ရတနာဂူအလယ်နန်းမှအခိုးခံရသော နာမည်ကျော်ရှေးဟောင်းနတ်ရုပ နှစ်ရုပ်ကို တိတ်တဆိတ်ပြန်ထားသွား၊ ကြောက်လန့်ကာ ပြန်ပို့ခြင်းဖြစ်မည်ဟု ယူဆထားကြ

 1827

သုတကျော် (NP News) - ‌ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ လက်ဝဲမြင်းတိုင်ရပ်ရှိ ရတနာဂူ အလယ်နန်းရင်းမှ ပျောက်ဆုံးသွားသော ရှေးဟောင်း နတ်ရုပ် ၂ ရုပ်ကို ပျောက်ဆုံးသွားသည့် ရက်မှ ၂ ပတ်ခန့်အကြာတွင် ခိုးယူသူများက နန်းထိန်း ကိုမင်း၏ အိမ်ရှေ့၌ တိတ်တဆိတ် ပြန်လည်ထားသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံးသွားသည့် နတ်ရုပ် ၂ ရုပ်မှာ ပုပ္ပါးမယ်တော်ရုပ်ထု နှင့် သခင်မသာ ရုပ်ထု ဖြစ်ပြီး မေလ ၂၄ ရက် နံနက်ပိုင်း ၅ နာရီခန့်က ပျောက်ဆုံးသွားခဲ့ပြီးနောက် ဇွန်လ ၇ ရက် နံနက် ၃ နာရီ အချိန်တွင် ပြန်တွေ့ရခြင်း ဖြစ်ကြောင်း နန်းထိန်း ကိုမင်းက NP News ကို ပြောသည်။ “ကျွန်တော်က အပေါ်ထပ်မှာ အိပ်တာပေါ့။ မနက်သုံးနာရီလောက်မှာ အပေါ့သွားချင်လို့ဆိုပြီး ဆင်းတဲ့အချိန် ကျွန်တော့်အိမ်ရှေ့မှာ နေ့ဆို ထိုင်ဖို့ခုံတန်းလျားချထားတာ ရှိတယ်။ အဲဒီအပေါ်မှာ ဂျပ်ဖာလေးနဲ့ ပုံတော်ကို စက္ကူနဲ့ပတ်ပြီး တင်ထားတာ တွေ့တာ။ စစတွေ့ချင်တော့ ပုံတော်မှန်း မသိဘူး ဘာလဲမသိဘူးဆိုပြီး သွားကြည့်မှ ပုံတော်မှန်းသိတာ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရုပ်ထု ၂ ခုကို မူလနေရာတွင် ပြန်လည်မထားသေးပဲ ဓလေ့အရ ချိုးတော်သုံးခြင်း နှင့် ရွှေပွန်းသည့် နေရာများကို ရွှေချမည်ဖြစ်ကာ လက်ရှိတွင် နန်းထိန်း ကိုမင်း၏ အိမ်၌အပူဇော်ခံထားရှိကြောင်း သိရသည်။ “ကျွန်တော့်အိမ်မှာ အပူဇော်ခံမယ်၊ ရွှေတွေဘာတွေချပြီးတော့မှ နယုန်လဆန်း ၁၂ ရက် (ဇွန်လ ၁၈ ရက်) မှာ အခမ်းအနားနဲ့ နန်းပေါ်ကို ပြန်ပင့်မယ်ပေါ့။ နယုန်လဆန်း ၁၃ ရက်၊ ၁၄ ရက်မှာ နှစ်စဉ်ရိုးရာ မယ်တော်ကြိုပွဲရှိတယ်။ တဆက်တည်း ကျင်းပမှာပေါ့။ အဲဒီလိုတော့ စီစဉ်ထားတယ်”ဟု နန်းထိန်းကိုမင်းက ဆိုသည်။ ပြန် လည်ရရှိသည့် ပုံတော်မှာ မူလလက်ရာပျက်ခြင်းမရှိသော်လည်း ရုပ်ထု ၂ ခု၏ မျက်နှာတွင် မူလထက် ရွှေပိုပွန်းကာ အောက်ခံပေါ်နေသည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။

