ထောင်စုနှစ်ရည်မှန်းချက်များ (Goals to beyound 2000) (ဆောင်းပါး)

 485

ဒေါက်တာ လွင်သန့် (NP News) - ဇွန် ၁၀

ကမ္ဘာ့ကုလသမဂ္ဂရဲ့ထောင်စုနှစ်ရည်မှန်းချက်(၈)ရပ်မှာ ‘‘(၁)အလွန်အမင်းဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါး မှု တိုက်ဖျက်ရေး၊ (၂) ကမ္ဘာတစ်ဝန်း မူလတန်းအရွယ်ကလေးငယ်တိုင်း ပညာသင်ကြား ခွင့်ရရေး၊ (၃) လိင်ခွဲခြား ဆက်ဆံမှုပပျောက်ရေးနှင့် အမျိုးသမီးဘဝမြှင့်တင်ပေးရေး၊ (၄)ကလေးငယ်များ သေဆုံးနှုန်းလျှော့ချရေး၊ (၅)မိခင်များ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးနိုင်ရေး၊ (၆) HIV, AIDS, တီဘီ၊ ငှက်ဖျားနှင့် အခြား အဓိကရောဂါဆိုး ကြီးများတိုက်ဖျက်ရေး၊ (၇)သဘာဝထက်မကျော်လွန် အောင်ထုတ်ယူသုံးစွဲရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝ ပတ်ဝန်းကျင်ကောင်းထိန်းသိမ်းရေး၊ (၈)ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှု ကောင်းများထူထောင်ရေး” ဆိုတဲ့ရည်မှန်းချက်တို့ဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ ဆက်လက်ဖော်ဆောင်နေဆဲဖြစ်တယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ နှစ်စဉ် မိမိတို့လုပ် ငန်းများကိုပြန်လည်ဆန်းစစ်‌နေပြီး လိုအပ်သည်များ ထုတ်ဖော်ခဲ့ကြရာ တွေ့ရှိရတဲ့ ကျန်းမာရေးစိန်ခေါ်မှု‌ တွေက (က) ဆင်းရဲခြင်း (ခ) ဆင်းရဲစွာနေထိုင်ရတဲ့ အခြေအနေ (ဂ) ပညာရေးချို့တဲ့မှု (ဃ) စာမတတ်ခြင်း (င) ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက် မရရှိခြင်း (စ) ကျန်းမာရေးနဲ့ပတ်သက်ပြီးဆုံးဖြတ် ချက်မချနိုင်ခြင်းတို့ဖြစ်တယ်။ လူသားတို့ဘဝအဆင့် အတန်းမြင့်မားဖို့ ကျန်းမာရေးမြှင့်တင်ဖို့နဲ့ ကျန်းမာ ရေးစနစ်တွေ ခေတ်နဲ့အညီရှိဖို့ တူညီတဲ့ရည်မှန်းချက် ကဏ္ဍအသီးသီး တာဝန်ယူကာ အပြန်အလှန် နားလည်မှုသဘောထားရယူပြီး အစိုးရအဖွဲ့စည်းနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ(အင်ဂျီအို)တို့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်လာပါတယ်။

ဖွံ့ဖြိုးမှုကိုတားဆီးတဲ့ နိုင်ငံရေးထောင် ချောက်(၄)မျိုးရှိတယ်လို့ အမေရိကန်ပြည်ထောင်စုမှ စီပွားရေးပညာရှင် ပေါကော်လီးယား (Paul Colliear) ကဆိုထားတယ်။ ပြည်တွင်းစစ်ထောင်ချောက်၊ နိုင်ငံတွင်း သယံဇာတထောင် ချောက်၊ ဆိုးရွားတဲ့အိမ်နီးချင်း နိုင်ငံကြားပိတ်မိနေတဲ့ထောင်ချောက်၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ထောင်ချောက် (၄) မျိုးထဲက မလွတ် ထွက်နိုင်ကြဘူးလို့ဆိုတယ်။

