သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲကို ပစ်ခတ်တိုက်ခိုက်ရန်စီစဉ်နေသည့် ရန်ကုန် UG အဖွဲ့ဝင်များကို ရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေ

 2011

Pearl (NP News) – ဇွန် ၁၁

သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကို ပစ်ခတ်တိုက်ခိုက်ရန်စီစဉ်နေသည့် ရန်ကုန် UG အဖွဲ့ဝင်များကို ရှော့တိုက်ဒုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် UG အဖွဲ့ဝင်များသည် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း နစကမှ ဆို သည်။ ထိုသို့ ဆောင်ရွက်ရာ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး (၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင် (၁၈)နှစ် ၊ မင်းသူ(၃၀) နှစ်၊ မောင်ဟိန်း(၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော်(၁၈)နှစ်နှင့် ထက်အာကာလင်း(၂၆)နှစ်တို့ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ် နှင့် ဇာနည်အောင်(ခ)ကိုဇာ(၃၂)နှစ်တို့ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နေအိမ်အသီးသီးမှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။ ဖြစ်စဉ်တွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး(၁) ဦးတို့နှင့်အတူ ၁ဝ၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ထွက်ဆိုချက်အရ Brigate Drone Force PDF အဖွဲ့ဝင်ဖြစ်သော ဖမ်းဆီးရန်ကျန်သူ အာကာမင်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ရှော့တိုက်ဒုံးချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများကို သင်ကြားပေးခဲ့ကြောင်း၊ သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် လုပ်ကြံပစ်ခတ်ရန်အတွက် မေလ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်သူ ဖြူနှင်းအေး(ခ)မီးအိမ်ရှင်က စိန်ကြီးကိုဆက်သွယ်၍ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၃ လုံးနှင့် လက်ပစ် ဗုံး ၂ လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့် စိန်ကြီး ၊ ဇာနည်အောင် နှင့် ချစ်ကေခိုင် တို့ က ပုဇွန် တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် ၂ ဦး (စိစစ်ဆဲ)ထံမှ သွားရောက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ၎င်းတို့၏ထွက်ဆိုချက်များအရ စိန်ကြီး ၊ ချိုကြီး ၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင် နှင့် ချစ်ကေခိုင်တို့သည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင်တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာအနီးတစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေ အနေတို့ကို ၅ ကြိမ် သွားရောက်ကြည့်ရှုခဲ့ပြီး ရှော့တိုက်ဒုံးပစ်ခတ်မည့်နေရာကို ဆိပ်ကမ်းသာလမ်းအောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်း ဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်သူများကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

zawgyi version
သန္လ်င္တံတားအမွတ္(၃) ဖြင့္ပြဲကို ပစ္ခတ္တိုက္ခိုက္ရန္စီစဥ္ေနသည့္ ရန္ကုန္ UG အဖြဲ႕ဝင္မ်ားကို ေရွာ့တိုက္ဒုံးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ဆက္စပ္သူမ်ားကို ဖမ္းဆီးရမိေရး ေဆာင္႐ြက္ေန

Pearl (NP News) – ဇြန္ ၁၁

သန္လ်င္တံတားအမွတ္(၃) ဖြင့္ပြဲအခမ္းအနားကို ပစ္ခတ္တိုက္ခိုက္ရန္စီစဥ္ေနသည့္ ရန္ကုန္ UG အဖြဲ႕ဝင္မ်ားကို ေရွာ့တိုက္ဒုံးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ သတင္းထုတ္ျပန္ေရးအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ရန္ကုန္ UG အဖြဲ႕ဝင္မ်ားသည္ သန္လ်င္တံတားအမွတ္(၃) ဖြင့္ပြဲအခမ္းအနားကို ၁၀၇ မမေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ရန္ စီစဥ္လ်က္ရွိေၾကာင္း ျပည္သူမ်ား၏ သတင္းေပးပို႔ခ်က္အရ ဖမ္းဆီးရမိႏိုင္ေရး လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္ခဲ့ေၾကာင္း နစကမွ ဆို သည္။ ထိုသို႔ ေဆာင္႐ြက္ရာ ဇြန္လ ၈ ရက္ နံနက္ပိုင္းတြင္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ သေဘၤာက်င္းဝန္ထမ္းအိမ္ယာဝန္းအတြင္းရွိ သစ္သားလိုင္းခန္းအေဟာင္း၌ ရန္ကုန္ UG အဖြဲ႕ဝင္မ်ားျဖစ္ေသာ စိန္ႀကီး(ခ)ေအာင္ေထြး (၂၆)ႏွစ္၊ ခ်ိဳႀကီး(ခ)ဟိန္းထက္ေအာင္ (၁၈)ႏွစ္ ၊ မင္းသူ(၃၀) ႏွစ္၊ ေမာင္ဟိန္း(၂၄)ႏွစ္၊ ေအာင္သူရထြန္း (၂၅)ႏွစ္၊ ျပည့္ၿဖိဳးေဇာ္(၁၈)ႏွစ္ႏွင့္ ထက္အာကာလင္း(၂၆)ႏွစ္တို႔ကို ၁ဝ၇ မမ ေရွာ့တိုက္ဒုံး ၂ လုံး၊ ျဖဴးစ္ ၂ ခု၊ လက္ပစ္ဗုံး ၂ လုံး၊ ဘတၳရီအိုး ၂ လုံး၊ ဝါယာႀကိဳးေခြ ၄ ေခြ၊ အျခားဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ဇြန္လ ၉ ရက္ နံနက္ပိုင္းတြင္ ေရွာ့တိုက္ဒုံးပစ္ခတ္ရန္ ပူးေပါင္းပါဝင္သူမ်ားျဖစ္ေသာ ခ်စ္ေကခိုင္(၃၈)ႏွစ္ ႏွင့္ ဇာနည္ေအာင္(ခ)ကိုဇာ(၃၂)ႏွစ္တို႔ကို ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ေနအိမ္အသီးသီးမွ ၁၀၇ မမ ေရွာ့တိုက္ဒုံး ၁ လုံး၊ ျဖဴးစ္တစ္ခုတို႔ျဖင့္ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္းလည္း သိရသည္။ ျဖစ္စဥ္တြင္ အမ်ိဳးသား ၈ ဦး၊ အမ်ိဳးသမီး(၁) ဦးတို႔ႏွင့္အတူ ၁ဝ၇ မမေရွာ့တိုက္ဒုံး ၃ လုံး၊ ျဖဴးစ္ ၃ ခု၊ လက္ပစ္ဗုံး ၂ လုံး၊ ဘတၳရီအိုး ၂ လုံး၊ ဝါယာႀကိဳးေခြ ၄ ေခြႏွင့္ အျခားဆက္စပ္ပစၥည္းမ်ားအား ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

