ပိုလန်က ရုရှားသံတမန်များအပေါ် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ ချမှတ်

 531

ALynn (NP News) - မေ ၂၈

ပိုလန်က ရုရှားသံတမန်အရာရှိများကို ၎င်းတို့တာဝန်ကျနေသော ပြည်နယ်များတွင် ကန့် သတ်ထားမည်ဖြစ်ကြောင်းနှင့် ပိုလန်အစိုးရက ရုရှားအား “ပေါင်းစပ်စစ်ပွဲ” ဆင်နွှဲနေသည်ဟု စွပ်စွဲခဲ့သည်။

ရုရှားသည် ဝါဆောရှိသံရုံးအပြင် Krakow၊ Gdansk နှင့် Poznan ပြည်နယ်များတွင် ကောင်စစ်ဝန်ရုံးများထားရှိထားသည်။ “ဥရောပသမဂ္ဂနဲ့ ပိုလန်ကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲတွင် ရုရှားပါဝင်ပတ်သက်နေခြင်းကြောင့် ပိုလန်က ယခုကဲ့သို့ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းဖြစ်ကြောင်း”ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski က ဘရပ်ဆဲလ်၌ ပြုလုပ်သည့် EU ဝန်ကြီးများအစည်းအဝေးအပြီး တနင်္လာနေ့ (မေလ ၂၇ ရက်) တွင် ပြောကြားခဲ့သည်။ “ပိုလန်နိုင်ငံတွင်းက အဖျက်အမှောင့်လုပ်ငန်းများတွင် ရုရှားပါဝင်ပတ်သက်နေမှု အထောက်အထားများရှိကြောင်း၊ ရုရှားအစိုးရက ယခုဆုံးဖြတ်ချက်အား သတိပေးအချက်ပြမှုအဖြစ် သဘောထားမည်ဟု မျှော်လင့်ကြောင်း၊ အီးယူအနှံ ၎င်းကဲ့သို့လုပ်ဆောင်သင့်ကြောင်း”ကိုလည်း Sikorski က ပြောကြားခဲ့သည်။ ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် ဆွီဒင်တို့တွင် စီးပွားရေး ဆိုင်ရာ အဆောက်အဦများကို ရုရှားက တိုက်ခိုက်ရန် ကြံစည်ခဲ့သည်ဟု ဝါဆောက စွပ်စွဲခဲ့ သော်လည်း သက်သေမပြနိုင်ပေ။ ပိုလန်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရုရှားဘက်က ယခုထိ တုံ့ပြန်ခြင်းမရှိသေးပေ။

ပိုလန်ဝန်ကြီးချုပ် Donald Tusk က ရုရှားနိုင်ငံကိုယ်စား အဖျက်အမှောင့်လုပ်ရန်ကြံစည်မှုတွင် သံသယဖြစ်ဖွယ် ယူကရိန်း၊ ဘီလာရုစ်နှင့် ပိုလန်နိုင်ငံသား ကိုးဦးကို ဖမ်းဆီးထားကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က TVN24 သို့ ပြောကြားခဲ့သည်။ လစ်သူယေးနီးယားရှိ Ikea ပရိဘောဂ စက်ရုံနှင့် Wroclaw မြို့ရှိ ဆေးသုတ်စက်ရုံတို့အား မီးရှို့ဖျက်ဆီးရန် ကြိုးပမ်းမှုဖြင့် ၎င်းတို့အား ဖမ်းဆီးထားခြင်းဖြစ်ကြောင်း Tusk မှ ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်လက ဗြိတိန်အာဏာပိုင်များသည် အမျိုးသားလုံခြုံရေးအက်ဥပဒေသစ်အရ လန်ဒန်ရှိဂိုဒေါင်နှစ်လုံးအား မီးရှို့ရန် ပြုလုပ် ခဲ့သည့် လူလေးဦးအား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်ဒီဇင်ဘာလကမှ အာဏာရလာသော ပိုလန်အစိုးရသစ်သည် ၎င်း၏ ရှေ့ခေါင်းဆောင်က ချမှတ်ခဲ့သည့် မူဝါဒအတိုင်း ရုရှား-ယူကရိန်းပဋိပက္ခအတွင်း ယူကရိန်းကို ပံ့ပိုးပေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ပိုလန်က ရုရှားသည် ဗီယင်နာကွန်ဗင်းရှင်းပါ သံတမန်ဆက်ဆံရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့ပြီး ယခင်ကလည်း ရုရှားသံရုံး၏ ဘဏ်စာရင်းများနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ဖူးသည်။

zawgyi version
ပိုလန္က ႐ုရွားသံတမန္မ်ားအေပၚ သြားလာလႈပ္ရွားမႈ ကန႔္သတ္ခ်က္မ်ား ခ်မွတ္
ALynn (NP News) - ေမ ၂၈

ပိုလန္က ႐ုရွားသံတမန္အရာရွိမ်ားကို ၎တို႔တာဝန္က်ေနေသာ ျပည္နယ္မ်ားတြင္ ကန႔္ သတ္ထားမည္ျဖစ္ေၾကာင္းႏွင့္ ပိုလန္အစိုးရက ႐ုရွားအား “ေပါင္းစပ္စစ္ပြဲ” ဆင္ႏႊဲေနသည္ဟု စြပ္စြဲခဲ့သည္။

