AA အနေဖြင့် ပလက်ဝရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့် ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကိုကျူးလွန်နေဟု GKO ထုတ်ဖော် အသိပေး

 3118

Pearl (NP News) - ဇွန် ၁၁

AA အဖွဲ့အနေဖြင့် ပလက်ဝဒေသရှိ ချင်းအမျိုးသမီးများကို ဖမ်းဆီးမုဒိမ်းကျင့်ကာ ကိုယ်ဝန်ဖြင့်ပြန်လွှတ်သည့်လုပ်ရပ်များအပါအဝင် ရာဇဝတ်မှုများစွာကို ကျူးလွန်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (Global Khumi Organization - GKO) က ထုတ်ဖော်အသိပေးထားသည်။

လက်ရှိတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ AA ဖွဲ့က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိပြီး ထို့သို့အုပ်ချုပ်ရေးလုပ်ငန်းများဖော်ဆောင်ရာတွင် ဒေသခံချင်းလူမျိုးများအပေါ်အကြမ်းဖက်မှုမျိုးစုံ၊ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံနှင့် ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းတို့ကိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြောင်း GKO က ဆိုသည်။ ၂၀၁၅ ခုနှစ်မှစ၍ AA တပ်ဖွဲ့ဝင်များက အမျိုးသမီးများအပါအဝင် လွှတ် တော်ကိုယ်စားလှယ်၊ ကျေးရွာလူကြီးများ၊ လူငယ်ခေါင်းဆောင်တို့ကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်သဖြင့် ကိုယ်အင်္ဂါပျက်စီးသွားသူများရှိသည့်အပြင် သေဆုံးသူများလည်းရှိကြောင်း GKO ၏ အချက်အလက်များအရ သိရသည်။ အလားတူ AA သည် ချင်းအမျိုးသမီးများကို လည်းအကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ကာ မုဒိမ်းကျင့်၍ (၆)လကြာမှ ကိုယ်ဝန်နှင့်ပြန်လွှတ်မှုများ၊ အသက်မပြည့်သေးသည့် အလယ်တန်းကျောင်းသူပါမကျန် ထပ်ခါ တလဲလဲ မုဒိမ်းကျင့် စော်ကားမှု ဖြစ်စဉ်များကိုလည်း ကျူးလွန်ဖူးကြောင်း သိရသည်။

ထို့ပြင် AA တပ်ဖွဲ့သည် ပလက်ဝမြို့ နယ်သို့ စတင်ဝင်ရောင်လာသည့် ၂၀၁၅-ခုနှစ်မှစ၍ မူးယစ် ဆေးဝါးများ ရောင်းချ ဖြန့်ဖြူးနေပြီး ပလက်ဝ မြို့နယ်အတွင်းရှိလူငယ်များ မူးယစ်ဆေးဝါး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည်ကို တွေ့ရသည်ဟု GKO က ဆိုသည်။ “နဂိုတည်းက ကျွန်တော်တို့ ချင်းလူမျိုးတွေ ဝိုင်းအော်နေတာပဲလေ။ ဆန္ဒတွေလည်း ပြကြသေးတာပဲ။ ပလက်ဝမှာရှိတဲ့ လူတော်တော်များများကတော့ AA ကို မုန်းတယ်။ သူတို့ရဲ့ ဒဏ် တော်တော်ကို ခံရတယ်။ သူတို့လုပ်ရပ်တွေကို ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူး။ ချင်း လူမျိုးအားလုံးက မကြိုက်တာ။ ၂၀၂၀ မတိုင်ခင်က ပလက်ဝမှာ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒီအချိန် တည်းက ပွင့်ပွင့်လင်းလင်းပြောရင် စစ်တပ်နဲ့ AA ဆိုရင် AA နှိပ်စက်တာကို ခံရတယ်။ ပလက်ဝမှာ ချင်းလူမျိုးကများပြီး ရခိုင် လူမျိုးက နည်းတယ်။ ဒါပေမဲ့ ပလက်ဝက ရခိုင်ပြည်နယ်ထဲ ပါတယ်ဆိုတဲ့ အတွေးဝင်ထားတယ်။ ဝင်ထားတော့ တစ်ခုခုဖြစ်ရင် သူတို့နေရာ ဆိုပြီး လွှမ်းခြုံတာပေါ့နော်။ ဥပမာ ဂိတ်တွေဆိုရင် AA ရှိရင် ချင်းလို မပြောရဘူး။ ရခိုင်လို ပြောရတယ်။ ရခိုင်လိုမပြောရင် ပါးရိုက်ခံရတဲ့ လူတွေလည်း ရှိတယ်ပေါ့နော်။ ဆိုင်တွေ အများစုကလည်း ရခိုင်တွေ။ ဈေးဝယ်တာကအစ ရခိုင်လို ပြောရတယ် ချင်းတွေက။ အဲဒီလိုလူမျိုးရေးတွေ ရှိခဲ့တယ်။ အခုနောက်ပိုင်းကျတော့ ပေါ်ပေါ်ထင်ထင်ဖြစ်လာတာပေါ့နော်။ တိုက်ခိုက်မှုတွေလည်း လုပ်လာတယ်။ အရင်ကဆိုရင် စစ်တပ်ရှိတယ်လေ။ အခုမရှိတော့ သူတို့ချည်းလွှမ်းမိုးထားတော့ ဂိတ်တွေဆိုရင်လည်း သူတို့ကို အခွန် ဆောင်ရတယ်။ သူတို့ဆီက ခွင့်ပြုချက်တွေ တောင်းရတယ်။ စစ်မှုထမ်းဖို့လည်း တစ်ရွာကို ၅ ယောက်စီ ပေးရ တယ်။အရင်တည်းက ချင်းလူမျိုးတွေကို ဖမ်းတာတွေလည်း ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ကိုလည်း အကြာကြီးပဲ ဖမ်းထားတာ”ဟု ပလက်ဝဒေသခံတစ်ဦးက NP News ကို ပြောသည်။