“ကျွန်တော့်အထင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိသွားတော့ သူတို့လည်း ရောင်းလို့ မလွယ်ဘူးဗျာ။ ဒီပုံတော်ဆိုတာကလည်း ဘယ်နတ်ကတော်မှ ဝယ်ရဲမှာမဟုတ်ဘူး။ တစ်နိုင်ငံလုံးသိနေတဲ့ပုံတော် ဖြစ်နေတာလည်းပါမယ်၊ ကြောက်တာလည်းပါမယ်။ သူတို့ဆီလည်း အကြာကြီး မထားရဲဘူး ကြောက်လန့်ပြီး ပြန်ပို့တယ်လို့ ယူဆပါတယ်”ဟု နန်းထိန်း ကိုမင်းက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာရှိ အိမ်တွင်းဖခင်နတ်နန်းမှ ညောင်ရမ်းခေတ်လက်ရာ အိမ်တွင်းမင်းမဟာဂီရိနတ်ရုပ် အပါအဝင် နတ်ရုပ် (၇)ရုပ် ခိုးယူခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကာ ပျဉ်းပင်ရွှေချမယ် တော် နတ်နတ်နန်းတွင်လည်း တံခါးဖျက်ခံထားရသည်ကို တွေ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

zawgyi version
ရတနာဂူအလယ္နန္းမွအခိုးခံရေသာ နာမည္ေက်ာ္ေရွးေဟာင္းနတ္႐ုပ ႏွစ္႐ုပ္ကို တိတ္တ ဆိတ္ ျပန္ထားသြား၊ ေၾကာက္လန႔္ကာ ျပန္ပို႔ျခင္းျဖစ္မည္ဟု ယူဆထားၾက
သုတေက်ာ္ (NP News) - ‌ဇြန္ ၈

မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ငယ္တိုးေက်း႐ြာအုပ္စု၊ လက္ဝဲျမင္းတိုင္ရပ္ရွိ ရတနာဂူ အလယ္နန္းရင္းမွ ေပ်ာက္ဆုံးသြားေသာ ေရွးေဟာင္း နတ္႐ုပ္ ၂ ႐ုပ္ကို ေပ်ာက္ဆုံးသြားသည့္ ရက္မွ ၂ ပတ္ခန႔္အၾကာတြင္ ခိုးယူသူမ်ားက နန္းထိန္း ကိုမင္း၏ အိမ္ေရွ႕၌ တိတ္တဆိတ္ ျပန္လည္ထားသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေပ်ာက္ဆုံးသြားသည့္ နတ္႐ုပ္ ၂ ႐ုပ္မွာ ပုပၸါးမယ္ေတာ္႐ုပ္ထု ႏွင့္ သခင္မသာ ႐ုပ္ထု ျဖစ္ၿပီး ေမလ ၂၄ ရက္ နံနက္ပိုင္း ၅ နာရီခန႔္က ေပ်ာက္ဆုံးသြားခဲ့ၿပီးေနာက္ ဇြန္လ ၇ ရက္ နံနက္ ၃ နာရီ အခ်ိန္တြင္ ျပန္ေတြ႕ရျခင္း ျဖစ္ေၾကာင္း နန္းထိန္း ကိုမင္းက NP News ကို ေျပာသည္။ “ကြၽန္ေတာ္က အေပၚထပ္မွာ အိပ္တာေပါ့။ မနက္သုံးနာရီေလာက္မွာ အေပါ့သြားခ်င္လို႔ဆိုၿပီး ဆင္းတဲ့အခ်ိန္ ကြၽန္ေတာ့္အိမ္ေရွ႕မွာ ေန႔ဆို ထိုင္ဖို႔ခုံတန္းလ်ားခ်ထားတာ ရွိတယ္။ အဲဒီအေပၚမွာ ဂ်ပ္ဖာေလးနဲ႔ ပုံေတာ္ကို စကၠဴနဲ႔ပတ္ၿပီး တင္ထားတာ ေတြ႕တာ။ စစေတြ႕ခ်င္ေတာ့ ပုံေတာ္မွန္း မသိဘူး ဘာလဲမသိဘူးဆိုၿပီး သြားၾကည့္မွ ပုံေတာ္မွန္းသိတာ” ဟု ၎က ရွင္းျပသည္။

