ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် (၈)ဦးကို မိဘများထံသို့ ပြန်လည်အပ်နှံ

 929

သန့်ဇင် (NP News) - မေ ၂၈

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် (၈)ဦးကို မိဘများထံသို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။

နစကမှ ယမန်နေ့(မေလ ၂၇ ရက်)၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ၊ ရန်ကုန်တိုင်းဒေသကြီး စိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြန်လည်ကြိုဆိုခြင်းအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်နှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်တို့မှ အမျိုးသား(၇)ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း(၈)ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘများထံသို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအနေဖြင့် နိုင်ငံတော်၏ရှေးလုပ်ငန်းစဉ်များတွင် ပူးပေါင်ပါဝင်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်လာပါက နစကမှကြိုဆို သွားမည်ဖြစ် ကြောင်း သိရသည်။ နစကအနေဖြင့် ပြစ်မှုကျူးလွန်ထားခြင်းမရှိသော PDF အဖွဲ့ဝင်များကို ကျယ်ကျယ် ပြန့်ပြန့် ပိုမိုလက်ခံနိုင်ရေးအတွက်လည်း လုပ်ဆောင်လျက်ရှိပြီး နယ်စပ်ဒေသများတွင်လည်း ကြိုဆိုလက်ခံရေးစခန်းများဖွင့်လှစ်၍ လက်ခံလျက်ရှိကြောင်း သိရသည်။

zawgyi version
သန့်ဇင် (NP News) - မေ ၂၈




Related news

© 2021. All rights reserved.