ပြည်တွင်းစစ်ထောင်ချောက်က နိုင်ငံများစွာရင်ဆိုင်ခဲ့ကြရတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ရင်ဆိုင်ခဲ့ကြရာမှာ နှစ်ဖက် လူသေဆုံးမှု တစ်ထောင်ထက်ပိုရင် အဆိုပါသေဆုံးမှုတွေထဲက သူ့ဘက်ကိုယ့်ဘက်သေဆုံးမှု အနည်းဆုံး(၅)ရာခိုင်နှုန်း ပါဝင်နေရင် ပြည်တွင်းစစ်လို့ခေါ်တယ်။ ဘယ်အချက်တွေကပြည်တွင်း စစ်ဖြစ်ရသလဲဆိုရင် ဝင်‌ငွေနည်းပါးဆင်းရဲခြင်း၊ ဖွံ့ဖြိုး မှုမရှိခြင်း၊ စီးပွားရေးရပ်တန့်(သို့)ဆုတ်ယုတ်နေခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ လူမျိုး‌ရေးတင်းမာလာခြင်း တို့က ပြည်သူအချို့ သူပုန်ဘက်ပါအောင်ဆွဲဆောင်ဖို့ လွယ်ကူသွားတယ်ဆိုတယ်။

အာဖရိကတိုက်ရှိ ဇိုင်ယာနိုင်ငံမှ သူပုန်ခေါင်းဆောင်ကက်ဘီလာက အာဏာသိမ်းဖို့လိုအပ်တာ ဒေါ်လာ တစ်သောင်းနဲ့ လက်နက်ပဲလို့ဆိုတယ်။ လူတွေကဆင်းရဲတယ်။‌ လျှော့ဈေးနဲ့စစ်သားစုဆောင်း နိုင်တယ်။ ဂြိုဟ်တုဖုန်းက သယံဇာတထုတ်ယူမယ့် ကုမ္ပဏီနဲ့ဆက်သွယ်ပြီး ငွေကြေးသန်းငါးရာအပေး အယူတစ်ခု၊ လက်နက်ဝယ်မယ့် အရောင်း အဝယ်တစ် ခုလုပ်ကိုင်နိုင်မယ်။ အဲဒီငွေနဲ့ ခေါင်းဆောင်က အာဏာရလာတယ်။ အိုင်းရစ်တို့ မြောက်အိုင်ယာလန် လွတ်မြောက်ရေးအတွက် အမေရိကန်ရောက်အိုင်ယာ လန်တို့က ငွေကြေးထောက်ပံ့ပေးနေတယ်။ တမီးလ် ဘိုင်းဂါးကို၊ ကနေဒါရောက် တမီးလ်လူမျိုးတွေ ထောက်ပံ့ပေးနေတယ်။ အစ္စလာမ်ခွဲထွက်‌ရေးအဖွဲ့ (ISIS)ဟာ အီရတ်စစ်သည် ထောင်ပေါင်းများစွာပါ ဝင်နေပြီး၊ တာဂရစ်မြို့ကို ဝင်ရောက်သိမ်းပိုက်ကာ ဘဏ်မှရွှေတန်ချိန်ပေါင်းများစွာရယူကာ စစ်သည်များကို လစာပေး၊ အစာကျွေးနိုင်တယ်။ အမေရိကန်မှ မောင်းသူမဲ့လေယာဉ်နဲ့ စစ်ဆင်နေတဲ့တိုင်အောင် အဆိုပါဒေသမှလူတွေဟာ (ISIS) အဖွဲ့ဝင်တွေဖြစ် လာခဲ့တယ်။ ခေတ်သစ်ဆီးရီးယားမှာ ရှီယိုက်အစိုးရနဲ့ ဆွန်နီအတိုက် အခံတို့ ခြောက်နှစ်ကျော်တိုက်နေတယ်။

သယံဇာတနဲ့ဆိုင်တဲ့ပြည်တွင်းစစ်ကို အင်ဂိုလာနိုင်ငံမှာတွေ့ရတယ်။ အစိုးရက ရေနံပိုင်ပြီး၊ သူပုန်က စိန်ပိုင် တယ်။ ပြည်တွင်းစစ်အခြေအနေက စိန်ဈေးနဲ့ လိုက်နေတဲ့ ရေနံဈေးနှုန်းပေါ်မူတည်နေတယ်။

သယံဇာတကျိန်စာ(သို့)ဒတ်ချ်ရောဂါလို့ခေါ်ကြတယ်။ နယ်သာလန်မှာသဘာဝဓာတ်ငွေ့စတင်တွေ့ရှိပြီးနောက် တခြားစီးပွားရေးဆောင်ရွက်မှုထက် အကျိုးအမြတ်ပိုရတဲ့အခါ တခြားစီးပွားရေး နောက်ကျကျန်ရစ်ကာ အဆင့်နိမ့်စေခဲ့ တယ်။ နိုင်ဂျီးရီးယားမှာ ရေနံဝင်ငွေများလာတဲ့အခါ တခြားပြည်ပပို့ကုန်ဖြစ်တဲ့ မြေပဲနဲ့ကိုကိုး ထုတ်လုပ်မှုလျင်မြန်စွာ ပြိုကွဲသွားတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆုံးရှုံးတော့ လယ်သမားတွေထိခိုက်နစ်နာရပါတယ်။ ရေနံကလွဲပြီးဖြစ် နိုင်ခြေရှိတဲ့ ထုတ်လုတ်မှုတွေရပ်သွားတော့ အလုပ်လက်မဲ့များတာတယ်၊ ဝင်ငွေနည်းလာတယ် အရင် ဈေးကွက်ပြန်ထိုးဖောက်ဖို့ ခက်လာတယ်။

