ပါပူအာနယူးဂီနီကျွန်းနိုင်ငံတောင်ပြိုမှု လူပေါင်း ၂၀၀၀ ကျော် မြေသားထုရောက်ရှိသွား

 2441

Htay Oung (NP News) - မေ ၂၈

ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်း ပါပူအာနိုင်ငံမှာဖြစ်ပွားတဲ့ မြေပြိုမှုမှာ လူပေါင်း ၂၀၀၀ ကျော် မြေသားထုအောက်ရောက်ရှိသွားတဲ့အတွက် နိုင်ငံတကာအနေနဲ့ အကူအညီများ ပေးအပ်နိုင်ကြပါရန် ကျွန်းနိုင်ငံအစိုးရက မေတ္တာရပ်ခံလိုက်တယ်လို့ ရိုက်တာသတင်းအေဂျင်စီက ယမန်နေ့ (မေလ ၂၇ ရက်)မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ သုံးရက်က ပါပူအာနယူးဂီနီနိုင်ငံမှာ မြေပြိုမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လူပေါင်းထောင်ချီ မြေသားထုအောက်နစ်မြုပ်နေကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာရန် မလွယ်ကူတဲ့ဒေသဖြစ်ခြင်ကြောင့် အကူအညီပေးရေးကိစ္စမှာ အဟန့်အတားများ ရှိနေကြောင်း အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် မျှော်လင့်ချက်များ နည်းပါးသွားရတယ်လို့ တနင်္လာနေ့မှာ ကျွန်းနိုင်ငံအစိုးရကပြောပါတယ်။

ဝေးလံခေါင်ဖျား ကျေးရွာ ၆ ရွာမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူသေဆုံးကြောင်း ပါပူအာနယူးဂီနီအစိုးရရဲ့ ခန့်မှန်းအရေအတွက်ဟာ ကုလသမဂ္ဂရဲ့ ကနဦးသတင်းထုတ်ပြန်ချက် ၆၇၀ ဦးခန့်ထက် ၃-ဆခန့် ပိုမို များပြားနေပါတယ်။ ပါပူအာနယူးဂီနီဟာ နယူးဂီနီကျွန်းရဲ့ အရှေ့ပိုင်းမှာ တည်ရှိပြီး အနောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံနီးပါး ကျယ်ဝန်းပေမယ့် ၂၀၂၂-ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၁၀-သန်းကျော်ရှိမယ်လို့ ယူဆရပါတယ်။ ကျွန်းနိုင်ငံ လူဦးရေရဲ့၁၃.၂၅% သာ မြို့ပြမှာ နေထိုင်ကြပြီး ကမ္ဘာ့ကျေးလက်ဒေသ လူနေအများဆုံး တိုင်းပြည်ဖြစ်နေပါတယ်။ နယူးဂီနီ ကျွန်းကြီးတစ်ခုလုံးမှာ ဘာသာစကားပေါင်း ၈၅၁ ခန့်ရှိပြီး ကမ္ဘာပေါ်မှာ လူမျိုးနွယ်ကွဲပြားမှု အများဆုံး နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင် ၉၅% နဲ့ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် ဝေးလံခေါင်ဖျားဒေသများမှာ အလွန်ရှေးကျတဲ့ ကိုးကွယ်ယုံကြည်မှုများနဲ့ခေါင်းဖြတ်ဓလေ့၊ လူသားစားခြင်းများလည်း ကြွင်းကျန်နေပါတယ်။

