ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို အားပေးထောက်ခံဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ယူကရိန်းသမ္မတ တိုက်တွန်းတောင်းဆို

563

ဂျန်ဇက် (NP News) - မေ ၂၇
ယူကရိန်းသမ္မတဇီလန်စကီးက လာမယ့်ဇွန်လအတွင်းကျင်းပမယ့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို ကူညီထောက်ခံပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့အားပေးထောက်ခံမှုတွေရရှိဖို့လိုလားနေတယ်လို့ သိရပါတယ်။ ယူကရိန်းသမ္မတဟာ လာမယ့်လအတွင်း ဆွတ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ငြိမ်းချမ်းရေးအစည်းအဝေးအတွင်း ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးအစီအစဉ်တွေကိုတင်ပြဆွေးနွေးသွားဖွယ်ရှိနေပါတယ်။ ၎င်းက "ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေစေ့စပ်ဆွေးနွေးဖို့ လိုအပ်တယ်။ စစ်ပွဲအဆုံးသတ်ဖို့တစ်နိုင်ငံတည်းလုပ်ဆောင်လို့မရဘူး၊"လို့ပြောပါတယ်။
ယူကရိန်း ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို ဇွန်လ ၁၅ရက် နဲ့ ၁၆ရက်နေ့တို့မှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်အများစုတက်ရောက်ဖွယ်ရှိနေပေမယ့် တရုတ်သမ္မတအပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံအများစုတက်ရောက်ဖွယ်မရှိကြောင်းသိရပါတယ်။ အဆိုပါထိပ်သီးအစည်းအဝေးကို ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း ၈၀ ရဲ့ခေါင်းဆောင်တွေတက်ရောက်ဖို့ စာရင်းပေးထားကြောင်းသိရပါတယ်။ ဆွစ်ဇာလန်သမ္မတက ၎င်းတို့ဟာ ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း ၁၆၀ ရဲ့ခေါင်းဆောင်တွေကို အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်ထားကြောင်းသိရပါတယ်။ ဒါပေမဲ့ ရုရှားသမ္မတ ပူတင်အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူတွေကို ဖိတ်ခေါ်ခြင်းမရှိတဲ့အတွက် အငြင်းပွားမှုတွေရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။
တရုတ်သမ္မတက အဆိုပါအစည်းအဝေးကို ယူကရိန်း နဲ့ ရုရှားအစိုးရတာဝန်ရှိသူများ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေကိုဖိတ်ကြားသင့်တယ်လို့ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့ စစ်ပွဲက သုံးနှစ်အတွင်းရောက်ရှိလာပေမယ့် အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။
zawgyi version
ဆြစ္ဇာလန္ႏိုင္ငံမွာက်င္းပမယ့္ ၿငိမ္းခ်မ္းေရးထိပ္သီးအစည္းအေဝးကို အားေပးေထာက္ခံဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြကို ယူကရိန္းသမၼတ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ေမ ၂၇
ယူကရိန္းသမၼတဇီလန္စကီးက လာမယ့္ဇြန္လအတြင္းက်င္းပမယ့္ ၿငိမ္းခ်မ္းေရးထိပ္သီးအစည္းအေဝးကို ကူညီေထာက္ခံေပးဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြကို တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။
ယူကရိန္းသမၼတဟာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္တို႔ရဲ႕အားေပးေထာက္ခံမႈေတြရရွိဖို႔လိုလားေနတယ္လို႔ သိရပါတယ္။ ယူကရိန္းသမၼတဟာ လာမယ့္လအတြင္း ဆြတ္ဇာလန္ႏိုင္ငံမွာက်င္းပမယ့္ ၿငိမ္းခ်မ္းေရးအစည္းအေဝးအတြင္း ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးအစီအစဥ္ေတြကိုတင္ျပေဆြးေႏြးသြားဖြယ္ရွိေနပါတယ္။ ၎က "ယူကရိန္းစစ္ပြဲအဆုံးသတ္ဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြေစ့စပ္ေဆြးေႏြးဖို႔ လိုအပ္တယ္။ စစ္ပြဲအဆုံးသတ္ဖို႔တစ္ႏိုင္ငံတည္းလုပ္ေဆာင္လို႔မရဘူး၊"လို႔ေျပာပါတယ္။
ယူကရိန္း ၿငိမ္းခ်မ္းေရးထိပ္သီးအစည္းအေဝးကို ဇြန္လ ၁၅ရက္ နဲ႔ ၁၆ရက္ေန႔တို႔မွာ က်င္းပမွာျဖစ္ၿပီး ကမာၻ႔ေခါင္းေဆာင္အမ်ားစုတက္ေရာက္ဖြယ္ရွိေနေပမယ့္ တ႐ုတ္သမၼတအပါအဝင္ BRICS အဖြဲ႕ဝင္ႏိုင္ငံအမ်ားစုတက္ေရာက္ဖြယ္မရွိေၾကာင္းသိရပါတယ္။ အဆိုပါထိပ္သီးအစည္းအေဝးကို ကမာၻတဝွမ္းရွိႏိုင္ငံေပါင္း ၈၀ ရဲ႕ေခါင္းေဆာင္ေတြတက္ေရာက္ဖို႔ စာရင္းေပးထားေၾကာင္းသိရပါတယ္။ ဆြစ္ဇာလန္သမၼတက ၎တို႔ဟာ ကမာၻတဝွမ္းရွိႏိုင္ငံေပါင္း ၁၆၀ ရဲ႕ေခါင္းေဆာင္ေတြကို အစည္းအေဝးတက္ေရာက္ဖို႔ ဖိတ္ေခၚထားေၾကာင္းသိရပါတယ္။ ဒါေပမဲ့ ႐ုရွားသမၼတ ပူတင္အပါအဝင္ ႐ုရွားအစိုးရတာဝန္ရွိသူေတြကို ဖိတ္ေခၚျခင္းမရွိတဲ့အတြက္ အျငင္းပြားမႈေတြရွိေနဆဲျဖစ္ေၾကာင္းသိရပါတယ္။
တ႐ုတ္သမၼတက အဆိုပါအစည္းအေဝးကို ယူကရိန္း နဲ႔ ႐ုရွားအစိုးရတာဝန္ရွိသူမ်ား ႏွစ္ဖက္စလုံးက ေခါင္းေဆာင္ေတြကိုဖိတ္ၾကားသင့္တယ္လို႔ေျပာပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ပြားေနတဲ့ စစ္ပြဲက သုံးႏွစ္အတြင္းေရာက္ရွိလာေပမယ့္ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိေသးေၾကာင္းသိရပါတယ္။