ပင်လယ်ကွေ့နိုင်ငံ(၆)နိုင်ငံကို ဆက်သွယ်ပေးမယ့်ကီလိုမီတာ(၂၁၀ဝ)ကျော်ရှည်တဲ့ ပင်လယ်ကွေ့ မီးရထားလမ်းအကြောင်း (ဗဟုသုတဆောင်းပါး)

 388

Pika (NP News) - ဇွန် ၁၂

ပင်လယ်ကွေ့မီးရထား လမ်း သို့မဟုတ် GCC Railway ဟု လူသိများသော ရထားလမ်း သည် အရှေ့အာရေးဗျ တွင်ရှိသော ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံစလုံးကို ချိတ်ဆက် ပေးမည့်တည်ဆောက်နေဆဲ ရထားလမ်းတစ်ခုဖြစ်သည်။ အဆိုပါ ရထားလမ်းကွန်ရက်သည် စုစုပေါင်းအရှည် (၂၁၇၇) ကီလိုမီတာရှိမည်ဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၂၅၀) ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားကြ ကြောင်းလည်းသိရသည်။

GCC အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံဖြစ်သော ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီ အာရေဗျနှင့် ယူအေအီးတို့ သည် ၎င်းတို့၏ပိုင်နက်အတွင်းတည်ရှိသော စီမံကိန်း၏ အပိုင်းကို အကောင်အထည်ဖော်ရန် တာဝန်ရှိပြီး ကိုယ်ပိုင် ရထားလမ်းများ၊ ဌာနခွဲများ၊ ဘူတာရုံများနှင့်ကုန်စည် ပို့ဆောင်ရေးဂိတ်များကိုလည်း တည်ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စုစုပေါင်း ကုန်ကျစရိတ်ကို နိုင်ငံခြောက်နိုင်ငံစလုံးတွင်ရထားလမ်းကွန်ရက် အရှည်နှင့်အညီ အချိုးကျခွဲ ဝေပေးသွားမည်ဖြစ်သည်။ ရလဒ်အနေဖြင့် ယူအေအီးနှင့် ဆော်ဒီအာရေးဗျတို့က အဆိုပါစီမံကိန်းအတွက် ငွေကြေး အများဆုံးသုံးစွဲရမည်ဖြစ်ပြီး ၎င်းတို့၏နောက်တွင် အိုမန်၊ ကာတာ၊ ကူဝိတ်နှင့်ဘာရိန်းတို့ရှိမည်ဖြစ်သည်။ ဆော်ဒီအာ ရေးဗျမီးရထားကုမ္ပဏီသည် ဆော်ဒီအာရေးဗျနိုင်ငံရှိ ရထားလမ်း၊ ယူအေအီးနိုင်ငံရှိ Etihad ရထားလမ်း၊ အိုမန်နိုင်ငံရှိ အိုမန်ရထားလမ်းနှင့် ကာတာနိုင်ငံရှိ ကာတာရထားလမ်းတို့ကို တည်ဆောက်သွားမည် လည်းဖြစ်သည်။ သို့သော်လည်း စီမံကိန်း၏ ဘဏ္ဍာ ငွေ ထောက်ပံ့မှုအတွက် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး မတည်ငြိမ်သောရေနံဈေးနှုန်းများ၊ ပါဝင်သော နိုင်ငံများ၏ အကျိုးစီးပွားများတူညီမှုမရှိခြင်းတို့ကြောင့် စီမံကိန်းမှာ အတားအဆီးများနှင့်ရင်ဆိုင် ခဲ့ရကြောင်းသိရသည်။

အဆိုပါအချက်များကြောင့် ရထားလမ်း စီမံကိန်းမှာ မည်သည့်အချိန်တွင် ပြီးစီးမည်ဆိုသည့် အချက်ကို အတိအကျထုတ်ပြန်ထားခြင်းမျိုးမရှိသေး ကြောင်းသိရသည်။ ပင်လယ်ကွေ့ရထားလမ်းစီမံကိန်းကို ၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလတွင် ကူဝိတ်စီးတီးမြို့၌ ကျင်းပသော အကြမ်(၃၀)မြောက် GCC ထိပ်သီး အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ က အတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို အတည်ပြုချိန်တွင် ဆော်ဒီအာရေးဗျနိုင်ငံသည် ရထားလမ်းဆိုင်ရာ အခြေခံအဆောက်အအုံများရှိသည့် တစ်နိုင်ငံတည်းသော GCC အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါစီမံ ကိန်းကို အပြီးသတ်ရန်အတွက် ယခင်ကသတ်မှတ်ထားသော