ယခုဖြစ်စဉ်မှာ ပါပူအာ အမျိုးသားသဘာဝဘေးအန္တရာယ်ဗဟိုဌာနက ထုတ်ပြန်တဲ့ လူအရေအတွက်နဲ့ ကုလ သမဂ္ဂခန့်မှန်းချက်တို့အကြား ပမာဏအကြီးအကျယ်ကွဲလွဲနေခြင်းဟာ ပစိဖိတ်ကျွန်းနိုင်ငံ ဝေးလံခေါင်ဖျား ဒေသနေသူများနဲ့ ပတ်သက်ပြီး တိကျတဲ့ လူဦးရေစာရင်းရရှိရန် အခက်အခဲကို ထင်ဟပ်နေပါတယ်။ ပစိဖိတ်ကျျွန်းနိုင်ငံရဲ့ ယုံကြည်ရလောက်တဲ့ နောက်ဆုံးသန်းခေါင်စာရင်းဟာ လွန်ခဲ့တဲ့ ၄-နှစ်ခုနှစ်ကဖြစ်ပြီး လူအများအပြားတို့ဟာ တစ်သီးတစ်ခြားလိုဖြစ်နေတဲ့ တောင်ပေါ်ကျေးရွာများမှာ နေထိုင်ကြပါတယ်။ နိုင်ငံ့အနောက် မြောက်ပိုင်း အင်ဂါပြည်နယ် မီအစ်_မူလီတာကာဒေသ ဝေးလံခေါင်ဖျား ကျေးရွာ ၆ ရွာမှာ ၄၀၀၀ ခန့်နေထိုင်ကြောင်း၊ လွန်ခဲ့တဲ့ သောကြာနေ့ ညပိုင်း လူအများ နှစ်ခြိုက်စွာ အိပ်မော ကျနေစဉ် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ပါပူအာ ကာကွယ်ရေးဝန်ကြီး ဘီလီဂျိုးဇက်က ပြောပါတယ်။

ကယ်ဆယ်ရေးသမားများအဆိုအရ နှစ်ထပ်တိုက် အမြင့်နီးပါး အပျက်အစီးပုံကြီးအောက်မှာ အိမ်ခြေ ၁၅၀ ကျော် နစ်မြုပ်နေပြီး မြေသားထုကြီးအောက် အော်ဟစ်သံ ညည်းညူသံများကိုလည်း ကြားနေရကြောင်း သိရှိရပါတယ်။ ရွာသားအချို့ကတော့ မိသားစု ၁၈-ဦးရှိတဲ့ အိမ်ထောင်စုတစ်ခုလုံး မြေကြီးအောက် မြှုပ်နှံလိုက်သလို ဖြစ်သွားတာလည်း ရှိခဲ့ပြီး အဲ့ဒီလိုဖြစ်သွားတဲ့ အိမ်ထောင်စု ဦးရေ ဘယ်လောက်များမယ်ဆိုတာ ရေတွက်လို့ မရနိုင်ကြောင်း ပြောပါတယ်။ အချို့ဆိုရင် မိသားစုဝင်တို့ရဲ့ အလောင်းပြန်ရဖို့ မဖြစ်နိုင်တဲ့ မြေသားထုကြီးအပေါ်မှာ ကြောင်စီစီ မတ်တပ်ရပ်ရင်း ခိုကိုးရာမဲ့ ဖြစ်နေကြပါတယ်။

မြေပြိုပြီးနောက် ၇၂ နာရီကျော်အကြာထိ ဒေသခံတွေဟာ ဂေါ်ပြား၊ တုတ်များ၊ လက်ဗလာချည့်သက်သက် အသုံးပြုပြီး မြေသားထု အပျက်အစီးပုံကြီးကို သွေးရူးသွေးတန်း ကလော်ထုတ် နေကြဆဲဖြစ်ကြောင်း၊ ဒါပေမယ့် အလောင်းငါးလောင်းသာ တွေ့ရှိခဲ့တယ်လို့ ခရိုင်အာဏာပိုင်က ပြောပါတယ်။ လူမျိုးစုအချင်းချင်း စစ်ခင်းနေကြတဲ့ နယ်မြေအနီးအနားမှာ အခင်းဖြစ်ပွားခြင်းကြောင့် ကယ်ဆယ်ရေးသမားတွေဟာ စစ်ယာဉ်တန်းအကူအညီအနဲ့သာ သွားလာနေရပါတယ်။ လုံခြုံရေးအခြေအနေကြောင့် နေ့ပိုင်းမှာသာ ရှာဖွေကယ်ဆယ်ရေး လုပ်နိုင်ပြီး ညပိုင်းမှာ ၃၇ မိုင်ခန့်ဝေးတဲ့ ပြည်နယ်မြို့တော်ကို ပြန်လာရပါတယ်။ သွားလာရန် မလွယ်ကူတဲ့အတွက် ထုထည်ကြီးမား လေးလံတဲ့ စက်ယန္တရားများနဲ့ အကူအညီများ ရောက်ရှိရန် ခဲယဉ်းနေပါတယ်။

