ဒိုက်ဦးတွင် မသန်စွမ်းအမျိုးသမီးကို အိမ်နီးချင်းအမျိုးသားက အဓမ္မပြုကျင့်ခဲ့ပြီးနောက် ငွေကျပ်သိန်း ၂၀၀ ဖြင့် ညှိနှိုင်းမှုကို လက်မခံဘဲ တရားစွဲသွားမည်ဟု မိသားစုဝင်များဆို

 3751

သန့်ဇင် (NP News) - ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် မွေးရာပါ ဆွံ့အမသန်စွမ်းသူ အမျိုးသမီး (၁)ဦးကို အိမ်နီးချင်းအမျိုးတော်စပ်သူ အိမ်ထောင်သည် အမျိုးသားက အဓမ္မပြုကျင့်ခဲ့ပြီးနောက် ငွေကျပ်သိန်း ၂၀၀ ဖြင့်ညှိနှိုင်းခဲ့သော်လည်း မိသားစုက တရားဥပဒေအရ ဆက်သွားရန် ဆောင်ရွက်နေကြောင်း ကျူးလွန်ခံရသူ အမျိုးသမီး၏ အဒေါ်ဖြစ်သူက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးသည် အသက် ၂၀ ခန့်သာရှိသေးကြောင်း သိရသည်။ အိမ်နီးချင်းအမျိုးသားက အဓမ္မပြုကျင့်ခဲ့ခြင်းကြောင့် အမျိုးသမီးငယ်၌ ကိုယ်ဝန် (၅)လကျော်ရှိနေကြောင်း မေလ ၇ ရက်တွင် သိရပြီးနောက် အဆိုပါကိစ္စနှင့်ပတ်သက်၍ မေလ ၉ ရက်တွင် အမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူအား ဖမ်းဆီး၍ ရမန်ယူထားတာ ရဲစခန်းမှ တရားရုံးသို့ တရားစွဲတင်ထားပြီး လာမည့် ဇွန်လ ၁၄ ရက်တွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရကာ ကျူးလွန်သူက အရက်သောက်ပြီးနောက် အမျိုးသမီးငယ်ကို သုံးကြိမ်ကာမဆက်ဆံခဲ့သည်ဟု ဝန်ခံထားကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးသူများထံမှ သိရသည်။

“ကျွန်မ နေမကောင်းလို့ဆိုပြီး သားဖွားဆရာမကိုခေါ်ပြီးတော့ ဆေးထိုးရင်းနဲ့ပဲ သူကလည်း တချောင်ချောင် ဖြစ်နေတော့ သူ့ကိုပါပြကြည့်လိုက်တာပေါ့။ ဆရာမက ချက်ချင်းတောင် မပြောနိုင်ဘူး။ ဟယ် ရိုးလိုက်၊ အလိုက်ကြတာ ကလေးကကိုယ်ဝန်ရှိနေတာလို့ ပြောတော့မှ။ ဒါပေမဲ့လည်း မဖြစ်နိုင်ဘူး၊ မယုံဘူး” ဟု ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ အဒေါ်ဖြစ်သူက ဆိုသည်။

ထိုသို့ပြောခဲ့သော်လည်း အနီးအနားတွင် အမျိုးသား သူစိမ်းမရှိခြင်းကြောင့် မဖြစ်နိုင်ဟု ထင်ခဲ့သော်လည်း သားဖွားဆရာမက ၎င်း၏ အတွေ့အကြုံအရ ကိုယ်ဝန်ရှိနေခြင်းဖြစ်ကြောင်း နှင့် Ultrasound ရိုက်ရန်ပြောခြင်းကြောင့် ညောင်လေးပင်မြို့တွင် ရိုက်သည့်အခါမှ ကလေးရှိကြောင်း နှင့် ကိုယ်ဝန် ငါးလကျော် အထိပင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်ဟု ၎င်းကဆိုသည်။ “ကိုယ်ဝန်က(၅)လကျော်နေပြီဆိုပြီးပြောတော့ ဘယ်လိုမှမခံစားနိုင်ဘူ” ဟု အဒေါ်ဖြစ်သူက ဆိုသည်။

