အိန္ဒိယနိုင်ငံရှိ စင်တာတစ်ခုတွင် မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး ကလေးငယ်(၄)ဦး အပါအဝင် လူ(၂၇)ဦး သေဆုံး

 470

Pika (NP News) - မေ ၂၇

အိန္ဒိယနိုင်ငံက လူစည်ကားတဲ့ အပန်းဖြေဥယျာဉ်တစ်ခုမှာရှိတဲ့စင်တာတစ်ခုမှာ မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီး ကလေးငယ်(၄)ဦး အပါအဝင် လူ(၂၇)ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က မေလ(၂၆)ရက်မှာ ပြောကြားခဲ့ပါတယ်။

ဘိုးလင်းဂိမ်း အပါအဝင် အခြားဂိမ်းတွေ ကစားနေတဲ့ လူငယ်တွေနဲ့ပြည့်နေတဲ့စင်တာတစ်ခုမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူအများအပြားဟာ အသက်ရှင်လွတ်မြောက်ဖို့အတွက် ပြတင်းပေါက်တွေကနေ ခုန်ထွက်ခဲ့ တယ်လို့ ဒေသတွင်းမီဒီယာတွေက မေလ(၂၆)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဂူဂျာရတ် ပြည်နယ် Rajkot မြို့မှာရှိတဲ့ စင်တာတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသွားခဲ့တဲ့ ကလေးငယ်(၄)ဦးစလုံးဟာ အသက်(၁၂)နှစ်အောက်တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မီးလောင်ပြီး သေဆုံးသွားတဲ့သူတွေဟာ ဆိုးဆိုးရွားရွားလောင် ကျွမ်းသွားခဲ့တာမလို့ ဘယ်သူတွေဖြစ်တယ်ဆိုတာ ဖော်ထုတ်ဖို့ခက်ခဲတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ Rajkot မြို့ မီးသတ်အရာရှိ Ilesh Kher က “မီးလောင်ကျွမ်းတဲ့အချိန်အတွင်း ဝင်ပေါက်က ပြိုကျခဲ့တာမလို့ လူတွေအပြင်ကို ထွက်လို့မရဖြစ်ခဲ့ပြီး ပိတ်မိနေခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် စင်တာအတွင်းမှာရှိတဲ့ မီးလောင်လွယ်တဲ့ပစ္စည်းတွေကြောင့် မီးလောင်ကျွမ်းမှုက လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့တာဖြစ်တယ်လို့ ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နယူးဒေလီမြို့မှာရှိတဲ့ ကလေး စောင့်ရှောက်ရေးဆေးရုံတစ်ခုမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး မွေးကင်းစကလေးငယ်(၆)ဦး သေဆုံးခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံရွိ စင္တာတစ္ခုတြင္ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး ကေလးငယ္(၄)ဦး အပါအဝင္ လူ(၂၇)ဦး ေသဆုံး
Pika (NP News) - ေမ ၂၇

အိႏၵိယႏိုင္ငံက လူစည္ကားတဲ့ အပန္းေျဖဥယ်ာဥ္တစ္ခုမွာရွိတဲ့စင္တာတစ္ခုမွာ မီးေလာင္မႈေတြျဖစ္ပြားခဲ့ၿပီး ကေလးငယ္(၄)ဦး အပါအဝင္ လူ(၂၇)ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေမလ(၂၆)ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ဘိုးလင္းဂိမ္း အပါအဝင္ အျခားဂိမ္းေတြ ကစားေနတဲ့ လူငယ္ေတြနဲ႔ျပည့္ေနတဲ့စင္တာတစ္ခုမွာ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့တာျဖစ္ၿပီး လူအမ်ားအျပားဟာ အသက္ရွင္လြတ္ေျမာက္ဖို႔အတြက္ ျပတင္းေပါက္ေတြကေန ခုန္ထြက္ခဲ့ တယ္လို႔ ေဒသတြင္းမီဒီယာေတြက ေမလ(၂၆)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈဟာ ဂူဂ်ာရတ္ ျပည္နယ္ Rajkot ၿမိဳ႕မွာရွိတဲ့ စင္တာတစ္ခုမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

မီးေလာင္မႈအတြင္း ေသဆုံးသြားခဲ့တဲ့ ကေလးငယ္(၄)ဦးစလုံးဟာ အသက္(၁၂)ႏွစ္ေအာက္ေတြျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ မီးေလာင္ၿပီး ေသဆုံးသြားတဲ့သူေတြဟာ ဆိုးဆိုး႐ြား႐ြားေလာင္ ကြၽမ္းသြားခဲ့တာမလို႔ ဘယ္သူေတြျဖစ္တယ္ဆိုတာ ေဖာ္ထုတ္ဖို႔ခက္ခဲတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာခဲ့ပါတယ္။ Rajkot ၿမိဳ႕ မီးသတ္အရာရွိ Ilesh Kher က “မီးေလာင္ကြၽမ္းတဲ့အခ်ိန္အတြင္း ဝင္ေပါက္က ၿပိဳက်ခဲ့တာမလို႔ လူေတြအျပင္ကို ထြက္လို႔မရျဖစ္ခဲ့ၿပီး ပိတ္မိေနခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ စင္တာအတြင္းမွာရွိတဲ့ မီးေလာင္လြယ္တဲ့ပစၥည္းေတြေၾကာင့္ မီးေလာင္ကြၽမ္းမႈက လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔သြားခဲ့တာျဖစ္တယ္လို႔ ၎က ထပ္မံေျပာဆိုခဲ့ပါတယ္။ အဲဒီေန႔မွာပဲ နယူးေဒလီၿမိဳ႕မွာရွိတဲ့ ကေလး ေစာင့္ေရွာက္ေရးေဆး႐ုံတစ္ခုမွာ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့ၿပီး ေမြးကင္းစကေလးငယ္(၆)ဦး ေသဆုံးခဲ့တယ္လို႔ လည္း သိရပါတယ္။

Picture

Eihayman The

28/05/2024 00:13

္၈ည၇ည. ၈

Related news

© 2021. All rights reserved.