အချိန်မှာ ၂၀၁၈ ခုနှစ် ဖြစ်သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလတွင် ရီယာ့ဒ်မြို့၌ကျင်းပသော GCC အဖွဲ့ဝင်နိုင်ငံများ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အပြီးသတ်မည့်အချိန်ကို ၂၀၂၁ခုနှစ်သို့ ရွှေ့ပြောင်းခဲ့ရကြောင်းသိရသည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ဆော်ဒီမီးရထား အဖွဲ့ (SRO) ဥက္ကဋ္ဌ Mohamed A1 Suwaiketu ပင်လယ်ကွေ့မီးရထားလမ်းကို အိုမန်နှင့် ယူအေအီးတို့တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီဖြစ် ကြောင်းနှင့် လာမည့်(၂)လအတွင်း ဆော်ဒီ အာရေး ဗျတွင် စတင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာတာနိုင်ငံသည် ပင်လယ်ကွေ့ မီးရထား လမ်းစီမံကိန်းတွင် ပါဝင်သော ၎င်း၏အပိုင်း အတွက် တင်ဒါကို ၂၀၁၅ ခုနှစ် နွေရာသီတွင်အောင် မြင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါစီမံကိန်းကို ရပ်ဆိုင်ထားခဲ့ကြောင်းသိရသည်။ ၂၀၁၆ ခုနှစ် မတ် လတွင် ကာတာမီးရထားလမ်း၏ မန်နေးဂျင်းဒါရိုက်တာ Abdulla A1 Subaieu ကာတာနိုင်ငံသည် ပင်လယ် ကွေ့မီးရထားလမ်းစီမံကိန်းကို စတင်ရန်အဆင်သင့် ဖြစ်နေပြီဖြစ်သော်လည်း အခြား GCC အဖွဲ့ဝင်နိုင်ငံ များက ဆောက်လုပ်ရေးလုပ်ငန်းများ စတင်သည်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် Etihad မီးရထားလမ်းသည် ပင်လယ်ကွေ့မီးရထားလမ်းတွင်ပါဝင်သော ယူအေအီး၏ အပိုင်းအပါအဝင် ယူအေအီး ရထားလမ်း စီမံကိန်း၏ အဆင့်(၂)အတွက် တင်ဒါခေါ်ခြင်းကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။ ယူအေအီး၏မီးရထားလမ်း စီမံကိန်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်မှာ ကျိုးကြောင်းဆီလျော်ကြောင်း ယူအေအီးအခြေခံ အဆောက်အဦးဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး Abdullah Belhaif A1 Nuaimi က ပြောကြားခဲ့သည်။ Abdullah Belhaif A1 Nuaimi” ကျွန်တော် တို့အပိုင်းကို ကိုယ်တိုင်မတည်ဆောက်ခင် အခြားနိုင်ငံတွေက အရင်တည်ဆောက်တာကို စောင့်ဆိုင်းနေတာမလို့ ဒီလို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ချက်က ကျိုးကြောင်းဆီလျော်ပါတယ်။”ဟုပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ် မေလတွင် အိုမန်နိုင်ငံက ၎င်းတို့သည် ပင်လယ်ကွေ့ရထားလမ်းစီမံကိန်းကို ခေတ္တရပ်ဆိုင်းထား ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အိုမန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Ahmed al- Futaisiu” ဒီစီမံကိန်းကို အကောင် အထည်ဖော်နေတဲ့နိုင်ငံတွေကြားမှာ စိန်ခေါ်မှုတစ်ခုရှိနေပါတယ်။ အချို့နိုင်ငံတွေက စီမံကိန်းကိုစတင်ခဲ့ပေမယ့် အချို့ ကတော့ ဒီဇိုင်းအတိုင်းလိုက်ပါလုပ်ဆောင်တာမျိုးမရှိခဲ့ပါဘူး။ ဒါကလည်း အိုမန်အတွက် စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အိုမန်က ပင်လယ်ကွေ့မီးရထားလမ်း စီမံကိန်းမှာ ၎င်းရဲ့အပိုင်းကို