ခြံအမှတ်(၅၄)ကို ဦးအောင်ဆန်းဦးဘက်က ကျပ်(၂၈၅)ဘီလျံ သတ်မှတ်ထားပြီး ဒေါ်အောင်ဆန်း စုကြည်ရှေ့နေများကလည်း ဈေးနှုန်းတင်သွင်းမည်

 32229

Iris (NP News) - မေ ၂၈

တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ်(၅၄)အတွက် လေလံကြမ်းခင်းဈေးကို ကျပ် (၂၈၅)ဘီလျံအဖြစ် ပြင်ဆင်သတ်မှတ်ပေးပါရန် ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်ကမူ ယင်းထက်လျော့သော ဈေးနှုန်းဖြင့်သာ တင်ပြနိုင်ခြေရှိနေကြောင်း စုံစမ်းသိရှိရသည်။

မတ်လ(၂၀)ရက်ကကျင်းပခဲ့သော လေလံပွဲ၌ သတ်မှတ်ခဲ့သောဈေးနှုန်းမှာ ကျပ်(၃၁၅)ဘီလျံ ကျော်ဖြစ်ပြီး ခြံရှေ့လမ်းမဘေးတွင် ကျင်းပခဲ့ခြင်းဖြစ်သည့်အပြင် အွန်လိုင်းပေါ်မှတစ်ဆင့် ခြိမ်းခြောက် သတ်ဖြတ်ရန်ရှာသည့် လူတစ်စုကြောင့် လေလံပွဲ အောင်မြင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ဒုတိယတစ်ကြိမ် လေလံပွဲ အတွက် ဈေးနှုန်းပြင်ဆင်ခွင့်ပေးပါရန်နှင့် လုံခြုံရေး စိတ်ချရသော ခြံအတွင်း၌သာ ကျင်းပခွင့်ပေးပါရန် ဦးအောင်ဆန်းဦးဘက်က မေ(၁၅)ရက် တရားခွင် တွင် ကိုယ်တိုင်တင်ပြတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ “ပြင်ဆင်သတ်မှတ်တာကတော့ ကျပ်(၂၈၅)ဘီလျံလို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်က ဒီဈေးနှုန်းကို ကန့်ကွက်မလား၊ အရင်တစ်ကြိမ်လိုပဲ ဈေးပြိုင်တင်သွင်းမလားဆိုတာ စောင့်ပေးရဦးမှာပါ ” ဟု တရားရုံးသတင်းရင်းမြစ်က NP News ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေများဖြစ်သော ဒေါ်စန်းမာလာညွန့်နှင့် အမျိုးသားရှေ့နေတစ်ဦးတို့က ဦးအောင်ဆန်းဦး တို့ဘက်မှတင်သွင်းသော ပြင်ဆင်ဈေးနှုန်းကို လက်ခံ/မခံ မေလ(၃၁) ရက်တွင် ပြန်လည်တင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ဒေါ်စန်း မာလာညွန့် ဦးဆောင်သော ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေအဖွဲ့ဘက်က မည်သည့်ဈေးနှုန်းဖြင့် ပြန်လည်ပြင်ဆင်သွားမည်ဆိုသည်ကို ဆက်စပ် ပြည်ပြေးသတင်းဌာနများက ဖော်ပြထားခြင်း မရှိသေးသော်လည်း ယခင်တစ်ကြိမ်ဈေးနှုန်းအရ လျှော့ချခြင်းသာဖြစ်နိုင်ကြောင်း NP News က ခန့်မှန်းသည်။ ဦးအောင်ဆန်းဦးတို့ဘက်က တစ်စတုရန်းပေလျှင် ကျပ်(၃၅)သိန်းနှုန်းဖြင့် ကျပ်(၃၁၅)ဘီလျံကျော် သတ်မှတ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများဖြစ်သော ဒေါ်စန်းမာလာညွန့်တို့က တစ်စတုရန်းပေလျှင် ကျပ်သိန်း(၃၀)နှုန်းဖြင့်သာ လျှော့ချတွက်ချက်ပြီး တရားရုံးသို့ တင်သွင်းခဲ့ဖူးကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်စပ်သည့်အသိုင်းအဝိုင်းက NP News ကိုအသိပေးသည်။