အိမ်နီးချင်းနိုင်ငံကြားပိတ်မိတဲ့ ထောင်ချောက်ကတော့ ဥပမာ ဆွစ်ဇာလန်နိုင်ငံဟာ ဂျာမနီနဲ့အီတလီကြား ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမယ့် အိမ်နီးချင်း ကောင်းတဲ့အတွက် သူရဲ့ပို့ကုန်ကိုအဆိုပါနိုင်ငံတွေက တစ်ဆင့်ပို့နိုင်တယ်။ ကြီးမားတဲ့ဈေးကွက်လည်းရတယ်။ ထိုင်းနိုင်ငံနယ်စပ်ရှိ ကမ္ဘောဒီးယားဘုရား ကျောင်းကိစ္စရပ်ကြောင့် ကမ္ဘောဒီးယား-ထိုင်းစစ်ပွဲဖြစ်ပြီး ကမ္ဘောဒီးယားပစ္စည်းတွေမတင်ပို့နိုင်၊ ဗီယက်နမ်ဘက်ကလည်း ပိုပေါ့အစိုးရတိုက်ထုတ်ပြီး ကိုလိုနီကျွန် ပြုခဲ့တဲ့အရှိန်နဲ့ ဆက်ဆံမှုမကောင်းမွန်တော့ ကမ္ဘောဒီးယားဈေးကွက်ပျက်ရတယ်။ နိုင်ငံသားတွေ တခြားနိုင်ငံတွေကို ရေကြည်ရာမြက်နုရာ လုပ်ကိုင်ဖို့စွန့်ခွာလာကြတယ်။

စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အစိုးရထောင်‌ချောက်က နိုင်ငံကို ဆင်းရဲတွင်းခပ်နက်နက်ထိဆွဲခေါ်သွား တော့တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအပေါ်အများဆုံး (၁၀) ရာခိုင်နှုန်းအထိသာ တိုးတက်အောင်ဆောင်ရွက် နိုင်ပေမယ့် စီးပွားရေး ကျဆင်းပြီဆိုရင် ချောက်ထဲကျ သွားတဲ့အထိကမ်းမမြင် လမ်းမမြင်နိုင်ဘူး။ အာဖရိက ချတ်ဒ်နိုင်ငံနဲ့ အာရှက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ယှဉ်ကြည့်ရင် စီမံကိန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက အနည်းငယ်သာပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆိုးရွားခဲ့တဲ့ထောင်ချောက် (၄)ရပ်နဲ့ မကင်းခဲ့ပါဘူး။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ငှက်ဖျား၊ တီဘီ၊ HIV စတဲ့ရောဂါဆိုးကြီး သိသာစွာ လျော့ပါးကျဆင်းသွားရေး၊ မကူးစက်နိုင်တဲ့ရောဂါ တွေထဲကမှ ခေါင်းထောင် လာတဲ့ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါစတဲ့ အသက်အန္တ ရာယ်အများဆုံးပေးနိုင်တဲ့ရောဂါတွေ စောင့်ရှောက်ရေးမှာ ကျန်းမာရေးစောင့်ရှောက်မှုကိုကုသရုံတစ်ခုတည်းနဲ့မပြီးဘဲ ပညာပေးမှု ကြိုတင်ကာကွယ် ထိန်း ချုပ်မှုစတဲ့အပိုင်းတွေမှာ ဟန်ချက်ညီဆောင်ရွက်နိုင်မှ အဆင့်တန်းမြင့်မားလာဖို့ရှိတယ်။ (၂၀၂၀-၂၀၂၁) ကမ္ဘာ့ကို ဗစ်ကပ် ရောဂါကြောင့် ကူးစက်‌သေဆုံးမှုမှာ မြန်မာက အာဆီယံမှာ တတိယချိတ်ပါတယ်။ ကိုဗစ်ကြိုတင် ကာကွယ် ဆေး ထိုးနှံနေပြီဖြစ်တယ်။

