အင်ဒိုနီးရှားက မိုက်ခရို ပလတ်စတစ် စားသုံးမှုအများဆုံးစာရင်းတွင်ပါဝင်လာ

 1617

ရောင်နီ(NP News) - ဇွန် ၁၂

ကမ္ဘာတစ်ဝှမ်း မိုက်ခရိုပလတ်စတစ်များ စားသုံးမှုမှာ အင်ဒိုနီးရှားက ထိပ်ဆုံးမှ ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံသားတွေဟာ တစ်လကို ပလတ်စတစ် (၁၅)ဂရမ်လောက် စားသုံးမိကြတယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်ဟာ မိုက်ခရိုပလတ်စတစ် အများဆုံး စားသုံးနေကြတယ်လို့ Cornell တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အဲဒီထဲကမှ မိုက်ခရိုပလတ်စတစ်ကို အများဆုံး စားသုံးမိနေတာကတော့ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး တစ်လကို အကြွေးဝယ်ကတ် သုံးကတ်နဲ့ ညီမျှတဲ့ မိုက်ခရိုပလတ်စတစ် ၁၅ ဂရမ်ခန့် စားသုံးမိနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ပလတ်စတစ်အမှုန်အများစုဟာ ငါးနဲ့ပင်လယ်စာလို ရေထွက်ပစ္စည်း အရင်းအမြစ်တွေကနေ စားသုံးမိခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပလတ်စတစ်ပစ္စည်းတွေ ပြိုကွဲတဲ့အခါ အရွယ်အစား (၅)မီလီအောက်သေးငယ်တဲ့ မိုက်ခရိုပလတ်စတစ်တွေဖြစ်လာပါတယ်။ ၄င်းတို့ကို ပင်လယ်ငါးတွေက စားသုံးမိပြီး အဆိုပါပင်လယ်စာတွေကို လူတွေက စားသုံးမိရာမှ သွယ်ဝိုက်သောနည်းနဲ့ လူသားတွေဆီ ပြန်လည်ရောက်ရှိလာခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။

မိုက်ခရိုပလတ်စတစ်တွေဟာ လေထုထဲမှာလည်း ရှိနေတတ်ပါတယ်။ ဧပြီလ ၂၄ ရက်နေ့ထုတ် Environmental Science & Technology ဂျာနယ်မှ ဖော်ပြချက်အရ တရုတ်နဲ့ မွန်ဂိုလီးယားမှနေထိုင်သူတွေဟာ မိုက်ခရိုပလတ်စတစ်တွေကို အများဆုံးရှူရှိုက်မိကြလေ့ရှိပြီး တစ်လကို အမှုန်အမွှားပေါင်း ၂.၈ သန်းထိကို ရှူရှိုက်မိကြတယ်လို့ သိရပါတ။ Mount Elizabeth ဆေးရုံမှ အစာအိမ်ဆိုင်ရာပါရဂူ ဒေါက်တာလင်လီဂွမ်က လေ့လာချက်များအရ မိုက်ခရိုပလတ်စတစ်တွေကို စားသုံးခြင်းဟာ အူအတွင်းပိုင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အူလမ်းကြောင်းရောင်ရမ်းခြင်းနဲ့ အစာအိမ်အနာဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

zawgyi version
အင္ဒိုနီးရွားက မိုက္ခ႐ို ပလတ္စတစ္ စားသုံးမႈအမ်ားဆုံးစာရင္းတြင္ပါဝင္လာ
ေရာင္နီ(NP News) - ဇြန္ ၁၂

ကမာၻတစ္ဝွမ္း မိုက္ခ႐ိုပလတ္စတစ္မ်ား စားသုံးမႈမွာ အင္ဒိုနီးရွားက ထိပ္ဆုံးမွ ရပ္တည္ေနၿပီး အင္ဒိုနီးရွားႏိုင္ငံသားေတြဟာ တစ္လကို ပလတ္စတစ္ (၁၅)ဂရမ္ေလာက္ စားသုံးမိၾကတယ္လို႔ သိရပါတယ္။

အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ မေလးရွား၊ အင္ဒိုနီးရွား နဲ႔ ဖိလစ္ပိုင္ဟာ မိုက္ခ႐ိုပလတ္စတစ္ အမ်ားဆုံး စားသုံးေနၾကတယ္လို႔ Cornell တကၠသိုလ္မွ သုေတသီေတြရဲ႕ ေလ့လာမႈတစ္ခုအရ သိရပါတယ္။ အဲဒီထဲကမွ မိုက္ခ႐ိုပလတ္စတစ္ကို အမ်ားဆုံး စားသုံးမိေနတာကေတာ့ အင္ဒိုနီးရွားႏိုင္ငံသားေတြျဖစ္ၿပီး တစ္လကို အေႂကြးဝယ္ကတ္ သုံးကတ္နဲ႔ ညီမွ်တဲ့ မိုက္ခ႐ိုပလတ္စတစ္ ၁၅ ဂရမ္ခန႔္ စားသုံးမိေနတယ္လို႔ ဆိုပါတယ္။ အဆိုပါ ပလတ္စတစ္အမႈန္အမ်ားစုဟာ ငါးနဲ႔ပင္လယ္စာလို ေရထြက္ပစၥည္း အရင္းအျမစ္ေတြကေန စားသုံးမိျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ပလတ္စတစ္ပစၥည္းေတြ ၿပိဳကြဲတဲ့အခါ အ႐ြယ္အစား (၅)မီလီေအာက္ေသးငယ္တဲ့ မိုက္ခ႐ိုပလတ္စတစ္ေတြျဖစ္လာပါတယ္။ ၄င္းတို႔ကို ပင္လယ္ငါးေတြက စားသုံးမိၿပီး အဆိုပါပင္လယ္စာေတြကို လူေတြက စားသုံးမိရာမွ သြယ္ဝိုက္ေသာနည္းနဲ႔ လူသားေတြဆီ ျပန္လည္ေရာက္ရွိလာျခင္းျဖစ္တယ္လို႔ ယူဆရပါတယ္။

မိုက္ခ႐ိုပလတ္စတစ္ေတြဟာ ေလထုထဲမွာလည္း ရွိေနတတ္ပါတယ္။ ဧၿပီလ ၂၄ ရက္ေန႔ထုတ္ Environmental Science & Technology ဂ်ာနယ္မွ ေဖာ္ျပခ်က္အရ တ႐ုတ္နဲ႔ မြန္ဂိုလီးယားမွေနထိုင္သူေတြဟာ မိုက္ခ႐ိုပလတ္စတစ္ေတြကို အမ်ားဆုံးရႉရႈိက္မိၾကေလ့ရွိၿပီး တစ္လကို အမႈန္အမႊားေပါင္း ၂.၈ သန္းထိကို ရႉရႈိက္မိၾကတယ္လို႔ သိရပါတ။ Mount Elizabeth ေဆး႐ုံမွ အစာအိမ္ဆိုင္ရာပါရဂူ ေဒါက္တာလင္လီဂြမ္က ေလ့လာခ်က္မ်ားအရ မိုက္ခ႐ိုပလတ္စတစ္ေတြကို စားသုံးျခင္းဟာ အူအတြင္းပိုင္းမွာ အဆိပ္အေတာက္ျဖစ္ေစႏိုင္ၿပီး အူလမ္းေၾကာင္းေရာင္ရမ္းျခင္းနဲ႔ အစာအိမ္အနာျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.