ဆေးဝါးမှတ်ပုံတင်မရှိသော CORALAN အပါအဝင် အခြားဆေးဝါးများကို ဈေးကွက်၌ ရောင်းချမှုများရှိနေပြီး သုံးစွဲခြင်းမပြုရန် FDA အသိပေး

1130

စော (NP News) - မေ ၂၈
ဆေးဝါးမှတ်ပုံတင်မရှိသော CORALAN အပါအဝင် အခြားဆေးဝါးများကို ဈေးကွက်၌ ရောင်းချမှုများရှိနေပြီး သုံးစွဲခြင်းမပြုရန် FDA Myanmar က ယမန်နေ့ (မေလ ၂၇ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ် ဆေးလျက်ရှိရာ အရည်အသွေး၊ အာနိသင်၊ ဘေးအန္တရာယ်အာမခံချက်မရှိသည့် ဆေးဝါးမှတ် ပုံတင်မရှိသော ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းအား တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ သို့ဖြစ်ပါ၍ အများပြည်သူများ သိရှိသတိပြုနိုင်ရန်နှင့် သုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် မှတ်ပုံတင်ရှိသောဆေးဝါးနှင့် တရားမဝင်ဆေးဝါး၏ ဓာတ်ပုံများကို FDA က နှိုင်းယှဉ်ကာ အသိပေးထုတ်ပြန်ထားသည်။
သုံးစွဲရန် မသင့်သောဆေးဝါးများမှာ CORALAN ၊ COVERAM ၊ COVERSYL ၊ daflon ၊ DIAMICRON MR ၊ VASTAREL OD နှင့် VASTAREL MR အမှတ်တံဆိပ်များဖြစ်ကြောင်းသိရသည်။ အဆိုပါတရားမဝင်တင်သွင်းထားသော ဆေးဝါးများတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံ တင်အမှတ်မပါရှိသည့်အပြင် စာသားများမှာ တူရကီဘာသာများဖြင့် ဖော်ပြထားကြောင်း သိရသည်။ တရားဝင်တင်သွင်းထားသော ဆေးဝါးများတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်ပါရှိပြီး စာသားများမှာ အင်္ဂလိပ်ဘာသာများဖြင့် ဖော်ပြထားကြောင်း သိရသည်။

zawgyi version
ေဆးဝါးမွတ္ပုံတင္မရွိေသာ CORALAN အပါအဝင္ အျခားေဆးဝါးမ်ားကို ေဈးကြက္၌ ေရာင္းခ်မႈမ်ားရွိေနၿပီး သုံးစြဲျခင္းမျပဳရန္ FDA အသိေပး
ေစာ (NP News) - ေမ ၂၈
ေဆးဝါးမွတ္ပုံတင္မရွိေသာ CORALAN အပါအဝင္ အျခားေဆးဝါးမ်ားကို ေဈးကြက္၌ ေရာင္းခ်မႈမ်ားရွိေနၿပီး သုံးစြဲျခင္းမျပဳရန္ FDA Myanmar က ယမန္ေန႔ (ေမလ ၂၇ ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ေဈးကြက္ရွိေဆးဝါးမ်ားကို ပုံမွန္စစ္ ေဆးလ်က္ရွိရာ အရည္အေသြး၊ အာနိသင္၊ ေဘးအႏၲရာယ္အာမခံခ်က္မရွိသည့္ ေဆးဝါးမွတ္ ပုံတင္မရွိေသာ ေဆးဝါးမ်ားကို ေဈးကြက္အတြင္း ေရာင္းခ်ေနျခင္းအား ေတြ႕ရွိခဲ့ရေၾကာင္း ဆိုသည္။ သို႔ျဖစ္ပါ၍ အမ်ားျပည္သူမ်ား သိရွိသတိျပဳႏိုင္ရန္ႏွင့္ သုံးစြဲျခင္းမွ ေရွာင္ၾကဥ္ႏိုင္ရန္အတြက္ မွတ္ပုံတင္ရွိေသာေဆးဝါးႏွင့္ တရားမဝင္ေဆးဝါး၏ ဓာတ္ပုံမ်ားကို FDA က ႏႈိင္းယွဥ္ကာ အသိေပးထုတ္ျပန္ထားသည္။
သုံးစြဲရန္ မသင့္ေသာေဆးဝါးမ်ားမွာ CORALAN ၊ COVERAM ၊ COVERSYL ၊ daflon ၊ DIAMICRON MR ၊ VASTAREL OD ႏွင့္ VASTAREL MR အမွတ္တံဆိပ္မ်ားျဖစ္ေၾကာင္းသိရသည္။ အဆိုပါတရားမဝင္တင္သြင္းထားေသာ ေဆးဝါးမ်ားတြင္ ျမန္မာႏိုင္ငံေဆးဝါးမွတ္ပုံ တင္အမွတ္မပါရွိသည့္အျပင္ စာသားမ်ားမွာ တူရကီဘာသာမ်ားျဖင့္ ေဖာ္ျပထားေၾကာင္း သိရသည္။ တရားဝင္တင္သြင္းထားေသာ ေဆးဝါးမ်ားတြင္ ျမန္မာႏိုင္ငံေဆးဝါးမွတ္ပုံတင္အမွတ္ပါရွိၿပီး စာသားမ်ားမွာ အဂၤလိပ္ဘာသာမ်ားျဖင့္ ေဖာ္ျပထားေၾကာင္း သိရသည္။