ကျေးလက်နဲ့မြို့ပြ ကျန်းမာရေးအဆင်း အတန်းကွာဟမှု အနည်းဆုံးဖြစ်အောင် ကူညီပေးကြရမယ်။ ကျန်းမာရေးနဲ့ဆက်နွှယ်နေတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ကူညီပေးသင့်တယ်။ ကျန်းမာရေး အဆင့်အတန်းမြှင့်တင်ပေးပြီး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း နည်းလမ်း တကျရှိဖို့လိုအပ်ပါတယ်။ ဆင်းရဲမွဲ တေမှုလျှော့ချနိုင်ရမယ်။ အသက်‌မွေးဝမ်းကျောင်းပညာတစ်ခုခုသင်ပေးပြီး လူတစ်ဦးချင်းဝင်ငွေတိုးတက်စေသင့်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတဲ့သဘာဝပတ်ဝန်း ကျင်ဟာ ပြန်လည်မစိုက်ပျိုး၊ မထိန်းသိမ်းနိုင်ရင် နောက်မျိုး ဆက်တွေနဲ့ သဲကန္တာရသာကျန်ရစ်မှာ ဖြစ်တယ်။ သစ်တောပြုန်းတီးလို့ ရာသီဥတုပြောင်းလဲ လာမှုကိုကာကွယ်ဖို့ သစ်ပင်တွေအစားထိုးစိုက်ပျိုး သင့်တယ်။လူတစ်ဦးချင်းဝင်ငွေ နေ့စဉ်နှစ်ဒေါ်လာနဲ့အထက်ရှိသင့်တယ်။ မြန်မာနိုင်ငံမှာ (၂၀၁၂-၁၃)ခုနှစ်ကစပြီး ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်လို့ အင်ဂျီအိုအဖွဲ့အသီးသီးတို့နဲ့ချိတ်ဆက်ပြီး နိုင်ငံသားတို့ရဲ့ ကျန်းမာရေး ပိုမိုတိုးမြှင့်လုပ်ဆောင်လာပြီပဲဖြစ်တယ်။

ပြည်သူ့ကျန်းမာရေး အဆင့်အတန်းမြင့်မားလာဖို့ ထောင်စုနှစ်ရည်မှန်းချက်တွေ အကောင်ထည် ဖော်နိုင်ဖို့‌၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့အင်ဂျီအို၊ အစိုးရမဟုတ်တဲ့အဖွဲ့တို့အပြင် ဒေသအာဏာပိုင်တွေကလည်း ကူညီပေးဖို့ လိုအပ် လာပါတယ်။

zawgyi version
ေထာင္စုႏွစ္ရည္မွန္းခ်က္မ်ား (Goals to beyound 2000) (ေဆာင္းပါး)
ေဒါက္တာ လြင္သန္႔ (NP News) - ဇြန္ ၁၀

ကမာၻ႔ကုလသမဂၢရဲ႕ေထာင္စုႏွစ္ရည္မွန္းခ်က္(၈)ရပ္မွာ ‘‘(၁)အလြန္အမင္းဆင္းရဲမြဲေတမႈႏွင့္ ငတ္မြတ္ေခါင္းပါး မႈ တိုက္ဖ်က္ေရး၊ (၂) ကမာၻတစ္ဝန္း မူလတန္းအ႐ြယ္ကေလးငယ္တိုင္း ပညာသင္ၾကား ခြင့္ရေရး၊ (၃) လိင္ခြဲျခား ဆက္ဆံမႈပေပ်ာက္ေရးႏွင့္ အမ်ိဳးသမီးဘဝျမႇင့္တင္ေပးေရး၊ (၄)ကေလးငယ္မ်ား ေသဆုံးႏႈန္းေလွ်ာ့ခ်ေရး၊ (၅)မိခင္မ်ား အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ပိုမိုေပးႏိုင္ေရး၊ (၆) HIV, AIDS, တီဘီ၊ ငွက္ဖ်ားႏွင့္ အျခား အဓိကေရာဂါဆိုး ႀကီးမ်ားတိုက္ဖ်က္ေရး၊ (၇)သဘာဝထက္မေက်ာ္လြန္ ေအာင္ထုတ္ယူသုံးစြဲေရးႏွင့္ ျပန္လည္ျပည့္ၿဖိဳးၿမဲ သဘာဝ ပတ္ဝန္းက်င္ေကာင္းထိန္းသိမ္းေရး၊ (၈)ဖြံ႕ၿဖိဳးတိုးတက္မႈေဖာ္ေဆာင္ေရးအတြက္ ကမာၻတစ္ဝန္း ပူးေပါင္းေဆာင္႐ြက္မႈ ေကာင္းမ်ားထူေထာင္ေရး” ဆိုတဲ့ရည္မွန္းခ်က္တို႔ျဖစ္ၿပီး ၂၀၂၅ ခုႏွစ္အထိ ဆက္လက္ေဖာ္ေဆာင္ေနဆဲျဖစ္တယ္။