လက္ရွိတြင္ ႐ုပ္ထု ၂ ခုကို မူလေနရာတြင္ ျပန္လည္မထားေသးပဲ ဓေလ့အရ ခ်ိဳးေတာ္သုံးျခင္း ႏွင့္ ေ႐ႊပြန္းသည့္ ေနရာမ်ားကို ေ႐ႊခ်မည္ျဖစ္ကာ လက္ရွိတြင္ နန္းထိန္း ကိုမင္း၏ အိမ္၌အပူေဇာ္ခံထားရွိေၾကာင္း သိရသည္။ “ကြၽန္ေတာ့္အိမ္မွာ အပူေဇာ္ခံမယ္၊ ေ႐ႊေတြဘာေတြခ်ၿပီးေတာ့မွ နယုန္လဆန္း ၁၂ ရက္ (ဇြန္လ ၁၈ ရက္) မွာ အခမ္းအနားနဲ႔ နန္းေပၚကို ျပန္ပင့္မယ္ေပါ့။ နယုန္လဆန္း ၁၃ ရက္၊ ၁၄ ရက္မွာ ႏွစ္စဥ္႐ိုးရာ မယ္ေတာ္ႀကိဳပြဲရွိတယ္။ တဆက္တည္း က်င္းပမွာေပါ့။ အဲဒီလိုေတာ့ စီစဥ္ထားတယ္”ဟု နန္းထိန္းကိုမင္းက ဆိုသည္။ ျပန္ လည္ရရွိသည့္ ပုံေတာ္မွာ မူလလက္ရာပ်က္ျခင္းမရွိေသာ္လည္း ႐ုပ္ထု ၂ ခု၏ မ်က္ႏွာတြင္ မူလထက္ ေ႐ႊပိုပြန္းကာ ေအာက္ခံေပၚေနသည္ကို ေတြ႕ရေၾကာင္းလည္း ၎က ဆိုသည္။

“ကြၽန္ေတာ့္အထင္ေတာ့ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ သိသြားေတာ့ သူတို႔လည္း ေရာင္းလို႔ မလြယ္ဘူးဗ်ာ။ ဒီပုံေတာ္ဆိုတာကလည္း ဘယ္နတ္ကေတာ္မွ ဝယ္ရဲမွာမဟုတ္ဘူး။ တစ္ႏိုင္ငံလုံးသိေနတဲ့ပုံေတာ္ ျဖစ္ေနတာလည္းပါမယ္၊ ေၾကာက္တာလည္းပါမယ္။ သူတို႔ဆီလည္း အၾကာႀကီး မထားရဲဘူး ေၾကာက္လန႔္ၿပီး ျပန္ပို႔တယ္လို႔ ယူဆပါတယ္”ဟု နန္းထိန္း ကိုမင္းက ေျပာသည္။

ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလအတြင္းကလည္း စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္၊ လယ္ႀကီးေက်း႐ြာရွိ အိမ္တြင္းဖခင္နတ္နန္းမွ ေညာင္ရမ္းေခတ္လက္ရာ အိမ္တြင္းမင္းမဟာဂီရိနတ္႐ုပ္ အပါအဝင္ နတ္႐ုပ္ (၇)႐ုပ္ ခိုးယူခံရသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ကာ ပ်ဥ္းပင္ေ႐ႊခ်မယ္ ေတာ္ နတ္နတ္နန္းတြင္လည္း တံခါးဖ်က္ခံထားရသည္ကို ေတြ႕ရသည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေသးသည္။

Related news

© 2021. All rights reserved.