“တရားရုံးမှာ သက်သေစာရွက်ရှိပါတယ်" ဟု သတင်းရင်းမြစ်က ၎င်းမြင်ခဲ့သော တရားရုံးစာရွက်အကြောင်းကို အတည်ပြုပြောကြားခဲ့ပြီး ယခုတစ်ကြိမ်သည်လည်း ဦးအောင်ဆန်းဦးတို့ တင်သွင်းခဲ့သည့်ဈေးထက် လျော့နည်းသတ်မှတ်သွားရန် ဆုံးဖြတ်ထားကြ ကြောင်း Whistleblower တစ်ဦးဆန်ဆန် ၎င်းက ပြောသည်။ ယင်းကဲ့သို့ တရားရုံး၌ ဈေးနှုန်းများကို အပြိုင်တင်သွင်းခဲ့ခြင်းများကြောင့် ခြံအမှတ်(၅၄)ကို လေလံတင်ရောင်းချမည့်ကိစ္စအပေါ် ဒေါ်အောင် ဆန်းစုကြည် လက်ခံခြင်း သိရှိခြင်းမရှိဟူ၍ ပြောဆို ရေးသားနေမှုများသည် မေးခွန်းထုတ်စရာများဖြစ် လာပြန်သည်။ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်း စုကြည်သာ အမှန်တကယ်သိရှိခြင်းမရှိပါက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဟုဆိုသူများက ဒေါ်အောင်ဆန်းစုကြည်၏သဘောထားကို ရယူခြင်း မရှိဘဲ အိမ်လေလံဈေးနှုန်းများကို ၎င်းတို့ သဘောဖြင့် လုပ်ကိုင်နေခြင်းလော” ဟု မေးစရာဖြစ် လာခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုချက်မရှိဘဲ ရှေ့နေအဖြစ်တာဝန်ယူနေခြင်း၊ လေလံဈေးနှုန်းများကို စိတ်ကြိုက်ရေးသားနေခြင်းများ လုပ်ကိုင်မှု မရှိဟုဆိုလျှင် အဆိုပါခြံအမှတ် (၅၄) အတွက် ဒေါ်အောင်ဆန်းစုကြည် သိရှိခွင့်ပြုပြီးသားဟု မှတ်ယူရမည်ဖြစ်နေသည်။ မေလ (၃၁)ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများဘက်က တင်သွင်းမည့်ဈေးနှုန်းသည် ဒေါ်အောင်ဆန်းစုကြည် က ခြံအမှတ်(၅၄)ကိစ္စသိရှိခြင်း၊ ခွင့်ပြုခြင်း ရှိမရှိကို ထပ်မံထူလိုက်သော သက်သေတစ်ခုဖြစ်လာမည်ဖြစ် ပြီး ယခင်တစ်ကြိမ်က ဒေါ်စန်းမာလာညွန့်တို့ လက်မှတ်ရေးထိုးသတ်မှတ်ခဲ့သော တစ်စတုရန်းပေ လျှင် ကျပ်သိန်း(၃၀)ကိစ္စသည်လည်း ခြံအမှတ်(၅၄)ကို ဦးအောင်ဆန်းဦးတို့ထက် ဈေးပေါပေါဖြင့် တန်ဖိုးဖြတ်ခြင်းမျိုး ဖြစ်နေသည်ဟု ကောက်ချက်ချ စရာ ဖြစ်လာသည်။ မည်သည်ပုဂ္ဂိုလ်အဖွဲ့အစည်းများ က Guideline ပေးသဖြင့် ရေးသားနေခြင်းမျိုးဖြစ် သည်ကို မသိရသေးဘဲ ပြည်ပြေးမီဒီယာအချို့တွင် မြင်နေရသော သတင်းများမှာ ဒေါ်အောင်ဆန်းစုကြည် က ခြံအမှတ်(၅၄) လေလံကိစ္စကို လက်မခံကြောင်း၊ သို့မဟုတ် မသိကြောင်း၊ သို့မဟုတ် ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေများ တွေ့ခွင့်မရဘဲ လေလံသတ် မှတ်နေခြင်းဖြစ်ကြောင်း ဖော်ပြထားမှုများ ရှိနေသည်။

zawgyi version
ၿခံအမွတ္(၅၄)ကို ဦးေအာင္ဆန္းဦးဘက္က က်ပ္(၂၈၅)ဘီလ်ံ သတ္မွတ္ထားၿပီး ေဒၚေအာင္ဆန္း စုၾကည္ေရွ႕ေနမ်ားကလည္း ေဈးႏႈန္းတင္သြင္းမည္
Iris (NP News) - ေမ ၂၈

တကၠသိုလ္ရိပ္သာလမ္းေပၚရွိ ၿခံအမွတ္(၅၄)အတြက္ ေလလံၾကမ္းခင္းေဈးကို က်ပ္ (၂၈၅)ဘီလ်ံအျဖစ္ ျပင္ဆင္သတ္မွတ္ေပးပါရန္ ဦးေအာင္ဆန္းဦးဘက္က တင္ျပခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနမ်ားဘက္ကမူ ယင္းထက္ေလ်ာ့ေသာ ေဈးႏႈန္းျဖင့္သာ တင္ျပႏိုင္ေျခရွိေနေၾကာင္း စုံစမ္းသိရွိရသည္။

