အုတ်တွင်းမြို့ရှိ KTV တစ်ခုရှေ့တွင် ဆိုင်ကယ်ချိန်းကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေသည်ဟုယူဆရသည့် အမျိုးသားအလောင်းတွေ့ရှိ

 1444

သန့်ဇင် (NP News) - မေ ၂၈

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ရှိ KTV တစ်ခုရှေ့တွင် ဆိုင်ကယ်ချိန်းကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေသည်ဟုယူဆရသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါအမျိုးသားအလောင်းကို ယမန်နေ့(မေလ ၂၇ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်က အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ “ 7 Star KTV” ဆိုင်ရှေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “သိရသလောက်ဆိုရင်တော့ သေဆုံးနေသူက ဘီးလင်းကပါ။ အဲဒီ 7 Star KTV ကကောင်မလေးနဲ့လိုင်းပေါ်မှာရည်းစားတွေဖြစ်ပြီး လာတွေ့တာလို့ပြောတယ်။ သေဆုံးနေတဲ့ပုံစံကလည်း အဲဒီ KTV ရှေ့က ခုံမှာထိုင်လျှက်သားပဲ။ ခြံစည်းရိုးမှာ ဆိုင်ကယ် ချိန်းကြိုးနဲ့ လည်ပင်းမှာဆွဲပြီး သေဆုံးနေတဲ့အနေအထားကိုတွေ့တာ”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

သေဆုံးသူအမျိုးသားမှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင်နေထိုင်သည့် အသက်(၂၉)နှစ်အရွယ် ကိုသန်းထိုက်အောင်ဖြစ်ကြောင်း သိရသည်။ “သေဆုံးနေတဲ့အနေအထားအရ လည်ပင်းမှာက ချိန်းကြိုးနစ်ဝင်နေတာက လက်သန်းလုံးလောက်ရှိတယ်။ အခါတိုင်းဆွဲကြိုးချသေဆုံးမှု ဖြစ်စဉ်တွေနဲ့မတူတာတွေရှိတာလည်းတွေ့ရတယ်။ နောက်တော့ မိသားစုက နေ့တွင်းချင်းလိုက်လာပြီး အုတ်တွင်းမှာပဲ သင်္ဂြိုလ်သွားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းနေ့နေ့လည်ပိုင်းအချိန်တွင် အုတ်တွင်းမြို့ရှိသုသာန်တွင် သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
အုတ္တြင္းၿမိဳ႕ရွိ KTV တစ္ခုေရွ႕တြင္ ဆိုင္ကယ္ခ်ိန္းႀကိဳးျဖင့္ ႀကိဳးဆြဲခ်ေသဆုံးေနသည္ဟုယူဆရသည္ အမ်ိဳးသားအေလာင္းေတြ႕ရွိ
သန႔္ဇင္ (NP News) - ေမ ၂၈

ပဲခူးတိုင္း၊ အုတ္တြင္းၿမိဳ႕ရွိ KTV တစ္ခုေရွ႕တြင္ ဆိုင္ကယ္ခ်ိန္းႀကိဳးျဖင့္ ႀကိဳးဆြဲခ်ေသဆုံးေနသည္ဟုယူဆရသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း ရင္ခုန္သံရွင္ေရးကူညီမႈအသင္းထံမွ သိရသည္။

အဆိုပါအမ်ိဳးသားအေလာင္းကို ယမန္ေန႔(ေမလ ၂၇ ရက္)၊ နံနက္ ၆ နာရီအခ်ိန္ခန႔္က အုတ္တြင္းၿမိဳ႕နယ္၊ ဥယ်ာဥ္ေတာ္ေက်း႐ြာ “ 7 Star KTV” ဆိုင္ေရွ႕တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “သိရသေလာက္ဆိုရင္ေတာ့ ေသဆုံးေနသူက ဘီးလင္းကပါ။ အဲဒီ 7 Star KTV ကေကာင္မေလးနဲ႔လိုင္းေပၚမွာရည္းစားေတြျဖစ္ၿပီး လာေတြ႕တာလို႔ေျပာတယ္။ ေသဆုံးေနတဲ့ပုံစံကလည္း အဲဒီ KTV ေရွ႕က ခုံမွာထိုင္လွ်က္သားပဲ။ ၿခံစည္း႐ိုးမွာ ဆိုင္ကယ္ ခ်ိန္းႀကိဳးနဲ႔ လည္ပင္းမွာဆြဲၿပီး ေသဆုံးေနတဲ့အေနအထားကိုေတြ႕တာ”ဟု ရင္ခုန္သံရွင္ေရးကူညီမႈအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေသဆုံးသူအမ်ိဳးသားမွာ မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕တြင္ေနထိုင္သည့္ အသက္(၂၉)ႏွစ္အ႐ြယ္ ကိုသန္းထိုက္ေအာင္ျဖစ္ေၾကာင္း သိရသည္။ “ေသဆုံးေနတဲ့အေနအထားအရ လည္ပင္းမွာက ခ်ိန္းႀကိဳးနစ္ဝင္ေနတာက လက္သန္းလုံးေလာက္ရွိတယ္။ အခါတိုင္းဆြဲႀကိဳးခ်ေသဆုံးမႈ ျဖစ္စဥ္ေတြနဲ႔မတူတာေတြရွိတာလည္းေတြ႕ရတယ္။ ေနာက္ေတာ့ မိသားစုက ေန႔တြင္းခ်င္းလိုက္လာၿပီး အုတ္တြင္းမွာပဲ သၿဂႋဳလ္သြားပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ရင္ခုန္သံရွင္ေရးကူညီမႈအသင္းထံမွ အုတ္တြင္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ယင္းေန႔ေန႔လည္ပိုင္းအခ်ိန္တြင္ အုတ္တြင္းၿမိဳ႕ရွိသုသာန္တြင္ သၿဂႋဳလ္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.