တရားသူကြီးနှင့်ရှေ့နေများ၏ ဝတ်စားဆင်ယင်မှုကို ပြင်ဆင်သတ်မှတ်ခြင်းသည် တရားစီရင်ရေးကဏ္ဍအတွက် ထူးခြားမှုမရှိဟု တရားလွှတ်တော်ရှေ့နေအချို့ဆို

 3217

စော (NP News) - ဇွန် ၁၁

တရားသူကြီးနှင့်ရှေ့နေများ၏ ဝတ်စား ဆင်ယင်မှုကို ပြင်ဆင်သတ်မှတ်ခြင်းသည် တရားစီရင်ရေး ကဏ္ဍအတွက် ထူးခြားမှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေအချို့က သုံးသပ်ပြောဆိုထားသည်။

မြို့နယ်တရားရုံးအသီးသီး၏ တရားခွင်တွင် တရားသူကြီးများနှင့်‌ ရှေ့နေရှေ့ရပ်များ ဝတ်ဆင်ရန် ဝတ်စားဆင်ယင်မှု ပြင်ဆင်သတ်မှတ်ခြင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇွန်လ (၃) ရက်တွင် အသိပေးကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် တရားရုံးများသည် နိုင်ငံတော်ကိုကိုယ်စားပြုသည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ တရားရုံးအဆင့် ဆင့်၏ ဝတ်စားဆင်ယင်မှုများ တစ်ပြေးညီဖြစ်စေရန်အတွက် မြို့နယ်တရားရုံးများ၏ တရားခွင်တွင် တရားသူကြီးများနှင့်‌ ရှေ့နေရှေ့ရပ်များ ဝတ်ဆင်ရန် ဝတ်စားဆင်ယင် မှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏အစည်းအဝေးတွင် ပြင်ဆင်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တရားစီရင်တာကတော့ ဥပဒေအတိုင်းစီရင် ရတယ်။ ဥပဒေအတိုင်း သုံးသပ်၊ ဆုံးဖြတ်တဲ့အတွက် ဘာမှမထူးဘူး။ သို့သော် အရင်တုန်းကလို ဖြစ်သလို တိုက်ပုံအင်္ကျီဟပြဲကြီးဝတ်၊ အဲဒီလိုလုပ်တာမျိုး မရတော့ဘဲ နဲ့ တင့်တင့်တယ်တယ်၊ ခံ့ခံ့ညားညား လူတွေရဲ့ စိတ်ဓာတ်ကအစ မြှင့်တင်ပေးရာရောက်ပါတယ်။ အရင်တုန်းက မြို့နယ်တရားရုံးကလွဲပြီး ဝတ်ရုံ ဝတ်ရတယ်။ အခုက တရားရုံးအားလုံးမှာ ဝတ်ရုံဝတ်ရမယ်” ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က NP News ကိုပြောသည်။

ယခင်က မြို့နယ်တရားရုံးများ၏ တရားခွင်တွင် တရားသူကြီးများနှင့် ရှေ့နေရှေရပ်များသည် အနက် ရောင်တိုက်ပုံဝတ်စုံကိုသာဝတ်ဆင်ရကြောင်းသိရသည်။ “ ဥပဒေနဲ့အညီ တရားရုံးတွေက သုံးသပ်၊ ဆုံးဖြတ် ပေးတာကို ပြည်သူအများလိုလားမျှော်လင့်ကြပါတယ်။ အရင်တုန်းကလို ငွေများတရားနိုင်၊ နောက်တစ်ခေတ် ပြောင်းတော့ ငွေနည်းတရားရှုံး၊ ဒီဘက်မှာကျတော့ ငွေကစကားပြောတဲ့ ဒုတိယ ဘုရားသခင်ဆိုတာမျိုး မဖြစ်စေချင်ဘူးလို့”ဟု ၎င်းက ဆက်လက်ပြောသည်။

တရားသူကြီးများအနေဖြင့် ဘွဲ့ဝတ်ရုံပုံစံအတိုင်း ချုပ်ထားသည့် အနက်ရောင်ဝတ်ရုံပေါ်တွင် လည်ပင်း ပတ်လည်မှစ၍ ရင်ဘတ်အရှေ့ခြမ်းအနားနှစ်ဖက် နှင့် လက်အဖျားတို့တွင် (၂)လက်မအရွယ် အပြာနုရောင် အနားကွပ်လိုင်းများပါရှိသည့်ဝတ်ရုံကို ဝတ်ဆင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သတ်မှတ်ထားသည်။ ထို့ပြင် တရားလွှတ်တော်ရှေ့နေများအနေဖြင့် ဘွဲ့ဝတ်ရုံပုံစံအတိုင်းချုပ်ထားသည့် အနက်ရောင် ဝတ်ရုံကိုဝတ်ဆင်၍ အဖြူရောင်လည်စည်းအရှည်တပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ အထက်တန်းရှေ့နေများအနေဖြင့်လည်း ဘွဲ့ဝတ်ရုံပုံစံအတိုင်းချုပ်ထားသည့် အစိမ်းရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ရမည်ဖြစ်ပြီး အဖြူရောင်လည်စည်း တပ်ရန် မလိုအပ်ကြောင်း သိရသည်။

