ရေကြောင်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ အမေရိကန်နဲ့တရုတ်တို့ သဘောတူ

 364

Pika (NP News) - မေ ၂၈

အမေရိကန်နဲ့တရုတ်တို့ဟာ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ အန္တရာယ်တွေကို စီမံခန့်ခွဲဖို့သဘောတူညီတဲ့ ရေကြောင်းဆိုင်ရာဆွေးနွေးပွဲကို ကျင်းပခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ(၂၈)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလ(၂၄)ရက်နေ့မှာ အမေရိကန်နဲ့တရုတ်တို့ဟာ ရေကြောင်းဆိုင်ရာအခြေအနေတွေနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကာ ဆက်သွယ်မှုတွေကို ဆက်လက်ထိန်းသိမ်းထားဖို့၊ နားလည်မှုလွဲမှားတာနဲ့ တွက်ချက်မှုလွဲမှားတာတွေကို ရှောင်ရှားဖို့ သဘောတူညီခဲ့တယ်လို့ တရုတ်ဘက်က ပြောကြားထားပါတယ်။ ဒါ့ပြင် နိုင်ငံအနီးမှာရှိတဲ့ ရေပိုင်နက်မှာ အမေရိကန်ရဲ့ ချိုးဖောက်မှုတွေ၊ ရန်စမှုတွေနဲ့ပတ်သက်ပြီး တရုတ်ဘက်က စိုးရိမ်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ပြီးတော့ တရုတ်နဲ့အိမ်နီးချင်းနိုင်ငံတွေကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကို ဝင်ရောက်စွက်ဖက်မှုတွေကနေ ရှောင်ရှားဖို့ အမေရိကန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့တွေကို ထောက်ခံနေတာမျိုးတွေကိုလည်း ချက်ချင်းရပ်တန့်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံက ဆန့်ကျင်ထားတဲ့ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းရောင်းချတာတွေအပါအဝင် တိုက်ရိုက်အပြန်အလှန်ဆက်ဆံမှုတွေကို အမေရိကန်ဘက်က ဆက်လက်ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပေမယ့်လည်း ထိုင်ဝမ်ဘက်ကတော့ တရုတ်ရဲ့ရပ်တည်ချက်တွေကို ငြင်းဆန်ပယ်ချထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့မေလ(၂၀)ရက်နေ့မှာ ထိုင်ဝမ်သမ္မတသစ်တက်လာပြီးနောက်ပိုင်း တရုတ်နဲ့ထိုင်ဝမ်ကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့လည်းသိရပါတယ်။

zawgyi version
ေရေၾကာင္းဆိုင္ရာေတြ႕ဆုံေဆြးေႏြးပြဲေတြကို ဆက္လက္ထိန္းသိမ္းထားဖို႔ အေမရိကန္နဲ႔တ႐ုတ္တို႔ သေဘာတူ
Pika (NP News) - ေမ ၂၈

အေမရိကန္နဲ႔တ႐ုတ္တို႔ဟာ ေတြ႕ဆုံေဆြးေႏြးမႈေတြကို ဆက္လက္ထိန္းသိမ္းထားဖို႔နဲ႔ အႏၲရာယ္ေတြကို စီမံခန႔္ခြဲဖို႔သေဘာတူညီတဲ့ ေရေၾကာင္းဆိုင္ရာေဆြးေႏြးပြဲကို က်င္းပခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေမလ(၂၈)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေမလ(၂၄)ရက္ေန႔မွာ အေမရိကန္နဲ႔တ႐ုတ္တို႔ဟာ ေရေၾကာင္းဆိုင္ရာအေျခအေနေတြနဲ႔ပတ္သက္ၿပီး အျမင္ခ်င္းဖလွယ္ခဲ့ၾကကာ ဆက္သြယ္မႈေတြကို ဆက္လက္ထိန္းသိမ္းထားဖို႔၊ နားလည္မႈလြဲမွားတာနဲ႔ တြက္ခ်က္မႈလြဲမွားတာေတြကို ေရွာင္ရွားဖို႔ သေဘာတူညီခဲ့တယ္လို႔ တ႐ုတ္ဘက္က ေျပာၾကားထားပါတယ္။ ဒါ့ျပင္ ႏိုင္ငံအနီးမွာရွိတဲ့ ေရပိုင္နက္မွာ အေမရိကန္ရဲ႕ ခ်ိဳးေဖာက္မႈေတြ၊ ရန္စမႈေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ဘက္က စိုးရိမ္မိတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ တ႐ုတ္နဲ႔အိမ္နီးခ်င္းႏိုင္ငံေတြၾကား ျဖစ္ပြားေနတဲ့ အျငင္းပြားမႈေတြကို ဝင္ေရာက္စြက္ဖက္မႈေတြကေန ေရွာင္ရွားဖို႔ အေမရိကန္ကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။

အေမရိကန္အေနနဲ႔ ထိုင္ဝမ္လြတ္လပ္ေရးတပ္ဖြဲ႕ေတြကို ေထာက္ခံေနတာမ်ိဳးေတြကိုလည္း ခ်က္ခ်င္းရပ္တန႔္သင့္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံက ဆန႔္က်င္ထားတဲ့ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းေရာင္းခ်တာေတြအပါအဝင္ တိုက္႐ိုက္အျပန္အလွန္ဆက္ဆံမႈေတြကို အေမရိကန္ဘက္က ဆက္လက္ထိန္းသိမ္းထားတယ္လို႔လည္း သိရပါတယ္။ တ႐ုတ္အစိုးရက ထိုင္ဝမ္ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားေပမယ့္လည္း ထိုင္ဝမ္ဘက္ကေတာ့ တ႐ုတ္ရဲ႕ရပ္တည္ခ်က္ေတြကို ျငင္းဆန္ပယ္ခ်ထားတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ေမလ(၂၀)ရက္ေန႔မွာ ထိုင္ဝမ္သမၼတသစ္တက္လာၿပီးေနာက္ပိုင္း တ႐ုတ္နဲ႔ထိုင္ဝမ္ၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တယ္လို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.