တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာမည်

 7614

သန့်ဇင် (NP News) - ဇွန် ၈

ယခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအပြင် ဧပြီလ နှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၁ ရက်၊ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့(ဇွန် ၈ ရက်)၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်သည့်အပြင် ယင်းနေ့နံနက် ၄နာရီမှစတင်ကာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယို အစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယခင်နှစ် ဇွန်လ ၉ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ)ဦး ရှိခဲ့ရာမှ အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ (၆၇ ဒသမ ၈၇) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

zawgyi version
တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို လာမည့္ ဇြန္လ ၁၁ ရက္တြင္ ထုတ္ျပန္ေၾကညာမည္
သန႔္ဇင္ (NP News) - ဇြန္ ၈


ယခုႏွစ္ မတ္လတြင္ က်င္းပခဲ့ေသာ တကၠသိုလ္ဝင္စာေမးပြဲအျပင္ ဧၿပီလ ႏွင့္ ေမလမ်ားတြင္ အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ က်င္းပေပးခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို ဇြန္လ ၁၁ ရက္၊ နံနက္ ၆ နာရီတြင္ ထုတ္ျပန္ေၾကညာသြားမည္ ျဖစ္ေၾကာင္း ျမန္မာ ႏိုင္ငံစာစစ္ဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ယေန႔(ဇြန္ ၈ ရက္)၊ နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ အဆိုပါ ေအာင္စာရင္းမ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္အသီးသီးရွိ စာစစ္ဌာနေက်ာင္းမ်ားတြင္ တစ္ခ်ိန္တည္းကပ္ထားမည္ျဖစ္သည့္အျပင္ ယင္းေန႔နံနက္ ၄နာရီမွစတင္ကာ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန Website ျဖစ္ေသာ www.myanmarexam.org တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေဝးလံေသာေဒသမ်ားရွိ စာစစ္ဌာနမ်ားႏွင့္ အင္တာနက္အဆက္အသြယ္ေကာင္းစြာ မရရွိေသာ စာစစ္ဌာနမ်ား၏ ေအာင္စာရင္းမ်ားကို ျမန္မာ့အသံေရဒီယို အစီအစဥ္မွလည္း ေအာင္စာရင္းထြက္သည့္ေန႔တြင္ ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းကို ယခင္ႏွစ္ ဇြန္လ ၉ရက္ေန႔ကထုတ္ျပန္ေၾကညာခဲ့ၿပီး ဝင္ေရာက္ေျဖဆိုသူ စုစုေပါင္း(၁၆၁၈၅ဝ)ဦး ရွိခဲ့ရာမွ ေအာင္ျမင္သူ (၁ဝ၉၈၅၁)ဦး ရွိခဲ့ျခင္းေၾကာင့္ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ (၆၇ ဒသမ ၈၇) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.