“ဒါက ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်တာ တရား စီရင်ရေးနဲ့ဆိုင်ဖို့တော့မရှိဘူး။ အဝတ်အစားက တရားစီရင်ရေးပေါ်မှာ လွှမ်းမိုးလို့မှမရတာ။ တရားစီရင်ရေးဆိုတာ ဥပဒေကိုအခြေခံပြီးသွားတာလေ။ ဒီအဝတ်အစားဝတ်တဲ့ဟာက အရင်တုန်းက အဆင်ပြေသလိုဝတ်နေကြတာ။ အခုလို တစ်ပြေးညီ သတ်မှတ် လိုက်တယ်ဆိုတော့လည်း ကြည့်ကောင်းသွားတာပေါ့”ဟု အခြားသော တရားလွှတ်တော်ရှေ့နေ တစ်ဦးကလည်း NP News ကို သုံးသပ်ပြောကြားသည်။

မြို့နယ်တရားရုံးများ၏ တရားခွင်တွင် တရားသူကြီးများနှင့် အမှုလိုက်ပါဆောင်ရွက်ကြသည့် ရှေ့နေ ရှေ့ရပ်များသည် လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ယခုကဲ့သို့ ပြင်ဆင်သတ်မှတ်လိုက်သော ဝတ်စားဆင်ယင်မှုများနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
တရားသူႀကီးႏွင့္ေရွ႕ေနမ်ား၏ ဝတ္စားဆင္ယင္မႈကို ျပင္ဆင္သတ္မွတ္ျခင္းသည္ တရားစီရင္ေရးက႑အတြက္ ထူးျခားမႈမရွိဟု တရားလႊတ္ေတာ္ေရွ႕ေနအခ်ိဳ႕ဆို
ေစာ (NP News) - ဇြန္ ၁၁

တရားသူႀကီးႏွင့္ေရွ႕ေနမ်ား၏ ဝတ္စား ဆင္ယင္မႈကို ျပင္ဆင္သတ္မွတ္ျခင္းသည္ တရားစီရင္ေရး က႑အတြက္ ထူးျခားမႈမရွိေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနအခ်ိဳ႕က သုံးသပ္ေျပာဆိုထားသည္။

ၿမိဳ႕နယ္တရား႐ုံးအသီးသီး၏ တရားခြင္တြင္ တရားသူႀကီးမ်ားႏွင့္‌ ေရွ႕ေနေရွ႕ရပ္မ်ား ဝတ္ဆင္ရန္ ဝတ္စားဆင္ယင္မႈ ျပင္ဆင္သတ္မွတ္ျခင္းကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဇြန္လ (၃) ရက္တြင္ အသိေပးေၾကညာခဲ့သည္။ အဆိုပါေၾကညာခ်က္တြင္ တရား႐ုံးမ်ားသည္ ႏိုင္ငံေတာ္ကိုကိုယ္စားျပဳသည့္ ဌာနတစ္ခုျဖစ္သည္ႏွင့္အညီ တရား႐ုံးအဆင့္ ဆင့္၏ ဝတ္စားဆင္ယင္မႈမ်ား တစ္ေျပးညီျဖစ္ေစရန္အတြက္ ၿမိဳ႕နယ္တရား႐ုံးမ်ား၏ တရားခြင္တြင္ တရားသူႀကီးမ်ားႏွင့္‌ ေရွ႕ေနေရွ႕ရပ္မ်ား ဝတ္ဆင္ရန္ ဝတ္စားဆင္ယင္ မႈမ်ားကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးမ်ား၏အစည္းအေဝးတြင္ ျပင္ဆင္သတ္မွတ္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“တရားစီရင္တာကေတာ့ ဥပေဒအတိုင္းစီရင္ ရတယ္။ ဥပေဒအတိုင္း သုံးသပ္၊ ဆုံးျဖတ္တဲ့အတြက္ ဘာမွမထူးဘူး။ သို႔ေသာ္ အရင္တုန္းကလို ျဖစ္သလို တိုက္ပုံအက်ႌဟၿပဲႀကီးဝတ္၊ အဲဒီလိုလုပ္တာမ်ိဳး မရေတာ့ဘဲ နဲ႔ တင့္တင့္တယ္တယ္၊ ခံ့ခံ့ညားညား လူေတြရဲ႕ စိတ္ဓာတ္ကအစ ျမႇင့္တင္ေပးရာေရာက္ပါတယ္။ အရင္တုန္းက ၿမိဳ႕နယ္တရား႐ုံးကလြဲၿပီး ဝတ္႐ုံ ဝတ္ရတယ္။ အခုက တရား႐ုံးအားလုံးမွာ ဝတ္႐ုံဝတ္ရမယ္” ဟု တရား လႊတ္ေတာ္ေရွ႕ေန ဦးခင္ေဇာ္(မရမ္းကုန္း)က NP News ကိုေျပာသည္။

