မူဆယ်မြို့တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်များ မြင့်တက်လာလျက်ရှိပြီး တရုတ်ယွမ်ငွေ (၅)သိန်းထိ တောင်းရမ်းသောပြန်ပေးဆွဲမှုများ ဖြစ်ပေါ်နေ

1095

သန့်ဇင် (NP News) - ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့တွင် ပြန်ပေးဆွဲမှုဖြစ်စဉ်များ မြင့်တက်လာလျက်ရှိပြီး တရုတ်ယွမ်ငွေ (၅)သိန်းထိ တောင်းရမ်းသောပြန်ပေးဆွဲမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှစတင်ကာ ပြန်ပေးဆွဲမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာခဲ့ပြီး လက်ရှိအချိန်ထိ တစ်လလျှင်ပြန်ပေးဆွဲမှု (၃)ကြိမ်ထက်မနည်းဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
“ပြန်ပေးဆွဲတာတွေက ခဏခဏဆိုသလိုဖြစ်နေတာ။ နေစဉ်ရက်ဆက်ကြီးမဟုတ်တောင် တစ်လကိုအနည်းဆုံး (၃)(၄)ခုလောက် ဖြစ်တယ်။ ဘယ်သူတွေကိုပစ်မှတ်ထားတယ်လို့လည်းမဟုတ်ဘူး။ ငွေနည်းနည်းရှိရင် ပြန်ပေးဆွဲတယ်။ လူကြီးကိုဆွဲလို့မရရင် ကလေးတွေကိုကျောင်းသွား၊ ကျောင်းပြန်မှာဆွဲသွားတာမျိုးတွေလည်းရှိတယ်။ အဲဒီတော့ ပိုက်ဆံရှိတဲ့ လူတွေက သူတို့ကလေးတွေအတွက် စိုးရိမ်နေရတာပေါ့။ ပြီးတော့ ပြန်ပေးဆွဲမယ့်အဖွဲ့က အရင်ကတည်းက ဘယ်သူဘယ်လိုအခြေအနေရှိလဲလိုက်ကြည့်ထားတာမျိုးတွေရှိမှာပေါ့”ဟု မူဆယ်မြို့ခံတစ်ဦးက NP News သို့ ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂ရက်၊ ညနေပိုင်းကလည်း မူဆယ်မြို့၊ (၄)ရပ်ကွက်၊ ရွှေသမင်ကုန်းဆင်းအနီးတွင်နေထိုင်သည့် လုပ်ငန်းရှင်အမျိုးသားတစ်ဦးကို လက်နက်ကိုင်ဆောင်လာသည့် မျက်နှာဖုံးစွပ်လူတစ်စုက ကားတစ်စီးဖြင့်ရောက်ရှိလာကာ ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ဖူးသည်။ ထို့ပြင် ပြန်ပေးဆွဲခံရသည့်အတွက် မိသားစုဝင်များအနေဖြင့် ဖမ်းဆီးခံရသူကိုပြန်လည်ရွေးယူရာ၌ ငွေးကြေးသိန်းပေါင်း မြောက်များ စွာကို မြန်မာကျပ်ငွေအစား တရုတ်ငွေကြေးဖြင့် ပြန်လည်ရွေးယူရကြောင်း ဒေသခံများက ဆိုသည်။
“ပြန်ပေးဆွဲတဲ့အဖွဲ့တွေက စီးပွားရေးပေါ်မူတည်ပြီး ဆွဲသွားတာမျိုးတွေလည်းရှိတယ်။ တချို့ဆို သိန်းထောင်နဲ့ချီပြီး ရွေးခိုင်းတာမျိုးရှိတယ်။ တချို့ကြတော့လည်း ရာချီ၊ ဆယ်ချီထိရွေးခိုင်းတယ်။ တရုတ်ယွမ်နဲ့ဆို (၄)(၅)သိန်းတောင်းတာပေါ့။ မြန်မာငွေနဲ့ဆို သိန်းထောင်ချီပြီးတောင်းတာမျိုးရှိတယ်။ နယ်စပ်ဆိုတော့ အဓိက တရုတ်ငွေနဲ့ပြန်ရွေးခိုင်းတာပေါ့။ ရိုက်နှက်သတ်ပစ်တာမဟုတ်ဘူး။ သိန်းဘယ်လောက်ဆိုပြီး အိမ်ဝန်းထဲကိုစာပို့တာတို့ ဖုန်းနဲ့လာရွေးခိုင်းတာတို့ အဲဒီလိုမျိုးတွေရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်ကလည်း မူဆယ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်သာယာဈေးအနီးရှိ ဆေးခန်းတစ်ခုမှ ဒေါက်တာ မိုးကျော်အောင်ကို လက်နက်ကိုင်လူငယ်(၄)ဦးက ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေကျပ်သိန်း(၁၅၀၀)ဖြင့် ပြန်ပေးဆွဲသည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ဖူးသည်။