ကျူးလွန်သူ၏ အမည်ကို မေးမြန်းရာတွင် ကျူးလွန်ခံရသူ အမျိုးသမီးငယ်မှာ စကားမပြောနိုင်ခြင်းကြောင့် နာမည်များကို ရွတ်ပြကာ ခေါင်းညိတ်၊ ခေါင်းခါသည့် ပုံစံဖြင့် မေးမြန်းခဲ့ရခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးငယ်မှာ ၎င်း၏ အနေအထားကြောင့် သိကျွမ်းသူ သူစိမ်းအမျိုးသား များစွာမရှိပဲ ပတ်ဝန်းကျင်က အမျိုးသား အချို့ကိုသာ သိရှိခြင်းဖြစ်ကြောင်း ၎င်းကဆိုကာ လက်ရှိတွင်လည်း ကိုယ်ဝန်မှာ ရင့်နေပြီဖြစ်သောကြောင့် ကလေးကို မွေးရတော့မည့် အခြေအနေ ဖြစ်နေပြီဟု ၎င်းက ဆိုသည်။ “နိုင်နိုင်လားဆိုတော့မှ အင်းတဲ့ခေါင်းငြိမ့်တယ်။ နိုင်နိုင်ဆိုတာက ကျော်နိုင်ပေါ့။ လုပ်တဲ့ကောင်က ကျော်နိုင်ပေါ့” ဟု အဒေါ်ဖြစ်သူက ဆိုသည်။

ကျူးလွန်သူ ကျော်နိုင်ဆိုသူများ အသက် ၄၈ နှစ်အရွယ်ရှိကာ သမီးသုံးယောက် ဖခင်ဖြစ်ပြီး ကျူးလွန်ခံရသူ အမျိုးသမီး၏ အိမ်နှင့် အိမ်ချင်းကပ်လျက်နေသူဖြစ်သည့်အပြင် ဆွေမျိုးတော်စပ်သူလည်း ဖြစ်ကြောင်း၊ မိခင်က စျေးရောင်းသွားချိန်တွင် အပ်ထားခဲ့လေ့ရှိကြောင်း ကူညီဆောင်ရွက်ပေးသူ တစ်ဦးက ဆိုသည်။
“အခု ကျူးလွန်ခံရတဲ့ ကလေးမလေးရဲ့အဘ တော်စပ်တယ်။ ကလေးမလေးက သူတို့လက်ပေါ်တင် ကြီးလာတာလို့ ပြောလို့ရတယ်။ အမေ စျေးရောင်းသွားရင် အဲဒီ ဦးလေး၊ အဒေါ် လင်မယား နဲ့ ထားခဲ့တာ။ သူတို့လက်ပေါ်တင် ကြီးလာတာ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကျူးလွန်သူများဘက်က ပိုက်ဆံပေးမည်ဟု ညှိနှိုင်းနေသော်လည်း ကျူးလွန်ခံရသူများဘက်က လက်မခံပဲ တရားရုံးမှတဆင့် ဖြေရှင်းရန် ဆောင်ရွက်နေကြောင်း အဒေါ်ဖြစ်သူက ဆိုသည်။ “သူတို့ကပိုက်ဆံလည်းရှိတယ်ဆိုတော့ ညှိတာ။ ပိုက်ဆံနဲ့ညှိတာပေါ့။ ပိုက်ဆံသိန်း ၂၀၀ ပေးမယ်။ ကျေအေးပေးပါပေါ့။ ကျွန်မတို့က မကျေအေးပေးနိုင်ဘူး။ သူသည် ခွေးအလုပ်လုပ်တဲ့ဟာကို မကျေအေးပေးနိုင်ဘူး။ မကျေလည်း မကျေနပ်နိုင်ဘူး။ အလျော်လည်း မယူဘူး။ ဥပဒေအတိုင်းပဲ သွားမှာ။ သိန်း ၂၀၀ ကို လျော်ကြေးမယူရင်လည်းနေပေါ့။ ထောင်ကျရင်လည်း ၅ နှစ်ပဲတဲ့။ လျော်ကြေးပေးတဲ့ပိုက်ဆံ သိန်း ၂၀၀ ကိုမယူလို့ နင်တို့ မယူရင်ရတယ်။ နင်တို့မယူရင်ထောင်ကျသွားလည်း ထောင်မင်းသားလုပ်လို့ရတယ်။ ဒီပိုက်ဆံနဲ့ပေါ့။ တာဝန်ရှိသူအရာရှိတစ်ဦးကပါ အဲဒီအတိုင်းပြောလိုက်တော့ ကျွန်မအစ်မကလေ တုန်ပြီးတော့ဘယ်လိုမှသူမခံစားနိုင်ဘူး။ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျပြီးတော့ပေါ့။ နောက်ထပ် တာဝန်ရှိတဲ့တစ်ယောက်ကပါပြောသေးတယ်။ သေလောက်အောင်ဖြစ်သွားတာမှမဟုတ်တာတဲ့။ အဲဒီလိုကပြောသေးတယ်။ မသန်စွမ်း ထမင်းတောင်ခွံကျွေးပြီးတော့ ဘာမှမသိနားမလည်တဲ့သူလေ” ဟု ၎င်းကဆိုသည်။