AA လက်နက်ကိုင်အဖွဲ့အနေဖြင့် လက်နက် အားကိုးဖြင့် ဒေသခံ ချင်းလူမျိုးများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သည်းခံလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုသို့ရောက်ရှိ တော့မည်ဖြစ်သည့် အပြင် လက်ရှိတွင် ပိုမိုဆိုးရွားလာနေကြောင်းလည်း GKO က ဆိုသည်။ ထို့ကြောင့် AA အနေဖြင့် ပလက်ဝမြို့ နယ်တွင်းရှိ ချင်း လူမျိုးများကိုမတရားဖမ်းဆီး၍ ညှင်းပန်း နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ သက်ငယ် မုဒိမ်းမှုများ ကျူးလွန်ခြင်းအပြင် မူးယစ်ဆေးဝါး ရောင်းချဖြန့် ဖြူးခြင်း၊ တစ်ဖက်နိုင်ငံမှ ရခိုင်လူမျိုးများကို အလုံးအရင်းဖြင့် တရားမဝင် တင်သွင်း အခြေချနေထိုင်စေခြင်း၊ ဌာနေ တိုင်းရင်းသား ချင်းလူမျိုးများကို ဇာတိမြေပြင်ပေါ်မှ ပျောက်ကွယ် သွားစေရန် ရည်ရွယ်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု (crime against humanity) နှင့် လူမျိုးတုံး သတ်ဖြတ်မှု (Genocide)ကျူးလွန်ခြင်း၊ ဒေသခံ တိုင်းရင်းသားများ၏ အိုးအိမ်များကို သိမ်းယူ ဖျက်ဆီးခြင်းနှင့် ချင်း လူမျိုးများ၏ စာပေဘာသာစကား၊ ယဉ်ကျေးမှုများ ပပျောက်၍ ဆက်လက်မရပ်တည်နိုင်ရန် နည်းလမ်းမျိုးစုံ အသုံးပြုလုပ်ဆောင်သည့် လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ပေးရန် GKO က တောင်းဆိုထားသည်။

ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများနှင့် အခြားသောနိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် AA ၏ ချင်းလူမျိုးများအပေါ် ကျူးလွန်သည့် ပြစ်မှုများကို နိုင်ငံတကာ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အရေးယူဆောင်ရွက်ပေးရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်နိုင်ရေးအတွက် ဖိအားပေးဆောင်ရွက်ပေးရန်အတွက် လည်း တောင်းဆိုထားသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလမှ စတင်၍လည်း ပလက်ဝမြို့နယ်တွင်းရှိ အသက် (၁၈)နှစ်မှ (၄၀)နှစ် အတွင်းရှိ ဒေသခံချင်းအမျိုးသားများကို စစ်မှုထမ်းရန် အတင်းအဓမ္မ စာရင်းကောက်ခဲ့ပြီး လက်ရှိတွင် ကျောင်းနေအရွယ် အသက်မပြည့်သေးသည့်(၁၅)နှစ်အောက်ကလေးများကိုလည်း စစ်မှုထမ်းရန်ဖိအားပေးနေသဖြင့် အိန္ဒိယနှင့်အခြား လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