အခင်းစတင်ဖြစ်ပွားပြီး နောက်တစ်ရက် စနေနေ့ အဲ့ဒီနယ်မြေမှာပဲ အကြမ်းဖက်မှုကြောင့် လူ ရှစ်ဦး သေဆုံးပြီး အိမ်ခြေ ၃၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တနင်္လာနေ့ ကယ်ဆယ်ရေးယာဉ်တန်းများဖြတ်သန်းစဉ် မီးခိုးငွေ့ မပျယ်သေးတဲ့ အဲ့ဒီနေအိမ်အကြွင်းအကျန်များကို တွေ့ မြင်နေရပါသေးတယ်။ အခင်းဖြစ်ပွားပြီး ၄၈-နာရီခန့်ကြာမှသာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာကို မြေတူးစက်ယာဉ်တစ်စီး ပထမဆုံးရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောပြပါတယ်။

ရွာသားများနဲ့ ဆွေမျိုးသားချင်းများအကြား မကြာခဏ ပြောင်းရွှေ့နေထိုင်လေ့ရှိခြင်းကြောင့် အခင်းဖြစ်ပွားရာမှာ လူဘယ်လောက် ပါသွားတယ်ဆိုတာ မသေချာသေးကြောင်း ဒေသအခြေအနေများနဲ့ ရင်းနှီးတဲ့ ပါပူအာမြို့တော် ပိ့ုမော့စ်ဘီနေ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးက မှတ်ချက်ပေးပါတယ်။ မိသားစုဝင်တိုင်းက တစ်အိမ်တည်းမှာ စုဝေးနေထိုင်တဲ့ ပုံစံမျိုး မဟုတ်ကြောင်း၊ ကိုယ့်သားသမီးတွေ ဘယ်မှာရှိမှန်း မသိတဲ့ ဖခင်တွေ၊ ခင်ပွန်းသည် ဘယ်ရောက်နေမှန်း မသိတဲ့ မိခင်တွေလည်း ရှိပြီး ရှုပ်ယှက်ခတ်နေတယ်လို့ ရိုက်တာရဲ့ မေးခွန်းကို တယ်လီဖုန်းနဲ့ ပြန်လည်ဖြေဆိုပါတယ်။ သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ၂၄ နာရီအတွင်း သဘာဝ ဘေးအန္တရာယ်ကျရောက်ရာနေရာကို ပို့ဆောင်ပေးခဲ့ကြောင်း၊ စစ်တပ်အင်ဂျင်နီယာအဖွဲ့နဲ့ စစ်ဘက် ရဟတ်ယာဉ်တစ်စီးတို့ကို ရွှေ့ပြောင်းပေးထားကြောင်း ပါပူအာကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပါပူအာ အစိုးရဟာ အိမ်နီးချင်း ကျွန်းနိုင်ငံချင်းဖြစ်တဲ့ သြစတြေးလျနဲ့ နယူးဇီလန်တို့ထံ အများဆုံး အကူအညီတောင်းခံခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ အနီးနားရှိ မတည်မငြိမ်ဖြစ်နိုင်တဲ့ မြေသားထုများကို အကဲဖြတ်ဖို့အ တွက် နယူးဇီလန်တပ်မတော် ပထဝီဝင်နည်းပညာအဖွဲ့ကို စေလွှတ်ပေးပါရန် မေတ္တာရပ်ခံထားကြောင်း၊ အဲ့ဒီ မြေသားထုတွေဟာ လေးလံတဲ့ မြေတူးယာဉ်နဲ့စက်ပစ္စည်းများကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာ ပြည်နယ်ဟာ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များအတွက် စွမ်းဆောင်ရည် တည်ဆောက်ရန် လိုအပ်နေကြောင်း ပြယ်နယ်မြို့တော်သွား အဓိက လမ်းမကြီးအနီးမှာ ကျေးရွာများကို ပြန်လည်တည်ဆောက်ပြီး ပေါ်ဂျာရာရွှေတွင်းကိုလည်း ပြန်လည်ဖွင့်လှစ်မယ်လို့ ပါပူအာ ကာကွယ်ရေးဝန်ကြီးက ရှင်းပြပါတယ်။