မတ္လ(၂၀)ရက္ကက်င္းပခဲ့ေသာ ေလလံပြဲ၌ သတ္မွတ္ခဲ့ေသာေဈးႏႈန္းမွာ က်ပ္(၃၁၅)ဘီလ်ံ ေက်ာ္ျဖစ္ၿပီး ၿခံေရွ႕လမ္းမေဘးတြင္ က်င္းပခဲ့ျခင္းျဖစ္သည့္အျပင္ အြန္လိုင္းေပၚမွတစ္ဆင့္ ၿခိမ္းေျခာက္ သတ္ျဖတ္ရန္ရွာသည့္ လူတစ္စုေၾကာင့္ ေလလံပြဲ ေအာင္ျမင္ခဲ့ျခင္းမရွိေၾကာင္း သိရသည္။

ယင္းအတြက္ေၾကာင့္ ဒုတိယတစ္ႀကိမ္ ေလလံပြဲ အတြက္ ေဈးႏႈန္းျပင္ဆင္ခြင့္ေပးပါရန္ႏွင့္ လုံၿခဳံေရး စိတ္ခ်ရေသာ ၿခံအတြင္း၌သာ က်င္းပခြင့္ေပးပါရန္ ဦးေအာင္ဆန္းဦးဘက္က ေမ(၁၅)ရက္ တရားခြင္ တြင္ ကိုယ္တိုင္တင္ျပေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ “ျပင္ဆင္သတ္မွတ္တာကေတာ့ က်ပ္(၂၈၅)ဘီလ်ံလို႔ သိရတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနေတြဘက္က ဒီေဈးႏႈန္းကို ကန႔္ကြက္မလား၊ အရင္တစ္ႀကိမ္လိုပဲ ေဈးၿပိဳင္တင္သြင္းမလားဆိုတာ ေစာင့္ေပးရဦးမွာပါ ” ဟု တရား႐ုံးသတင္းရင္းျမစ္က NP News ကို ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ ၏ေရွ႕ေနမ်ားျဖစ္ေသာ ေဒၚစန္းမာလာၫြန႔္ႏွင့္ အမ်ိဳးသားေရွ႕ေနတစ္ဦးတို႔က ဦးေအာင္ဆန္းဦး တို႔ဘက္မွတင္သြင္းေသာ ျပင္ဆင္ေဈးႏႈန္းကို လက္ခံ/မခံ ေမလ(၃၁) ရက္တြင္ ျပန္လည္တင္ျပ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။ ေဒၚစန္း မာလာၫြန႔္ ဦးေဆာင္ေသာ ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနအဖြဲ႕ဘက္က မည္သည့္ေဈးႏႈန္းျဖင့္ ျပန္လည္ျပင္ဆင္သြားမည္ဆိုသည္ကို ဆက္စပ္ ျပည္ေျပးသတင္းဌာနမ်ားက ေဖာ္ျပထားျခင္း မရွိေသးေသာ္လည္း ယခင္တစ္ႀကိမ္ေဈးႏႈန္းအရ ေလွ်ာ့ခ်ျခင္းသာျဖစ္ႏိုင္ေၾကာင္း NP News က ခန႔္မွန္းသည္။ ဦးေအာင္ဆန္းဦးတို႔ဘက္က တစ္စတုရန္းေပလွ်င္ က်ပ္(၃၅)သိန္းႏႈန္းျဖင့္ က်ပ္(၃၁၅)ဘီလ်ံေက်ာ္ သတ္မွတ္စဥ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနမ်ားျဖစ္ေသာ ေဒၚစန္းမာလာၫြန႔္တို႔က တစ္စတုရန္းေပလွ်င္ က်ပ္သိန္း(၃၀)ႏႈန္းျဖင့္သာ ေလွ်ာ့ခ်တြက္ခ်က္ၿပီး တရား႐ုံးသို႔ တင္သြင္းခဲ့ဖူးေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ဆက္စပ္သည့္အသိုင္းအဝိုင္းက NP News ကိုအသိေပးသည္။

