လာမည့် (၆)နှစ်အတွင်း လျှပ်စစ်ရာနှုန်းပြည့်သုံးစွဲခွင့်ရစေရန်ကြိုးစားနေကြောင်း လျှပ်စစ်ဝန်ကြီးအသိပေး

 2841

စော (NP News) - မေ ၂၇

လာမည့် (၆)နှစ်အတွင်း သို့မဟုတ် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

မေလ ၂၃ ရက်တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသော မန္တလေး တိုင်းရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနား၌ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးက ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း ၅၁၅၆ မဂ္ဂါဝပ်၊ နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင် ပါဝင်မှု ၁၁ ရာခိုင် နှုန်း ၂၀ဝ၀ မဂ္ဂါဝပ် လျာထားရေးဆွဲထားကြောင်း သိရသည်။

လက်ရှိတွင် နေရောင်ခြည်စွမ်းအင်မှ ၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍ နေရောင်ခြည်နှင့် လေစွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာနေမှုများကိုလည်း MOU ၊MOA ၊LOA များ လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ၂၀၃၀ ပြည့်နှစ်တွင် နေနှင့်လေစွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှု ပါဝင်မှုအချိုးအစားသည် ၎င်းတို့ရည်မှန်းထားသည့် ၁၁ ရာခိုင်နှုန်းကို ပြည့်မီရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ယခုတည်ဆောက်ပြီးစီးခဲ့သော သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ သည် တည်ဆောက်/လည်ပတ်/ပိုင်ဆိုင်စနစ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတပ်ဆင်အင်အား (၆၀)မဂ္ဂါဝပ် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တစ်နှစ်လျှင် စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၄၈) သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း ၉၉၀ဝ၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်တိုး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှုအချိုးအစား (Generation Mix) အားဖြင့် ရေအား ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း၊ နေရောင်ခြည် ၃ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား စက်ရုံပေါင်း (၆၄)ရုံရှိပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၇၁၈၄ ဒသမ ၄၆)ထွက်ရှိနိုင်သော်လည်း နေစဉ်ပျမ်းမျှ မဂ္ဂါဝပ် (၂၈၆၅ ဒသမ ဝ၁)ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။

zawgyi version
လာမည့္ (၆)ႏွစ္အတြင္း လွ်ပ္စစ္ရာႏႈန္းျပည့္သုံးစြဲခြင့္ရေစရန္ႀကိဳးစားေနေၾကာင္း လွ်ပ္စစ္ဝန္ႀကီးအသိေပး
ေစာ (NP News) - ေမ ၂၇

လာမည့္ (၆)ႏွစ္အတြင္း သို႔မဟုတ္ ၂၀၃၀ ျပည့္ႏွစ္တြင္ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အား ရာႏႈန္းျပည့္သုံးစြဲရရွိေရး ေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဦးဉာဏ္ထြန္းက ေျပာၾကားခဲ့သည္။

ေမလ ၂၃ ရက္တြင္ ေနျပည္ေတာ္ရွိ Horizon Lake View Hotel ၌ က်င္းပေသာ မႏၲေလး တိုင္းရွိ သေျပဝ-၃ (၃၀) မဂၢါဝပ္ႏွင့္ သာစည္ (၃၀) မဂၢါဝပ္ ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံမ်ား ဖြင့္ပြဲအခမ္းအနား၌ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဦးဉာဏ္ထြန္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဝန္ႀကီးက ၂၀၃၀ ျပည့္ႏွစ္တြင္ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အား ရာႏႈန္းျပည့္သုံးစြဲရရွိေရးအတြက္ စြမ္းအင္အရင္းအျမစ္အမ်ိဳးမ်ိဳးမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္၊ ပို႔လႊတ္၊ ျဖန႔္ျဖဴးႏိုင္ေရး စီမံခ်က္ေရးဆြဲ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ ၂၀၂၁ ခုႏွစ္ ဇူလိုင္လတြင္ အတည္ျပဳခဲ့ေသာ ျမန္မာႏိုင္ငံအမ်ိဳးသားအဆင့္ ရာသီဥတုေျပာင္းလဲမႈ ေလွ်ာ့ခ်ေရးႏွင့္ လိုက္ေလ်ာညီေထြ ရွိေစေရးဆိုင္ရာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ အစီအစဥ္အရ ၂၀၃၀ ျပည့္ႏွစ္တြင္ ေရအားလွ်ပ္စစ္ပါဝင္မႈ ၂၈ ရာခိုင္ႏႈန္း ၅၁၅၆ မဂၢါဝပ္၊ ေနေရာင္ျခည္ႏွင့္ ေလစြမ္းအင္ကဲ့သို႔ ျပန္ျပည့္ၿမဲစြမ္းအင္ ပါဝင္မႈ ၁၁ ရာခိုင္ ႏႈန္း ၂၀ဝ၀ မဂၢါဝပ္ လ်ာထားေရးဆြဲထားေၾကာင္း သိရသည္။

