နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို Online Appointment စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံး အသိပေး

3227

စော (NP News) - ဇွန် ၂
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို လာမည့် (ဇူလိုင်လ ၂၂ ရက်)မှစ၍ Online Appointment စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယခုရက်ပိုင်းအတွင်း အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကိစ္စ ဆောင်ရွက်ရန်အတွက် မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ကြိုတင်ရက်ချိန်းယူသည့် Booking စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့သို့ ဆောင်ရွက်လျက်ရှိရာ အချို့ရက်များတွင် မြန်မာသံရုံးသို့ လာရောက်သူ အရေအတွက် လွန်စွာများပြားလျက်ရှိပြီး မြန်မာနိုင်ငံသားများအနေဖြင့် အချိန်ပေးစောင့်ဆိုင်းရမှုများရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန်အတွက် လူကိုယ်တိုင် ရက်ချိန်းယူသည့်စနစ်ကို လာမည့် (ဇူလိုင် ၁၈) ရက်နေ့အထိ ရက်ချိန်းပေးထားပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိစ္စအား မြန်မာသံရုံးသို့ လူကိုယ်တိုင်လာရောက် ကြိုတင်ရက်ချိန်းယူသည့် Booking စနစ် မှ Online Appointment စနစ် သို့ လာမည့် (ဇူလိုင် ၂၂ ရက်)မှစ၍ ပြောင်းလဲဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ထို့ကြောင့် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြီးခဲ့သည့် (မေလ ၃၁ရက်)မှစ၍ မြန်မာသံရုံးသို့ လာရောက်လျှောက်ထားလိုသည့် နေ့ရက်အတွက် Online Appointment ကို သတ်မှတ်ထားသည့် လင့်ခ် (သို့မဟုတ်) QR Code မှတစ်ဆင့်စတင်၍ ရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အခြားကောင်စစ်ရေးရာကိစ္စရပ်များဖြစ်သည့် ထောက်ခံစာလျှောက်ထားခြင်းကိစ္စ များအတွက် ယခင်သတ်မှတ်ထားသည့်အတိုင်း အပတ်စဉ် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့၊ မွန်းလွဲ (၂) နာရီတွင် ဆက်လက်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မြန်မာသံရုံးက ထပ်မံအသိပေးထားသည်။
လျှောက်ထားသူများအနေဖြင့် တစ်ဦးလျှင် တစ်ကြိမ်နှင့်အထက် လျှောက်ထားလာပါက ရက်ချိန်းများအား လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်း မြန်မာသံရုံးက အသိပေးကြေညာထားသည်။
zawgyi version
ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းကို Online Appointment စနစ္ျဖင့္ ေျပာင္းလဲေဆာင္႐ြက္မည္ဟု ဆိုးလ္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး အသိေပး
ေစာ (NP News) - ဇြန္ ၂
ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းကို လာမည့္ (ဇူလိုင္လ ၂၂ ရက္)မွစ၍ Online Appointment စနစ္ျဖင့္ ေျပာင္းလဲေဆာင္႐ြက္မည္ဟု ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယခုရက္ပိုင္းအတြင္း အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္းကိစၥ ေဆာင္႐ြက္ရန္အတြက္ ျမန္မာသံ႐ုံးသို႔ လူကိုယ္တိုင္လာေရာက္၍ ႀကိဳတင္ရက္ခ်ိန္းယူသည့္ Booking စနစ္ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။ ထို႔သို႔ ေဆာင္႐ြက္လ်က္ရွိရာ အခ်ိဳ႕ရက္မ်ားတြင္ ျမန္မာသံ႐ုံးသို႔ လာေရာက္သူ အေရအတြက္ လြန္စြာမ်ားျပားလ်က္ရွိၿပီး ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အခ်ိန္ေပးေစာင့္ဆိုင္းရမႈမ်ားရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးျခင္း ေဆာင္႐ြက္ရန္အတြက္ လူကိုယ္တိုင္ ရက္ခ်ိန္းယူသည့္စနစ္ကို လာမည့္ (ဇူလိုင္ ၁၈) ရက္ေန႔အထိ ရက္ခ်ိန္းေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးျခင္းကိစၥအား ျမန္မာသံ႐ုံးသို႔ လူကိုယ္တိုင္လာေရာက္ ႀကိဳတင္ရက္ခ်ိန္းယူသည့္ Booking စနစ္ မွ Online Appointment စနစ္ သို႔ လာမည့္ (ဇူလိုင္ ၂၂ ရက္)မွစ၍ ေျပာင္းလဲေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။
ထို႔ေၾကာင့္ ကိုရီးယားသမၼတႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ၿပီးခဲ့သည့္ (ေမလ ၃၁ရက္)မွစ၍ ျမန္မာသံ႐ုံးသို႔ လာေရာက္ေလွ်ာက္ထားလိုသည့္ ေန႔ရက္အတြက္ Online Appointment ကို သတ္မွတ္ထားသည့္ လင့္ခ္ (သို႔မဟုတ္) QR Code မွတစ္ဆင့္စတင္၍ ရက္ခ်ိန္းရယူႏိုင္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ ထို႔ျပင္ အျခားေကာင္စစ္ေရးရာကိစၥရပ္မ်ားျဖစ္သည့္ ေထာက္ခံစာေလွ်ာက္ထားျခင္းကိစၥ မ်ားအတြက္ ယခင္သတ္မွတ္ထားသည့္အတိုင္း အပတ္စဥ္ အဂၤါေန႔ ႏွင့္ ၾကာသပေတးေန႔၊ မြန္းလြဲ (၂) နာရီတြင္ ဆက္လက္လက္ခံေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါေၾကာင္း ျမန္မာသံ႐ုံးက ထပ္မံအသိေပးထားသည္။
ေလွ်ာက္ထားသူမ်ားအေနျဖင့္ တစ္ဦးလွ်င္ တစ္ႀကိမ္ႏွင့္အထက္ ေလွ်ာက္ထားလာပါက ရက္ခ်ိန္းမ်ားအား လက္ခံစဥ္းစားေပးမည္မဟုတ္ေၾကာင္း ျမန္မာသံ႐ုံးက အသိေပးေၾကညာထားသည္။