ပါပူအာ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းအတွက် ကနဦး ကန်ဒေါ်လာ ၁.၆၆ သန်းတန်ဖိုးရှိ ထောက်ပံ့ရေးအစီအစဉ်ကို တနင်္လာနေ့မှာ သြစတြေးလျက ကြေညာပါတယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အတွက် နည်းပညာကျွမ်းကျင်သူများကို စေလွှတ်မယ်လို့လည်း ပြောပါတယ်။ ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ မိတ်ဖက်ဖြစ်ဖို့ စည်းရုံးနေတဲ့ တရုတ်နိုင်ငံကလည်း အကူအညီပေးမယ်လို့ ကမ်းလှမ်းနေပါတယ်။ မိုးရွာသွန်းခြင်း၊ မြေသားထု မတည်ငြိမ်တဲ့ မြေပြင်နဲ့ ရေစီးရေလာအခြေအနေများဟာ ဒေသခံများနဲ့ ကယ်ဆယ်ရေးအဖွဲ့များအတွက် အပျက်အစီးများကို ရှင်းလင်းရာမှာ အလွန်အန္တရာယ်များကြောင်း ပါပူအာအခြေ စိုက် ကုလသမဂ္ဂ ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာအေဂျင်စီအကြီးအကဲက ပြောပါတယ်။

အိမ်ခြေ ၂၅၀ ကျော်နဲ့ လူပေါင်း ၇၉၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားရသူ ၁၂၅၀ ကျော် ရှိကြောင်း၊ သူတို့တွေ ဝမ်းနည်းပူဆွေးမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ စက်ယန္တရားကြီးများကို ဒေသခံများက မလိုလား ကြကြောင်း၊ ဒီလိုအခြေအနေမျိုးမှာ မြေသားထုအောက် ရောက်ရှိသွားသူတိုင်းကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ရန် အခွင့်အလမ်းအလွန်နည်းပါးလျှက်ရှိတယ်လို့ ကုလသမဂ္ဂအရာရှိက မှတ်ချက်ပေးပါတယ်။

(Reuters., 27 May 2024,” Papua New Guinea landslide buried more than 2,000 people, government says” ကိုဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ပါပူအာနယူးဂီနီကြၽန္းႏိုင္ငံေတာင္ၿပိဳမႈ လူေပါင္း ၂၀၀၀ ေက်ာ္ ေျမသားထုေရာက္ရွိသြား
Htay Oung (NP News) - ေမ ၂၈

ပစိဖိတ္သမုဒၵရာ အေနာက္ေတာင္ပိုင္း ပါပူအာႏိုင္ငံမွာျဖစ္ပြားတဲ့ ေျမၿပိဳမႈမွာ လူေပါင္း ၂၀၀၀ ေက်ာ္ ေျမသားထုေအာက္ေရာက္ရွိသြားတဲ့အတြက္ ႏိုင္ငံတကာအေနနဲ႔ အကူအညီမ်ား ေပးအပ္ႏိုင္ၾကပါရန္ ကြၽန္းႏိုင္ငံအစိုးရက ေမတၱာရပ္ခံလိုက္တယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီက ယမန္ေန႔ (ေမလ ၂၇ ရက္)မွာ ေဖာ္ျပပါတယ္။

လြန္ခဲ့တဲ့ သုံးရက္က ပါပူအာနယူးဂီနီႏိုင္ငံမွာ ေျမၿပိဳမႈအႀကီးအက်ယ္ျဖစ္ပြားခဲ့ၿပီး လူေပါင္းေထာင္ခ်ီ ေျမသားထုေအာက္နစ္ျမဳပ္ေနေၾကာင္း၊ လမ္းပန္းဆက္သြယ္ေရးခက္ခဲၿပီး သြားလာရန္ မလြယ္ကူတဲ့ေဒသျဖစ္ျခင္ေၾကာင့္ အကူအညီေပးေရးကိစၥမွာ အဟန႔္အတားမ်ား ရွိေနေၾကာင္း အသက္ရွင္က်န္ရစ္သူမ်ားကို ရွာေဖြရန္ ေမွ်ာ္လင့္ခ်က္မ်ား နည္းပါးသြားရတယ္လို႔ တနလၤာေန႔မွာ ကြၽန္းႏိုင္ငံအစိုးရကေျပာပါတယ္။