မူဆယ်မြို့တွင် တပ်မတော်နှင့်ပြည်သူ့စစ်အဖွဲ့များရှိနေသည့်အပြင် မြို့နှင့်အနီးတစ်ဝိုက်၌ SSPP/SSA၊ TNLA၊ AA၊ MNDAA၊ KIA နှင့် PDF အဖွဲ့များ များစွာရှိနေသော်လည်း ပြစ်မှုကျူး လွန်နေသည့်အဖွဲ့အစည်းကိုမူ လက်ရှိအချိန်ထိ ထိထိရောက်ရောက်ဖော်ထုတ်ဖမ်းနိုင်ခြင်းမရှိသေးကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
“ဒီမှာက လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အများကြီးပဲ။ လူမျိုးပေါင်းစုံနေတာပေါ့ဗျာ။ အဖွဲ့အစည်းကသာများနေတာ ဘယ်သူ့ကိုအဖေခေါ်ရမလဲမသိတဲ့အနေအထားပေါ့။ အဲဒီအပြင်ကိုမှ အကုန်လုံးက စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်။ ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေဆို ညနေ ၅နာရီ ၆နာရီဆိုပိတ်ကုန်ကြတယ်။ ဒါတွေကို ထိန်းချုပ်နိုင်မယ်လို့တော့မထင်ပါဘူး”ဟု ဒေသခံတစ်ဦးက ထပ်မံပြောသည်။
မူဆယ်မြို့တွင် ပြန်ပေးဆွဲလုယက်မှုများ၊ လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါးရောင်း ဝယ်သုံးစွဲမှုများအပြင် Online ငွေကြေးလိမ်လည်သည့် အဖွဲ့အစည်းများလည်းလက်ရှိအချိန်ထိ တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

zawgyi version
မူဆယ္ၿမိဳ႕တြင္ ျပန္ေပးဆြဲမႈျဖစ္စဥ္မ်ား ျမင့္တက္လာလ်က္ရွိၿပီး တ႐ုတ္ယြမ္ေငြ (၅)သိန္းထိ ေတာင္းရမ္းေသာျပန္ေပးဆြဲမႈမ်ား ျဖစ္ေပၚေန
သန႔္ဇင္ (NP News) - ဇြန္ ၇
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ျမန္မာ-တ႐ုတ္နယ္စပ္၊ မူဆယ္ၿမိဳ႕တြင္ ျပန္ေပးဆြဲမႈျဖစ္စဥ္မ်ား ျမင့္တက္လာလ်က္ရွိၿပီး တ႐ုတ္ယြမ္ေငြ (၅)သိန္းထိ ေတာင္းရမ္းေသာျပန္ေပးဆြဲမႈမ်ား ျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ျမန္မာ-တ႐ုတ္နယ္စပ္၊ မူဆယ္ၿမိဳ႕တြင္ ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလ ေနာက္ပိုင္းမွစတင္ကာ ျပန္ေပးဆြဲမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားလာခဲ့ၿပီး လက္ရွိအခ်ိန္ထိ တစ္လလွ်င္ျပန္ေပးဆြဲမႈ (၃)ႀကိမ္ထက္မနည္းျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။
“ျပန္ေပးဆြဲတာေတြက ခဏခဏဆိုသလိုျဖစ္ေနတာ။ ေနစဥ္ရက္ဆက္ႀကီးမဟုတ္ေတာင္ တစ္လကိုအနည္းဆုံး (၃)(၄)ခုေလာက္ ျဖစ္တယ္။ ဘယ္သူေတြကိုပစ္မွတ္ထားတယ္လို႔လည္းမဟုတ္ဘူး။ ေငြနည္းနည္းရွိရင္ ျပန္ေပးဆြဲတယ္။ လူႀကီးကိုဆြဲလို႔မရရင္ ကေလးေတြကိုေက်ာင္းသြား၊ ေက်ာင္းျပန္မွာဆြဲသြားတာမ်ိဳးေတြလည္းရွိတယ္။ အဲဒီေတာ့ ပိုက္ဆံရွိတဲ့ လူေတြက သူတို႔ကေလးေတြအတြက္ စိုးရိမ္ေနရတာေပါ့။ ၿပီးေတာ့ ျပန္ေပးဆြဲမယ့္အဖြဲ႕က အရင္ကတည္းက