ရန်ကုန်မြို့တွင် အမျိုးသမီးတစ်ဦးငှားရမ်းနေထိုင်သည့် တိုက်ခန်းအတွင်းမှ ငွေကျပ်(၁)ဘီလျံတန်ဖိုးရှိ အိုက်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

 82579

သန့်ဇင် (NP News) - ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် အမျိုးသမီးတစ်ဦးငှားရမ်းနေထိုင်သည့် တိုက်ခန်းအတွင်းမှ ငွေကျပ်(၁)ဘီလျံတန်ဖိုးရှိ အိုက်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဇွန်လ ၈ရက်၊ မွန်းလွဲ ၂နာရီအချိန်တွင် တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ (၁၄၆)လမ်းရှိ နေအိမ်တိုက်ခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းရှိ မစုမွန်ကျော် ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ငွေကျပ်(၁)ဘီလျံတန်ဖိုးရှိ အိုက်(မက်သ်အဖက်တမင်း) ၄၀ ကီလိုကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် ၎င်းကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပီး ကွင်းဆက်ကျူးလွန်သူများအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
သန့်ဇင် (NP News) - ဇွန် ၁၁




Related news

© 2021. All rights reserved.