နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်ခန်း၏ ဒုတိယအဆင့်ကို ဘီလာရုစ်နိုင်ငံနှင့် ဆွေးနွေးသွားမည်ဟု ရုရှားသမ္မတပြော

 355

Pika (NP News) - မေလ ၂၈

ရုရှားသမ္မတပူတင်သည် ဘီလာရုစ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်ရောက်ရှိနေပြီး နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှုများတွင် ဘီလာရုစ်နိုင်ငံ၏ပါဝင်ပတ်သက်မှုဆိုင်ရာ ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ပူတင်က "နျူကလီးယားလက်နက်စစ်ရေး လေ့ကျင့်ခန်းရဲ့ ဒုတိယအဆင့်ကို ကျွန်တော်တို့ဆွေး နွေးသွားမှာပါ'ဟု ပြောဆိုခဲ့သည်။ မေလ(၂၃)ရက်နေ့တွင် Minsk အမျိုးသားလေဆိပ်တွင် ဘီလာရုစ်သမ္မတလူကာရှန်ကိုက ၎င်းကိုကြိုဆိုနှုတ်ဆက်ခဲ့ ပြီးနောက် ပူတင်က ယခုကဲ့ သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပူတင်က "ဒီဆွေးနွေးပွဲက နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်ခန်းမှာ ကျွန်တော်တို့ရဲ့ ဘီလာရုစ်မိတ်ဖက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တိုက် ရိုက်ပါဝင်ပတ်သက်မှုတွေနဲ့လည်း သက်ဆိုင်ပါတယ်"ဟု ပြောဆိုခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် နိုင်ငံတောင်ပိုင်းစစ်ဘက်ခရိုင်တွင် မဟာဗျူဟာမြောက်နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ပြီးခဲ့သည့် မေလ(၂၁)ရက်နေ့တွင် စတင်လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် အနောက်အုပ်စုနိုင်ငံများက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးကာ စစ်ပွဲအတွင်း နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာမှုကို တားဆီးရန်နှင့် အနောက်အုပ်စု၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်သည့် ၎င်းရဲ့စွမ်းရည်ကို ပြသရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ရုရှားအစိုးရကပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်များထံ နျူကလီးယားလက်နက်များ ပေးပို့ခြင်း၊ မဟာ ဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများကို ဒုံးကျည်များတွင် တပ်ဆင်ခြင်းနှင့် နျူကလီး ယားလက်နက်များကို လျှို့ ဝှက်စွာဖြန့်ကျက်ချထားခြင်းတို့ ပါဝင်ကြောင်းလည်း သိရသည်။ အဆိုပါ နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်ခန်းကိုလုပ်ဆောင်ရန် ယခုလအစောပိုင်း တွင် ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

zawgyi version
န်ဴကလီးယားလက္နက္ စစ္ေရးေလ့က်င့္ခန္း၏ ဒုတိယအဆင့္ကို ဘီလာ႐ုစ္ႏိုင္ငံႏွင့္ ေဆြး ေႏြးသြားမည္ဟု ႐ုရွားသမၼတေျပာ
Pika (NP News) - ေမလ ၂၈

႐ုရွားသမၼတပူတင္သည္ ဘီလာ႐ုစ္ႏိုင္ငံသို႔ ႏွစ္ရက္ၾကာ အလည္အပတ္ခရီးစဥ္ေရာက္ရွိေနၿပီး န်ဴကလီးယားလက္နက္စစ္ေရးေလ့က်င့္မႈမ်ားတြင္ ဘီလာ႐ုစ္ႏိုင္ငံ၏ပါဝင္ပတ္သက္မႈဆိုင္ရာ ေဆြးေႏြးပြဲမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

ပူတင္က "န်ဴကလီးယားလက္နက္စစ္ေရး ေလ့က်င့္ခန္းရဲ႕ ဒုတိယအဆင့္ကို ကြၽန္ေတာ္တို႔ေဆြး ေႏြးသြားမွာပါ'ဟု ေျပာဆိုခဲ့သည္။ ေမလ(၂၃)ရက္ေန႔တြင္ Minsk အမ်ိဳးသားေလဆိပ္တြင္ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုက ၎ကိုႀကိဳဆိုႏႈတ္ဆက္ခဲ့ ၿပီးေနာက္ ပူတင္က ယခုကဲ့ သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ပူတင္က "ဒီေဆြးေႏြးပြဲက န်ဴကလီးယားလက္နက္စစ္ေရးေလ့က်င့္ခန္းမွာ ကြၽန္ေတာ္တို႔ရဲ႕ ဘီလာ႐ုစ္မိတ္ဖက္ေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ တိုက္ ႐ိုက္ပါဝင္ပတ္သက္မႈေတြနဲ႔လည္း သက္ဆိုင္ပါတယ္"ဟု ေျပာဆိုခဲ့သည္။

႐ုရွားတပ္ဖြဲ႕မ်ားသည္ ႏိုင္ငံေတာင္ပိုင္းစစ္ဘက္ခ႐ိုင္တြင္ မဟာဗ်ဴဟာေျမာက္န်ဴကလီးယားလက္နက္စစ္ေရးေလ့က်င့္မႈ ပထမအဆင့္ကို ၿပီးခဲ့သည့္ ေမလ(၂၁)ရက္ေန႔တြင္ စတင္လုပ္ ေဆာင္ခဲ့ျခင္းျဖစ္သည္။ အဆိုပါ စစ္ေရးေလ့က်င့္ခန္းသည္ အေနာက္အုပ္စုႏိုင္ငံမ်ားက ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီပံ့ပိုးေပးကာ စစ္ပြဲအတြင္း နက္နက္ရႈိင္းရႈိင္းဝင္ေရာက္လာမႈကို တားဆီးရန္ႏွင့္ အေနာက္အုပ္စု၏ ၿခိမ္းေျခာက္မႈမ်ားကို တုံ႔ျပန္ႏိုင္သည့္ ၎ရဲ႕စြမ္းရည္ကို ျပသရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္း ႐ုရွားအစိုးရကေျပာၾကားခဲ့သည္။

စစ္ေရးေလ့က်င့္မႈတြင္ တပ္ဖြဲ႕ဝင္မ်ားထံ န်ဴကလီးယားလက္နက္မ်ား ေပးပို႔ျခင္း၊ မဟာ ဗ်ဴဟာေျမာက္ န်ဴကလီးယားထိပ္ဖူးမ်ားကို ဒုံးက်ည္မ်ားတြင္ တပ္ဆင္ျခင္းႏွင့္ န်ဴကလီး ယားလက္နက္မ်ားကို လွ်ိဳ႕ ဝွက္စြာျဖန႔္က်က္ခ်ထားျခင္းတို႔ ပါဝင္ေၾကာင္းလည္း သိရသည္။ အဆိုပါ န်ဴကလီးယားလက္နက္စစ္ေရးေလ့က်င့္ခန္းကိုလုပ္ေဆာင္ရန္ ယခုလအေစာပိုင္း တြင္ ႐ုရွားသမၼတပူတင္က အမိန႔္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.