ေဝးလံေခါင္ဖ်ား ေက်း႐ြာ ၆ ႐ြာမွာ သဘာဝေဘးအႏၲရာယ္ေၾကာင့္ လူေသဆုံးေၾကာင္း ပါပူအာနယူးဂီနီအစိုးရရဲ႕ ခန႔္မွန္းအေရအတြက္ဟာ ကုလသမဂၢရဲ႕ ကနဦးသတင္းထုတ္ျပန္ခ်က္ ၆၇၀ ဦးခန႔္ထက္ ၃-ဆခန႔္ ပိုမို မ်ားျပားေနပါတယ္။ ပါပူအာနယူးဂီနီဟာ နယူးဂီနီကြၽန္းရဲ႕ အေရွ႕ပိုင္းမွာ တည္ရွိၿပီး အေနာက္ပိုင္းမွာ အင္ဒိုနီးရွားႏိုင္ငံရဲ႕ အစိတ္အပိုင္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ သုံးပုံႏွစ္ပုံနီးပါး က်ယ္ဝန္းေပမယ့္ ၂၀၂၂-ခုႏွစ္ ခန႔္မွန္းခ်က္အရ လူဦးေရ ၁၀-သန္းေက်ာ္ရွိမယ္လို႔ ယူဆရပါတယ္။ ကြၽန္းႏိုင္ငံ လူဦးေရရဲ႕၁၃.၂၅% သာ ၿမိဳ႕ျပမွာ ေနထိုင္ၾကၿပီး ကမာၻ႔ေက်းလက္ေဒသ လူေနအမ်ားဆုံး တိုင္းျပည္ျဖစ္ေနပါတယ္။ နယူးဂီနီ ကြၽန္းႀကီးတစ္ခုလုံးမွာ ဘာသာစကားေပါင္း ၈၅၁ ခန႔္ရွိၿပီး ကမာၻေပၚမွာ လူမ်ိဳးႏြယ္ကြဲျပားမႈ အမ်ားဆုံး ႏိုင္ငံတစ္ခုလည္းျဖစ္ပါတယ္။ ခရစ္ယာန္ဘာသာဝင္ ၉၅% နဲ႔ ၿဗိတိသွ်ဓနသဟာယ အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေပမယ့္ ေဝးလံေခါင္ဖ်ားေဒသမ်ားမွာ အလြန္ေရွးက်တဲ့ ကိုးကြယ္ယုံၾကည္မႈမ်ားနဲ႔ေခါင္းျဖတ္ဓေလ့၊ လူသားစားျခင္းမ်ားလည္း ႂကြင္းက်န္ေနပါတယ္။

ယခုျဖစ္စဥ္မွာ ပါပူအာ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဗဟိုဌာနက ထုတ္ျပန္တဲ့ လူအေရအတြက္နဲ႔ ကုလ သမဂၢခန႔္မွန္းခ်က္တို႔အၾကား ပမာဏအႀကီးအက်ယ္ကြဲလြဲေနျခင္းဟာ ပစိဖိတ္ကြၽန္းႏိုင္ငံ ေဝးလံေခါင္ဖ်ား ေဒသေနသူမ်ားနဲ႔ ပတ္သက္ၿပီး တိက်တဲ့ လူဦးေရစာရင္းရရွိရန္ အခက္အခဲကို ထင္ဟပ္ေနပါတယ္။ ပစိဖိတ္က်ြၽန္းႏိုင္ငံရဲ႕ ယုံၾကည္ရေလာက္တဲ့ ေနာက္ဆုံးသန္းေခါင္စာရင္းဟာ လြန္ခဲ့တဲ့ ၄-ႏွစ္ခုႏွစ္ကျဖစ္ၿပီး လူအမ်ားအျပားတို႔ဟာ တစ္သီးတစ္ျခားလိုျဖစ္ေနတဲ့ ေတာင္ေပၚေက်း႐ြာမ်ားမွာ ေနထိုင္ၾကပါတယ္။ ႏိုင္ငံ့အေနာက္ ေျမာက္ပိုင္း အင္ဂါျပည္နယ္ မီအစ္_မူလီတာကာေဒသ ေဝးလံေခါင္ဖ်ား ေက်း႐ြာ ၆ ႐ြာမွာ ၄၀၀၀ ခန႔္ေနထိုင္ေၾကာင္း၊ လြန္ခဲ့တဲ့ ေသာၾကာေန႔ ညပိုင္း လူအမ်ား ႏွစ္ၿခိဳက္စြာ အိပ္ေမာ က်ေနစဥ္ ေျမၿပိဳမႈျဖစ္ပြားခဲ့ေၾကာင္း ပါပူအာ ကာကြယ္ေရးဝန္ႀကီး ဘီလီဂ်ိဳးဇက္က ေျပာပါတယ္။