AA လက်နက်ကိုင်အဖွဲ့သည် မူးယစ်ဆေးဝါးဖြင့် ရပ်တည်နေပြီး ၉ နှစ်အတွင်း ငွေကျပ် ၃၀ဝ ဘီလျံနီးပါး တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ၎င်းတို့နှင့်ဆက်စပ်ကာ ဖမ်းဆီးရမိထားကြောင်းလည်း နစက၏ အချက်အလက်များအရ သိရသည်။

zawgyi version
AA အေနျဖင့္ ပလက္ဝရွိ ခ်င္းအမ်ိဳးသမီးမ်ားကို ဖမ္းဆီးမုဒိမ္းက်င့္ကာ ကိုယ္ဝန္ျဖင့္ ျပန္လႊတ္သည့္လုပ္ရပ္မ်ားအပါအဝင္ ရာဇဝတ္မႈမ်ားစြာကိုက်ဴးလြန္ေနဟု GKO ထုတ္ေဖာ္ အသိေပး
Pearl (NP News) - ဇြန္ ၁၁

AA အဖြဲ႕အေနျဖင့္ ပလက္ဝေဒသရွိ ခ်င္းအမ်ိဳးသမီးမ်ားကို ဖမ္းဆီးမုဒိမ္းက်င့္ကာ ကိုယ္ဝန္ျဖင့္ျပန္လႊတ္သည့္လုပ္ရပ္မ်ားအပါအဝင္ ရာဇဝတ္မႈမ်ားစြာကို က်ဴးလြန္ေနေၾကာင္း ကမာၻလုံးဆိုင္ရာ ခူမီးအဖြဲ႕အစည္း (Global Khumi Organization - GKO) က ထုတ္ေဖာ္အသိေပးထားသည္။

လက္ရွိတြင္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္၌ AA ဖြဲ႕က အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနလ်က္ရွိၿပီး ထို႔သို႔အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားေဖာ္ေဆာင္ရာတြင္ ေဒသခံခ်င္းလူမ်ိဳးမ်ားအေပၚအၾကမ္းဖက္မႈမ်ိဳးစုံ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ိဳးစုံႏွင့္ ေဒသတြင္း တရားမဝင္မူးယစ္ေဆးဝါးေရာင္းခ်ျဖန႔္ျဖဴးျခင္းတို႔ကိုက်ယ္ျပန႔္စြာ လုပ္ေဆာင္လာေၾကာင္း GKO က ဆိုသည္။ ၂၀၁၅ ခုႏွစ္မွစ၍ AA တပ္ဖြဲ႕ဝင္မ်ားက အမ်ိဳးသမီးမ်ားအပါအဝင္ လႊတ္ ေတာ္ကိုယ္စားလွယ္၊ ေက်း႐ြာလူႀကီးမ်ား၊ လူငယ္ေခါင္းေဆာင္တို႔ကို အေၾကာင္းမဲ့ဖမ္းဆီးႏွိပ္စက္သျဖင့္ ကိုယ္အဂၤါပ်က္စီးသြားသူမ်ားရွိသည့္အျပင္ ေသဆုံးသူမ်ားလည္းရွိေၾကာင္း GKO ၏ အခ်က္အလက္မ်ားအရ သိရသည္။ အလားတူ AA သည္ ခ်င္းအမ်ိဳးသမီးမ်ားကို လည္းအေၾကာင္းမဲ့ ဖမ္းဆီးခ်ဳပ္ေႏွာင္ကာ မုဒိမ္းက်င့္၍ (၆)လၾကာမွ ကိုယ္ဝန္ႏွင့္ျပန္လႊတ္မႈမ်ား၊ အသက္မျပည့္ေသးသည့္ အလယ္တန္းေက်ာင္းသူပါမက်န္ ထပ္ခါ တလဲလဲ မုဒိမ္းက်င့္ ေစာ္ကားမႈ ျဖစ္စဥ္မ်ားကိုလည္း က်ဴးလြန္ဖူးေၾကာင္း သိရသည္။