လက္ရွိတြင္ ေနေရာင္ျခည္စြမ္းအင္မွ ၃ ဒသမ ၃ ရာခိုင္ႏႈန္း ပါဝင္ထုတ္လုပ္လ်က္ရွိၿပီး ထပ္မံ၍ ေနေရာင္ျခည္ႏွင့္ ေလစြမ္းအင္တို႔ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ႏိုင္ေရး စူးစမ္းေလ့လာေနမႈမ်ားကိုလည္း MOU ၊MOA ၊LOA မ်ား လက္မွတ္ေရးထိုးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။ ၂၀၃၀ ျပည့္ႏွစ္တြင္ ေနႏွင့္ေလစြမ္းအင္ျဖင့္ ဓာတ္အားထုတ္လုပ္ႏိုင္မႈ ပါဝင္မႈအခ်ိဳးအစားသည္ ၎တို႔ရည္မွန္းထားသည့္ ၁၁ ရာခိုင္ႏႈန္းကို ျပည့္မီေရာက္ရွိလာမည္ျဖစ္ေၾကာင္း သိရသည္။ ယခုတည္ေဆာက္ၿပီးစီးခဲ့ေသာ သေျပဝ-၃ (၃၀) မဂၢါဝပ္ႏွင့္ သာစည္ (၃၀) မဂၢါဝပ္ ေနေရာင္ ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံမ်ား သည္ တည္ေဆာက္/လည္ပတ္/ပိုင္ဆိုင္စနစ္ျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္းတပ္ဆင္အင္အား (၆၀)မဂၢါဝပ္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ တစ္ႏွစ္လွ်င္ စုစုေပါင္း လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း (၁၄၈) သန္း ထုတ္လုပ္ေပးႏိုင္မည္ျဖစ္၍ အိမ္ေထာင္စုေပါင္း ၉၉၀ဝ၀ ခန႔္ကို လွ်ပ္စစ္ဓာတ္အား ထပ္တိုး ျဖန႔္ျဖဴးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈတြင္ စြမ္းအင္အရင္းအျမစ္ပါဝင္မႈအခ်ိဳးအစား (Generation Mix) အားျဖင့္ ေရအား ၄၅ ရာခိုင္ႏႈန္း၊ သဘာဝဓာတ္ေငြ႕ ၅၀ ရာခိုင္ႏႈန္း၊ ေနေရာင္ျခည္ ၃ ရာခိုင္ႏႈန္း၊ ေက်ာက္မီးေသြး ၂ ရာခိုင္ႏႈန္းတို႔ျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ၌ လွ်ပ္စစ္ဓာတ္အား စက္႐ုံေပါင္း (၆၄)႐ုံရွိၿပီး လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ (၇၁၈၄ ဒသမ ၄၆)ထြက္ရွိႏိုင္ေသာ္လည္း ေနစဥ္ပ်မ္းမွ် မဂၢါဝပ္ (၂၈၆၅ ဒသမ ဝ၁)ခန႔္သာ ထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.