အိမ်မွေးတိရစ္ဆာန် အရေခွံခွာ ရုပ်လုံးသွင်းလုပ်ငန်း တိမ်မြုပ်လုနီးပါးဖြစ်နေ

 805

စော (NP News) - မေ ၂၉

အိမ်မွေးတိရစ္ဆာန်များကို အရေခွံခွာကာ ရုပ်လုံးသွင်းသောလုပ်ငန်းမှာ တိမ်မြုပ် ပျောက် ကွယ်သွားမည့်အနေအထားမျိုးဖြစ်နေကြောင်း အရေခွာရုပ်လုံးသွင်း ပညာရပ်ကိုလုပ်ကိုင်နေသူ ဦးမျိုးနိုင်က NP News ကပြောသည်။

အဆိုပါ အရေခွံခွာရုပ်လုံးသွင်းလုပ်ငန်းကို ဝါသနာအရ လာရောက်လေ့လာသူများရှိသော်လည်း ပြီးဆုံးတိုင်အောင် သင်ကြားသူမရှိခြင်း၊ တိရစ္ဆာန်အကောင်များ သေဆုံးသွားမှသာ လုပ်ကိုင်ရသော ကြောင့် အခြားအခက်အခဲများစွာလည်းရှိခြင်းကြောင့် လာရောက်‌ လေ့လာသူနည်းပါးကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ကတော့ ပုံမှန်အတိုင်းပါပဲ။ ကျွန်တော့်လုပ်ငန်းလေးတွေကို လိုင်းပေါ်မှာတင် တင်ပြီးပြပါတယ်။ ပြတယ်ဆိုတာက ကျွန်တော်တို့လုပ်ငန်းက လူနည်းစုလည်းဖြစ်တယ်။ နောက်တစ်ချက်က တိမ်မြုပ်ပျောက်ကွယ်သွားမယ့်အနေအထားမျိုးလည်းရှိတယ်။ အဲဒီဟာကို နောင်လာနောက် သား ဝါသနာပါတဲ့ ကလေးတွေပဲဖြစ်ဖြစ်၊ ကလေးမလေးတွေ၊ ယောကျာ်းလေးတွေ သူတို့အနေနဲ့ သင်ချင်လို့ ဖြစ်ဖြစ်၊ ဝါသနာပါလို့ လာပြီးလေ့လာချင်လို့ပဲဖြစ်ဖြစ်၊ လုပ်ချင်ကိုင်ချင်လို့ပဲဖြစ်ဖြစ် အဲဒီလိုမျိုး လေ့လာချင်တယ်ဆို လာပြီးလေ့လာလို့ရတယ်”ဟု ဦးမျိုးနိုင်ကဆိုသည်။

အိမ်တွင်မွေးမြူထားသော ငါးများ၊ မြွေများ၊ ငှက်များ၊ ကြောင်များ၊ ပုစွန်များနှင့် အကောင်မျိုးစုံ ကို အရေခွံခွာရုပ်လုံးလာသွင်းကြသော်လည်း ခွေး၊ ကြောင်နှင့်ငှက်ကို အများဆုံးလုပ်ကိုင်ရကြောင်း ၎င်းကဆိုသည်။ ရုပ်လုံးသွင်းရာတွင် သေဆုံးပြီးသော တိရစ္ဆာန်အကောင်များကို အရေခွံခွာခြင်း၊ ဦးခေါင်းရိုး၊ ခြေ ဆစ်လက်ဆစ်နှင့် ပုပ်သိုးနိုင်သောအရာများကို ဆွဲထုတ်ခြင်းများပြုလုပ်ပြီးနောက် ကျန်ခဲ့သော သားရေ ကို ဘောလစ်အက်စစ်၊ ကျောက်ချဉ်နှင့် ပရုတ်အမှုန့်များဖြင့်အသုံးပြုရကြောင်း သိရသည်။ ထို့ပြင် ကျန်ရစ်သောခန္ဓာကိုယ်ကို ကျောက်ဂွမ်းဖြင့်အစားထိုးကာ လိုချင်သည့်အနေအထားရပြီ ဆိုပါက ကာယကံရှင်ကိုယ်တိုင် စိတ်တိုင်းကျသည့် ပုံစံအနေအထားမျိုးကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
အိမ္ေမြးတိရစာၦန္ အေရခြံခြာ ႐ုပ္လုံးသြင္းလုပ္ငန္း တိမ္ျမဳပ္လုနီးပါးျဖစ္ေန
ေစာ (NP News) - ေမ ၂၉

