အစ္စရေးဝန်ကြီးချုပ်ကို ICC ဖမ်းဝရမ်းထုတ်ခြင်းနှင့်ပတ်သက်၍ အနောက်အုပ်စုနိုင်ငံများကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်

 1170

ဂျန်ဇက် (NP News) - မေ ၂၇

နိုင်ငံတကာရာဇဝတ်တရားရုံး ICC က အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုအပါအဝင် အစ္စရေး အစိုးရတာဝန်ရှိသူများကို ဖမ်းဆီးမည့်အစီအစဉ်နှင့်ပတ်သက်၍ အနောက်အုပ်စုနိုင်ငံများကြား သဘောထားကွဲလွဲမှုများဖြစ်ပွားနေကြောင်းသိရသည်။

ICC ၏ ရှေ့နေတစ်ဦးဖြစ်သော ကာရင်ကန်က ဂါဇာစစ်ပွဲတွင်စစ်ရာဇဝတ်ကျူးလွန်မှုနှင့်ပတ် သက်ပြီး အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုအပြင် အစ္စရေးကာကွယ် ရေးဝန်ကြီးနှင့် ဟားမတ်စ်ခေါင်းဆောင်သုံးဦးတို့ကို ဖမ်းဝရမ်းထုတ်ရန် အဆိုပြုခဲ့ကြောင်းသိရသည်။အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ICC ၏ ရှေ့ နေတစ်ဦးဖြစ်သော ကာရင်ကန်၏ တောင်းဆို ချက်များကို ငြင်းဆန်ပယ်ချကာ ဝေဖန်ပြစ်တင်ထားသည်။ ထို့ပြင် အမေရိကန်အစိုးရကလည်း နိုင်ငံ တကာရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းထုတ်မည့် အစီအစဉ်သည် အစ္စရေးနှင့်ဟားမတ်စ်လက်နက် ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲအပစ်အခတ်ရပ်စဲ နိုင်ရန် နှောင့်နှေးစေမည်ဖြစ်ကြောင်း သတိပေးထား သည်။ ထို့ပြင် ဟန်ဂေရီ ဝန်ကြီးချုပ်ဗစ်တာ အော်ဘန်က၏ရုံးကလည်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာ ဟု အပေါ် ဖမ်းဝရမ်းထုတ်မည့် နိုင်ငံတကာရာဇဝတ် တရားရုံး၏အစီအစဉ်ကို လက်မခံနိုင်ကြောင်း ပြောဆိုထားသည်။ ဟန်ဂေရီနိုင်ငံအနေဖြင့် အစ္စရေး ဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်မည့် နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ အမိန့်ကိုလိုက်နာကျင့်သုံးမည် မဟုတ်ကြောင်းပြောဆိုထားသည်။

သို့သော်လည်း ဂျာမနီအစိုးရက ၎င်းတို့သည်အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ဖမ်းဝရမ်း ထုတ်မည့်အမိန့်ကို လိုက်နာကျင့်သုံးမည်ဖြစ်ကြောင်း ပြောသည်။ ဂျာမနီအစိုးရပြောရေးဆို ခွင့်ရှိသူတစ်ဦး က အစ္စရေးခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်မည် ဆိုလျှင် ဂျာမနီအစိုးရသည် နိုင်ငံတကာရာဇဝတ်တရား ရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုပြောဆိုထားသည်။ အစ္စရေးနှင့်ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း တောင်အာဖရိက အစိုးရ သည် အစ္စရေးခေါင်းဆောင်နေတန်ရာဟုနှင့်တာဝန် ရှိသူများကို စစ်ရာဇဝတ်ကျူးလွန်သည်ဟု စွပ်စွဲကာ နိုင်ငံတကာရာဇဝတ်တရားရုံးတွင် တရားစွဲခဲ့ကြောင်း သိရသည်။

နိုင်ငံတကာရာဇဝတ်တရားရုံးသည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြားဖြစ်ပွားသောစစ်ပွဲနှင့်ပတ် သက်ပြီး ရုရှားသမ္မတပူတင်နှင့် ရုရှားအစိုးရတာဝန်ရှိ သူများကို စစ်ရာဇဝတ်မှုများကျူးလွန်သည်ဆိုကာ ယခင်က ဖမ်းဝရမ်းထုတ်ဖူးကြောင်းသိရသည်။

zawgyi version
အစၥေရးဝန္ႀကီးခ်ဳပ္ကို ICC ဖမ္းဝရမ္းထုတ္ျခင္းႏွင့္ပတ္သက္၍ အေနာက္အုပ္စုႏိုင္ငံမ်ားၾကား သေဘာထားကြဲလြဲမႈမ်ား ျဖစ္ေပၚ
ဂ်န္ဇက္ (NP News) - ေမ ၂၇

ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC က အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုအပါအဝင္ အစၥေရး အစိုးရတာဝန္ရွိသူမ်ားကို ဖမ္းဆီးမည့္အစီအစဥ္ႏွင့္ပတ္သက္၍ အေနာက္အုပ္စုႏိုင္ငံမ်ားၾကား သေဘာထားကြဲလြဲမႈမ်ားျဖစ္ပြားေနေၾကာင္းသိရသည္။

ICC ၏ ေရွ႕ေနတစ္ဦးျဖစ္ေသာ ကာရင္ကန္က ဂါဇာစစ္ပြဲတြင္စစ္ရာဇဝတ္က်ဴးလြန္မႈႏွင့္ပတ္ သက္ၿပီး အစၥေရး ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုအျပင္ အစၥေရးကာကြယ္ ေရးဝန္ႀကီးႏွင့္ ဟားမတ္စ္ေခါင္းေဆာင္သုံးဦးတို႔ကို ဖမ္းဝရမ္းထုတ္ရန္ အဆိုျပဳခဲ့ေၾကာင္းသိရသည္။အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုသည္ ICC ၏ ေရွ႕ ေနတစ္ဦးျဖစ္ေသာ ကာရင္ကန္၏ ေတာင္းဆို ခ်က္မ်ားကို ျငင္းဆန္ပယ္ခ်ကာ ေဝဖန္ျပစ္တင္ထားသည္။ ထို႔ျပင္ အေမရိကန္အစိုးရကလည္း ႏိုင္ငံ တကာရာဇဝတ္တရား႐ုံး၏ ဖမ္းဝရမ္းထုတ္မည့္ အစီအစဥ္သည္ အစၥေရးႏွင့္ဟားမတ္စ္လက္နက္ ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္ စစ္ပြဲအပစ္အခတ္ရပ္စဲ ႏိုင္ရန္ ေႏွာင့္ေႏွးေစမည္ျဖစ္ေၾကာင္း သတိေပးထား သည္။ ထို႔ျပင္ ဟန္ေဂရီ ဝန္ႀကီးခ်ဳပ္ဗစ္တာ ေအာ္ဘန္က၏႐ုံးကလည္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာ ဟု အေပၚ ဖမ္းဝရမ္းထုတ္မည့္ ႏိုင္ငံတကာရာဇဝတ္ တရား႐ုံး၏အစီအစဥ္ကို လက္မခံႏိုင္ေၾကာင္း ေျပာဆိုထားသည္။ ဟန္ေဂရီႏိုင္ငံအေနျဖင့္ အစၥေရး ဝန္ႀကီးခ်ဳပ္ကို ဖမ္းဝရမ္းထုတ္မည့္ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး၏ အမိန႔္ကိုလိုက္နာက်င့္သုံးမည္ မဟုတ္ေၾကာင္းေျပာဆိုထားသည္။

သို႔ေသာ္လည္း ဂ်ာမနီအစိုးရက ၎တို႔သည္အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ဖမ္းဝရမ္း ထုတ္မည့္အမိန႔္ကို လိုက္နာက်င့္သုံးမည္ျဖစ္ေၾကာင္း ေျပာသည္။ ဂ်ာမနီအစိုးရေျပာေရးဆို ခြင့္ရွိသူတစ္ဦး က အစၥေရးေခါင္းေဆာင္မ်ားကို ဖမ္းဝရမ္းထုတ္မည္ ဆိုလွ်င္ ဂ်ာမနီအစိုးရသည္ ႏိုင္ငံတကာရာဇဝတ္တရား ႐ုံးႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ဟုေျပာဆိုထားသည္။ အစၥေရးႏွင့္ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ေတာင္အာဖရိက အစိုးရ သည္ အစၥေရးေခါင္းေဆာင္ေနတန္ရာဟုႏွင့္တာဝန္ ရွိသူမ်ားကို စစ္ရာဇဝတ္က်ဴးလြန္သည္ဟု စြပ္စြဲကာ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးတြင္ တရားစြဲခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံတကာရာဇဝတ္တရား႐ုံးသည္ ယူကရိန္းႏွင့္႐ုရွားႏိုင္ငံၾကားျဖစ္ပြားေသာစစ္ပြဲႏွင့္ပတ္ သက္ၿပီး ႐ုရွားသမၼတပူတင္ႏွင့္ ႐ုရွားအစိုးရတာဝန္ရွိ သူမ်ားကို စစ္ရာဇဝတ္မႈမ်ားက်ဴးလြန္သည္ဆိုကာ ယခင္က ဖမ္းဝရမ္းထုတ္ဖူးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.