ဂျပန်အသင်းနှင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် နှင့် တိုက်စစ်မှူးအောင်သူတို့ ပါဝင်လာနိုင်ခြင်းမရှိ

 6281

သန့်ဇင် (NP News) - ဇွန် ၆

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဂျပန်အသင်းတို့သည် ယနေ့ (ဇွန်လ ၆ ရက်)ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မြန်မာ့လက် ရွေးစင်ဘောလုံးအသင်းနည်းပြချုပ်နှင့် တိုက်စစ်မှူးအောင်သူတို့ ပါဝင်လာနိုင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဂျပန်အသင်းတို့သည် ယနေ့(ဇွန်လ ၆ ရက်)၊ ညနေ့ ၆နာရီ ၄၀မိနစ်အချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲစဉ်အတွက် အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းကို မြန်မာဘောလုံးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ရာတွင် ဂိုး- ဆန်းဆက်နိုင်၊ ကျော်ဇင်ဖြိုး၊ ဇင်ညီညီအောင်၊ နောက်တန်း- ဒေးဗစ်ထန်း၊ ငြိမ်းချမ်း၊ စိုးမိုးကျော်၊ လတ်ဝေဘုန်း၊ သက်ဟိန်းစိုး၊ ဇွဲခန့်မင်း၊ ဇွဲထက်မင်း၊ ကျော်မင်းဦး၊ အလယ်တန်း- ရန်နိုင်ဦး၊ မြတ်ကောင်းခန့်၊ နေမိုးနိုင်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ဟိန်းထက်အောင်၊ ဇော်ဝင်းသိန်း၊ မောင်မောင်လွင်၊ ဥက္ကာနိုင်၊ ရှေ့တန်းတွင်- ဝင်းနိုင်ထွန်း၊ ဆွမ်လန်မာန်နှင့် အောင်ကောင်းမာန်တို့ပါဝင်လာခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် နည်းပြချုပ် မိုက်ကယ်ဖိုင်တန်ဘိုင်နာနှင့် နောက်တန်းမှ ဟိန်းဖြိုးဝင်း တို့က ပွဲပယ်ခံထားရပြီး ယနေ့ပွဲတွင် ပါဝင်လာနိုင်ခြင်းမရှိသဖြင့် လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းက ယာယီတာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေ့ကျင့်ရေးတွင် ဒဏ်ရာရရှိခဲ့သည့် ဟိန်းဇေယျာလင်းသည်လည်း ပြိုင်ပွဲနှင့်လွဲချော်ခဲ့ရပြီး မိသားစုအရေးပေါ်ကိစ္စရှိသည့်အတွက် တိုက်စစ်မှူးအောင်သူအနေဖြင့်လည်း ယနေ့ပွဲစဉ်တွင် ပါဝင်နိုင်ခြင်းမရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၏ အုပ်စုဒုတိယတွင် ဂျပန်၊ မြောက်ကိုရီးယားပါအဝင် ဆီးရီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ကာ (၄)ပွဲကစားထားကာ (၃)ပွဲရှုံး တစ်ပွဲသရေဖြင့် ရမှတ်တစ်မှတ်သာရရှိထားသေးပြီး အုပ်စု၏အောက်ဆုံးအဆင့်တွင်ရှိနေသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ယနေ့ညနေ ဂျပန်နှင့် ပွဲစဉ်ယှဉ်ပြိုင်ကစားပြီးနောက်လာမည့် ဇွန်လ ၁၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့်ဒုတိယအကြော့အဖြစ် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ သွားရောက်ကစားရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ဂ်ပန္အသင္းႏွင့္ပြဲစဥ္တြင္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္ ႏွင့္ တိုက္စစ္မႉးေအာင္သူတို႔ ပါဝင္လာႏိုင္ျခင္းမရွိ
သန႔္ဇင္ (NP News) - ဇြန္ ၆

၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္အျဖစ္ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းႏွင့္ ဂ်ပန္အသင္းတို႔သည္ ယေန႔ (ဇြန္လ ၆ ရက္)ညေနပိုင္းတြင္ ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္ၿပီး ျမန္မာ့လက္ ေ႐ြးစင္ေဘာလုံးအသင္းနည္းျပခ်ဳပ္ႏွင့္ တိုက္စစ္မႉးေအာင္သူတို႔ ပါဝင္လာႏိုင္ျခင္းမရွိေၾကာင္း သိရသည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းႏွင့္ ဂ်ပန္အသင္းတို႔သည္ ယေန႔(ဇြန္လ ၆ ရက္)၊ ညေန႔ ၆နာရီ ၄၀မိနစ္အခ်ိန္တြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰေဘာလုံးကြင္းတြင္ ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါပြဲစဥ္အတြက္ အၿပီးသတ္ကစားသမား ၂၃ ဦးစာရင္းကို ျမန္မာေဘာလုံးအဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့ရာတြင္ ဂိုး- ဆန္းဆက္ႏိုင္၊ ေက်ာ္ဇင္ၿဖိဳး၊ ဇင္ညီညီေအာင္၊ ေနာက္တန္း- ေဒးဗစ္ထန္း၊ ၿငိမ္းခ်မ္း၊ စိုးမိုးေက်ာ္၊ လတ္ေဝဘုန္း၊ သက္ဟိန္းစိုး၊ ဇြဲခန႔္မင္း၊ ဇြဲထက္မင္း၊ ေက်ာ္မင္းဦး၊ အလယ္တန္း- ရန္ႏိုင္ဦး၊ ျမတ္ေကာင္းခန႔္၊ ေနမိုးႏိုင္၊ လြင္မိုးေအာင္၊ ေဝလင္းေအာင္၊ ဟိန္းထက္ေအာင္၊ ေဇာ္ဝင္းသိန္း၊ ေမာင္ေမာင္လြင္၊ ဥကၠာႏိုင္၊ ေရွ႕တန္းတြင္- ဝင္းႏိုင္ထြန္း၊ ဆြမ္လန္မာန္ႏွင့္ ေအာင္ေကာင္းမာန္တို႔ပါဝင္လာခဲ့သည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းတြင္ နည္းျပခ်ဳပ္ မိုက္ကယ္ဖိုင္တန္ဘိုင္နာႏွင့္ ေနာက္တန္းမွ ဟိန္းၿဖိဳးဝင္း တို႔က ပြဲပယ္ခံထားရၿပီး ယေန႔ပြဲတြင္ ပါဝင္လာႏိုင္ျခင္းမရွိသျဖင့္ လက္ေထာက္နည္းျပ ဦးေဇာ္ဝင္းထြန္းက ယာယီတာဝန္ယူ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေလ့က်င့္ေရးတြင္ ဒဏ္ရာရရွိခဲ့သည့္ ဟိန္းေဇယ်ာလင္းသည္လည္း ၿပိဳင္ပြဲႏွင့္လြဲေခ်ာ္ခဲ့ရၿပီး မိသားစုအေရးေပၚကိစၥရွိသည့္အတြက္ တိုက္စစ္မႉးေအာင္သူအေနျဖင့္လည္း ယေန႔ပြဲစဥ္တြင္ ပါဝင္ႏိုင္ျခင္းမရွိေၾကာင္း သိရသည္။ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းအေနျဖင့္ ၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲ၏ အုပ္စုဒုတိယတြင္ ဂ်ပန္၊ ေျမာက္ကိုရီးယားပါအဝင္ ဆီးရီးယားအသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ကစားခဲ့ကာ (၄)ပြဲကစားထားကာ (၃)ပြဲရႈံး တစ္ပြဲသေရျဖင့္ ရမွတ္တစ္မွတ္သာရရွိထားေသးၿပီး အုပ္စု၏ေအာက္ဆုံးအဆင့္တြင္ရွိေနသည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းသည္ ယေန႔ညေန ဂ်ပန္ႏွင့္ ပြဲစဥ္ယွဥ္ၿပိဳင္ကစားၿပီးေနာက္လာမည့္ ဇြန္လ ၁၁ ရက္တြင္ ေျမာက္ကိုရီးယားအသင္းႏွင့္ဒုတိယအေၾကာ့အျဖစ္ လာအိုႏိုင္ငံ ဗီယန္က်င္းၿမိဳ႕သို႔ သြားေရာက္ကစားရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.