zawgyi version
ဒိုက္ဦးတြင္ မသန္စြမ္းအမ်ိဳးသမီးကို အိမ္နီးခ်င္းအမ်ိဳးသားက အဓမၼျပဳက်င့္ခဲ့ၿပီးေနာက္ ေငြက်ပ္သိန္း ၂၀၀ ျဖင့္ ညႇိႏႈိင္းမႈကို လက္မခံဘဲ တရားစြဲသြားမည္ဟု မိသားစုဝင္မ်ားဆို
သန႔္ဇင္ (NP News) - ဇြန္ ၁၁

ပဲခူးတိုင္းေဒသႀကီး၊ ဒိုက္ဦးၿမိဳ႕နယ္တြင္ ေမြးရာပါ ဆြံ႕အမသန္စြမ္းသူ အမ်ိဳးသမီး (၁)ဦးကို အိမ္နီးခ်င္းအမ်ိဳးေတာ္စပ္သူ အိမ္ေထာင္သည္ အမ်ိဳးသားက အဓမၼျပဳက်င့္ခဲ့ၿပီးေနာက္ ေငြက်ပ္သိန္း ၂၀၀ ျဖင့္ညႇိႏႈိင္းခဲ့ေသာ္လည္း မိသားစုက တရားဥပေဒအရ ဆက္သြားရန္ ေဆာင္႐ြက္ေနေၾကာင္း က်ဴးလြန္ခံရသူ အမ်ိဳးသမီး၏ အေဒၚျဖစ္သူက ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ပဲခူးတိုင္း၊ ဒိုက္ဦးၿမိဳ႕နယ္၊ ကြၽန္းကုန္းအုပ္စု၊ ဗမာကြၽန္းကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး က်ဴးလြန္ခံရသူ အမ်ိဳးသမီးသည္ အသက္ ၂၀ ခန႔္သာရွိေသးေၾကာင္း သိရသည္။ အိမ္နီးခ်င္းအမ်ိဳးသားက အဓမၼျပဳက်င့္ခဲ့ျခင္းေၾကာင့္ အမ်ိဳးသမီးငယ္၌ ကိုယ္ဝန္ (၅)လေက်ာ္ရွိေနေၾကာင္း ေမလ ၇ ရက္တြင္ သိရၿပီးေနာက္ အဆိုပါကိစၥႏွင့္ပတ္သက္၍ ေမလ ၉ ရက္တြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

လက္ရွိတြင္ က်ဴးလြန္သူအား ဖမ္းဆီး၍ ရမန္ယူထားတာ ရဲစခန္းမွ တရား႐ုံးသို႔ တရားစြဲတင္ထားၿပီး လာမည့္ ဇြန္လ ၁၄ ရက္တြင္ ပထမအႀကိမ္ ႐ုံးထုတ္ စစ္ေဆးမည္ျဖစ္ေၾကာင္း သိရကာ က်ဴးလြန္သူက အရက္ေသာက္ၿပီးေနာက္ အမ်ိဳးသမီးငယ္ကို သုံးႀကိမ္ကာမဆက္ဆံခဲ့သည္ဟု ဝန္ခံထားေၾကာင္း အမႈကို လိုက္ပါ ေဆာင္႐ြက္ေပးသူမ်ားထံမွ သိရသည္။