ကယ္ဆယ္ေရးသမားမ်ားအဆိုအရ ႏွစ္ထပ္တိုက္ အျမင့္နီးပါး အပ်က္အစီးပုံႀကီးေအာက္မွာ အိမ္ေျခ ၁၅၀ ေက်ာ္ နစ္ျမဳပ္ေနၿပီး ေျမသားထုႀကီးေအာက္ ေအာ္ဟစ္သံ ညည္းညဴသံမ်ားကိုလည္း ၾကားေနရေၾကာင္း သိရွိရပါတယ္။ ႐ြာသားအခ်ိဳ႕ကေတာ့ မိသားစု ၁၈-ဦးရွိတဲ့ အိမ္ေထာင္စုတစ္ခုလုံး ေျမႀကီးေအာက္ ျမႇဳပ္ႏွံလိုက္သလို ျဖစ္သြားတာလည္း ရွိခဲ့ၿပီး အဲ့ဒီလိုျဖစ္သြားတဲ့ အိမ္ေထာင္စု ဦးေရ ဘယ္ေလာက္မ်ားမယ္ဆိုတာ ေရတြက္လို႔ မရႏိုင္ေၾကာင္း ေျပာပါတယ္။ အခ်ိဳ႕ဆိုရင္ မိသားစုဝင္တို႔ရဲ႕ အေလာင္းျပန္ရဖို႔ မျဖစ္ႏိုင္တဲ့ ေျမသားထုႀကီးအေပၚမွာ ေၾကာင္စီစီ မတ္တပ္ရပ္ရင္း ခိုကိုးရာမဲ့ ျဖစ္ေနၾကပါတယ္။

ေျမၿပိဳၿပီးေနာက္ ၇၂ နာရီေက်ာ္အၾကာထိ ေဒသခံေတြဟာ ေဂၚျပား၊ တုတ္မ်ား၊ လက္ဗလာခ်ည့္သက္သက္ အသုံးျပဳၿပီး ေျမသားထု အပ်က္အစီးပုံႀကီးကို ေသြး႐ူးေသြးတန္း ကေလာ္ထုတ္ ေနၾကဆဲျဖစ္ေၾကာင္း၊ ဒါေပမယ့္ အေလာင္းငါးေလာင္းသာ ေတြ႕ရွိခဲ့တယ္လို႔ ခ႐ိုင္အာဏာပိုင္က ေျပာပါတယ္။ လူမ်ိဳးစုအခ်င္းခ်င္း စစ္ခင္းေနၾကတဲ့ နယ္ေျမအနီးအနားမွာ အခင္းျဖစ္ပြားျခင္းေၾကာင့္ ကယ္ဆယ္ေရးသမားေတြဟာ စစ္ယာဥ္တန္းအကူအညီအနဲ႔သာ သြားလာေနရပါတယ္။ လုံၿခဳံေရးအေျခအေနေၾကာင့္ ေန႔ပိုင္းမွာသာ ရွာေဖြကယ္ဆယ္ေရး လုပ္ႏိုင္ၿပီး ညပိုင္းမွာ ၃၇ မိုင္ခန႔္ေဝးတဲ့ ျပည္နယ္ၿမိဳ႕ေတာ္ကို ျပန္လာရပါတယ္။ သြားလာရန္ မလြယ္ကူတဲ့အတြက္ ထုထည္ႀကီးမား ေလးလံတဲ့ စက္ယႏၲရားမ်ားနဲ႔ အကူအညီမ်ား ေရာက္ရွိရန္ ခဲယဥ္းေနပါတယ္။

