နာရီပိုင်းအတွင်း သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် အထူးသတိပြုနေထိုင်ရန် မိုးဇလအသိပေး

1800

ယွန်း (NP News) - ဇွန် ၉
နာရီပိုင်းအတွင်း သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် အထူးသတိပြု နေထိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ယနေ့(ဇွန် ၉ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ နံနက်(၉)နာရီ ၃ဝ မိနစ်အချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် ၂ ပေ ကျော်တွင် ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါမြစ်ရေသည် နောက်(၆)နာရီအတွင်း မြတီမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုးဇလက ဆိုထားသည်။
မြဝတီမြို့၌ ပြီးခဲ့သည့် ဇွန် ၆ ရက်မှစ၍ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး ဇွန်လ(၈)ရက် ညပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“မိုးဆက်တိုက်ရွာတော့ တောင်ကျချောင်းရေတွေကျပြီး အဲဒီလိုဖြစ်တာ။ တောင်ကျရေကျရင် အဲဒီလိုဖြစ်တတ်ပါ တယ်။ အခုတော့ ပြန်ကျနေပါပြီ။ ကားတွေလည်းဖြတ်လို့ရပြီ မိုးလည်းတိတ်နေတယ်။ ဒေသခံတွေ ပြောင်းရရွှေ့ရ တာလည်း မရှိသေးဘူး။ ရေကတော့ နှစ်တိုင်းတက်နေကြပေါ့။ ၂ဝ၁၃ ခုနှစ်လောက်ကတော့ ရေပိုကြီးတယ်။ အခုက မြစ်ရေတက်တာမဟုတ်တော့ မြစ်ဘေးက လူတွေတောင် မပြောင်းရသေးဘူး” ဟု မြဝတီမြို့ရှိ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် မြဝတီမြိုပေါ်ရှိ အဓိကလမ်းမကြီးအချို့နှင့် ရပ်ကွက်အချို့တွင် ရေလျှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
နာရီပိုင္းအတြင္း ေသာင္ရင္းျမစ္ေရသည္ ျမဝတီၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ျခင္းေၾကာင့္ အထူးသတိျပဳေနထိုင္ရန္ မိုးဇလအသိေပး
ယြန္း (NP News) - ဇြန္ ၉
နာရီပိုင္းအတြင္း ေသာင္ရင္းျမစ္ေရသည္ ျမဝတီၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ျခင္းေၾကာင့္ အထူးသတိျပဳ ေနထိုင္ရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ ၾကားမႈဦးစီးဌာနက ယေန႔(ဇြန္ ၉ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။
မိုးဇလ၏ နံနက္(၉)နာရီ ၃ဝ မိနစ္အခ်ိန္ တိုင္းထြာခ်က္အရ ေသာင္ရင္းျမစ္ေရသည္ ျမဝတီၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ ေရမွတ္ေအာက္ ၂ ေပ ေက်ာ္တြင္ ေရာက္ရွိေနေၾကာင္း သိရသည္။
အဆိုပါျမစ္ေရသည္ ေနာက္(၆)နာရီအတြင္း ျမတီၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ေရာက္ရွိႏိုင္ၿပီး ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ ပိုင္းတြင္ ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ရန္ မိုးဇလက ဆိုထားသည္။
ျမဝတီၿမိဳ႕၌ ၿပီးခဲ့သည့္ ဇြန္ ၆ ရက္မွစ၍ မိုးဆက္တိုက္႐ြာသြန္းမႈေၾကာင့္ ေတာင္က်ေခ်ာင္းေရမ်ား က်ဆင္းၿပီး ဇြန္လ(၈)ရက္ ညပိုင္းမွစ၍ ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
“မိုးဆက္တိုက္႐ြာေတာ့ ေတာင္က်ေခ်ာင္းေရေတြက်ၿပီး အဲဒီလိုျဖစ္တာ။ ေတာင္က်ေရက်ရင္ အဲဒီလိုျဖစ္တတ္ပါ တယ္။ အခုေတာ့ ျပန္က်ေနပါၿပီ။ ကားေတြလည္းျဖတ္လို႔ရၿပီ မိုးလည္းတိတ္ေနတယ္။ ေဒသခံေတြ ေျပာင္းရေ႐ႊ႕ရ တာလည္း မရွိေသးဘူး။ ေရကေတာ့ ႏွစ္တိုင္းတက္ေနၾကေပါ့။ ၂ဝ၁၃ ခုႏွစ္ေလာက္ကေတာ့ ေရပိုႀကီးတယ္။ အခုက ျမစ္ေရတက္တာမဟုတ္ေတာ့ ျမစ္ေဘးက လူေတြေတာင္ မေျပာင္းရေသးဘူး” ဟု ျမဝတီၿမိဳ႕ရွိ ေဒသခံ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါေရႀကီးေရလွ်ံမႈေၾကာင့္ ျမဝတီၿမိဳေပၚရွိ အဓိကလမ္းမႀကီးအခ်ိဳ႕ႏွင့္ ရပ္ကြက္အခ်ိဳ႕တြင္ ေရလွ်ံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။