အင်ဒိုနီးရှားမှာ အမျိူးသမီးတစ်ဦး စပါးအုံးမြွေမျိုခံရမှုဖြစ်ပွား

2211

ရောင်နီ (NP News) - ဇွန် ၁ဝ
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းမှာ အမျိုးသမီးတစ်ဦး တစ်ကိုယ်လုံး စပါးအုံးမြွေ မျိုချခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ တယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက ဇွန် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၄၅ နှစ် အရွယ်အမျိုးသမီးဖြစ်ပြီး ဆူလာဝီစီ ပြည်နယ်၊ တောင်ပိုင်း၊ ကန်လန်ပန် ကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။
သူမရဲ့အလောင်းကို ၅ မီတာ အရှည်ရှိ reticulated စပါးအုံးမြွေရဲ့ ခန္ဓာကိုယ် ဝမ်းဗိုက်ထဲမှာ ဇွန်လ ၇ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသမီးဟာ ဇွန်လ ၆ ရက် ညပိုင်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ရွာသားတွေက ရှာဖွေမှုတွေပြုလုပ်ခဲ့ရာ နောက်ပိုင်းမှာ ဝမ်းဗိုက်ဖောင်းပြီး မရွေ့နိုင်ဖြစ်နေတဲ့ စပါးကြီးမြွေကိုတွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရွာသားတွေက စပါးအုံးမြွေရဲ့ အစာအိမ်ဝမ်းဗိုက်ကို ဖောက်ထုတ်ကြည့်ဖို့ သဘာတူခဲ့ ကြပြီး ဝမ်းဗိုက်ကို စဖောက်ချိန်မှာပဲ သေဆုံးသူ အမျိုးသမီးရဲ့ဦးခေါင်းကို ချက်ချင်း မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
မြွေမှ လူကို မျိုခြင်းဖြစ်ရပ်ဟာ ရှားပါးတယ်လို့ ဆိုနိုင်ပေမယ့် အင်ဒိုနီးရှားမှာတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အလားတူဖြစ်ရပ်နဲ့ လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားမွာ အမ်ိဴးသမီးတစ္ဦး စပါးအုံးေႁမြမ်ိဳခံရမႈျဖစ္ပြား
ေရာင္နီ (NP News) - ဇြန္ ၁ဝ
အင္ဒိုနီးရွားႏိုင္ငံ အလယ္ပိုင္းမွာ အမ်ိဳးသမီးတစ္ဦး တစ္ကိုယ္လုံး စပါးအုံးေႁမြ မ်ိဳခ်ခံရၿပီး ေသဆုံးမႈ ျဖစ္ပြားခဲ့ တယ္လို႔ ေဒသဆိုင္ရာတာဝန္ရွိသူတစ္ဦးက ဇြန္ ၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ေသဆုံးသူဟာ အသက္ ၄၅ ႏွစ္ အ႐ြယ္အမ်ိဳးသမီးျဖစ္ၿပီး ဆူလာဝီစီ ျပည္နယ္၊ ေတာင္ပိုင္း၊ ကန္လန္ပန္ ေက်း႐ြာမွာ ေနထိုင္သူျဖစ္ပါတယ္။
သူမရဲ႕အေလာင္းကို ၅ မီတာ အရွည္ရွိ reticulated စပါးအုံးေႁမြရဲ႕ ခႏၶာကိုယ္ ဝမ္းဗိုက္ထဲမွာ ဇြန္လ ၇ ရက္က ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။ အမ်ိဳးသမီးဟာ ဇြန္လ ၆ ရက္ ညပိုင္းက ေပ်ာက္ဆုံးသြားခဲ့တာျဖစ္ၿပီး ႐ြာသားေတြက ရွာေဖြမႈေတြျပဳလုပ္ခဲ့ရာ ေနာက္ပိုင္းမွာ ဝမ္းဗိုက္ေဖာင္းၿပီး မေ႐ြ႕ႏိုင္ျဖစ္ေနတဲ့ စပါးႀကီးေႁမြကိုေတြ႕ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ ႐ြာသားေတြက စပါးအုံးေႁမြရဲ႕ အစာအိမ္ဝမ္းဗိုက္ကို ေဖာက္ထုတ္ၾကည့္ဖို႔ သဘာတူခဲ့ ၾကၿပီး ဝမ္းဗိုက္ကို စေဖာက္ခ်ိန္မွာပဲ ေသဆုံးသူ အမ်ိဳးသမီးရဲ႕ဦးေခါင္းကို ခ်က္ခ်င္း ျမင္ေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။
ေႁမြမွ လူကို မ်ိဳျခင္းျဖစ္ရပ္ဟာ ရွားပါးတယ္လို႔ ဆိုႏိုင္ေပမယ့္ အင္ဒိုနီးရွားမွာေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အလားတူျဖစ္ရပ္နဲ႔ လူေသဆုံးမႈေတြ ရွိခဲ့ပါတယ္။