ကမာၻ႔ႏိုင္ငံအသီးသီးမွ ႏွစ္စဥ္ မိမိတို႔လုပ္ ငန္းမ်ားကိုျပန္လည္ဆန္းစစ္‌ေနၿပီး လိုအပ္သည္မ်ား ထုတ္ေဖာ္ခဲ့ၾကရာ ေတြ႕ရွိရတဲ့ က်န္းမာေရးစိန္ေခၚမႈ‌ ေတြက (က) ဆင္းရဲျခင္း (ခ) ဆင္းရဲစြာေနထိုင္ရတဲ့ အေျခအေန (ဂ) ပညာေရးခ်ိဳ႕တဲ့မႈ (ဃ) စာမတတ္ျခင္း (င) က်န္းမာေရးဆိုင္ရာသတင္းအခ်က္အလက္ မရရွိျခင္း (စ) က်န္းမာေရးနဲ႔ပတ္သက္ၿပီးဆုံးျဖတ္ ခ်က္မခ်ႏိုင္ျခင္းတို႔ျဖစ္တယ္။ လူသားတို႔ဘဝအဆင့္ အတန္းျမင့္မားဖို႔ က်န္းမာေရးျမႇင့္တင္ဖို႔နဲ႔ က်န္းမာ ေရးစနစ္ေတြ ေခတ္နဲ႔အညီရွိဖို႔ တူညီတဲ့ရည္မွန္းခ်က္ က႑အသီးသီး တာဝန္ယူကာ အျပန္အလွန္ နားလည္မႈသေဘာထားရယူၿပီး အစိုးရအဖြဲ႕စည္းနဲ႔ အစိုးရမဟုတ္တဲ့အဖြဲ႕အစည္းမ်ား(အင္ဂ်ီအို)တို႔ပူးေပါင္းေဆာင္႐ြက္ဖို႔လိုအပ္လာပါတယ္။

ဖြံ႕ၿဖိဳးမႈကိုတားဆီးတဲ့ ႏိုင္ငံေရးေထာင္ ေခ်ာက္(၄)မ်ိဳးရွိတယ္လို႔ အေမရိကန္ျပည္ေထာင္စုမွ စီပြားေရးပညာရွင္ ေပါေကာ္လီးယား (Paul Colliear) ကဆိုထားတယ္။ ျပည္တြင္းစစ္ေထာင္ေခ်ာက္၊ ႏိုင္ငံတြင္း သယံဇာတေထာင္ ေခ်ာက္၊ ဆိုး႐ြားတဲ့အိမ္နီးခ်င္း ႏိုင္ငံၾကားပိတ္မိေနတဲ့ေထာင္ေခ်ာက္၊ စီမံခန႔္ခြဲမႈ ညံ့ဖ်င္းတဲ့ေထာင္ေခ်ာက္ (၄) မ်ိဳးထဲက မလြတ္ ထြက္ႏိုင္ၾကဘူးလို႔ဆိုတယ္။

ျပည္တြင္းစစ္ေထာင္ေခ်ာက္က ႏိုင္ငံမ်ားစြာရင္ဆိုင္ခဲ့ၾကရတယ္။ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ရင္ဆိုင္ခဲ့ၾကရာမွာ ႏွစ္ဖက္ လူေသဆုံးမႈ တစ္ေထာင္ထက္ပိုရင္ အဆိုပါေသဆုံးမႈေတြထဲက သူ႔ဘက္ကိုယ့္ဘက္ေသဆုံးမႈ အနည္းဆုံး(၅)ရာခိုင္ႏႈန္း ပါဝင္ေနရင္ ျပည္တြင္းစစ္လို႔ေခၚတယ္။ ဘယ္အခ်က္ေတြကျပည္တြင္း စစ္ျဖစ္ရသလဲဆိုရင္ ဝင္‌ေငြနည္းပါးဆင္းရဲျခင္း၊ ဖြံ႕ၿဖိဳး မႈမရွိျခင္း၊ စီးပြားေရးရပ္တန႔္(သို႔)ဆုတ္ယုတ္ေနျခင္း၊ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ျခင္း၊ လူမ်ိဳး‌ေရးတင္းမာလာျခင္း တို႔က ျပည္သူအခ်ိဳ႕ သူပုန္ဘက္ပါေအာင္ဆြဲေဆာင္ဖို႔ လြယ္ကူသြားတယ္ဆိုတယ္။