“ကြၽန္မ ေနမေကာင္းလို႔ဆိုၿပီး သားဖြားဆရာမကိုေခၚၿပီးေတာ့ ေဆးထိုးရင္းနဲ႔ပဲ သူကလည္း တေခ်ာင္ေခ်ာင္ ျဖစ္ေနေတာ့ သူ႔ကိုပါျပၾကည့္လိုက္တာေပါ့။ ဆရာမက ခ်က္ခ်င္းေတာင္ မေျပာႏိုင္ဘူး။ ဟယ္ ႐ိုးလိုက္၊ အလိုက္ၾကတာ ကေလးကကိုယ္ဝန္ရွိေနတာလို႔ ေျပာေတာ့မွ။ ဒါေပမဲ့လည္း မျဖစ္ႏိုင္ဘူး၊ မယုံဘူး” ဟု က်ဴးလြန္ခံရသူ အမ်ိဳးသမီးငယ္၏ အေဒၚျဖစ္သူက ဆိုသည္။

ထိုသို႔ေျပာခဲ့ေသာ္လည္း အနီးအနားတြင္ အမ်ိဳးသား သူစိမ္းမရွိျခင္းေၾကာင့္ မျဖစ္ႏိုင္ဟု ထင္ခဲ့ေသာ္လည္း သားဖြားဆရာမက ၎၏ အေတြ႕အႀကဳံအရ ကိုယ္ဝန္ရွိေနျခင္းျဖစ္ေၾကာင္း ႏွင့္ Ultrasound ႐ိုက္ရန္ေျပာျခင္းေၾကာင့္ ေညာင္ေလးပင္ၿမိဳ႕တြင္ ႐ိုက္သည့္အခါမွ ကေလးရွိေၾကာင္း ႏွင့္ ကိုယ္ဝန္ ငါးလေက်ာ္ အထိပင္ ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္ဟု ၎ကဆိုသည္။ “ကိုယ္ဝန္က(၅)လေက်ာ္ေနၿပီဆိုၿပီးေျပာေတာ့ ဘယ္လိုမွမခံစားႏိုင္ဘူ” ဟု အေဒၚျဖစ္သူက ဆိုသည္။

က်ဴးလြန္သူ၏ အမည္ကို ေမးျမန္းရာတြင္ က်ဴးလြန္ခံရသူ အမ်ိဳးသမီးငယ္မွာ စကားမေျပာႏိုင္ျခင္းေၾကာင့္ နာမည္မ်ားကို ႐ြတ္ျပကာ ေခါင္းညိတ္၊ ေခါင္းခါသည့္ ပုံစံျဖင့္ ေမးျမန္းခဲ့ရျခင္း ျဖစ္ေၾကာင္း၊ အမ်ိဳးသမီးငယ္မွာ ၎၏ အေနအထားေၾကာင့္ သိကြၽမ္းသူ သူစိမ္းအမ်ိဳးသား မ်ားစြာမရွိပဲ ပတ္ဝန္းက်င္က အမ်ိဳးသား အခ်ိဳ႕ကိုသာ သိရွိျခင္းျဖစ္ေၾကာင္း ၎ကဆိုကာ လက္ရွိတြင္လည္း ကိုယ္ဝန္မွာ ရင့္ေနၿပီျဖစ္ေသာေၾကာင့္ ကေလးကို ေမြးရေတာ့မည့္ အေျခအေန ျဖစ္ေနၿပီဟု ၎က ဆိုသည္။ “ႏိုင္ႏိုင္လားဆိုေတာ့မွ အင္းတဲ့ေခါင္းၿငိမ့္တယ္။ ႏိုင္ႏိုင္ဆိုတာက ေက်ာ္ႏိုင္ေပါ့။ လုပ္တဲ့ေကာင္က ေက်ာ္ႏိုင္ေပါ့” ဟု အေဒၚျဖစ္သူက ဆိုသည္။

