ဩစတြေးလျနိုင်ငံမှာ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရ

 195

ရောင်နီ (NP News) - ဇွန် ၉

ဩစတြေးလျနိုင်ငံမှာ အိန္ဒိယမှ ခရီးသွားပြီး ပြန်ရောက်လာတဲ့ အသက်နှစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်ခံရပြီး ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူဖို့ လိုအပ်တဲ့အထိ အခြေအနေပြင်းထန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန်လ (၇) ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ သြစတြေးလျမှာ ကြက်ငှက်တုပ်ကွေး A(H5N1) ဗိုင်းရပ်စ်ကြောင့် ပထမဆုံး အတည်ပြုရတဲ့ လူသား ကူးစက်မှုဖြစ်တယ်လို့ WHO က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ "ဒီကိစ္စမှာ ဗိုင်းရပ်စ် ထိတွေ့ရတဲ့ အရင်းအမြစ် ကို လောလောဆယ် မသိရသေးပေမယ့် ထိတွေ့မှုဖြစ်နိုင်ချေ အလားအလာရှိတာကတော့ အရင်က ငှက်တွေမှာ အုပ်လိုက် ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်ပွားဖူးတဲ့ အိန္ဒိယနိုင်ငံကို ခရီးသွားလာခဲ့ခြင်းပဲဖြစ်တယ်" လို့ ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီ ထပ်လောင်းပြောခဲ့ပါတယ်။

အဆိုပါမိန်းကလေးဟာ ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၉ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ ကာလကတ္တားကို ခရီးထွက်ခဲ့တာ ဖြစ်ပြီး အဲဒီမှာ ဖျားနာနေသူ (သို့မဟုတ်) တိရစ္ဆာန်တွေနဲ့ ထိတွေ့မှု တစ်စုံတစ်ရာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မိန်းကလေးဟာ မတ်လ ၁ ရက်မှာ သြစတြေးလျကို ပြန်လာခဲ့ပြီး နောက်တစ်နေ့မှာဖျားနာမှုကြောင့် ဗီတိုးရီးယားကြည်နယ်မှာ ဆေးရုံတင်ခဲ့ရပါဆယ်။ မတ်လ ၄ ရက်မှာ သူမဟာ ပြည်နယ်မြို့တော် မဲလ်ဘုန်းရှိ အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွှေ့ခဲ့ရပြီး သီတင်းနှစ်ပတ်ခွဲအကြာမှာ ဆေးရုံမှ ဆင်းနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ရောဂါပိုးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အိန္ဒိယအာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ဩစေၾတးလ်ႏိုင္ငံမွာ အသက္ ၂ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး H5N1 ၾကက္ငွက္တုပ္ေကြးေရာဂါ ကူးစက္ခံရ
ေရာင္နီ (NP News) - ဇြန္ ၉

ဩစေၾတးလ်ႏိုင္ငံမွာ အိႏၵိယမွ ခရီးသြားၿပီး ျပန္ေရာက္လာတဲ့ အသက္ႏွစ္ႏွစ္ခြဲအ႐ြယ္ မိန္းကေလးတစ္ဦး H5N1 ၾကက္ငွက္တုပ္ေကြးေရာဂါပိုး ကူးစက္ခံရၿပီး ေဆး႐ုံ အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသမႈခံယူဖို႔ လိုအပ္တဲ့အထိ အေျခအေနျပင္းထန္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ဇြန္လ (၇) ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ဒါဟာ ၾသစေၾတးလ်မွာ ၾကက္ငွက္တုပ္ေကြး A(H5N1) ဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံး အတည္ျပဳရတဲ့ လူသား ကူးစက္မႈျဖစ္တယ္လို႔ WHO က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ "ဒီကိစၥမွာ ဗိုင္းရပ္စ္ ထိေတြ႕ရတဲ့ အရင္းအျမစ္ ကို ေလာေလာဆယ္ မသိရေသးေပမယ့္ ထိေတြ႕မႈျဖစ္ႏိုင္ေခ် အလားအလာရွိတာကေတာ့ အရင္က ငွက္ေတြမွာ အုပ္လိုက္ ဗိုင္းရပ္စ္ကူးစက္မႈေတြျဖစ္ပြားဖူးတဲ့ အိႏၵိယႏိုင္ငံကို ခရီးသြားလာခဲ့ျခင္းပဲျဖစ္တယ္" လို႔ ကုလသမဂၢ က်န္းမာေရးေအဂ်င္စီ ထပ္ေလာင္းေျပာခဲ့ပါတယ္။

အဆိုပါမိန္းကေလးဟာ ေဖေဖာ္ဝါရီ ၁၂ ရက္မွ ၂၉ ရက္အတြင္း အိႏၵိယႏိုင္ငံ၊ ကာလကတၱားကို ခရီးထြက္ခဲ့တာ ျဖစ္ၿပီး အဲဒီမွာ ဖ်ားနာေနသူ (သို႔မဟုတ္) တိရစာၦန္ေတြနဲ႔ ထိေတြ႕မႈ တစ္စုံတစ္ရာေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။

မိန္းကေလးဟာ မတ္လ ၁ ရက္မွာ ၾသစေၾတးလ်ကို ျပန္လာခဲ့ၿပီး ေနာက္တစ္ေန႔မွာဖ်ားနာမႈေၾကာင့္ ဗီတိုးရီးယားၾကည္နယ္မွာ ေဆး႐ုံတင္ခဲ့ရပါဆယ္။ မတ္လ ၄ ရက္မွာ သူမဟာ ျပည္နယ္ၿမိဳ႕ေတာ္ မဲလ္ဘုန္းရွိ အထူးၾကပ္မတ္ကုသေဆာင္ကို ေျပာင္းေ႐ႊ႕ခဲ့ရၿပီး သီတင္းႏွစ္ပတ္ခြဲအၾကာမွာ ေဆး႐ုံမွ ဆင္းႏိုင္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ေၾကာင့္ ေရာဂါပိုးနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ အိႏၵိယအာဏာပိုင္ေတြကိုလည္း အေၾကာင္းၾကားထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.