ထို႔ျပင္ AA တပ္ဖြဲ႕သည္ ပလက္ဝၿမိဳ႕ နယ္သို႔ စတင္ဝင္ေရာင္လာသည့္ ၂၀၁၅-ခုႏွစ္မွစ၍ မူးယစ္ ေဆးဝါးမ်ား ေရာင္းခ် ျဖန႔္ျဖဴးေနၿပီး ပလက္ဝ ၿမိဳ႕နယ္အတြင္းရွိလူငယ္မ်ား မူးယစ္ေဆးဝါး က်ယ္က်ယ္ျပန႔္ျပန႔္ သုံးစြဲေနသည္ကို ေတြ႕ရသည္ဟု GKO က ဆိုသည္။ “နဂိုတည္းက ကြၽန္ေတာ္တို႔ ခ်င္းလူမ်ိဳးေတြ ဝိုင္းေအာ္ေနတာပဲေလ။ ဆႏၵေတြလည္း ျပၾကေသးတာပဲ။ ပလက္ဝမွာရွိတဲ့ လူေတာ္ေတာ္မ်ားမ်ားကေတာ့ AA ကို မုန္းတယ္။ သူတို႔ရဲ႕ ဒဏ္ ေတာ္ေတာ္ကို ခံရတယ္။ သူတို႔လုပ္ရပ္ေတြကို ကြၽန္ေတာ္ တစ္ေယာက္တည္း မဟုတ္ဘူး။ ခ်င္း လူမ်ိဳးအားလုံးက မႀကိဳက္တာ။ ၂၀၂၀ မတိုင္ခင္က ပလက္ဝမွာ တိုက္ပြဲေတြ ျဖစ္တယ္။ အဲဒီအခ်ိန္ တည္းက ပြင့္ပြင့္လင္းလင္းေျပာရင္ စစ္တပ္နဲ႔ AA ဆိုရင္ AA ႏွိပ္စက္တာကို ခံရတယ္။ ပလက္ဝမွာ ခ်င္းလူမ်ိဳးကမ်ားၿပီး ရခိုင္ လူမ်ိဳးက နည္းတယ္။ ဒါေပမဲ့ ပလက္ဝက ရခိုင္ျပည္နယ္ထဲ ပါတယ္ဆိုတဲ့ အေတြးဝင္ထားတယ္။ ဝင္ထားေတာ့ တစ္ခုခုျဖစ္ရင္ သူတို႔ေနရာ ဆိုၿပီး လႊမ္းၿခဳံတာေပါ့ေနာ္။ ဥပမာ ဂိတ္ေတြဆိုရင္ AA ရွိရင္ ခ်င္းလို မေျပာရဘူး။ ရခိုင္လို ေျပာရတယ္။ ရခိုင္လိုမေျပာရင္ ပါး႐ိုက္ခံရတဲ့ လူေတြလည္း ရွိတယ္ေပါ့ေနာ္။ ဆိုင္ေတြ အမ်ားစုကလည္း ရခိုင္ေတြ။ ေဈးဝယ္တာကအစ ရခိုင္လို ေျပာရတယ္ ခ်င္းေတြက။ အဲဒီလိုလူမ်ိဳးေရးေတြ ရွိခဲ့တယ္။ အခုေနာက္ပိုင္းက်ေတာ့ ေပၚေပၚထင္ထင္ျဖစ္လာတာေပါ့ေနာ္။ တိုက္ခိုက္မႈေတြလည္း လုပ္လာတယ္။ အရင္ကဆိုရင္ စစ္တပ္ရွိတယ္ေလ။ အခုမရွိေတာ့ သူတို႔ခ်ည္းလႊမ္းမိုးထားေတာ့ ဂိတ္ေတြဆိုရင္လည္း သူတို႔ကို အခြန္ ေဆာင္ရတယ္။ သူတို႔ဆီက ခြင့္ျပဳခ်က္ေတြ ေတာင္းရတယ္။ စစ္မႈထမ္းဖို႔လည္း တစ္႐ြာကို ၅ ေယာက္စီ ေပးရ တယ္။အရင္တည္းက ခ်င္းလူမ်ိဳးေတြကို ဖမ္းတာေတြလည္း ရွိတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ေယာက္ကိုလည္း အၾကာႀကီးပဲ ဖမ္းထားတာ”ဟု ပလက္ဝေဒသခံတစ္ဦးက NP News ကို ေျပာသည္။

AA လက္နက္ကိုင္အဖြဲ႕အေနျဖင့္ လက္နက္ အားကိုးျဖင့္ ေဒသခံ ခ်င္းလူမ်ိဳးမ်ားအေပၚ က်ဴးလြန္သည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို သည္းခံလာခဲ့သည္မွာ ဆယ္စုႏွစ္တစ္ခုသို႔ေရာက္ရွိ ေတာ့မည္ျဖစ္သည့္ အျပင္ လက္ရွိတြင္ ပိုမိုဆိုး႐ြားလာေနေၾကာင္းလည္း GKO က ဆိုသည္။ ထို႔ေၾကာင့္ AA အေနျဖင့္ ပလက္ဝၿမိဳ႕ နယ္တြင္းရွိ ခ်င္း လူမ်ိဳးမ်ားကိုမတရားဖမ္းဆီး၍ ညႇင္းပန္း ႏွိပ္စက္ျခင္း၊ သတ္ျဖတ္ျခင္း၊ သက္ငယ္ မုဒိမ္းမႈမ်ား က်ဴးလြန္ျခင္းအျပင္ မူးယစ္ေဆးဝါး ေရာင္းခ်ျဖန႔္ ျဖဴးျခင္း၊ တစ္ဖက္ႏိုင္ငံမွ ရခိုင္လူမ်ိဳးမ်ားကို အလုံးအရင္းျဖင့္ တရားမဝင္ တင္သြင္း အေျခခ်ေနထိုင္ေစျခင္း၊ ဌာေန တိုင္းရင္းသား ခ်င္းလူမ်ိဳးမ်ားကို ဇာတိေျမျပင္ေပၚမွ ေပ်ာက္ကြယ္ သြားေစရန္ ရည္႐ြယ္၍ လူသားမ်ိဳးႏြယ္အေပၚ ရာဇဝတ္မႈ (crime against humanity) ႏွင့္ လူမ်ိဳးတုံး သတ္ျဖတ္မႈ (Genocide)က်ဴးလြန္ျခင္း၊ ေဒသခံ တိုင္းရင္းသားမ်ား၏ အိုးအိမ္မ်ားကို သိမ္းယူ ဖ်က္ဆီးျခင္းႏွင့္ ခ်င္း လူမ်ိဳးမ်ား၏ စာေပဘာသာစကား၊ ယဥ္ေက်းမႈမ်ား ပေပ်ာက္၍ ဆက္လက္မရပ္တည္ႏိုင္ရန္ နည္းလမ္းမ်ိဳးစုံ အသုံးျပဳလုပ္ေဆာင္သည့္ လုပ္ရပ္မ်ားကို ခ်က္ျခင္းရပ္တန႔္ေပးရန္ GKO က ေတာင္းဆိုထားသည္။

ထို႔ျပင္ ကမာၻ႔ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအစိုးရမ်ားႏွင့္ အျခားေသာႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား အေနျဖင့္ AA ၏ ခ်င္းလူမ်ိဳးမ်ားအေပၚ က်ဴးလြန္သည့္ ျပစ္မႈမ်ားကို ႏိုင္ငံတကာ ဥပေဒ လုပ္ထုံးလုပ္နည္းႏွင့္ အညီ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္၍ အေရးယူေဆာင္႐ြက္ေပးရန္ႏွင့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ရပ္တန႔္ႏိုင္ေရးအတြက္ ဖိအားေပးေဆာင္႐ြက္ေပးရန္အတြက္ လည္း ေတာင္းဆိုထားသည္။ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္ ဧၿပီလမွ စတင္၍လည္း ပလက္ဝၿမိဳ႕နယ္တြင္းရွိ အသက္ (၁၈)ႏွစ္မွ (၄၀)ႏွစ္ အတြင္းရွိ ေဒသခံခ်င္းအမ်ိဳးသားမ်ားကို စစ္မႈထမ္းရန္ အတင္းအဓမၼ စာရင္းေကာက္ခဲ့ၿပီး လက္ရွိတြင္ ေက်ာင္းေနအ႐ြယ္ အသက္မျပည့္ေသးသည့္(၁၅)ႏွစ္ေအာက္ကေလးမ်ားကိုလည္း စစ္မႈထမ္းရန္ဖိအားေပးေနသျဖင့္ အိႏၵိယႏွင့္အျခား လြတ္ေျမာက္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ ေနရေၾကာင္း သိရသည္။

AA လက္နက္ကိုင္အဖြဲ႕သည္ မူးယစ္ေဆးဝါးျဖင့္ ရပ္တည္ေနၿပီး ၉ ႏွစ္အတြင္း ေငြက်ပ္ ၃၀ဝ ဘီလ်ံနီးပါး တန္ဖိုးရွိေသာ မူးယစ္ေဆးဝါးမ်ားကို ၎တို႔ႏွင့္ဆက္စပ္ကာ ဖမ္းဆီးရမိထားေၾကာင္းလည္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.