က်ဴးလြန္သူ ေက်ာ္ႏိုင္ဆိုသူမ်ား အသက္ ၄၈ ႏွစ္အ႐ြယ္ရွိကာ သမီးသုံးေယာက္ ဖခင္ျဖစ္ၿပီး က်ဴးလြန္ခံရသူ အမ်ိဳးသမီး၏ အိမ္ႏွင့္ အိမ္ခ်င္းကပ္လ်က္ေနသူျဖစ္သည့္အျပင္ ေဆြမ်ိဳးေတာ္စပ္သူလည္း ျဖစ္ေၾကာင္း၊ မိခင္က ေစ်းေရာင္းသြားခ်ိန္တြင္ အပ္ထားခဲ့ေလ့ရွိေၾကာင္း ကူညီေဆာင္႐ြက္ေပးသူ တစ္ဦးက ဆိုသည္။
“အခု က်ဴးလြန္ခံရတဲ့ ကေလးမေလးရဲ႕အဘ ေတာ္စပ္တယ္။ ကေလးမေလးက သူတို႔လက္ေပၚတင္ ႀကီးလာတာလို႔ ေျပာလို႔ရတယ္။ အေမ ေစ်းေရာင္းသြားရင္ အဲဒီ ဦးေလး၊ အေဒၚ လင္မယား နဲ႔ ထားခဲ့တာ။ သူတို႔လက္ေပၚတင္ ႀကီးလာတာ” ဟု ၎ကဆိုသည္။

လက္ရွိတြင္ က်ဴးလြန္သူမ်ားဘက္က ပိုက္ဆံေပးမည္ဟု ညႇိႏႈိင္းေနေသာ္လည္း က်ဴးလြန္ခံရသူမ်ားဘက္က လက္မခံပဲ တရား႐ုံးမွတဆင့္ ေျဖရွင္းရန္ ေဆာင္႐ြက္ေနေၾကာင္း အေဒၚျဖစ္သူက ဆိုသည္။ “သူတို႔ကပိုက္ဆံလည္းရွိတယ္ဆိုေတာ့ ညႇိတာ။ ပိုက္ဆံနဲ႔ညႇိတာေပါ့။ ပိုက္ဆံသိန္း ၂၀၀ ေပးမယ္။ ေက်ေအးေပးပါေပါ့။ ကြၽန္မတို႔က မေက်ေအးေပးႏိုင္ဘူး။ သူသည္ ေခြးအလုပ္လုပ္တဲ့ဟာကို မေက်ေအးေပးႏိုင္ဘူး။ မေက်လည္း မေက်နပ္ႏိုင္ဘူး။ အေလ်ာ္လည္း မယူဘူး။ ဥပေဒအတိုင္းပဲ သြားမွာ။ သိန္း ၂၀၀ ကို ေလ်ာ္ေၾကးမယူရင္လည္းေနေပါ့။ ေထာင္က်ရင္လည္း ၅ ႏွစ္ပဲတဲ့။ ေလ်ာ္ေၾကးေပးတဲ့ပိုက္ဆံ သိန္း ၂၀၀ ကိုမယူလို႔ နင္တို႔ မယူရင္ရတယ္။ နင္တို႔မယူရင္ေထာင္က်သြားလည္း ေထာင္မင္းသားလုပ္လို႔ရတယ္။ ဒီပိုက္ဆံနဲ႔ေပါ့။ တာဝန္ရွိသူအရာရွိတစ္ဦးကပါ အဲဒီအတိုင္းေျပာလိုက္ေတာ့ ကြၽန္မအစ္မကေလ တုန္ၿပီးေတာ့ဘယ္လိုမွသူမခံစားႏိုင္ဘူး။ မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ၿပီးေတာ့ေပါ့။ ေနာက္ထပ္ တာဝန္ရွိတဲ့တစ္ေယာက္ကပါေျပာေသးတယ္။ ေသေလာက္ေအာင္ျဖစ္သြားတာမွမဟုတ္တာတဲ့။ အဲဒီလိုကေျပာေသးတယ္။ မသန္စြမ္း ထမင္းေတာင္ခြံေကြၽးၿပီးေတာ့ ဘာမွမသိနားမလည္တဲ့သူေလ” ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.