ဘယ္သူဘယ္လိုအေျခအေနရွိလဲလိုက္ၾကည့္ထားတာမ်ိဳးေတြရွိမွာေပါ့”ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက NP News သို႔ ေျပာသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ဇြန္လ ၂ရက္၊ ညေနပိုင္းကလည္း မူဆယ္ၿမိဳ႕၊ (၄)ရပ္ကြက္၊ ေ႐ႊသမင္ကုန္းဆင္းအနီးတြင္ေနထိုင္သည့္ လုပ္ငန္းရွင္အမ်ိဳးသားတစ္ဦးကို လက္နက္ကိုင္ေဆာင္လာသည့္ မ်က္ႏွာဖုံးစြပ္လူတစ္စုက ကားတစ္စီးျဖင့္ေရာက္ရွိလာကာ ျပန္ေပးဆြဲမႈ ျဖစ္ပြားခဲ့ဖူးသည္။ ထို႔ျပင္ ျပန္ေပးဆြဲခံရသည့္အတြက္ မိသားစုဝင္မ်ားအေနျဖင့္ ဖမ္းဆီးခံရသူကိုျပန္လည္ေ႐ြးယူရာ၌ ေငြးေၾကးသိန္းေပါင္း ေျမာက္မ်ား စြာကို ျမန္မာက်ပ္ေငြအစား တ႐ုတ္ေငြေၾကးျဖင့္ ျပန္လည္ေ႐ြးယူရေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“ျပန္ေပးဆြဲတဲ့အဖြဲ႕ေတြက စီးပြားေရးေပၚမူတည္ၿပီး ဆြဲသြားတာမ်ိဳးေတြလည္းရွိတယ္။ တခ်ိဳ႕ဆို သိန္းေထာင္နဲ႔ခ်ီၿပီး ေ႐ြးခိုင္းတာမ်ိဳးရွိတယ္။ တခ်ိဳ႕ၾကေတာ့လည္း ရာခ်ီ၊ ဆယ္ခ်ီထိေ႐ြးခိုင္းတယ္။ တ႐ုတ္ယြမ္နဲ႔ဆို (၄)(၅)သိန္းေတာင္းတာေပါ့။ ျမန္မာေငြနဲ႔ဆို သိန္းေထာင္ခ်ီၿပီးေတာင္းတာမ်ိဳးရွိတယ္။ နယ္စပ္ဆိုေတာ့ အဓိက တ႐ုတ္ေငြနဲ႔ျပန္ေ႐ြးခိုင္းတာေပါ့။ ႐ိုက္ႏွက္သတ္ပစ္တာမဟုတ္ဘူး။ သိန္းဘယ္ေလာက္ဆိုၿပီး အိမ္ဝန္းထဲကိုစာပို႔တာတို႔ ဖုန္းနဲ႔လာေ႐ြးခိုင္းတာတို႔ အဲဒီလိုမ်ိဳးေတြရွိတယ္”ဟု ၎ကဆက္လက္ေျပာသည္။ ၿပီးခဲ့သည့္ ဧၿပီလ ၉ ရက္ကလည္း မူဆယ္ၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္၊ စည္ပင္သာယာေဈးအနီးရွိ ေဆးခန္းတစ္ခုမွ ေဒါက္တာ မိုးေက်ာ္ေအာင္ကို လက္နက္ကိုင္လူငယ္(၄)ဦးက ဖမ္းဆီးေခၚေဆာင္သြားကာ ေငြက်ပ္သိန္း(၁၅၀၀)ျဖင့္ ျပန္ေပးဆြဲသည့္ ျဖစ္စဥ္လည္းျဖစ္ပြားခဲ့ဖူးသည္။
မူဆယ္ၿမိဳ႕တြင္ တပ္မေတာ္ႏွင့္ျပည္သူ႔စစ္အဖြဲ႕မ်ားရွိေနသည့္အျပင္ ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္၌ SSPP/SSA၊ TNLA၊ AA၊ MNDAA၊ KIA ႏွင့္ PDF အဖြဲ႕မ်ား မ်ားစြာရွိေနေသာ္လည္း ျပစ္မႈက်ဴး လြန္ေနသည့္အဖြဲ႕အစည္းကိုမူ လက္ရွိအခ်ိန္ထိ ထိထိေရာက္ေရာက္ေဖာ္ထုတ္ဖမ္းႏိုင္ျခင္းမရွိေသးေၾကာင္းလည္း ၎ကဆက္လက္ေျပာသည္။
“ဒီမွာက လက္နက္ကိုင္အဖြဲ႕အစည္းေတြကလည္း အမ်ားႀကီးပဲ။ လူမ်ိဳးေပါင္းစုံေနတာေပါ့ဗ်ာ။ အဖြဲ႕အစည္းကသာမ်ားေနတာ ဘယ္သူ႔ကိုအေဖေခၚရမလဲမသိတဲ့အေနအထားေပါ့။ အဲဒီအျပင္ကိုမွ အကုန္လုံးက စိုးရိမ္စိတ္ေတြနဲ႔ ေနေနရတယ္။ ေဆးဆိုင္ေတြနဲ႔ စတိုးဆိုင္ေတြဆို ညေန ၅နာရီ ၆နာရီဆိုပိတ္ကုန္ၾကတယ္။ ဒါေတြကို ထိန္းခ်ဳပ္ႏိုင္မယ္လို႔ေတာ့မထင္ပါဘူး”ဟု ေဒသခံတစ္ဦးက ထပ္မံေျပာသည္။
မူဆယ္ၿမိဳ႕တြင္ ျပန္ေပးဆြဲလုယက္မႈမ်ား၊ ေလာင္းကစားဝိုင္းမ်ားႏွင့္ မူးယစ္ေဆးဝါးေရာင္း ဝယ္သုံးစြဲမႈမ်ားအျပင္ Online ေငြေၾကးလိမ္လည္သည့္ အဖြဲ႕အစည္းမ်ားလည္းလက္ရွိအခ်ိန္ထိ တည္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။