရးေလ့က်င့္ေလ့က်င့္ရာမွာ က်ည္အစစ္မ်ား သို႔မဟုတ္ ဒုံးက်ည္အသုံးျပဳျခင္း မပါဝင္ေသးေပမယ့္ စစ္ပြဲ ျဖစ္ပြားပါက ခ်င္းႏြတ္ရဟတ္ယာဥ္မ်ားကို အသုံးျပဳ ထြက္ခြာျခင္း၊ ကြၽန္းမ်ားေပၚမွာ တတ္ႏိုင္သမွ် အျမန္ျဖန႔္ ခ်ႏိုင္ဖို႔အတြက္ မရိန္းတပ္သားမ်ားက ျပင္ဆင္ေနပါတယ္။ အခ်ိန္တိုအတြင္း လ်င္ျမန္စြာ တိတ္တဆိတ္ လွည့္ပတ္သြားလာျခင္းဟာ တ႐ုတ္ရဲ႕ ေထာက္လွမ္းေရးအာ႐ုံခံကိရိယာမ်ားနဲ႔ ဒ႐ုန္းမ်ားကို ေရွာင္ရွားရန္ ေသာ့ခ်က္ ျဖစ္ဖြယ္ရွိပါတယ္။ အေမရိကန္တပ္မ်ားအေနနဲ႔ တစ္ေနရာမွ တေနရာ လ်င္ျမန္စြာ ေ႐ြ႕လ်ားမႈ ဆက္တိုက္ျပဳလုပ္ျခင္းအားျဖင့္ တ႐ုတ္ရဲ႕ ေထာက္လွမ္းအကဲျဖတ္စစ္စြမ္းရည္အေပၚ ရႈတ္ေထြးွေစၿပီး ေနာက္ထပ္ (စစ္ကူစစ္သေဘၤာ စစ္ေလယာဥ္မ်ား) ေရာက္ရွိသည္အထိ အခ်ိန္ကို ဆြဲဆန႔ိႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

အေမရိကန္ တပ္ေတြ ဘယ္မွာဘာလုပ္ေနေၾကာင္း သိရွိေဖာ္ထုတ္ရဖို႔အတြက္ (တ႐ုတ္အေနနဲ႔) အရင္းအျမစ္ေတြ အမ်ားႀကီးသုံးစြဲရဖို႔ ျဖစ္လာပါလိမ့္မယ္။ လွ်ပ္တျပက္ ေရေၾကာင္းခ်ီတပ္ရင္းအတြက္ ကိုယ္ေယာင္ ေဖ်ာက္ႏိုင္မႈနဲ႔လ်င္ျမန္မႈတို႔ဟာ ဦးစားေပးျဖစ္တဲ့အတြက္ အေမရိကန္စစ္တပ္ရဲ႕ တစ္ပါတည္း သယ္ေဆာင္ဝန္နဲ႔ အေပါ့ပါးဆုံးေထာက္ပံ့ပို႔ေဆာင္ေရးျဖစ္ဖို႔ ခ်ိန္ညႇိေနပါတယ္လို႔ တပ္မႉးုျဖစ္သူက ရွင္းျပပါတယ္။ ေသးငယ္တဲ့ ဒ႐ုန္းမ်ားနဲ႔ အာ႐ုံခံေထာက္လွမ္းေရးကိရိယာမ်ားကို အသုံးျပဳျခင္းအားျဖင့္ မရိန္းတပ္သားမ်ား အေနနဲ႔ကေတာ့ တ႐ုတ္စစ္တပ္ကို အနီးကပ္ျမင္ေနရၿပီး ဒုံးက်ည္မ်ားနဲ႔ တိုက္ခိုက္ႏိုင္မွာျဖစ္ပါတယ္။ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးစင္တာ ဘင္ဂ်မင္_ဂ်င္ဆန္ရဲ႕အဆိုအရ အာရွအေရွ႕ပိုင္းေဒသမွာ မရိန္းတပ္သားအုပ္စုငယ္ေလးမ်ားကို ျဖန႔္ခ်ထားႏိုင္ျခင္းဟာ စစ္ပြဲတစ္ခုအတြက္ အေရးပါလာလိမ့္မယ္ သိရွိရတယ္။