ပြီးခဲ့မယ်ဆိုရင်တောင် အခြားနိုင်ငံတွေက ၎င်းတို့ရဲ့ အပိုင်းကို စတင်တာမျိုး မရှိတာကြောင့် ချိတ်ဆက်မှုတွေ လုပ်ဆောင်လို့ ရမှာမဟုတ်ပါဘူး။ အိုမန်က ဒီစီမံကိန်းကို ဖျက်သိမ်းမှာမဟုတ်ပါဘူး။ အိုမန်ရဲ့အပိုင်းမှာ နှောင့်နှေးနေရတာက အခြားပါရှန်းပင်လယ်ကွေ့နိုင်ငံတွေဟာ ဒီစီမံကိန်း ရပ်တန့်ဖို့ ဆုံးဖြတ်ထားလို့ပဲဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် အိုမန်အစိုးရသည် Salalah, Sohar နှင့် Duqm ဆိပ်ကမ်းများကို ချိတ်ဆက်သည့် ပြည်တွင်းရထားလမ်းကွန် ရက်ကို တည်ဆောက်ရန် အာရုံစိုက်ခဲ့ကြောင်းသိရ သည်။

ဘာရိန်းအစိုးရက ၎င်းတို့သည် ဆော်ဒီအာရေးဗျနိုင်ငံနှင့်ချိတ်ဆက်မည့် ပင်လယ်ကွေ့ ၂၀၂၃ ခုနှစ် မတိုင်ခင် အချိန်အထိ တည်ဆောက်မည်မဟုတ် ကြောင်းပြောကြားခဲ့သည်။ သို့သော်လည်း ဘာရိန်းနိုင်ငံသည် ဆော်ဒီအာရေးဗျ နှင့်ချိတ်ဆက်မည့် အပိုင်းကိုတည်ဆောက်ပြီးပြီဆိုပါက ကူဝိတ်နိုင်ငံနှင့် ချိတ်ဆက်တည်ဆောက်ရန် ရည်ရွယ်ထား ကြောင်း လည်းသိရသည်။ GCC အဖွဲ့ဝင်နိုင်ငံများအကြား ဘတ်ဂျက်လိုငွေပြမှုကို ဖြစ်စေသည့် ရေနံနှင့် သတ္တုများ၏ ဈေးနှုန်းကျဆင်းမှုသည် ပင်လယ်ကွေ့ မီးရထားလမ်းစီမံကိန်းကို အဟန့်အတားဖြစ်စေသည့် အဓိကအကြောင်းအရင်း ဖြစ်ကြောင်း နိုင်ငံတကာမီးရထားဂျာနယ်၏ အယ်ဒီတာချုပ် Futaisi နှင့် David Briginshaw တို့ကပြောကြားခဲ့သည်။ David Briginshawu” ရေနံဈေးနှုန်းကျဆင်းမှုက ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ပြောရ မယ်ဆိုရင် ဒီစီမံကိန်းမှာပါဝင်တဲ့ အိုမန်ရဲ့ အပိုင်းက တွင်းထွက်ပစ္စည်းတွေကို ကမ်းရိုး တန်းတွေကို ယူဆောင်သွား နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ဒါပေမယ့် ဝယ်လိုအားမရှိဘူးဆိုရင် ဒီစီမံကိန်း တစ်ခုလုံးက မေးခွန်းထုတ်စရာဖြစ်လာပါ လိမ့်မယ်”ဟုပြောဆိုခဲ့သည်။ အဆိုပါ ပင်လယ်ကွေ့မီးရထားလမ်းစီမံကိန်းကို ရေနံဈေးနှုန်းမြင့်တက်နေသည့်ခေတ်တွင် ပထမဆုံးအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို အဟန့်အတားဖြစ်စေသောအခြားစိုးရိမ်မှုများမှာ GCC အဖွဲ့ဝင်နိုင်ငံ၏ နိုင်ငံသား မဟုတ်သူ များအတွက် ဗီဇာပြဿနာများ၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများ၊ မှောင်ခိုကူးမှု၊ စီးပွားရေးပြိုင်ဆိုင်မှုများနှင့် ရထား လိုင်းများတွေ့ဆုံသင့်သည့်နေရာနှင့်ပတ်သက်ပြီး သဘောထားကွဲ လွဲမှုများဖြစ်ကြောင်းသိရသည်။ အဆိုပါ အဟန့် အတားများကြောင့် နှောင့်နှေးမှုများရှိနေသော်လည်း ပင်လယ်ကွေ့မီးရထားစီမံကိန်းမှာ ပြီးမြောက်သွားမည်ဟု အချို့ သူများကယုံကြည်နေကြသည်။ အမည်မသိသတင်းရင်းမြစ်တစ်ခုက” ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အစောဆုံးပြီးစီးမယ့် ရက်စွဲမှာ ၂၀၂၅ ခုနှစ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီစီမံကိန်းပြီးစီးနိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ၂၀၃၀ ပြည့် နှစ်ပဲဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ တွင်းတွင် ဖွံ့ဖြိုးတိုးတက်မှုများရှိလာစေရန်အတွက် ပင်လယ်ကွေ့မီးရထားလမ်းကို လိုအပ်ကြောင်း ၂၀၁၇ ခုနှစ် မတ်လ(၇)ရက်နေ့တွင် ဒူဘိုင်းမြို့တွင် ကျင်းပသော အရှေ့ အလယ်ပိုင်း မီးရထားလမ်းဆိုင် ရာဆွေးနွေးပွဲနှင့်ပြပွဲတွင် GCC အဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် Abdullatif A1-Zayani က ပြောကြားခဲ့သည်။ ဆော်ဒီအာရေးဗျ၊ ယူအေအီးနှင့် အိုမန်နိုင်ငံတို့သည် ပင်လယ်ကွေ့မီးရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် သိသိသာသာ တိုးတက်မှုများရှိလာကြောင်း GCC Chambers များအဖွဲ့ချုပ်၏ အထွေ ထွေ အတွင်းရေးမှူးချုပ် Abdul Rahim A1 Naqi က ၂၀၁၇ ခုနှစ် ဧပြီလ တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဘာရိန်းသည် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတကာကုမ္ပဏီတစ်ခုကို ခန့်အပ်ထားကြောင်း ၎င်း ကထပ်မံ ပြောကြားခဲ့သည်။ သို့သော်လည်း ကူဝိတ်နိုင်ငံရှိ စီမံကိန်းအပိုင်းမှာ အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာ ပြဿနာများကြောင့် နှောင့်နှေးမှုများရှိခဲ့ကြောင်းသိရသည်။ အဆိုပါမီးရ ထားလမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုကို ကြီး ကြပ်ရန်အတွက် GCC မီးရထားအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရန် အဖွဲ့ဝင်နိုင်ငံများက အဆိုပြုထားကြောင်းလည်း သိရ သည်။ အဆိုပါစီမံကိန်းကို ကြီးကြပ်ရန်အတွက် အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခြင်းမျိုးမရှိသေးသော်လည်း လက်ရှိအချိန် အထိ GCC အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏နယ်မြေအတွင်းတွင် ပင်လယ်ကွေ့ မီးရထားလမ်းစီမံကိန်းကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ အဆိုပါစီမံကိန်းပြီးစီး သွားပါက GCC နိုင်ငံသားများသည် အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေအတွင်းသို့ ဗီဇာကင်းလွတ်ခွင့်နှင့်အတူ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါမီးရထားလမ်းသည် ကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုများပေးခြင်းဖြင့် GCC အဖွဲ့ဝင်နိုင်ငံများ အကြား ကုန်သွယ်မှုကို မြှင့်တင်ပေး နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြကြောင်းလည်းသိရသည်။ ပင်လယ်ကွေ့မီးရထားလမ်း စတင်လည်ပတ်သည်နှင့်တစ်ပြိုင်နက် အလုပ်အကိုင်ပေါင်း(၈)သောင်းကျော်ကို ပံ့ပိုးပေးနိုင်လိမ့်မည်ဟု GCC အဖွဲ့ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်းအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် Abdul Rahim Hassan Naqi ကပြောကြား ခဲ့သည်။ ပင်လယ်ကွေ့ မီးရထားလမ်းတွင် ဒီဇယ်စက်ခေါင်းများကို အသုံးပြုသွားမည်ဖြစ်ပြီး ခရီးသည်တင်ရထားများ သည် တစ်နာရီလျှင် အမြန်နှုန်း (၂၂၀)ကီလိုမီတာဖြင့် ပြေးဆွဲ မည်ဖြစ်ကာ ကုန်တင်ရထားများက တစ်နာရီလျှင် အမြန်နှုန်း (၈၀)ကီလိုမီတာမှ (၁၂၀)ကီလိုမီတာကြား ပြေးဆွဲမည်လည်းဖြစ်သည်။

