အိုဟိုင်းရိုးပြည်နယ်ရှိ Cleveland အနုပညာပြတိုက်က နှစ်ပေါင်း ၂၂၀၀ သက်တမ်းရှိ ရုပ်တုကို မူလနိုင်ငံဖြစ်တဲ့လစ်ဗျားကို ပြန်ပေးအပ်ဖို့ စီစဉ်ထား

 130

ရောင်နီ(NP News) - ဇွန် ၃

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်၊ Ptolemaic မင်းဆက် လက်ထက်က ဖန်တီးခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ သက်တမ်းရှိ မုတ်ဆိတ်မွှးနဲ့ လူတစ်ယောက်ပုံစံ ရုပ်တုကို သူ့ရဲ့မူရင်းနိုင်ငံ လစ်ဗျားကို ပြန်ပေးအပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်တုဟာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့ သိမ်းပိုက်ခဲ့တဲ့ လစ်ဗျားနိုင်ငံမှ ရရှိလာခြင်းဖြစ်ပြီး ပိုင်ရှင်ဖြစ်တဲ့ လစ်ဗျားနိုင်ငံကို ပြန်လည် ပို့ဆောင်ခြင်းဖြစ်တယ်လို့ Cleveland အနုပညာပြတိုက်မှ ဖော်ပြချက်အရ သိရပါတယ်။ ၁၉၉၁ ခုနှစ်ကတည်းက ပြတိုက်ထဲရောက်ရှိနေတဲ့ အဆိုပါ ပစ္စည်းကို လာမယ့် ဗုဒ္ဓဟူးနေ့(ဇွန်လ ၅ ရက်)နေ့မှာ ပြန်ပို့မယ်လို့ သိရပါတယ်။ လစ်ဗျား ရှေးဟောင်း ပစ္စည်းဌာန အကြီးအကဲ မိုဟာမက် ဖာရာ့ဂ်ျ မိုဟာမက်က အဆိုပါ လွှဲပြောင်းပေးခြင်းအတွက် Cleveland ပြတိုက်ရဲ့ စိတ်အားထက်သန်မှုကို ကျေးဇူးတင်ရှိတယ်လို့ ပြောခဲ့ပါတယ်။

အဆိုပါ အမျိုးသားတစ်ဦး ရပ်နေဟန် ရုပ်တုဟာ အမြင့်နှစ်ပေနီးပါးရှိပြီး မီးတော်ချော်ရည်ကျောက်တုံးနဲ့ ထုလုပ်ထားခြင်းဖြစ်ကာ လစ်ဗျားနိုင်ငံရဲ့ ရှေးဟောင်း အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။

zawgyi version
အိုဟိုင္း႐ိုးျပည္နယ္ရွိ Cleveland အႏုပညာျပတိုက္က ႏွစ္ေပါင္း ၂၂၀၀ သက္တမ္းရွိ ႐ုပ္တုကို မူလႏိုင္ငံျဖစ္တဲ့လစ္ဗ်ားကို ျပန္ေပးအပ္ဖို႔ စီစဥ္ထား
ေရာင္နီ(NP News) - ဇြန္ ၃

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္၊ Ptolemaic မင္းဆက္ လက္ထက္က ဖန္တီးခဲ့တဲ့ ႏွစ္ေပါင္း ၂၂၀၀ သက္တမ္းရွိ မုတ္ဆိတ္မႊးနဲ႔ လူတစ္ေယာက္ပုံစံ ႐ုပ္တုကို သူ႔ရဲ႕မူရင္းႏိုင္ငံ လစ္ဗ်ားကို ျပန္ေပးအပ္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

အဆိုပါ ႐ုပ္တုဟာ ဒုတိယကမာၻစစ္အတြင္း ၿဗိတိသွ်တို႔ သိမ္းပိုက္ခဲ့တဲ့ လစ္ဗ်ားႏိုင္ငံမွ ရရွိလာျခင္းျဖစ္ၿပီး ပိုင္ရွင္ျဖစ္တဲ့ လစ္ဗ်ားႏိုင္ငံကို ျပန္လည္ ပို႔ေဆာင္ျခင္းျဖစ္တယ္လို႔ Cleveland အႏုပညာျပတိုက္မွ ေဖာ္ျပခ်က္အရ သိရပါတယ္။ ၁၉၉၁ ခုႏွစ္ကတည္းက ျပတိုက္ထဲေရာက္ရွိေနတဲ့ အဆိုပါ ပစၥည္းကို လာမယ့္ ဗုဒၶဟူးေန႔(ဇြန္လ ၅ ရက္)ေန႔မွာ ျပန္ပို႔မယ္လို႔ သိရပါတယ္။ လစ္ဗ်ား ေရွးေဟာင္း ပစၥည္းဌာန အႀကီးအကဲ မိုဟာမက္ ဖာရာ့ဂ္် မိုဟာမက္က အဆိုပါ လႊဲေျပာင္းေပးျခင္းအတြက္ Cleveland ျပတိုက္ရဲ႕ စိတ္အားထက္သန္မႈကို ေက်းဇူးတင္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။

အဆိုပါ အမ်ိဳးသားတစ္ဦး ရပ္ေနဟန္ ႐ုပ္တုဟာ အျမင့္ႏွစ္ေပနီးပါးရွိၿပီး မီးေတာ္ေခ်ာ္ရည္ေက်ာက္တုံးနဲ႔ ထုလုပ္ထားျခင္းျဖစ္ကာ လစ္ဗ်ားႏိုင္ငံရဲ႕ ေရွးေဟာင္း အေမြအႏွစ္တစ္ခုလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.