အာဖရိကတိုက္ရွိ ဇိုင္ယာႏိုင္ငံမွ သူပုန္ေခါင္းေဆာင္ကက္ဘီလာက အာဏာသိမ္းဖို႔လိုအပ္တာ ေဒၚလာ တစ္ေသာင္းနဲ႔ လက္နက္ပဲလို႔ဆိုတယ္။ လူေတြကဆင္းရဲတယ္။‌ ေလွ်ာ့ေဈးနဲ႔စစ္သားစုေဆာင္း ႏိုင္တယ္။ ၿဂိဳဟ္တုဖုန္းက သယံဇာတထုတ္ယူမယ့္ ကုမၸဏီနဲ႔ဆက္သြယ္ၿပီး ေငြေၾကးသန္းငါးရာအေပး အယူတစ္ခု၊ လက္နက္ဝယ္မယ့္ အေရာင္း အဝယ္တစ္ ခုလုပ္ကိုင္ႏိုင္မယ္။ အဲဒီေငြနဲ႔ ေခါင္းေဆာင္က အာဏာရလာတယ္။ အိုင္းရစ္တို႔ ေျမာက္အိုင္ယာလန္ လြတ္ေျမာက္ေရးအတြက္ အေမရိကန္ေရာက္အိုင္ယာ လန္တို႔က ေငြေၾကးေထာက္ပံ့ေပးေနတယ္။ တမီးလ္ ဘိုင္းဂါးကို၊ ကေနဒါေရာက္ တမီးလ္လူမ်ိဳးေတြ ေထာက္ပံ့ေပးေနတယ္။ အစၥလာမ္ခြဲထြက္‌ေရးအဖြဲ႕ (ISIS)ဟာ အီရတ္စစ္သည္ ေထာင္ေပါင္းမ်ားစြာပါ ဝင္ေနၿပီး၊ တာဂရစ္ၿမိဳ႕ကို ဝင္ေရာက္သိမ္းပိုက္ကာ ဘဏ္မွေ႐ႊတန္ခ်ိန္ေပါင္းမ်ားစြာရယူကာ စစ္သည္မ်ားကို လစာေပး၊ အစာေကြၽးႏိုင္တယ္။ အေမရိကန္မွ ေမာင္းသူမဲ့ေလယာဥ္နဲ႔ စစ္ဆင္ေနတဲ့တိုင္ေအာင္ အဆိုပါေဒသမွလူေတြဟာ (ISIS) အဖြဲ႕ဝင္ေတြျဖစ္ လာခဲ့တယ္။ ေခတ္သစ္ဆီးရီးယားမွာ ရွီယိုက္အစိုးရနဲ႔ ဆြန္နီအတိုက္ အခံတို႔ ေျခာက္ႏွစ္ေက်ာ္တိုက္ေနတယ္။

သယံဇာတနဲ႔ဆိုင္တဲ့ျပည္တြင္းစစ္ကို အင္ဂိုလာႏိုင္ငံမွာေတြ႕ရတယ္။ အစိုးရက ေရနံပိုင္ၿပီး၊ သူပုန္က စိန္ပိုင္ တယ္။ ျပည္တြင္းစစ္အေျခအေနက စိန္ေဈးနဲ႔ လိုက္ေနတဲ့ ေရနံေဈးႏႈန္းေပၚမူတည္ေနတယ္။