“တရား႐ုံးမွာ သက္ေသစာ႐ြက္ရွိပါတယ္" ဟု သတင္းရင္းျမစ္က ၎ျမင္ခဲ့ေသာ တရား႐ုံးစာ႐ြက္အေၾကာင္းကို အတည္ျပဳေျပာၾကားခဲ့ၿပီး ယခုတစ္ႀကိမ္သည္လည္း ဦးေအာင္ဆန္းဦးတို႔ တင္သြင္းခဲ့သည့္ေဈးထက္ ေလ်ာ့နည္းသတ္မွတ္သြားရန္ ဆုံးျဖတ္ထားၾက ေၾကာင္း Whistleblower တစ္ဦးဆန္ဆန္ ၎က ေျပာသည္။ ယင္းကဲ့သို႔ တရား႐ုံး၌ ေဈးႏႈန္းမ်ားကို အၿပိဳင္တင္သြင္းခဲ့ျခင္းမ်ားေၾကာင့္ ၿခံအမွတ္(၅၄)ကို ေလလံတင္ေရာင္းခ်မည့္ကိစၥအေပၚ ေဒၚေအာင္ ဆန္းစုၾကည္ လက္ခံျခင္း သိရွိျခင္းမရွိဟူ၍ ေျပာဆို ေရးသားေနမႈမ်ားသည္ ေမးခြန္းထုတ္စရာမ်ားျဖစ္ လာျပန္သည္။ တစ္နည္းအားျဖင့္ ေဒၚေအာင္ဆန္း စုၾကည္သာ အမွန္တကယ္သိရွိျခင္းမရွိပါက ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနဟုဆိုသူမ်ားက ေဒၚေအာင္ဆန္းစုၾကည္၏သေဘာထားကို ရယူျခင္း မရွိဘဲ အိမ္ေလလံေဈးႏႈန္းမ်ားကို ၎တို႔ သေဘာျဖင့္ လုပ္ကိုင္ေနျခင္းေလာ” ဟု ေမးစရာျဖစ္ လာျခင္းလည္း ျဖစ္သည္။
ေဒၚေအာင္ဆန္းစုၾကည္၏ ခြင့္ျပဳခ်က္မရွိဘဲ ေရွ႕ေနအျဖစ္တာဝန္ယူေနျခင္း၊ ေလလံေဈးႏႈန္းမ်ားကို စိတ္ႀကိဳက္ေရးသားေနျခင္းမ်ား လုပ္ကိုင္မႈ မရွိဟုဆိုလွ်င္ အဆိုပါၿခံအမွတ္ (၅၄) အတြက္ ေဒၚေအာင္ဆန္းစုၾကည္ သိရွိခြင့္ျပဳၿပီးသားဟု မွတ္ယူရမည္ျဖစ္ေနသည္။ ေမလ (၃၁)ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနမ်ားဘက္က တင္သြင္းမည့္ေဈးႏႈန္းသည္ ေဒၚေအာင္ဆန္းစုၾကည္ က ၿခံအမွတ္(၅၄)ကိစၥသိရွိျခင္း၊ ခြင့္ျပဳျခင္း ရွိမရွိကို ထပ္မံထူလိုက္ေသာ သက္ေသတစ္ခုျဖစ္လာမည္ျဖစ္ ၿပီး ယခင္တစ္ႀကိမ္က ေဒၚစန္းမာလာၫြန႔္တို႔ လက္မွတ္ေရးထိုးသတ္မွတ္ခဲ့ေသာ တစ္စတုရန္းေပ လွ်င္ က်ပ္သိန္း(၃၀)ကိစၥသည္လည္း ၿခံအမွတ္(၅၄)ကို ဦးေအာင္ဆန္းဦးတို႔ထက္ ေဈးေပါေပါျဖင့္ တန္ဖိုးျဖတ္ျခင္းမ်ိဳး ျဖစ္ေနသည္ဟု ေကာက္ခ်က္ခ် စရာ ျဖစ္လာသည္။ မည္သည္ပုဂၢိဳလ္အဖြဲ႕အစည္းမ်ား က Guideline ေပးသျဖင့္ ေရးသားေနျခင္းမ်ိဳးျဖစ္ သည္ကို မသိရေသးဘဲ ျပည္ေျပးမီဒီယာအခ်ိဳ႕တြင္ ျမင္ေနရေသာ သတင္းမ်ားမွာ ေဒၚေအာင္ဆန္းစုၾကည္ က ၿခံအမွတ္(၅၄) ေလလံကိစၥကို လက္မခံေၾကာင္း၊ သို႔မဟုတ္ မသိေၾကာင္း၊ သို႔မဟုတ္ ေဒၚေအာင္ဆန္း စုၾကည္ႏွင့္ ေရွ႕ေနမ်ား ေတြ႕ခြင့္မရဘဲ ေလလံသတ္ မွတ္ေနျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားမႈမ်ား ရွိေနသည္။

Related news

© 2021. All rights reserved.