မန်းမြို့ဈေးရှိ ဆယ်သန်းရွှေဆိုင် ဒုတိယအကြိမ်ထပ်မံ ဓားပြတိုက်ခံရ

 3279

ပုံစာ - ပထမအကြိမ် ဓားပြတိုက်ခံရစဥ်က

သန့်ဇင် (NP News) - မေ ၃၁

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင် ဒုတိယအကြိမ်ထပ်မံ ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ဓားပြတိုက်ခံရမှုဖြစ်စဉ်သည် ယနေ့(မေလ ၃၁ ရက်)၊ ညနေ ၃နာရီ ၂၀မိနစ်အချိန်က မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း၊ ၃၈x၃၉လမ်း၊ မန်းမြို့ဈေးရှိ ဆယ်သန်းရွှေဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါရွှေဆိုင်သို့ သေနတ်အတို၊ အရှည်များကိုင်ဆောင်လာသည့် လူ(၅)ဦးက 3M-6384 နံပါတ်ပြား Mark IIက ားဖြင့် ရောက်ရှိလာကာ သေနတ်ပစ်ဖောက်၍ ဆိုင်အတွင်းမှ ရွှေထည်များအား လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ဓားပြတိုက်ခံရသည့် ဆယ်သန်းရွှေဆိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ဖူးပြီး (၅)လအကြာတွင် ထပ်မံဓားပြတိုက်ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါဆယ်သန်းရွှေဆိုင်ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရွှေဆိုင်တွင်ခင်းကျင်းရောင်းချထားသည့် ရွှေထည်(၄)ပိဿခန့် လုယက်ယူဆောင်ခံခဲ့ရကြောင်း ရေးသားဖော်ပြထားမှုများတွေ့ရသော်လည်း NP News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မန္တလေးမြို့တွင် ရွှေဆိုင်ဓားပြတိုက်ခံရမှုနှင့်လူသတ်လုယက်မှုဖြစ်စဉ်များအပြင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများစွာ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ပြီးခဲ့သည့် မတ်လ ၂၉ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ ၂၂လမ်း၊ ၈၉လမ်း ၊ ၉၀ လမ်းကြား ၊ အကွက်အမှတ် ၁၉၃၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်ရှိ လင်းလက်ဝါရွှေပန်းထိမ်ဆိုင်ကို ရဲယူနီဖောင်းဝတ်ဆင်ထားသူ(၄)ဦးက ဓားပြဝင်တိုက်မှု ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
မန္းၿမိဳ႕ေဈးရွိ ဆယ္သန္းေ႐ႊဆိုင္ ဒုတိယအႀကိမ္ထပ္မံ ဓားျပတိုက္ခံရ
သန႔္ဇင္ (NP News) - ေမ ၃၁

မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မန္းၿမိဳ႕ေဈးအတြင္းရွိ ဆယ္သန္းေ႐ႊဆိုင္ ဒုတိယအႀကိမ္ထပ္မံ ဓားျပတိုက္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။

ဓားျပတိုက္ခံရမႈျဖစ္စဥ္သည္ ယေန႔(ေမလ ၃၁ ရက္)၊ ညေန ၃နာရီ ၂၀မိနစ္အခ်ိန္က မဟာေအာင္ေျမၿမိဳ႕နယ္၊ ၈၄လမ္း၊ ၃၈x၃၉လမ္း၊ မန္းၿမိဳ႕ေဈးရွိ ဆယ္သန္းေ႐ႊဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ျဖစ္စဥ္မွာ အဆိုပါေ႐ႊဆိုင္သို႔ ေသနတ္အတို၊ အရွည္မ်ားကိုင္ေဆာင္လာသည့္ လူ(၅)ဦးက 3M-6384 နံပါတ္ျပား Mark IIက ားျဖင့္ ေရာက္ရွိလာကာ ေသနတ္ပစ္ေဖာက္၍ ဆိုင္အတြင္းမွ ေ႐ႊထည္မ်ားအား လုယက္ယူေဆာင္သြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

အဆိုပါ ဓားျပတိုက္ခံရသည့္ ဆယ္သန္းေ႐ႊဆိုင္သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၉ ရက္ကလည္း ဓားျပတိုက္ခံရမႈျဖစ္ပြားခဲ့ဖူးၿပီး (၅)လအၾကာတြင္ ထပ္မံဓားျပတိုက္ခံခဲ့ရျခင္းျဖစ္သည္။ လက္ရွိတြင္ အဆိုပါဆယ္သန္းေ႐ႊဆိုင္ဓားျပတိုက္ခံရမႈႏွင့္ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ ေ႐ႊဆိုင္တြင္ခင္းက်င္းေရာင္းခ်ထားသည့္ ေ႐ႊထည္(၄)ပိႆခန႔္ လုယက္ယူေဆာင္ခံခဲ့ရေၾကာင္း ေရးသားေဖာ္ျပထားမႈမ်ားေတြ႕ရေသာ္လည္း NP News အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

မႏၲေလးၿမိဳ႕တြင္ ေ႐ႊဆိုင္ဓားျပတိုက္ခံရမႈႏွင့္လူသတ္လုယက္မႈျဖစ္စဥ္မ်ားအျပင္ မူးယစ္ေဆးဝါးေရာင္းဝယ္သုံးစြဲမႈမ်ားစြာ ျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ အလားတူ ၿပီးခဲ့သည့္ မတ္လ ၂၉ ရက္ကလည္း ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၂၂လမ္း၊ ၈၉လမ္း ၊ ၉၀ လမ္းၾကား ၊ အကြက္အမွတ္ ၁၉၃၊ သီရိမဂၤလာအေရွ႕ရပ္ကြက္ရွိ လင္းလက္ဝါေ႐ႊပန္းထိမ္ဆိုင္ကို ရဲယူနီေဖာင္းဝတ္ဆင္ထားသူ(၄)ဦးက ဓားျပဝင္တိုက္မႈ ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.