သယံဇာတက်ိန္စာ(သို႔)ဒတ္ခ်္ေရာဂါလို႔ေခၚၾကတယ္။ နယ္သာလန္မွာသဘာဝဓာတ္ေငြ႕စတင္ေတြ႕ရွိၿပီးေနာက္ တျခားစီးပြားေရးေဆာင္႐ြက္မႈထက္ အက်ိဳးအျမတ္ပိုရတဲ့အခါ တျခားစီးပြားေရး ေနာက္က်က်န္ရစ္ကာ အဆင့္နိမ့္ေစခဲ့ တယ္။ ႏိုင္ဂ်ီးရီးယားမွာ ေရနံဝင္ေငြမ်ားလာတဲ့အခါ တျခားျပည္ပပို႔ကုန္ျဖစ္တဲ့ ေျမပဲနဲ႔ကိုကိုး ထုတ္လုပ္မႈလ်င္ျမန္စြာ ၿပိဳကြဲသြားတယ္။ စိုက္ပ်ိဳးေရးလုပ္ငန္းဆုံးရႈံးေတာ့ လယ္သမားေတြထိခိုက္နစ္နာရပါတယ္။ ေရနံကလြဲၿပီးျဖစ္ ႏိုင္ေျခရွိတဲ့ ထုတ္လုတ္မႈေတြရပ္သြားေတာ့ အလုပ္လက္မဲ့မ်ားတာတယ္၊ ဝင္ေငြနည္းလာတယ္ အရင္ ေဈးကြက္ျပန္ထိုးေဖာက္ဖို႔ ခက္လာတယ္။

အိမ္နီးခ်င္းႏိုင္ငံၾကားပိတ္မိတဲ့ ေထာင္ေခ်ာက္ကေတာ့ ဥပမာ ဆြစ္ဇာလန္ႏိုင္ငံဟာ ဂ်ာမနီနဲ႔အီတလီၾကား ကုန္းတြင္းပိတ္ႏိုင္ငံျဖစ္ေပမယ့္ အိမ္နီးခ်င္း ေကာင္းတဲ့အတြက္ သူရဲ႕ပို႔ကုန္ကိုအဆိုပါႏိုင္ငံေတြက တစ္ဆင့္ပို႔ႏိုင္တယ္။ ႀကီးမားတဲ့ေဈးကြက္လည္းရတယ္။ ထိုင္းႏိုင္ငံနယ္စပ္ရွိ ကေမာၻဒီးယားဘုရား ေက်ာင္းကိစၥရပ္ေၾကာင့္ ကေမာၻဒီးယား-ထိုင္းစစ္ပြဲျဖစ္ၿပီး ကေမာၻဒီးယားပစၥည္းေတြမတင္ပို႔ႏိုင္၊ ဗီယက္နမ္ဘက္ကလည္း ပိုေပါ့အစိုးရတိုက္ထုတ္ၿပီး ကိုလိုနီကြၽန္ ျပဳခဲ့တဲ့အရွိန္နဲ႔ ဆက္ဆံမႈမေကာင္းမြန္ေတာ့ ကေမာၻဒီးယားေဈးကြက္ပ်က္ရတယ္။ ႏိုင္ငံသားေတြ တျခားႏိုင္ငံေတြကို ေရၾကည္ရာျမက္ႏုရာ လုပ္ကိုင္ဖို႔စြန႔္ခြာလာၾကတယ္။

စီမံခန႔္ခြဲမႈညံ့ဖ်င္းတဲ့ အစိုးရေထာင္‌ေခ်ာက္က ႏိုင္ငံကို ဆင္းရဲတြင္းခပ္နက္နက္ထိဆြဲေခၚသြား ေတာ့တယ္။ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈအေပၚအမ်ားဆုံး (၁၀) ရာခိုင္ႏႈန္းအထိသာ တိုးတက္ေအာင္ေဆာင္႐ြက္ ႏိုင္ေပမယ့္ စီးပြားေရး က်ဆင္းၿပီဆိုရင္ ေခ်ာက္ထဲက် သြားတဲ့အထိကမ္းမျမင္ လမ္းမျမင္ႏိုင္ဘူး။ အာဖရိက ခ်တ္ဒ္ႏိုင္ငံနဲ႔ အာရွက ဘဂၤလား ေဒ့ရွ္ႏိုင္ငံ ယွဥ္ၾကည့္ရင္ စီမံကိန္းရွိတဲ့ ဘဂၤလားေဒ့ရွ္အစိုးရက အနည္းငယ္သာပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဆိုး႐ြားခဲ့တဲ့ေထာင္ေခ်ာက္ (၄)ရပ္နဲ႔ မကင္းခဲ့ပါဘူး။ ျမန္မာႏိုင္ငံမွာအျဖစ္မ်ားတဲ့ ငွက္ဖ်ား၊ တီဘီ၊ HIV စတဲ့ေရာဂါဆိုးႀကီး သိသာစြာ ေလ်ာ့ပါးက်ဆင္းသြားေရး၊ မကူးစက္ႏိုင္တဲ့ေရာဂါ ေတြထဲကမွ ေခါင္းေထာင္ လာတဲ့ကင္ဆာေရာဂါ၊ ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါစတဲ့ အသက္အႏၲ ရာယ္အမ်ားဆုံးေပးႏိုင္တဲ့ေရာဂါေတြ ေစာင့္ေရွာက္ေရးမွာ က်န္းမာေရးေစာင့္ေရွာက္မႈကိုကုသ႐ုံတစ္ခုတည္းနဲ႔မၿပီးဘဲ ပညာေပးမႈ ႀကိဳတင္ကာကြယ္ ထိန္း ခ်ဳပ္မႈစတဲ့အပိုင္းေတြမွာ ဟန္ခ်က္ညီေဆာင္႐ြက္ႏိုင္မွ အဆင့္တန္းျမင့္မားလာဖို႔ရွိတယ္။ (၂၀၂၀-၂၀၂၁) ကမာၻ႔ကို ဗစ္ကပ္ ေရာဂါေၾကာင့္ ကူးစက္‌ေသဆုံးမႈမွာ ျမန္မာက အာဆီယံမွာ တတိယခ်ိတ္ပါတယ္။ ကိုဗစ္ႀကိဳတင္ ကာကြယ္ ေဆး ထိုးႏွံေနၿပီျဖစ္တယ္။