အိမ္ေမြးတိရစာၦန္မ်ားကို အေရခြံခြာကာ ႐ုပ္လုံးသြင္းေသာလုပ္ငန္းမွာ တိမ္ျမဳပ္ ေပ်ာက္ ကြယ္သြားမည့္အေနအထားမ်ိဳးျဖစ္ေနေၾကာင္း အေရခြာ႐ုပ္လုံးသြင္း ပညာရပ္ကိုလုပ္ကိုင္ေနသူ ဦးမ်ိဳးႏိုင္က NP News ကေျပာသည္။

အဆိုပါ အေရခြံခြာ႐ုပ္လုံးသြင္းလုပ္ငန္းကို ဝါသနာအရ လာေရာက္ေလ့လာသူမ်ားရွိေသာ္လည္း ၿပီးဆုံးတိုင္ေအာင္ သင္ၾကားသူမရွိျခင္း၊ တိရစာၦန္အေကာင္မ်ား ေသဆုံးသြားမွသာ လုပ္ကိုင္ရေသာ ေၾကာင့္ အျခားအခက္အခဲမ်ားစြာလည္းရွိျခင္းေၾကာင့္ လာေရာက္‌ ေလ့လာသူနည္းပါးေၾကာင္း သိရသည္။

“ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ပုံမွန္အတိုင္းပါပဲ။ ကြၽန္ေတာ့္လုပ္ငန္းေလးေတြကို လိုင္းေပၚမွာတင္ တင္ၿပီးျပပါတယ္။ ျပတယ္ဆိုတာက ကြၽန္ေတာ္တို႔လုပ္ငန္းက လူနည္းစုလည္းျဖစ္တယ္။ ေနာက္တစ္ ခ်က္က တိမ္ျမဳပ္ေပ်ာက္ကြယ္သြားမယ့္အေနအထားမ်ိဳးလည္းရွိတယ္။ အဲဒီဟာကို ေနာင္လာေနာက္ သား ဝါသနာပါတဲ့ ကေလးေတြပဲျဖစ္ျဖစ္၊ ကေလးမေလးေတြ၊ ေယာက်ာ္းေလးေတြ သူတို႔အေနနဲ႔ သင္ခ်င္လို႔ ျဖစ္ျဖစ္၊ ဝါသနာပါလို႔ လာၿပီးေလ့လာခ်င္လို႔ပဲျဖစ္ျဖစ္၊ လုပ္ခ်င္ကိုင္ခ်င္လို႔ပဲျဖစ္ျဖစ္ အဲဒီလိုမ်ိဳး ေလ့လာခ်င္တယ္ဆို လာၿပီးေလ့လာလို႔ရတယ္”ဟု ဦးမ်ိဳးႏိုင္ကဆိုသည္။

အိမ္တြင္ေမြးျမဴထားေသာ ငါးမ်ား၊ ေႁမြမ်ား၊ ငွက္မ်ား၊ ေၾကာင္မ်ား၊ ပုစြန္မ်ားႏွင့္ အေကာင္မ်ိဳးစုံ ကို အေရခြံခြာ႐ုပ္လုံးလာသြင္းၾကေသာ္လည္း ေခြး၊ ေၾကာင္ႏွင့္ငွက္ကို အမ်ားဆုံးလုပ္ကိုင္ရေၾကာင္း ၎ကဆိုသည္။ ႐ုပ္လုံးသြင္းရာတြင္ ေသဆုံးၿပီးေသာ တိရစာၦန္အေကာင္မ်ားကို အေရခြံခြာျခင္း၊ ဦးေခါင္း႐ိုး၊ ေျခ ဆစ္လက္ဆစ္ႏွင့္ ပုပ္သိုးႏိုင္ေသာအရာမ်ားကို ဆြဲထုတ္ျခင္းမ်ားျပဳလုပ္ၿပီးေနာက္ က်န္ခဲ့ေသာ သားေရ ကို ေဘာလစ္အက္စစ္၊ ေက်ာက္ခ်ဥ္ႏွင့္ ပ႐ုတ္အမႈန႔္မ်ားျဖင့္အသုံးျပဳရေၾကာင္း သိရသည္။ ထို႔ျပင္ က်န္ရစ္ေသာခႏၶာကိုယ္ကို ေက်ာက္ဂြမ္းျဖင့္အစားထိုးကာ လိုခ်င္သည့္အေနအထားရၿပီ ဆိုပါက ကာယကံရွင္ကိုယ္တိုင္ စိတ္တိုင္းက်သည့္ ပုံစံအေနအထားမ်ိဳးကို ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.