၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဥ်းထောင်မှ ရာနှုန်းပြည့်အောင်မြင်သည့်အပြင် အကျဥ်းသားတစ်ဦးမှာ ဝိဇ္ဇာဘာသာတွဲ၌ တစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးရရှိ

 5578

ပုံစာ - အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade - 12 တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် မြင်ကွင်း

သန့်ဇင် (NP News) - ဇွန် ၁၁

၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဥ်းထောင်မှ ရာနှုန်းပြည့်အောင် မြင်သည့်အပြင် အကျဥ်းသားတစ်ဦးမှာ ဝိဇ္ဇာဘာသာတွဲ၌ မြန်မာတစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအပြင် ဧပြီလ နှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့(ဇွန်လ ၁၁ ရက်)၊ နံနက် ၆ နာရီက သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းထုတ်ပြန်ကြောညာခဲ့သည်။ ထိုသို့ထုတ်ပြန်ကြေညာရာတွင် ၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဥ်းထောင်မှ အကျဥ်းသား(၇)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါအကျဥ်းသား(၇)ဦးတွင် (၄)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂)ဦးထွက်ပေါ်ခဲ့ပြီး ၎င်းတို့အနက်တစ်ဦးမှာ ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးရရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် IBECကျောင်းတိုက်မှ ယခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအား ဝင်ရောက်ဖြေဆိုသူ (၁၃၄)ဦးရှိခဲ့သည့်အနက် (၃၆)ဦးအောင်မြင်ခဲ့ပြီး အဆိုပါကျောင်းတိုက်မှ ကျောင်း သားတစ်ဦးသည် (၅)ဘာသာဂုဏ်ထူးဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အမှတ်အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့ပြီး ၇၄,၅၉၂ ဦးအောင်မြင်ခဲ့သည့်အတွက် ၅၇ ဒသမ ၉၀ ရာခိုင် နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၁၆၁၈၅ဝ) ဦးရှိခဲ့ရာမှ အောင်မြင်သူ(၁ဝ၉၈၅၁)ဦးရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ (၆၇ ဒသမ ၈၇) ရာခိုင်နှုန်းဖြစ်ခဲ့သည့်အတွက် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက လျော့နည်းသွားသည်ကို တွေ့ရသည်။

zawgyi version
၂၀၂၃- ၂၀၂၄ တကၠသိုလ္ဝင္စာေမးပြဲကို အင္းစိန္ဗဟိုအက်ဥ္းေထာင္မွ ရာႏႈန္းျပည့္ေအာင္ ျမင္သည့္အျပင္ အက်ဥ္းသားတစ္ဦးမွာ ဝိဇၨာဘာသာတြဲ၌ တစ္ႏိုင္ငံလုံး တတိယအမွတ္အမ်ားဆုံးရရွိ
သန႔္ဇင္ (NP News) - ဇြန္ ၁၁

၂၀၂၃- ၂၀၂၄ တကၠသိုလ္ဝင္စာေမးပြဲကို အင္းစိန္ဗဟိုအက်ဥ္းေထာင္မွ ရာႏႈန္းျပည့္ေအာင္ ျမင္သည့္အျပင္ အက်ဥ္းသားတစ္ဦးမွာ ဝိဇၨာဘာသာတြဲ၌ ျမန္မာတစ္ႏိုင္ငံလုံး တတိယအမွတ္အမ်ားဆုံးရရွိခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္ မတ္လတြင္ က်င္းပခဲ့ေသာ တကၠသိုလ္ဝင္စာေမးပြဲအျပင္ ဧၿပီလ ႏွင့္ ေမလမ်ားတြင္ အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ က်င္းပေပးခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို ယေန႔(ဇြန္လ ၁၁ ရက္)၊ နံနက္ ၆ နာရီက သက္ဆိုင္ရာၿမိဳ႕နယ္အသီးသီးရွိ စာစစ္ဌာနေက်ာင္းမ်ားတြင္ တစ္ခ်ိန္တည္းထုတ္ျပန္ေၾကာညာခဲ့သည္။ ထိုသို႔ထုတ္ျပန္ေၾကညာရာတြင္ ၂၀၂၃- ၂၀၂၄ တကၠသိုလ္ဝင္စာေမးပြဲကို အင္းစိန္ဗဟိုအက်ဥ္းေထာင္မွ အက်ဥ္းသား(၇)ဦးဝင္ေရာက္ေျဖဆိုခဲ့ၿပီး ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအက်ဥ္းသား(၇)ဦးတြင္ (၄)ဘာသာဂုဏ္ထူးရွင္တစ္ဦး၊ (၃)ဘာသာဂုဏ္ထူးရွင္ (၄) ဦး၊ (၂)ဘာသာဂုဏ္ထူးရွင္ (၂)ဦးထြက္ေပၚခဲ့ၿပီး ၎တို႔အနက္တစ္ဦးမွာ ဝိဇၨာဘာသာတြဲျဖင့္ ျမန္မာတစ္ႏိုင္ငံလုံး တတိယအမွတ္အမ်ားဆုံးရရွိ ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ IBECေက်ာင္းတိုက္မွ ယခုႏွစ္ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္တန္းအား ဝင္ေရာက္ေျဖဆိုသူ (၁၃၄)ဦးရွိခဲ့သည့္အနက္ (၃၆)ဦးေအာင္ျမင္ခဲ့ၿပီး အဆိုပါေက်ာင္းတိုက္မွ ေက်ာင္း သားတစ္ဦးသည္ (၅)ဘာသာဂုဏ္ထူးျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ အမွတ္အမ်ားဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။ ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသူဦးေရ ၁၂၈,၆၃၅ ဦးရွိခဲ့ၿပီး ၇၄,၅၉၂ ဦးေအာင္ျမင္ခဲ့သည့္အတြက္ ၅၇ ဒသမ ၉၀ ရာခိုင္ ႏႈန္း ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသူ စုစုေပါင္း (၁၆၁၈၅ဝ) ဦးရွိခဲ့ရာမွ ေအာင္ျမင္သူ(၁ဝ၉၈၅၁)ဦးရွိခဲ့ျခင္းေၾကာင့္ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ (၆၇ ဒသမ ၈၇) ရာခိုင္ႏႈန္းျဖစ္ခဲ့သည့္အတြက္ ယခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲေအာင္ခ်က္မွာ ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ေလ်ာ့နည္းသြားသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.