ေက်းလက္နဲ႔ၿမိဳ႕ျပ က်န္းမာေရးအဆင္း အတန္းကြာဟမႈ အနည္းဆုံးျဖစ္ေအာင္ ကူညီေပးၾကရမယ္။ က်န္းမာေရးနဲ႔ဆက္ႏႊယ္ေနတဲ့ တစ္ကိုယ္ေရသန႔္ရွင္းေရး၊ ပတ္ဝန္းက်င္သန႔္ရွင္းေရး ကူညီေပးသင့္တယ္။ က်န္းမာေရး အဆင့္အတန္းျမႇင့္တင္ေပးၿပီး စည္းမ်ဥ္းစည္းကမ္း လုပ္ထုံးလုပ္နည္း နည္းလမ္း တက်ရွိဖို႔လိုအပ္ပါတယ္။ ဆင္းရဲမြဲ ေတမႈေလွ်ာ့ခ်ႏိုင္ရမယ္။ အသက္‌ေမြးဝမ္းေက်ာင္းပညာတစ္ခုခုသင္ေပးၿပီး လူတစ္ဦးခ်င္းဝင္ေငြတိုးတက္ေစသင့္ပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတဲ့သဘာဝပတ္ဝန္း က်င္ဟာ ျပန္လည္မစိုက္ပ်ိဳး၊ မထိန္းသိမ္းႏိုင္ရင္ ေနာက္မ်ိဳး ဆက္ေတြနဲ႔ သဲကႏၲာရသာက်န္ရစ္မွာ ျဖစ္တယ္။ သစ္ေတာျပဳန္းတီးလို႔ ရာသီဥတုေျပာင္းလဲ လာမႈကိုကာကြယ္ဖို႔ သစ္ပင္ေတြအစားထိုးစိုက္ပ်ိဳး သင့္တယ္။လူတစ္ဦးခ်င္းဝင္ေငြ ေန႔စဥ္ႏွစ္ေဒၚလာနဲ႔အထက္ရွိသင့္တယ္။ ျမန္မာႏိုင္ငံမွာ (၂၀၁၂-၁၃)ခုႏွစ္ကစၿပီး က်န္းမာေရးက႑နဲ႔ပတ္သက္လို႔ အင္ဂ်ီအိုအဖြဲ႕အသီးသီးတို႔နဲ႔ခ်ိတ္ဆက္ၿပီး ႏိုင္ငံသားတို႔ရဲ႕ က်န္းမာေရး ပိုမိုတိုးျမႇင့္လုပ္ေဆာင္လာၿပီပဲျဖစ္တယ္။

ျပည္သူ႔က်န္းမာေရး အဆင့္အတန္းျမင့္မားလာဖို႔ ေထာင္စုႏွစ္ရည္မွန္းခ်က္ေတြ အေကာင္ထည္ ေဖာ္ႏိုင္ဖို႔‌၊ က်န္းမာေရးဝန္ႀကီးဌာနနဲ႔အင္ဂ်ီအို၊ အစိုးရမဟုတ္တဲ့အဖြဲ႕တို႔အျပင္ ေဒသအာဏာပိုင္ေတြကလည္း ကူညီေပးဖို႔ လိုအပ္ လာပါတယ္။

Related news

© 2021. All rights reserved.