႐ုရွားသည္ ဝါေဆာရွိသံ႐ုံးအျပင္ Krakow၊ Gdansk ႏွင့္ Poznan ျပည္နယ္မ်ားတြင္ ေကာင္စစ္ဝန္႐ုံးမ်ားထားရွိထားသည္။ “ဥေရာပသမဂၢနဲ႔ ပိုလန္ကို ဆန႔္က်င္သည့္ ေပါင္းစပ္စစ္ပြဲတြင္ ႐ုရွားပါဝင္ပတ္သက္ေနျခင္းေၾကာင့္ ပိုလန္က ယခုကဲ့သို႔ဆုံးျဖတ္ခ်က္ကို ခ်မွတ္ရျခင္းျဖစ္ေၾကာင္း”ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီး Radoslaw Sikorski က ဘရပ္ဆဲလ္၌ ျပဳလုပ္သည့္ EU ဝန္ႀကီးမ်ားအစည္းအေဝးအၿပီး တနလၤာေန႔ (ေမလ ၂၇ ရက္) တြင္ ေျပာၾကားခဲ့သည္။ “ပိုလန္ႏိုင္ငံတြင္းက အဖ်က္အေမွာင့္လုပ္ငန္းမ်ားတြင္ ႐ုရွားပါဝင္ပတ္သက္ေနမႈ အေထာက္အထားမ်ားရွိေၾကာင္း၊ ႐ုရွားအစိုးရက ယခုဆုံးျဖတ္ခ်က္အား သတိေပးအခ်က္ျပမႈအျဖစ္ သေဘာထားမည္ဟု ေမွ်ာ္လင့္ေၾကာင္း၊ အီးယူအႏွံ ၎ကဲ့သို႔လုပ္ေဆာင္သင့္ေၾကာင္း”ကိုလည္း Sikorski က ေျပာၾကားခဲ့သည္။ ပိုလန္၊ လစ္သူေယးနီးယား၊ လတ္ဗီးယားႏွင့္ ဆြီဒင္တို႔တြင္ စီးပြားေရး ဆိုင္ရာ အေဆာက္အဦမ်ားကို ႐ုရွားက တိုက္ခိုက္ရန္ ႀကံစည္ခဲ့သည္ဟု ဝါေဆာက စြပ္စြဲခဲ့ ေသာ္လည္း သက္ေသမျပႏိုင္ေပ။ ပိုလန္၏ ဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္၍ ႐ုရွားဘက္က ယခုထိ တုံ႔ျပန္ျခင္းမရွိေသးေပ။

ပိုလန္ဝန္ႀကီးခ်ဳပ္ Donald Tusk က ႐ုရွားႏိုင္ငံကိုယ္စား အဖ်က္အေမွာင့္လုပ္ရန္ႀကံစည္မႈတြင္ သံသယျဖစ္ဖြယ္ ယူကရိန္း၊ ဘီလာ႐ုစ္ႏွင့္ ပိုလန္ႏိုင္ငံသား ကိုးဦးကို ဖမ္းဆီးထားေၾကာင္း ၿပီးခဲ့သည့္ တနလၤာေန႔က TVN24 သို႔ ေျပာၾကားခဲ့သည္။ လစ္သူေယးနီးယားရွိ Ikea ပရိေဘာဂ စက္႐ုံႏွင့္ Wroclaw ၿမိဳ႕ရွိ ေဆးသုတ္စက္႐ုံတို႔အား မီးရႈိ႕ဖ်က္ဆီးရန္ ႀကိဳးပမ္းမႈျဖင့္ ၎တို႔အား ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း Tusk မွ ေျပာၾကားခဲ့ပါသည္။ ၿပီးခဲ့သည့္လက ၿဗိတိန္အာဏာပိုင္မ်ားသည္ အမ်ိဳးသားလုံၿခဳံေရးအက္ဥပေဒသစ္အရ လန္ဒန္ရွိဂိုေဒါင္ႏွစ္လုံးအား မီးရႈိ႕ရန္ ျပဳလုပ္ ခဲ့သည့္ လူေလးဦးအား ဖမ္းဆီးျခင္း၊ တရားစြဲဆိုျခင္းမ်ား ေဆာင္႐ြက္ခဲ့သည္။

ၿပီးခဲ့သည့္ဒီဇင္ဘာလကမွ အာဏာရလာေသာ ပိုလန္အစိုးရသစ္သည္ ၎၏ ေရွ႕ေခါင္းေဆာင္က ခ်မွတ္ခဲ့သည့္ မူဝါဒအတိုင္း ႐ုရွား-ယူကရိန္းပဋိပကၡအတြင္း ယူကရိန္းကို ပံ့ပိုးေပးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ခဲ့သည္။ ပိုလန္က ႐ုရွားသည္ ဗီယင္နာကြန္ဗင္းရွင္းပါ သံတမန္ဆက္ဆံေရးဆိုင္ရာ စည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ေၾကာင္း စြပ္စြဲခဲ့ၿပီး ယခင္ကလည္း ႐ုရွားသံ႐ုံး၏ ဘဏ္စာရင္းမ်ားႏွင့္ ပိုင္ဆိုင္မႈမ်ားကို သိမ္းဆည္းခဲ့ဖူးသည္။

Related news

© 2021. All rights reserved.