ဂျပန်၊ တောင်ကိုရီးယားတို့နဲ့အတူ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတွေကို တရုတ်အစိုးရ လုပ်ဆောင်

 631

Pika (NP News) - မေ ၂၇

တရုတ်ဝန်ကြီးချုပ်လီချန်းဟာ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်နဲ့အတူ သံတမန်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအပြင် လွတ်လပ်တဲ့ကုန်သွယ်မှုဆွေးနွေးတွေ ပြန်လည်စတင်ဖို့ မေလ(၂၆)ရက်မှာ သဘောတူညီခဲ့တယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် လီချန်းဟာ ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါနဲ့အတူ ထိုင်ဝမ်ပတ်ဝန်းကျင်မှာဖြစ်ပွားနေတဲ့တင်းမာမှုတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်နဲ့ တောင်ကိုရီးယားတို့ရဲ့ခေါင်းဆောင်တွေဟာ (၅)နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်ပြုလုပ်မယ့် သုံးနိုင်ငံထိပ်သီးအစည်းအဝေးကို မစတင်ခင် တစ်ရက်အလိုမှာ ဆိုးလ်မြို့မှာတွေ့ဆုံမှု တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ပြိုင်ဆိုင်မှုတွေအပြင် ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေပေမယ့်လည်း တောင်ကိုရီယား၊ ဂျပန် နဲ့ တရုတ်အစိုးရတို့ဟာ ၎င်းတို့ကြားမယုံကြည်မှုတွေ မြင့်တက်လာတာကို စီမံခန့်ခွဲနိုင်ဖို့ အတွက် ကြိုးပမ်းနေကြတယ်လို့လည်း သိရပါတယ်။ဒါ့အပြင် မေလ(၂၇)ရက်မှာ လုပ်ဆောင်မယ့် သုံးနိုင်ငံ ထိပ်သီး အစည်းအဝေးဟာ သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ သံတမန်တွေနဲ့ တာဝန်ရှိသူတွေ က ပြောကြားခဲ့ပါတယ်။

အပြန်အလှန်လေးစားမှုကို အခြေခံတဲ့အကျိုးစီးပွားတွေကို မြှင့်တင်ဖို့သာမက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေနဲ့ပတ်သက်တဲ့ဘုံစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တောင်ကိုရီးယားနဲ့ တရုတ်တို့ဟာ အတူတကွပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ယွန်ဆက်ယိုလ်က လီချန်းကို ပြောကြားခဲ့ပါတယ်။

ယွန်ဆက်ယိုလ်က “ကမ္ဘာတစ်ဝှမ်းမှာရှုပ်ထွေးတဲ့အကျပ်အတည်းတွေကို ရင်ဆိုင်နေရပေမယ့်လည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာအောင် ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားဒုံးကျည်တွေကို ဆက်လက်တီထွင် ထုတ်လုပ်နေပြီး ရုရှားနဲ့စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်နေတာမလို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့အဖွဲ့ဝင်နိုင်ငံအနေနဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ဖို့ တရုတ်နိုင်ငံကို ယွန်ဆက်ယိုလ် က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

၎င်းတို့ရဲ့နိုင်ငံတွေဟာ စီးပွားရေးနဲ့ကုန်သွယ်ရေးပြဿနာတွေကို နိုင်ငံရေး ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ ပြဿနာတွေအဖြစ်ပြောင်းလဲတာကို ဆန့်ကျင်သင့်ပြီး ထောက်ပံ့ရေးကွင်းဆက်တွေကို တည်ငြိမ်အောင် ထိန်းသိမ်း ထားဖို့ လုပ်ဆောင်သင့်တယ်လို့ လီချန်းက ယွန်ဆက်ယိုလ်ကို ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ဟာ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊စွမ်းအင်အသစ်၊ AI နည်းပညာ၊ ဇီဝဆေးပညာ နဲ့ အခြားနယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ လီချန်းက ထပ်မံ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ဂ်ပန္၊ ေတာင္ကိုရီးယားတို႔နဲ႔အတူ လုံၿခဳံေရးနဲ႔ စီးပြားေရးဆိုင္ရာေဆြးေႏြးပြဲေတြကို တ႐ုတ္အစိုးရ လုပ္ေဆာင္
Pika (NP News) - ေမ ၂၇

တ႐ုတ္ဝန္ႀကီးခ်ဳပ္လီခ်န္းဟာ ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္နဲ႔အတူ သံတမန္ေရးရာနဲ႔ လုံၿခဳံေရးဆိုင္ရာ ေဆြးေႏြးပြဲအျပင္ လြတ္လပ္တဲ့ကုန္သြယ္မႈေဆြးေႏြးေတြ ျပန္လည္စတင္ဖို႔ ေမလ(၂၆)ရက္မွာ သေဘာတူညီခဲ့တယ္ လို႔လည္း သိရပါတယ္။

