Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်နေသူ(၁၆)ဦးကို ဗဟိုဘဏ်အရေးယူ

 1506

ယွန်း (NP News) - မေ ၂၇

Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်နေသူ(၁၆)ဦးကို အရေးယူထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့(မေ ၂၆ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

၎င်းတို့သည် Facebook Page များနှင့် အင်တာနက်စာမျက်နှာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများကို အရေးယူဆောင်ရွက်နေပြီး ပြည်ပမှ အဝယ်/အရောင်း ဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင် ရွက်ရန် ညှိနှိုင်းနေကြောင်းသိရသည်။ အထက်ပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင်နိုင်ငံခြားငွေများရောင်းဝယ်၍ ငွေဈေးကစားနေသူများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့်ပါ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်မှ အရေးယူထားသည့် ငွေဈေးကစားသူများတွင် Boss Online Money Exchange Services (Family Money Exchange)၊ Lucky Sky Gold Smith (Facebook Page)၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange နှင့် Gold Market Myanmar (Facebook Page) အပါအဝင် စုစုပေါင်း (၁၆)ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားပြီး နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့်ရှိသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများတွင်သာ လဲလှယ်ရောင်းချဝယ်ယူသွားရန် ဗဟိုဘဏ်က ဆိုထားသည်။

zawgyi version
Facebook Page မ်ားႏွင့္ အင္တာနက္စာမ်က္ႏွာမ်ားမွ တရားမဝင္ႏိုင္ငံျခားေငြေရာင္းဝယ္ေနသူ(၁၆)ဦးကို ဗဟိုဘဏ္အေရးယူ

ယြန္း (NP News) - ေမ ၂၇

Facebook Page မ်ားႏွင့္ အင္တာနက္စာမ်က္ႏွာမ်ားမွ တရားမဝင္ႏိုင္ငံျခားေငြေရာင္းဝယ္ေနသူ(၁၆)ဦးကို အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယမန္ေန႔(ေမ ၂၆ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။

၎တို႔သည္ Facebook Page မ်ားႏွင့္ အင္တာနက္စာမ်က္ႏွာတြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ခြင့္ျပဳထုတ္ေပးထားေသာ ႏိုင္ငံျခားသုံးေငြလုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္ ကိုင္ေဆာင္ထားျခင္းမရွိဘဲ ႏိုင္ငံျခားေငြမ်ားအား ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ လဲလွယ္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

ထို႔ေၾကာင့္ ဗဟိုဘဏ္အေနျဖင့္ အဆိုပါအဖြဲ႕အစည္းမ်ားႏွင့္ ပါဝင္ပတ္သက္ေရာင္းဝယ္ေနသူမ်ားကို အေရးယူေဆာင္႐ြက္ေနၿပီး ျပည္ပမွ အဝယ္/အေရာင္း ေဆာင္႐ြက္ေနသည့္ Page မ်ား၊ ဖုန္းနံပါတ္မ်ားကို သက္ဆိုင္ရာဗဟိုဘဏ္မ်ားသို႔ အေၾကာင္းၾကား၍ အေရးယူေဆာင္ ႐ြက္ရန္ ညႇိႏႈိင္းေနေၾကာင္းသိရသည္။ အထက္ပါ Facebook Page မ်ားႏွင့္ အင္တာနက္စာမ်က္ႏွာမ်ားတြင္ တရားမဝင္ႏိုင္ငံျခားေငြမ်ားေရာင္းဝယ္၍ ေငြေဈးကစားေနသူမ်ားကို ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၃၈ ႏွင့္ ၄၂ တို႔အျပင္ အမ်ားျပည္သူအက်ိဳးကို ထိခိုက္ေစသည့္အတြက္ ရာဇသတ္ႀကီးဥပေဒပုဒ္မမ်ားျဖင့္ပါ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

ဗဟိုဘဏ္မွ အေရးယူထားသည့္ ေငြေဈးကစားသူမ်ားတြင္ Boss Online Money Exchange Services (Family Money Exchange)၊ Lucky Sky Gold Smith (Facebook Page)၊ ေဒၚလာဝယ္ေရာင္းတိုက္႐ိုက္ USD Exchange ႏွင့္ Gold Market Myanmar (Facebook Page) အပါအဝင္ စုစုေပါင္း (၁၆)ဦး ပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ တရားဝင္လိုင္စင္ထုတ္ေပးထားၿပီး ႏိုင္ငံျခားေငြမ်ား လဲလွယ္ေရာင္းခ်ခြင့္ရွိသည့္ ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားတြင္သာ လဲလွယ္ေရာင္းခ်ဝယ္ယူသြားရန္ ဗဟိုဘဏ္က ဆိုထားသည္။

Related news

© 2021. All rights reserved.