အခင္းစတင္ျဖစ္ပြားၿပီး ေနာက္တစ္ရက္ စေနေန႔ အဲ့ဒီနယ္ေျမမွာပဲ အၾကမ္းဖက္မႈေၾကာင့္ လူ ရွစ္ဦး ေသဆုံးၿပီး အိမ္ေျခ ၃၀ မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း ကုလသမဂၢေအဂ်င္စီမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ တနလၤာေန႔ ကယ္ဆယ္ေရးယာဥ္တန္းမ်ားျဖတ္သန္းစဥ္ မီးခိုးေငြ႕ မပ်ယ္ေသးတဲ့ အဲ့ဒီေနအိမ္အႂကြင္းအက်န္မ်ားကို ေတြ႕ ျမင္ေနရပါေသးတယ္။ အခင္းျဖစ္ပြားၿပီး ၄၈-နာရီခန႔္ၾကာမွသာ သဘာဝေဘးအႏၲရာယ္ က်ေရာက္တဲ့ေနရာကို ေျမတူးစက္ယာဥ္တစ္စီး ပထမဆုံးေရာက္ရွိခဲ့ေၾကာင္း ကုလသမဂၢ အရာရွိတစ္ဦးက ေျပာျပပါတယ္။

႐ြာသားမ်ားနဲ႔ ေဆြမ်ိဳးသားခ်င္းမ်ားအၾကား မၾကာခဏ ေျပာင္းေ႐ႊ႕ေနထိုင္ေလ့ရွိျခင္းေၾကာင့္ အခင္းျဖစ္ပြားရာမွာ လူဘယ္ေလာက္ ပါသြားတယ္ဆိုတာ မေသခ်ာေသးေၾကာင္း ေဒသအေျခအေနမ်ားနဲ႔ ရင္းႏွီးတဲ့ ပါပူအာၿမိဳ႕ေတာ္ ပိ့ုေမာ့စ္ဘီေန ခရစ္ယာန္သင္းအုပ္ဆရာတစ္ဦးက မွတ္ခ်က္ေပးပါတယ္။ မိသားစုဝင္တိုင္းက တစ္အိမ္တည္းမွာ စုေဝးေနထိုင္တဲ့ ပုံစံမ်ိဳး မဟုတ္ေၾကာင္း၊ ကိုယ့္သားသမီးေတြ ဘယ္မွာရွိမွန္း မသိတဲ့ ဖခင္ေတြ၊ ခင္ပြန္းသည္ ဘယ္ေရာက္ေနမွန္း မသိတဲ့ မိခင္ေတြလည္း ရွိၿပီး ရႈပ္ယွက္ခတ္ေနတယ္လို႔ ႐ိုက္တာရဲ႕ ေမးခြန္းကို တယ္လီဖုန္းနဲ႔ ျပန္လည္ေျဖဆိုပါတယ္။ ၾသစေၾတးလ်ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ အကူအညီနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ၂၄ နာရီအတြင္း သဘာဝ ေဘးအႏၲရာယ္က်ေရာက္ရာေနရာကို ပို႔ေဆာင္ေပးခဲ့ေၾကာင္း၊ စစ္တပ္အင္ဂ်င္နီယာအဖြဲ႕နဲ႔ စစ္ဘက္ ရဟတ္ယာဥ္တစ္စီးတို႔ကို ေ႐ႊ႕ေျပာင္းေပးထားေၾကာင္း ပါပူအာကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။