zawgyi version
ပင္လယ္ေကြ႕ႏိုင္ငံ(၆)ႏိုင္ငံကို ဆက္သြယ္ေပးမယ့္ကီလိုမီတာ(၂၁၀ဝ)ေက်ာ္ရွည္တဲ့ ပင္လယ္ ေကြ႕ မီးရထားလမ္းအေၾကာင္း (ဗဟုသုတေဆာင္းပါး)
Pika (NP News) - ဇြန္ ၁၂

ပင္လယ္ေကြ႕မီးရထား လမ္း သို႔မဟုတ္ GCC Railway ဟု လူသိမ်ားေသာ ရထားလမ္း သည္ အေရွ႕အာေရးဗ် တြင္ရွိေသာ ပင္လယ္ေကြ႕ပူးေပါင္း ေဆာင္႐ြက္ေရးေကာင္စီ (GCC) အဖြဲ႕ဝင္ႏိုင္ငံ ေျခာက္ႏိုင္ငံစလုံးကို ခ်ိတ္ဆက္ ေပးမည့္တည္ေဆာက္ေနဆဲ ရထားလမ္းတစ္ခုျဖစ္သည္။ အဆိုပါ ရထားလမ္းကြန္ရက္သည္ စုစုေပါင္းအရွည္ (၂၁၇၇) ကီလိုမီတာရွိမည္ျဖစ္ၿပီး စုစုေပါင္းကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ (၂၅၀) ဘီလ်ံခန႔္ရွိမည္ဟု ခန႔္မွန္းထားၾက ေၾကာင္းလည္းသိရသည္။
GCC အဖြဲ႕ဝင္ႏိုင္ငံ ေျခာက္ႏိုင္ငံျဖစ္ေသာ ဘာရိန္း၊ ကူဝိတ္၊ အိုမန္၊ ကာတာ၊ ေဆာ္ဒီ အာေရဗ်ႏွင့္ ယူေအအီးတို႔ သည္ ၎တို႔၏ပိုင္နက္အတြင္းတည္ရွိေသာ စီမံကိန္း၏အပိုင္းကို အေကာင္အထည္ေဖာ္ရန္ တာဝန္ရွိၿပီး ကိုယ္ပိုင္ ရထားလမ္းမ်ား၊ ဌာနခြဲမ်ား၊ ဘူတာ႐ုံမ်ားႏွင့္ကုန္စည္ ပို႔ေဆာင္ေရးဂိတ္မ်ားကိုလည္း တည္ေဆာက္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စုစုေပါင္း ကုန္က်စရိတ္ကို ႏိုင္ငံေျခာက္ႏိုင္ငံစလုံးတြင္ရထားလမ္းကြန္ရက္ အရွည္ႏွင့္အညီ အခ်ိဳးက်ခြဲ ေဝေပးသြားမည္ျဖစ္သည္။ ရလဒ္အေနျဖင့္ ယူေအအီးႏွင့္ ေဆာ္ဒီအာေရးဗ်တို႔က အဆိုပါစီမံကိန္းအတြက္ ေငြေၾကး အမ်ားဆုံးသုံးစြဲရမည္ျဖစ္ၿပီး ၎တို႔၏ေနာက္တြင္ အိုမန္၊ ကာတာ၊ ကူဝိတ္ႏွင့္ဘာရိန္းတို႔ရွိမည္ျဖစ္သည္။ ေဆာ္ဒီအာ ေရးဗ်မီးရထားကုမၸဏီသည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံရွိ ရထားလမ္း၊ ယူေအအီးႏိုင္ငံရွိ Etihad ရထားလမ္း၊ အိုမန္ႏိုင္ငံရွိ အိုမန္ရထားလမ္းႏွင့္ ကာတာႏိုင္ငံရွိ ကာတာရထားလမ္းတို႔ကို တည္ေဆာက္သြားမည္ လည္းျဖစ္သည္။ သို႔ေသာ္လည္း စီမံကိန္း၏ ဘ႑ာ ေငြ ေထာက္ပံ့မႈအတြက္ စိန္ေခၚမႈမ်ားႏွင့္ပတ္သက္ၿပီး မတည္ၿငိမ္ေသာေရနံေဈးႏႈန္းမ်ား၊ ပါဝင္ေသာ ႏိုင္ငံမ်ား၏ အက်ိဳးစီးပြားမ်ားတူညီမႈမရွိျခင္းတို႔ေၾကာင့္ စီမံကိန္းမွာ အတားအဆီးမ်ားႏွင့္ရင္ဆိုင္ ခဲ့ရေၾကာင္းသိရသည္။
အဆိုပါအခ်က္မ်ားေၾကာင့္ ရထားလမ္း စီမံကိန္းမွာ မည္သည့္အခ်ိန္တြင္ ၿပီးစီးမည္ဆိုသည့္ အခ်က္ကို အတိအက်ထုတ္ျပန္ထားျခင္းမ်ိဳးမရွိေသး ေၾကာင္းသိရသည္။ ပင္လယ္ေကြ႕ရထားလမ္းစီမံကိန္းကို ၂၀ဝ၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ကူဝိတ္စီးတီးၿမိဳ႕၌ က်င္းပေသာ အၾကမ္(၃၀)ေျမာက္ GCC ထိပ္သီး အစည္းအေဝးတြင္ အဖြဲ႕ဝင္ႏိုင္ငံမ်ား က အတည္ျပဳခဲ့ျခင္းျဖစ္သည္။ အဆိုပါစီမံကိန္းကို အတည္ျပဳခ်ိန္တြင္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံသည္ ရထားလမ္းဆိုင္ရာ အေျခခံအေဆာက္အအုံမ်ားရွိသည့္ တစ္ႏိုင္ငံတည္းေသာ GCC အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေၾကာင္းလည္းသိရသည္။ အဆိုပါစီမံ ကိန္းကို အၿပီးသတ္ရန္အတြက္ ယခင္ကသတ္မွတ္ထားေသာ အခ်ိန္မွာ ၂၀၁၈ ခုႏွစ္ ျဖစ္ေသာ္လည္း ၂၀၁၆ ခုႏွစ္ ဧၿပီလတြင္ ရီယာ့ဒ္ၿမိဳ႕၌က်င္းပေသာ GCC အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးမ်ား အစည္းအေဝးတြင္ အၿပီးသတ္မည့္အခ်ိန္ကို ၂၀၂၁ခုႏွစ္သို႔ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္းသိရသည္။ ၂၀၁၅ခုႏွစ္ ႏိုဝင္ဘာလတြင္ ေဆာ္ဒီမီးရထား အဖြဲ႕ (SRO) ဥကၠ႒ Mohamed A1 Suwaiketu ပင္လယ္ေကြ႕မီးရထားလမ္းကို အိုမန္ႏွင့္ ယူေအအီးတို႔တြင္ စတင္ အေကာင္အထည္ေဖာ္ခဲ့ၿပီျဖစ္ ေၾကာင္းႏွင့္ လာမည့္(၂)လအတြင္း ေဆာ္ဒီ အာေရး ဗ်တြင္ စတင္လိမ့္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ကာတာႏိုင္ငံသည္ ပင္လယ္ေကြ႕ မီးရထား လမ္းစီမံကိန္းတြင္ ပါဝင္ေသာ ၎၏အပိုင္း အတြက္ တင္ဒါကို ၂၀၁၅ ခုႏွစ္ ေႏြရာသီတြင္ေအာင္ ျမင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အဆိုပါစီမံကိန္းကို ရပ္ဆိုင္ထားခဲ့ေၾကာင္းသိရသည္။ ၂၀၁၆ ခုႏွစ္ မတ္ လတြင္ ကာတာမီးရထားလမ္း၏ မန္ေနးဂ်င္းဒါ႐ိုက္တာ Abdulla A1 Subaieu ကာတာႏိုင္ငံသည္ ပင္လယ္ ေကြ႕မီးရထားလမ္းစီမံကိန္းကို စတင္ရန္အဆင္သင့္ ျဖစ္ေနၿပီျဖစ္ေသာ္လည္း အျခား GCC အဖြဲ႕ဝင္ႏိုင္ငံ မ်ားက ေဆာက္လုပ္ေရးလုပ္ငန္းမ်ား စတင္သည္ကို ေစာင့္ဆိုင္းေနေၾကာင္း ေျပာၾကားခဲ့သည္။ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလတြင္ Etihad မီးရထားလမ္းသည္ ပင္လယ္ေကြ႕မီးရထားလမ္းတြင္ပါဝင္ေသာ ယူေအအီး၏ အပိုင္းအပါအဝင္ ယူေအအီး ရထားလမ္း စီမံကိန္း၏ အဆင့္(၂)အတြက္ တင္ဒါေခၚျခင္းကို ရပ္ဆိုင္းခဲ့ေၾကာင္းသိရသည္။ ယူေအအီး၏မီးရထားလမ္း စီမံကိန္းကို ရပ္ဆိုင္းရန္ ဆုံးျဖတ္ခ်က္မွာ က်ိဳးေၾကာင္းဆီေလ်ာ္ေၾကာင္း ယူေအအီးအေျခခံ အေဆာက္အဦးဖြံ႕ၿဖိဳး တိုးတက္ေရးဝန္ႀကီး Abdullah Belhaif A1 Nuaimi က ေျပာၾကားခဲ့သည္။ Abdullah Belhaif A1 Nuaimi” ကြၽန္ေတာ္ တို႔အပိုင္းကို ကိုယ္တိုင္မတည္ေဆာက္ခင္ အျခားႏိုင္ငံေတြက အရင္တည္ေဆာက္တာကို ေစာင့္ဆိုင္းေနတာမလို႔ ဒီလို ရပ္ဆိုင္းထားဖို႔ ဆုံးျဖတ္ခ်က္က က်ိဳးေၾကာင္းဆီေလ်ာ္ပါတယ္။”ဟုေျပာဆိုခဲ့သည္။
၂၀၁၆ ခုႏွစ္ ေမလတြင္ အိုမန္ႏိုင္ငံက ၎တို႔သည္ ပင္လယ္ေကြ႕ရထားလမ္းစီမံကိန္းကို ေခတၱရပ္ဆိုင္းထား ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။ အိုမန္သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး Ahmed al- Futaisiu” ဒီစီမံကိန္းကို အေကာင္ အထည္ေဖာ္ေနတဲ့ႏိုင္ငံေတြၾကားမွာ စိန္ေခၚမႈတစ္ခုရွိေနပါတယ္။ အခ်ိဳ႕ႏိုင္ငံေတြက စီမံကိန္းကိုစတင္ခဲ့ေပမယ့္ အခ်ိဳ႕ ကေတာ့ ဒီဇိုင္းအတိုင္းလိုက္ပါလုပ္ေဆာင္တာမ်ိဳးမရွိခဲ့ပါဘူး။ ဒါကလည္း အိုမန္အတြက္ စိန္ေခၚမႈတစ္ခုပဲ ျဖစ္ပါတယ္။ အိုမန္က ပင္လယ္ေကြ႕မီးရထားလမ္း စီမံကိန္းမွာ ၎ရဲ႕အပိုင္းကို ၿပီးခဲ့မယ္ဆိုရင္ေတာင္ အျခားႏိုင္ငံေတြက ၎တို႔ရဲ႕ အပိုင္းကို စတင္တာမ်ိဳး မရွိတာေၾကာင့္ ခ်ိတ္ဆက္မႈေတြ လုပ္ေဆာင္လို႔ ရမွာမဟုတ္ပါဘူး။ အိုမန္က ဒီစီမံကိန္းကို ဖ်က္သိမ္းမွာမဟုတ္ပါဘူး။ အိုမန္ရဲ႕အပိုင္းမွာ ေႏွာင့္ေႏွးေနရတာက အျခားပါရွန္းပင္လယ္ေကြ႕ႏိုင္ငံေတြဟာ ဒီစီမံကိန္း ရပ္တန႔္ဖို႔ ဆုံးျဖတ္ထားလို႔ပဲျဖစ္ပါတယ္”ဟု ေျပာဆိုခဲ့သည္။ ေနာက္ပိုင္းတြင္ အိုမန္အစိုးရသည္ Salalah, Sohar ႏွင့္ Duqm ဆိပ္ကမ္းမ်ားကို ခ်ိတ္ဆက္သည့္ ျပည္တြင္းရထားလမ္းကြန္ ရက္ကို တည္ေဆာက္ရန္ အာ႐ုံစိုက္ခဲ့ေၾကာင္းသိရ သည္။
ဘာရိန္းအစိုးရက ၎တို႔သည္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံႏွင့္ခ်ိတ္ဆက္မည့္ ပင္လယ္ေကြ႕ ၂၀၂၃ ခုႏွစ္ မတိုင္ခင္ အခ်ိန္အထိ တည္ေဆာက္မည္မဟုတ္ ေၾကာင္းေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ဘာရိန္းႏိုင္ငံသည္ ေဆာ္ဒီအာေရးဗ် ႏွင့္ခ်ိတ္ဆက္မည့္ အပိုင္းကိုတည္ေဆာက္ၿပီးၿပီဆိုပါက ကူဝိတ္ႏိုင္ငံႏွင့္ ခ်ိတ္ဆက္တည္ေဆာက္ရန္ ရည္႐ြယ္ထား ေၾကာင္း လည္းသိရသည္။ GCC အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား ဘတ္ဂ်က္လိုေငြျပမႈကို ျဖစ္ေစသည့္ ေရနံႏွင့္ သတၱဳမ်ား၏ ေဈးႏႈန္းက်ဆင္းမႈသည္ ပင္လယ္ေကြ႕ မီးရထားလမ္းစီမံကိန္းကို အဟန႔္အတားျဖစ္ေစသည့္ အဓိကအေၾကာင္းအရင္း ျဖစ္ေၾကာင္း ႏိုင္ငံတကာမီးရထားဂ်ာနယ္၏ အယ္ဒီတာခ်ဳပ္ Futaisi ႏွင့္ David Briginshaw တို႔ကေျပာၾကားခဲ့သည္။ David Briginshawu” ေရနံေဈးႏႈန္းက်ဆင္းမႈက ရင္းႏွီးျမႇဳပ္ႏွံမႈေတြအေပၚ အက်ိဳးသက္ေရာက္မႈရွိခဲ့ပါတယ္။ ေျပာရ မယ္ဆိုရင္ ဒီစီမံကိန္းမွာပါဝင္တဲ့ အိုမန္ရဲ႕ အပိုင္းက တြင္းထြက္ပစၥည္းေတြကို ကမ္း႐ိုး တန္းေတြကို ယူေဆာင္သြား ႏိုင္ဖို႔ ဒီဇိုင္းထုတ္ထားတာပါ။ ဒါေပမယ့္ ဝယ္လိုအားမရွိဘူးဆိုရင္ ဒီစီမံကိန္း တစ္ခုလုံးက ေမးခြန္းထုတ္စရာျဖစ္လာပါ လိမ့္မယ္”ဟုေျပာဆိုခဲ့သည္။ အဆိုပါ ပင္လယ္ေကြ႕မီးရထားလမ္းစီမံကိန္းကို ေရနံေဈးႏႈန္းျမင့္တက္ေနသည့္ေခတ္တြင္ ပထမဆုံးအေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။
အဆိုပါစီမံကိန္းကို အဟန႔္အတားျဖစ္ေစေသာအျခားစိုးရိမ္မႈမ်ားမွာ GCC အဖြဲ႕ဝင္ႏိုင္ငံ၏ ႏိုင္ငံသား မဟုတ္သူ မ်ားအတြက္ ဗီဇာျပႆနာမ်ား၊ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္မႈမ်ား၊ ေမွာင္ခိုကူးမႈ၊ စီးပြားေရးၿပိဳင္ဆိုင္မႈမ်ားႏွင့္ ရထား လိုင္းမ်ားေတြ႕ဆုံသင့္သည့္ေနရာႏွင့္ပတ္သက္ၿပီး သေဘာထားကြဲ လြဲမႈမ်ားျဖစ္ေၾကာင္းသိရသည္။ အဆိုပါ အဟန႔္ အတားမ်ားေၾကာင့္ ေႏွာင့္ေႏွးမႈမ်ားရွိေနေသာ္လည္း ပင္လယ္ေကြ႕မီးရထားစီမံကိန္းမွာ ၿပီးေျမာက္သြားမည္ဟု အခ်ိဳ႕ သူမ်ားကယုံၾကည္ေနၾကသည္။ အမည္မသိသတင္းရင္းျမစ္တစ္ခုက” ဒီစီမံကိန္းနဲ႔ ပတ္သက္ၿပီး အေစာဆုံးၿပီးစီးမယ့္ ရက္စြဲမွာ ၂၀၂၅ ခုႏွစ္ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္လည္း ဒီစီမံကိန္းၿပီးစီးႏိုင္ဖို႔ ျဖစ္ႏိုင္ေျခအရွိဆုံးကေတာ့ ၂၀၃၀ ျပည့္ ႏွစ္ပဲျဖစ္ပါတယ္” ဟုေျပာဆိုခဲ့သည္။ အေရွ႕အလယ္ပိုင္းေဒသ တြင္းတြင္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားရွိလာေစရန္အတြက္ ပင္လယ္ေကြ႕မီးရထားလမ္းကို လိုအပ္ေၾကာင္း ၂၀၁၇ ခုႏွစ္ မတ္လ(၇)ရက္ေန႔တြင္ ဒူဘိုင္းၿမိဳ႕တြင္ က်င္းပေသာ အေရွ႕ အလယ္ပိုင္း မီးရထားလမ္းဆိုင္ ရာေဆြးေႏြးပြဲႏွင့္ျပပြဲတြင္ GCC အဖြဲ႕အေထြေထြ အတြင္းေရးမႉးခ်ဳပ္ Abdullatif A1-Zayani က ေျပာၾကားခဲ့သည္။ ေဆာ္ဒီအာေရးဗ်၊ ယူေအအီးႏွင့္ အိုမန္ႏိုင္ငံတို႔သည္ ပင္လယ္ေကြ႕မီးရထားလမ္း စီမံကိန္း ကို အေကာင္အထည္ေဖာ္ရာတြင္ သိသိသာသာ တိုးတက္မႈမ်ားရွိလာေၾကာင္း GCC Chambers မ်ားအဖြဲ႕ခ်ဳပ္၏ အေထြ ေထြ အတြင္းေရးမႉးခ်ဳပ္ Abdul Rahim A1 Naqi က ၂၀၁၇ ခုႏွစ္ ဧၿပီလ တြင္ ေျပာၾကားခဲ့သည္။ ထို႔ျပင္ ဘာရိန္းသည္ အဆိုပါစီမံကိန္းကို အေကာင္အထည္ေဖာ္ရန္အတြက္ ႏိုင္ငံတကာကုမၸဏီတစ္ခုကို ခန႔္အပ္ထားေၾကာင္း ၎ ကထပ္မံ ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ကူဝိတ္ႏိုင္ငံရွိ စီမံကိန္းအပိုင္းမွာ အေျခခံအေဆာက္အအုံႏွင့္ နည္းပညာဆိုင္ရာ ျပႆနာမ်ားေၾကာင့္ ေႏွာင့္ေႏွးမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။ အဆိုပါမီးရ ထားလမ္းကြန္ရက္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ႀကီး ၾကပ္ရန္အတြက္ GCC မီးရထားအာဏာပိုင္အဖြဲ႕ကို ဖြဲ႕စည္းရန္ အဖြဲ႕ဝင္ႏိုင္ငံမ်ားက အဆိုျပဳထားေၾကာင္းလည္း သိရ သည္။ အဆိုပါစီမံကိန္းကို ႀကီးၾကပ္ရန္အတြက္ အာဏာပိုင္အဖြဲ႕ကို ဖြဲ႕စည္းျခင္းမ်ိဳးမရွိေသးေသာ္လည္း လက္ရွိအခ်ိန္ အထိ GCC အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ၎တို႔၏နယ္ေျမအတြင္းတြင္ ပင္လယ္ေကြ႕ မီးရထားလမ္းစီမံကိန္းကို ဆက္လက္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္းသိရသည္။ အဆိုပါစီမံကိန္းၿပီးစီး သြားပါက GCC ႏိုင္ငံသားမ်ားသည္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ နယ္ေျမအတြင္းသို႔ ဗီဇာကင္းလြတ္ခြင့္ႏွင့္အတူ ဝင္ေရာက္ခြင့္ရရွိမည္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါမီးရထားလမ္းသည္ ကုန္စည္ပို႔ ေဆာင္ေရးဝန္ေဆာင္မႈမ်ားေပးျခင္းျဖင့္ GCC အဖြဲ႕ဝင္ႏိုင္ငံမ်ား အၾကား ကုန္သြယ္မႈကို ျမႇင့္တင္ေပး ႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ထားၾကေၾကာင္းလည္းသိရသည္။ ပင္လယ္ေကြ႕မီးရထားလမ္း စတင္လည္ပတ္သည္ႏွင့္တစ္ၿပိဳင္နက္ အလုပ္အကိုင္ေပါင္း(၈)ေသာင္းေက်ာ္ကို ပံ့ပိုးေပးႏိုင္လိမ့္မည္ဟု GCC အဖြဲ႕ ကုန္သြယ္မႈႏွင့္ စက္မႈလုပ္ငန္းအသင္းခ်ဳပ္၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္ Abdul Rahim Hassan Naqi ကေျပာၾကား ခဲ့သည္။ ပင္လယ္ေကြ႕ မီးရထားလမ္းတြင္ ဒီဇယ္စက္ေခါင္းမ်ားကို အသုံးျပဳသြားမည္ျဖစ္ၿပီး ခရီးသည္တင္ရထားမ်ား သည္ တစ္နာရီလွ်င္ အျမန္ႏႈန္း (၂၂၀)ကီလိုမီတာျဖင့္ ေျပးဆြဲ မည္ျဖစ္ကာ ကုန္တင္ရထားမ်ားက တစ္နာရီလွ်င္ အျမန္ႏႈန္း (၈၀)ကီလိုမီတာမွ (၁၂၀)ကီလိုမီတာၾကား ေျပးဆြဲမည္လည္းျဖစ္သည္။

Related news

© 2021. All rights reserved.