ဒါ့အျပင္ လီခ်န္းဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ဖူမီအိုကီရွီဒါနဲ႔အတူ ထိုင္ဝမ္ပတ္ဝန္းက်င္မွာျဖစ္ပြားေနတဲ့တင္းမာမႈေတြကို ေဆြးေႏြးခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ေခါင္းေဆာင္ေတြဟာ (၅)ႏွစ္နီးပါးအတြင္း ပထမဆုံးအႀကိမ္ျပဳလုပ္မယ့္ သုံးႏိုင္ငံထိပ္သီးအစည္းအေဝးကို မစတင္ခင္ တစ္ရက္အလိုမွာ ဆိုးလ္ၿမိဳ႕မွာေတြ႕ဆုံမႈ ေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္ၾကား ၿပိဳင္ဆိုင္မႈေတြအျပင္ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး တင္းမာမႈေတြရွိေနေပမယ့္လည္း ေတာင္ကိုရီယား၊ ဂ်ပန္ နဲ႔ တ႐ုတ္အစိုးရတို႔ဟာ ၎တို႔ၾကားမယုံၾကည္မႈေတြ ျမင့္တက္လာတာကို စီမံခန႔္ခြဲႏိုင္ဖို႔ အတြက္ ႀကိဳးပမ္းေနၾကတယ္လို႔လည္း သိရပါတယ္။ဒါ့အျပင္ ေမလ(၂၇)ရက္မွာ လုပ္ေဆာင္မယ့္ သုံးႏိုင္ငံ ထိပ္သီး အစည္းအေဝးဟာ သံတမန္ဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းထားႏိုင္မယ္လို႔ သံတမန္ေတြနဲ႔ တာဝန္ရွိသူေတြ က ေျပာၾကားခဲ့ပါတယ္။

အျပန္အလွန္ေလးစားမႈကို အေျခခံတဲ့အက်ိဳးစီးပြားေတြကို ျမႇင့္တင္ဖို႔သာမက ေဒသတြင္းနဲ႔ ကမာၻလုံးဆိုင္ရာ ျပႆနာေတြနဲ႔ပတ္သက္တဲ့ဘုံစိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္တို႔ဟာ အတူတကြပူးေပါင္းေဆာင္႐ြက္သင့္တယ္လို႔ ယြန္ဆက္ယိုလ္က လီခ်န္းကို ေျပာၾကားခဲ့ပါတယ္။

ယြန္ဆက္ယိုလ္က “ကမာၻတစ္ဝွမ္းမွာရႈပ္ေထြးတဲ့အက်ပ္အတည္းေတြကို ရင္ဆိုင္ေနရေပမယ့္လည္း ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုအားေကာင္းလာေအာင္ ဆက္လက္လုပ္ေဆာင္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ေျမာက္ကိုရီးယားက န်ဴကလီးယားဒုံးက်ည္ေတြကို ဆက္လက္တီထြင္ ထုတ္လုပ္ေနၿပီး ႐ုရွားနဲ႔စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ျမႇင့္တင္ေနတာမလို႔ ကုလသမဂၢလုံၿခဳံေရး ေကာင္စီရဲ႕အဖြဲ႕ဝင္ႏိုင္ငံအေနနဲ႔ အေရးႀကီးတဲ့အခန္းက႑ကေနပါဝင္ဖို႔ တ႐ုတ္ႏိုင္ငံကို ယြန္ဆက္ယိုလ္ က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

၎တို႔ရဲ႕ႏိုင္ငံေတြဟာ စီးပြားေရးနဲ႔ကုန္သြယ္ေရးျပႆနာေတြကို ႏိုင္ငံေရး ဒါမွမဟုတ္ လုံၿခဳံေရးဆိုင္ရာ ျပႆနာေတြအျဖစ္ေျပာင္းလဲတာကို ဆန႔္က်င္သင့္ၿပီး ေထာက္ပံ့ေရးကြင္းဆက္ေတြကို တည္ၿငိမ္ေအာင္ ထိန္းသိမ္း ထားဖို႔ လုပ္ေဆာင္သင့္တယ္လို႔ လီခ်န္းက ယြန္ဆက္ယိုလ္ကို ျပန္လည္ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ တ႐ုတ္ႏိုင္ငံ ဟာ အဆင့္ျမင့္ကုန္ထုတ္လုပ္မႈ၊စြမ္းအင္အသစ္၊ AI နည္းပညာ၊ ဇီဝေဆးပညာ နဲ႔ အျခားနယ္ပယ္ေတြမွာ ပူးေပါင္း ေဆာင္႐ြက္မႈေတြကို ပိုမိုအားေကာင္းလာေအာင္ လုပ္ေဆာင္ဖို႔ အဆင္သင့္ရွိတယ္လို႔ လီခ်န္းက ထပ္မံ ေျပာၾကားခဲ့ပါတယ္။

Picture

Eihayman The

28/05/2024 00:10

ည.

Picture

Eihayman The

28/05/2024 00:10

ည.

Picture

Eihayman The

28/05/2024 00:10

ည.

Picture

Eihayman The

28/05/2024 00:10

ည.

Picture

Eihayman The

28/05/2024 00:10

ည.

Related news

© 2021. All rights reserved.