ဆေးခြောက်ကို ဆေးဝါးနှင့်သုတေသနရည်ရွယ်ချက်ဖြင့် စိုက်ပျိုးအသုံးပြုသူများအတွက် ပါမစ်ထုတ်ပေးရန် ထိုင်းအစိုးရစီစဉ်နေ

 735

Pika (NP News) - မေ ၂၈

ထိုင်းအစိုးရသည် ဆေးခြောက်ကို မူးယစ် ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းရန်နှင့် ဆေး ဘက်ဆိုင်ရာ ရည်ရွယ်ချက်အပြင် သုတေသနအတွက် စိုက်ပျိုးအသုံးပြုသူများအတွက်ကိုသာ ပါမစ်ထုတ် ပေးရန် စီစဉ်နေကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsutin က မေလ (၂၃)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ယခုနှစ်အကုန်တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြော ဆိုခဲ့ပြီးနောက်Somsak Thepsutin ၏မှတ်ချက် များထွက်ပေါ်လာခြင်းဖြစ်သည်။ စည်းမျဉ်းအသစ်များ နှင့်အတူ ဆေးခြောက်ကို အပန်းဖြေရာတွင် အသုံးပြု ခြင်းကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း Somsak Thepsutin ကထပ်မံပြောဆိုခဲ့သည်။ ထို့ပြင် ဆေးခြောက်ကို ဆေးဘက်ဆိုင် ရာအပြင် သုတေသနအတွက် စိုက်ပျိုးသူများအနေဖြင့် လည်း လက်ဝယ်ထားရှိခြင်းနှင့်တင်ပို့ခြင်းတို့အတွက် လိုင်စင်လိုအပ်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့ သည်။ အဆိုပါလိုင်စင်အတွက် လုပ်ငန်းစဉ်အသေး စိတ်များကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

၎င်းက " ဒီပါမစ်စနစ်က အများပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်မလာစေဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အများပြည်သူအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ် ဆောင်နိုင်မယ့် အချိန်ကာလကိုလည်း ပေးအပ်သွား မှာပါဓဟုပြောဆိုခဲ့သည်။ ဆေးခြောက်အသုံးပြုမှုကို ထောက်ခံသောအုပ်စုများသည် ဆာရက်သာတာဗီဆင်၏လှုပ်ရှားမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ယင်း လုပ်ရပ်မှာ စီးပွားရေးကို ထိခိုက်လာစေနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန်အတွက် ဆေး ခြောက်ကိုအသုံးပြုသည့် ရှေးရိုးစွဲအစဉ်အလာရှိပြီး တိုင်းရင်းဆေးနှင့်ဟင်းချက်နည်းများတွင် အသုံး ပြုကြကြောင်းလည်းသိရသည်။

zawgyi version
ေဆးေျခာက္ကို ေဆးဝါးႏွင့္သုေတသနရည္႐ြယ္ခ်က္ျဖင့္ စိုက္ပ်ိဳးအသုံးျပဳသူမ်ားအတြက္ ပါမစ္ထုတ္ေပးရန္ ထိုင္းအစိုးရစီစဥ္ေန
Pika (NP News) - ေမ ၂၈

ထိုင္းအစိုးရသည္ ေဆးေျခာက္ကို မူးယစ္ ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းရန္ႏွင့္ ေဆး ဘက္ဆိုင္ရာ ရည္႐ြယ္ခ်က္အျပင္ သုေတသနအတြက္ စိုက္ပ်ိဳးအသုံးျပဳသူမ်ားအတြက္ကိုသာ ပါမစ္ထုတ္ ေပးရန္ စီစဥ္ေနေၾကာင္း ျပည္သူ႔က်န္းမာေရးဝန္ႀကီး Somsak Thepsutin က ေမလ (၂၃)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

ယခုႏွစ္အကုန္တြင္ ေဆးေျခာက္ကို မူးယစ္ေဆးဝါးအျဖစ္ ျပန္လည္စာရင္းသြင္းရန္ စီစဥ္ေနေၾကာင္း ဝန္ႀကီးခ်ဳပ္ဆာရက္သာတာဗီဆင္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ေဖာ္ေျပာ ဆိုခဲ့ၿပီးေနာက္Somsak Thepsutin ၏မွတ္ခ်က္ မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ စည္းမ်ဥ္းအသစ္မ်ား ႏွင့္အတူ ေဆးေျခာက္ကို အပန္းေျဖရာတြင္ အသုံးျပဳ ျခင္းကို တားျမစ္ပိတ္ပင္သြားမည္ျဖစ္ေၾကာင္း Somsak Thepsutin ကထပ္မံေျပာဆိုခဲ့သည္။ ထို႔ျပင္ ေဆးေျခာက္ကို ေဆးဘက္ဆိုင္ ရာအျပင္ သုေတသနအတြက္ စိုက္ပ်ိဳးသူမ်ားအေနျဖင့္ လည္း လက္ဝယ္ထားရွိျခင္းႏွင့္တင္ပို႔ျခင္းတို႔အတြက္ လိုင္စင္လိုအပ္မည္ျဖစ္ေၾကာင္း ၎ကေျပာဆိုခဲ့ သည္။ အဆိုပါလိုင္စင္အတြက္ လုပ္ငန္းစဥ္အေသး စိတ္မ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္းလည္း ၎ကထပ္မံေျပာဆိုခဲ့သည္။

၎က " ဒီပါမစ္စနစ္က အမ်ားျပည္သူေတြအတြက္ ဝန္ထုပ္ဝန္ပိုးတစ္ခုလို ျဖစ္မလာေစဖို႔ လုပ္ေဆာင္ေနပါတယ္။ ဒါ့အျပင္ အမ်ားျပည္သူအတြက္ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ ေဆာင္ႏိုင္မယ့္ အခ်ိန္ကာလကိုလည္း ေပးအပ္သြား မွာပါဓဟုေျပာဆိုခဲ့သည္။ ေဆးေျခာက္အသုံးျပဳမႈကို ေထာက္ခံေသာအုပ္စုမ်ားသည္ ဆာရက္သာတာဗီဆင္၏လႈပ္ရွားမႈကို ဆန႔္က်င္ကန႔္ကြက္ခဲ့ၿပီး ယင္း လုပ္ရပ္မွာ စီးပြားေရးကို ထိခိုက္လာေစႏိုင္ေၾကာင္း ေျပာဆိုခဲ့ၾကသည္။ ထိုင္းႏိုင္ငံတြင္ နာက်င္မႈႏွင့္ ပင္ပန္းႏြမ္းနယ္မႈကို သက္သာေစရန္အတြက္ ေဆး ေျခာက္ကိုအသုံးျပဳသည့္ ေရွး႐ိုးစြဲအစဥ္အလာရွိၿပီး တိုင္းရင္းေဆးႏွင့္ဟင္းခ်က္နည္းမ်ားတြင္ အသုံး ျပဳၾကေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.