စစ္ျဖစ္လာခဲ့ရင္ အဲဒါကို ရွာေဖြဖို႔ တ႐ုတ္ရဲ႕ အခ်ိန္နဲ႔အရင္းအျမစ္မ်ားကို ျပဳန္းတီးေအာင္ အဲ့ဒီတပ္အုပ္စုငယ္ ေလးေတြကို အဆက္မျပတ္ ဆက္တိုက္ေ႐ႊေျပာင္းေပးေနဖို႔ လိုအပ္လိမ့္မယ္လို႔ စစ္ဆင္ေရးတာဝန္ခံ ဒုတိယ ဗိုလ္မႉးႀကီးက ေျပာပါတယ္။ ဒီလိုဗ်ဴဟာကို သုံးျခင္းအားျဖင့္ တ႐ုတ္ရဲ႕ေထာက္လွမ္းေရးစနစ္မွာ အလုပ္မ်ား၊ ဆုံးျဖတ္ရန္ ခက္ခဲၿပီး အခ်ိန္ျဖဳန္းေစရန္ ရည္႐ြယ္ေၾကာင္း၊ ကြၽန္းမ်ားအၾကား လွ်ပ္တျပက္ေ႐ႊ႕ေျပာင္းႏိုင္စြမ္းဟာ ေဒသတြင္း(အိမ္ရွင္သဖြယ္) ျဖစ္ေနတဲ့ တ႐ုတ္ရဲ႕ အားသာခ်က္ကို တန္ျပန္ရန္ အဓိကနည္းဗ်ဴဟာျဖစ္ေၾကာင္း၊ မၾကာေသးမီက ဖိလစ္ပိုင္ စစ္ေရးေလ့က်င့္မႈဟာ ပဋိပကၡျဖစ္လာခ်ိန္ အေရးပါႏိုင္တဲ့ ကြၽန္းမ်ားအၾကား လက္ေတြ႕ႏွင့္ ေပါင္းစပ္ျခင္းျဖစ္ေၾကာင္း၊ လမ္းေၾကာင္းမ်ားကို တိုင္းထြာသုံးသပ္ျခင္း၊ အေျခခံအေဆာက္အအုံမ်ားကို အကဲျဖတ္ျခင္းနဲ႔ ျဖစ္ေပၚလာႏိုင္တဲ့ ပဋိပကၡမ်ားအတြက္ ပိုမိုေကာင္းမြန္စြာျပင္ဆင္ႏိုင္ရန္၊ ပကတိ ေျမမ်က္ႏွာသြင္ျပင္ကို ခြဲျခမ္းစိတ္ျဖာရန္ ေျမျပင္မရိန္းတပ္သားမ်ားကို ခ်ထားႏိုင္ဖို႔ အေရးႀကီးေၾကာင္း ရွင္းျပပါတယ္။

(ဒီသတင္းကို ကမန္းကတန္းဖတ္ၿပီး “တတိယကမာၻစစ္ျဖစ္မွာလား၊ကြၽန္ေတာ့္သားေလး ထိုင္ဝမ္ေရာက္ေနလို႔ ကြၽန္မသမီးေလး တ႐ုတ္မွာ ေက်ာင္းတက္ေနလို႔” ေတြ ကြၽန္ေတာ့္လာ မေမးၾကဖို႔ အႏႉးၫြတ္ ေတာင္းပန္ပါတယ္။ အဲ့ဒါ စံဇာနည္ဘိုနဲ႔ ေဇယ်ာကို ကို ေမးသင့္ပါတယ္။ အလုပ္ပ်က္ယုံကလြဲၿပီး ကြၽန္ေတာ္လုံး၀ မသိပါ ခင္ဗ်ား။ ။ သတင္းဘာသာျပန္သူ၏ ေရးသားေဖာ္ျပခ်က္ျဖစ္ပါသည္။)

(Daily mail., 26 May 2024,” America is actively preparing for war with China over growing fears of Taiwan invasion - and crucial piece of kit that could decide conflict hasn't even been built” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.