ယခင္က ၿမိဳ႕နယ္တရား႐ုံးမ်ား၏ တရားခြင္တြင္ တရားသူႀကီးမ်ားႏွင့္ ေရွ႕ေနေရွရပ္မ်ားသည္ အနက္ ေရာင္တိုက္ပုံဝတ္စုံကိုသာဝတ္ဆင္ရေၾကာင္းသိရသည္။ “ ဥပေဒနဲ႔အညီ တရား႐ုံးေတြက သုံးသပ္၊ ဆုံးျဖတ္ ေပးတာကို ျပည္သူအမ်ားလိုလားေမွ်ာ္လင့္ၾကပါတယ္။ အရင္တုန္းကလို ေငြမ်ားတရားႏိုင္၊ ေနာက္တစ္ေခတ္ ေျပာင္းေတာ့ ေငြနည္းတရားရႈံး၊ ဒီဘက္မွာက်ေတာ့ ေငြကစကားေျပာတဲ့ ဒုတိယ ဘုရားသခင္ဆိုတာမ်ိဳး မျဖစ္ေစခ်င္ဘူးလို႔”ဟု ၎က ဆက္လက္ေျပာသည္။

တရားသူႀကီးမ်ားအေနျဖင့္ ဘြဲ႕ဝတ္႐ုံပုံစံအတိုင္း ခ်ဳပ္ထားသည့္ အနက္ေရာင္ဝတ္႐ုံေပၚတြင္ လည္ပင္း ပတ္လည္မွစ၍ ရင္ဘတ္အေရွ႕ျခမ္းအနားႏွစ္ဖက္ ႏွင့္ လက္အဖ်ားတို႔တြင္ (၂)လက္မအ႐ြယ္ အျပာႏုေရာင္ အနားကြပ္လိုင္းမ်ားပါရွိသည့္ဝတ္႐ုံကို ဝတ္ဆင္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က သတ္မွတ္ထားသည္။ ထို႔ျပင္ တရားလႊတ္ေတာ္ေရွ႕ေနမ်ားအေနျဖင့္ ဘြဲ႕ဝတ္႐ုံပုံစံအတိုင္းခ်ဳပ္ထားသည့္ အနက္ေရာင္ ဝတ္႐ုံကိုဝတ္ဆင္၍ အျဖဴေရာင္လည္စည္းအရွည္တပ္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။ အလားတူ အထက္တန္းေရွ႕ေနမ်ားအေနျဖင့္လည္း ဘြဲ႕ဝတ္႐ုံပုံစံအတိုင္းခ်ဳပ္ထားသည့္ အစိမ္းရင့္ေရာင္ ဝတ္႐ုံကို ဝတ္ဆင္ရမည္ျဖစ္ၿပီး အျဖဴေရာင္လည္စည္း တပ္ရန္ မလိုအပ္ေၾကာင္း သိရသည္။

“ဒါက ဝတ္စားဆင္ယင္မႈနဲ႔ပတ္သက္တာ တရား စီရင္ေရးနဲ႔ဆိုင္ဖို႔ေတာ့မရွိဘူး။ အဝတ္အစားက တရားစီရင္ေရးေပၚမွာ လႊမ္းမိုးလို႔မွမရတာ။ တရားစီရင္ေရးဆိုတာ ဥပေဒကိုအေျခခံၿပီးသြားတာေလ။ ဒီအဝတ္အစားဝတ္တဲ့ဟာက အရင္တုန္းက အဆင္ေျပသလိုဝတ္ေနၾကတာ။ အခုလို တစ္ေျပးညီ သတ္မွတ္ လိုက္တယ္ဆိုေတာ့လည္း ၾကည့္ေကာင္းသြားတာေပါ့”ဟု အျခားေသာ တရားလႊတ္ေတာ္ေရွ႕ေန တစ္ဦးကလည္း NP News ကို သုံးသပ္ေျပာၾကားသည္။

ၿမိဳ႕နယ္တရား႐ုံးမ်ား၏ တရားခြင္တြင္ တရားသူႀကီးမ်ားႏွင့္ အမႈလိုက္ပါေဆာင္႐ြက္ၾကသည့္ ေရွ႕ေန ေရွ႕ရပ္မ်ားသည္ လာမည့္ ဩဂုတ္လ ၁ ရက္ေန႔မွစ၍ ယခုကဲ့သို႔ ျပင္ဆင္သတ္မွတ္လိုက္ေသာ ဝတ္စားဆင္ယင္မႈမ်ားႏွင့္အညီ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.