၎တို႔၏ထြက္ဆိုခ်က္အရ Brigate Drone Force PDF အဖြဲ႕ဝင္ျဖစ္ေသာ ဖမ္းဆီးရန္က်န္သူ အာကာမင္းမွ ၂၀၂၄ ခုႏွစ္၊ ဧၿပီလတြင္ ေရွာ့တိုက္ဒုံးခ်ိန္႐ြယ္နည္းႏွင့္ ပစ္ခတ္နည္းမ်ားကို သင္ၾကားေပးခဲ့ေၾကာင္း၊ သန္လ်င္တံတားအမွတ္(၃) ဖြင့္ပြဲအခမ္းအနားက်င္းပစဥ္ လုပ္ႀကံပစ္ခတ္ရန္အတြက္ ေမလ ၁၉ ရက္တြင္ ရန္ကုန္ UG အဖြဲ႕ဝင္ ဖမ္းဆီးရန္က်န္သူ ျဖဴႏွင္းေအး(ခ)မီးအိမ္ရွင္က စိန္ႀကီးကိုဆက္သြယ္၍ ၁၀၇ မမ ေရွာ့တိုက္ဒုံးသီး ၃ လုံးႏွင့္ လက္ပစ္ ဗုံး ၂ လုံးတို႔အား ခ်ိတ္ဆက္ပို႔ေဆာင္ေပးခဲ့သျဖင့္ စိန္ႀကီး ၊ ဇာနည္ေအာင္ ႏွင့္ ခ်စ္ေကခိုင္ တို႔ က ပုဇြန္ ေတာင္ၿမိဳ႕နယ္၊ Ocean Center အနီးရွိ ကားမွတ္တိုင္တြင္ ရန္ကုန္ UG အဖြဲ႕ဝင္ ၂ ဦး (စိစစ္ဆဲ)ထံမွ သြားေရာက္ယူေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ ၎တို႔၏ထြက္ဆိုခ်က္မ်ားအရ စိန္ႀကီး ၊ ခ်ိဳႀကီး ၊ ေမာင္ဟိန္း၊ ျပည့္ၿဖိဳးေဇာ္၊ ထက္အာကာလင္း၊ ဇာနည္ေအာင္ ႏွင့္ ခ်စ္ေကခိုင္တို႔သည္ ဇြန္လ ၄ ရက္ေန႔မွ ၈ ရက္ေန႔အထိ သန္လ်င္တံတား၏ အေျခအေန၊ သန္လ်င္တံတားအဆင္း တိုးဂိတ္အနီးေနရာႏွင့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ျမနႏၵာအိမ္ရာအနီးတစ္ဝိုက္ရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ အေျခ အေနတို႔ကို ၅ ႀကိမ္ သြားေရာက္ၾကည့္ရႈခဲ့ၿပီး ေရွာ့တိုက္ဒုံးပစ္ခတ္မည့္ေနရာကို ဆိပ္ကမ္းသာလမ္းေအာက္ဘက္ “ဘုရင္ႀကီး” သဲေက်ာက္ေရာင္း ဝယ္ေရးလုပ္ငန္း၏ အေရွ႕ဘက္ မီတာ ၁၀၀၀ ခန႔္အကြာ သဲကြင္းျပင္ေနရာကို ေ႐ြးခ်ယ္သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔ကို ဥပေဒအရထိေရာက္စြာ အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ပတ္သက္သူမ်ား၊ ေနာက္ကြယ္မွေထာက္ပံ့ေပးလ်က္ရွိေသာ ဆက္စပ္သူမ်ားကိုလည္း အျမန္ဆုံးဖမ္းဆီးရမိေရးအတြက္ ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

Picture

09799993673

13/06/2024 23:35

နှိပ်စက်ပြီးမေးလို့ရတဲ့ နည်းတွေအများကြီးရှိတယ် အကုန်ဖော်ပါ

Related news

© 2021. All rights reserved.