ကမ္ဘာ့အသက်အကြီးဆုံး လေယာဉ်မယ်ဆယ်စုနှစ် (၇)ခုနီးပါး တာဝန်ထမ်းဆောင်ပြီးနောက် ကွယ်လွန်

 2173

ရောင်နီ (NP News) - မေ ၂၈

ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အမေရိကန်လေကြောင်းလိုင်းမှ ကမ္ဘာ့အသက်အကြီးဆုံး လေယာဉ်မယ် ဘက်တာနာ့ရှ်ဟာ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ ၁၉၅၇ ခုနှစ်မှာ အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် လေယာဉ်မယ်အလုပ်ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆၇ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူမဟာ မကြာသေးခင်ကမှ ရင်သားကင်ဆာရောဂါရှာဖွေတွေ့ရှိပြီး မေလ ၁၇ ရက်နေ့က ဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို Eastern Airlines က မေလ ၂၅ ရက်နေ့မှာပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မစ္စနာ့ရှ်ဟာ ၁၉၉၀ ခုနှစ်က အမေရိကန်လေကြောင်းလိုင်းဖြစ်တဲ့ Eastern Airlines မှာ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို စတင်ခဲ့ပါတယ်။ သူမက အခြားလေကြောင်းလိုင်းတွေကို ကူးပြောင်းနိုင်တဲ့ အရည်အချင်းရှိပေမယ့် Down Syndrome ရှိတဲ့ သားဖြစ်သူကို ပြုစုဖို့အတွက် ညတိုင်းအိမ်ပြန်နိုင်တဲ့ Washington-New York-Boston Shuttle မှာသာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ မစ္စနာ့ရှ်ဟာ လေယာဉ်မယ်အဖြစ် အသက်အကြာဆုံး အသက်မွေးဝမ်းကြောင်းမှုအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။

သူမရဲ့ ကွယ်လွန်မှု သတင်းအတွက် "သူမရဲ့ လျင်မြန်တဲ့ ဉာဏ်ရည်၊ ခင်မင်စရာကောင်းတဲ့ စရိုက်နဲ့ အခြားသူတွေကို ဝန်ဆောင်မှုပေးလိုတံ့ စိတ်အားထက်သန်မှုကြောင့် နာ့ရှ်ဟာ လေယာဉ်မယ် အလုပ်မှာသာမက လေကြောင်းလိုင်းနယ်ပယ်ရှိ ကျွန်တော်တို့ အားလုံးအတွက်ပါ စံနမူနာ ဖြစ်ခဲ့တယ်" လို့ လေကြောင်းပျံသန်းမှုဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ မစ္စတာဘရက်ဒီဗျာရန်က ပြောကြားကာ အသိအမှတ်ပြုခဲ့ပါတယ်။

zawgyi version
ကမာၻ႔အသက္အႀကီးဆုံး ေလယာဥ္မယ္ဆယ္စုႏွစ္ (၇)ခုနီးပါး တာဝန္ထမ္းေဆာင္ၿပီးေနာက္ ကြယ္လြန္
ေရာင္နီ (NP News) - ေမ ၂၈

ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ခဲ့တဲ့ အေမရိကန္ေလေၾကာင္းလိုင္းမွ ကမာၻ႔အသက္အႀကီးဆုံး ေလယာဥ္မယ္ ဘက္တာနာ့ရွ္ဟာ အသက္ ၈၈ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

သူမဟာ ၁၉၅၇ ခုႏွစ္မွာ အသက္ေမြးဝမ္းေက်ာင္းအလုပ္အျဖစ္ ေလယာဥ္မယ္အလုပ္ကို စတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ႏွစ္ေပါင္း ၆၇ ႏွစ္နီးပါး တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ သူမဟာ မၾကာေသးခင္ကမွ ရင္သားကင္ဆာေရာဂါရွာေဖြေတြ႕ရွိၿပီး ေမလ ၁၇ ရက္ေန႔က ေဆး႐ုံမွာပဲ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းကို Eastern Airlines က ေမလ ၂၅ ရက္ေန႔မွာေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ မစၥနာ့ရွ္ဟာ ၁၉၉၀ ခုႏွစ္က အေမရိကန္ေလေၾကာင္းလိုင္းျဖစ္တဲ့ Eastern Airlines မွာ သူမရဲ႕အသက္ေမြးဝမ္းေၾကာင္းအလုပ္ကို စတင္ခဲ့ပါတယ္။ သူမက အျခားေလေၾကာင္းလိုင္းေတြကို ကူးေျပာင္းႏိုင္တဲ့ အရည္အခ်င္းရွိေပမယ့္ Down Syndrome ရွိတဲ့ သားျဖစ္သူကို ျပဳစုဖို႔အတြက္ ညတိုင္းအိမ္ျပန္ႏိုင္တဲ့ Washington-New York-Boston Shuttle မွာသာ ဆက္လက္တာဝန္ထမ္းေဆာင္ဖို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္မွာေတာ့ မစၥနာ့ရွ္ဟာ ေလယာဥ္မယ္အျဖစ္ အသက္အၾကာဆုံး အသက္ေမြးဝမ္းေၾကာင္းမႈအတြက္ ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းဝင္ခဲ့ပါတယ္။

သူမရဲ႕ ကြယ္လြန္မႈ သတင္းအတြက္ "သူမရဲ႕ လ်င္ျမန္တဲ့ ဉာဏ္ရည္၊ ခင္မင္စရာေကာင္းတဲ့ စ႐ိုက္နဲ႔ အျခားသူေတြကို ဝန္ေဆာင္မႈေပးလိုတံ့ စိတ္အားထက္သန္မႈေၾကာင့္ နာ့ရွ္ဟာ ေလယာဥ္မယ္ အလုပ္မွာသာမက ေလေၾကာင္းလိုင္းနယ္ပယ္ရွိ ကြၽန္ေတာ္တို႔ အားလုံးအတြက္ပါ စံနမူနာ ျဖစ္ခဲ့တယ္" လို႔ ေလေၾကာင္းပ်ံသန္းမႈဆိုင္ရာ အႀကီးတန္းဒုတိယဥကၠ႒ မစၥတာဘရက္ဒီဗ်ာရန္က ေျပာၾကားကာ အသိအမွတ္ျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.