ပါပူအာ အစိုးရဟာ အိမ္နီးခ်င္း ကြၽန္းႏိုင္ငံခ်င္းျဖစ္တဲ့ ၾသစေၾတးလ်နဲ႔ နယူးဇီလန္တို႔ထံ အမ်ားဆုံး အကူအညီေတာင္းခံခဲ့ပါတယ္။ အခင္းျဖစ္ပြားရာ အနီးနားရွိ မတည္မၿငိမ္ျဖစ္ႏိုင္တဲ့ ေျမသားထုမ်ားကို အကဲျဖတ္ဖို႔အ တြက္ နယူးဇီလန္တပ္မေတာ္ ပထဝီဝင္နည္းပညာအဖြဲ႕ကို ေစလႊတ္ေပးပါရန္ ေမတၱာရပ္ခံထားေၾကာင္း၊ အဲ့ဒီ ေျမသားထုေတြဟာ ေလးလံတဲ့ ေျမတူးယာဥ္နဲ႔စက္ပစၥည္းမ်ားကို အႏၲရာယ္ျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ အခင္းျဖစ္ပြားရာ ျပည္နယ္ဟာ သဘာဝေဘးအႏၲရာယ္ ႀကိဳတင္သတိေပးခ်က္မ်ားအတြက္ စြမ္းေဆာင္ရည္ တည္ေဆာက္ရန္ လိုအပ္ေနေၾကာင္း ျပယ္နယ္ၿမိဳ႕ေတာ္သြား အဓိက လမ္းမႀကီးအနီးမွာ ေက်း႐ြာမ်ားကို ျပန္လည္တည္ေဆာက္ၿပီး ေပၚဂ်ာရာေ႐ႊတြင္းကိုလည္း ျပန္လည္ဖြင့္လွစ္မယ္လို႔ ပါပူအာ ကာကြယ္ေရးဝန္ႀကီးက ရွင္းျပပါတယ္။

ပါပူအာ သဘာဝေဘးအႏၲရာယ္ က်ေရာက္ျခင္းအတြက္ ကနဦး ကန္ေဒၚလာ ၁.၆၆ သန္းတန္ဖိုးရွိ ေထာက္ပံ့ေရးအစီအစဥ္ကို တနလၤာေန႔မွာ ၾသစေၾတးလ်က ေၾကညာပါတယ္။ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ထူေထာင္ေရး အတြက္ နည္းပညာကြၽမ္းက်င္သူမ်ားကို ေစလႊတ္မယ္လို႔လည္း ေျပာပါတယ္။ ပစိဖိတ္ကြၽန္းႏိုင္ငံေတြနဲ႔ မိတ္ဖက္ျဖစ္ဖို႔ စည္း႐ုံးေနတဲ့ တ႐ုတ္ႏိုင္ငံကလည္း အကူအညီေပးမယ္လို႔ ကမ္းလွမ္းေနပါတယ္။ မိုး႐ြာသြန္းျခင္း၊ ေျမသားထု မတည္ၿငိမ္တဲ့ ေျမျပင္နဲ႔ ေရစီးေရလာအေျခအေနမ်ားဟာ ေဒသခံမ်ားနဲ႔ ကယ္ဆယ္ေရးအဖြဲ႕မ်ားအတြက္ အပ်က္အစီးမ်ားကို ရွင္းလင္းရာမွာ အလြန္အႏၲရာယ္မ်ားေၾကာင္း ပါပူအာအေျခ စိုက္ ကုလသမဂၢ ေ႐ႊ႕ေျပာင္း ေနထိုင္မႈဆိုင္ရာေအဂ်င္စီအႀကီးအကဲက ေျပာပါတယ္။

အိမ္ေျခ ၂၅၀ ေက်ာ္နဲ႔ လူေပါင္း ၇၉၀၀ ေက်ာ္ကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရၿပီး အိုးမဲ့အိမ္မဲ့ျဖစ္သြားရသူ ၁၂၅၀ ေက်ာ္ ရွိေၾကာင္း၊ သူတို႔ေတြ ဝမ္းနည္းပူေဆြးမႈကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ စက္ယႏၲရားႀကီးမ်ားကို ေဒသခံမ်ားက မလိုလား ၾကေၾကာင္း၊ ဒီလိုအေျခအေနမ်ိဳးမွာ ေျမသားထုေအာက္ ေရာက္ရွိသြားသူတိုင္းကို အသက္ရွင္လ်က္ ကယ္ထုတ္ႏိုင္ရန္ အခြင့္အလမ္းအလြန္နည္းပါးလွ်က္ရွိတယ္လို႔ ကုလသမဂၢအရာရွိက မွတ္ခ်က္ေပးပါတယ္။

(Reuters., 27 May 2024,” Papua New Guinea landslide buried more than 2,000 people, government says” ကိုဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.