ဩစတြေးလျကျွန်းတစ်ကျွန်းမှာ ကျားငါးမန်းတစ်ကောင် အစာအန်ထုတ်နေတဲ့ ပထမဆုံးမြင်ကွင်းကို သိပ္ပံပညာရှင်များ တွေ့ရှိ

435634

ရောင်နီ (NP News) - ဇွန် ၇
သြစတြေးလျနိုင်ငံရဲ့ကမ်းလွန်ကျွန်းတစ်ခုမှာ ကျားငါးမန်းတစ်ကောင် အစာတွေ အန်ထုတ်နေတာကို သိပ္ပံပညာ ရှင်တွေက ပထမဆုံး မြင်တွေ့ခဲ့ကာ ထူးခြားဖြစ်စဉ်ဖြစ်တာကြောင့် ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။
ကျောရိုးရှိ အမိုးခုံးပုံစံ နို့တိုက်သတ္တဝါ ကျားငါးမန်းတွေဟာ သြစတြေးလျမှာ အတွေ့ရများပါတယ်။ ကွင်းစလန်း မြောက်ပိုင်းရှိ James Cook တက္ကသိုလ်မှ သုတေသီတွေဟာ ၂၀၂၂ ခုနှစ် မေလက ဒေသရဲ့အော်ဖရက်ကျွန်းအနီးရှိ ရေနေသတ္တဝါတွေကို လေ့လာစဉ် ရှားရှားပါးပါးအဖြစ်အပျက်တစ်ခုကို လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Biopixel Oceans Foundation မှ သုတေသီတစ်ဦးဖြစ်သူ အဏ္ဏဝါဇီဝဗေဒပညာရှင် နီကိုးလက်စ် လူဘစ်ဇ်ရဲ့ အဆိုအရ အရှည်သုံးမီတာ (၁ဝ ပေနီးပါးရှိ) ငါးမန်းကြီးတွေဟာ စိတ်ဖိစီးနေချိန်မှာ အန်ထုတ်တာမျိုး ရှိတတ်ပေ မယ့် ကျားငါးမန်းတွေကတော့ ၎င်းတို့ရဲ့အစာကို စွန့်ထုတ်ခြင်းဟာ အလွန်ရှားပါးတယ်လို့ ၄င်းက ဆိုပါတယ်။
ကျားငါးမန်းတွေဟာ အစားစားချင်စိတ်များပြီး လူသားစားသတ္တဝါအဖြစ် လူသိများပါတယ်။ ၎င်းတို့ဟာ အခြားငါးမန်းတွေ၊ ပင်လယ်လိပ်တွေနဲ့ ပင်လယ်ငှက်တွေကိုလည်း စားသုံးလေ့ရှိပြီး အခြားသက်ရှိမဟုတ်တဲ့ ကျောက်မီးသွေး၊ သံဖြူဗူးများ၊ အဝတ်အထည်တွေနဲ့ အရိုးတွေ အပါအဝင် အမှိုက်တွေလည်း စားသုံးကြတယ်လို့ သိရပါတယ်။ တစ်ခါတလေလည်း အကြောင်းရင်းမရှိဘဲ ကျောက်တုံးတွေကို စားနေတတ်တယ်လို့ လူပတ်ဇ်က က ဆိုပါတယ်။
ကျားငါးမန်းတွေကို ကမ္ဘာတစ်ဝှမ်း ပူနွေးတဲ့ သမုဒ္ဒရာတွေမှာ တွေ့ရလေ့ရှိပါတယ်။

Zawgyi Version;
ရောင်နီ (NP News) - ဇွန် ၇