အကောင်းဆုံး ဟာသဆုများ စတင်ချီးမြှင့်တော့မည်

 1026

ယွန်း (NP News) - ဇွန် ၁၂

ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများအပါအဝင် YouTube စသည့် Social Media များမှ အကောင်းဆုံး ဟာသပညာရှင်များကို စိစစ်ရွေးချယ်၍ ထူးချွန်ဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟာသပညာ ရှင်များအစည်းအရုံး(ဗဟို)က ဇွန်လ(၇)ရက်နေ့တွင် အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို)အနေဖြင့် အသက်(၆၅)နှစ်အထက် သက် ကြီးဟာသပညာရှင်များကို နှစ်စဉ်ကန်တော့ခဲ့ရာ ယခုနှစ်တွင် (၁၄) ကြိမ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို လာမည့် ဇူလိုင် လ (၇) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခုနှစ်တွင် ပထမဆုံးအကြိမ်အနေဖြင့် အကောင်းဆုံး ဟာသပညာရှင် ထူးချွန်ဆုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထူးချွန်ဆုတွေပေးတာက ဒီနှစ်မှာ ပထမဆုံးအကြိမ်ပဲ။ အဘဖိုးပါကြီးတို့ လက်ထက်ကနေ စပြီးတော့ ပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့သူတွေ အကယ်ဒမီမရခဲ့ဘူး။ ဖိုးပါကြီးတို့၊ မိုးဒီတို့၊ မော့စ်၊ ဗေလုဝ၊ အုန်းသီးတို့ဆိုတာက မျက်ရည်ကျခဲ့လို့ အကယ်ဒမီရခဲ့တာ။ အဲဒီတော့ ကျွန်တော်တို့က ပရိသတ်ကို ရယ်အောင်လုပ်ပေးတဲ့ အမောပြေအောင်လုပ်ပေးတဲ့ အနုပညာရှင်တွေကို ဒီလိုပေးမှာပေါ့။ ရုပ်ရှင် သရုပ်ဆောင်၊ ဗီဒီယိုသရုပ်ဆောင်အပြင် You Tube တို့လို အွန်လိုင်းပေါ်မှာ ရယ်အောင်လုပ်ပေးနိုင်တဲ့က လေးတွေကို ပံ့ပိုးတဲ့အနေနဲ့ ဘဝရဲ့မှတ်တိုင်လေးဖြစ်အောင် လုပ်ပေးတာပေါ့” ဟု မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က NP News ကို ပြောသည်။

ထိုသို့ ချီးမြှင့်ရာတွင် ၂၀၂၃- ၂၀၂၄ ရုံ တင်ကားများ၊ ဗီဒီယိုဇာတ်ကားများနှင့် အွန်လိုင်းပေါ်မှ ရုပ်သံဇာတ်လမ်းတွဲများမှ သရုပ်ဆောင်များကို စိစစ် ရွေးချယ်သွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ထူးချွန်ဆုများတွင် အကောင်းဆုံး ဟာသပညာထူးချွန်ဆု(၄)ဆု၊ ဟာသပညာပံ့ပိုးဆု (၁)ဆုနှင့် ဟာသပညာဖန်တီးဆု(၄)ဆု စုစုပေါင်း(၉)ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာ စလုပ်တာဖြစ်တဲ့အတွက် အရမ်းလည်းကြိုးစားရပါတယ်။ ကျွန်တော်တို့မှာ ဘယ်က ပံ့ပိုးထောက်ပံ့မှုမှ မရှိပါဘူး။ စေတနာရှင် အလှူရှင်တွေရဲ့ ပံ့ပိုးမှု၊ ထောက်ပံ့မှု၊ လှူဒါန်းမှုနဲ့ပဲ နှစ်တိုင်း သွားနေရတာပါ။ အခုဆိုရင် မြန်မာတစ်နိုင်ငံလုံးက အစည်းအရုံးရှိတဲ့နေရာတွေရှိတဲ့ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ အလှူခံနေကြပါတယ်။ အခုတော့ ကြိုးစားနေကြပါတယ်” ဟု ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ပြောသည်။

ယခု (၂၀၂၄)ခုနှစ် သက်ကြီးကန်တော့ပွဲတွင် စုစုပေါင်း သက်ကြီးဟာသပညာရှင်(၁၀ဝ) ကျော်ကို ကန်တော့သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကန်တော့ခံဦးရေ (၁၆၀)ခန့်ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် တစ်နိုင်ငံလုံး၌ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးအဖွဲ့ဝင် (၁၀ဝဝ)ကျော် ရှိကြောင်း သိရသည်။

zawgyi version
အေကာင္းဆုံး ဟာသဆုမ်ား စတင္ခ်ီးျမႇင့္ေတာ့မည္
ယြန္း (NP News) - ဇြန္ ၁၂

႐ုပ္ရွင္၊ ဗီဒီယိုဇာတ္ကားမ်ားအပါအဝင္ YouTube စသည့္ Social Media မ်ားမွ အေကာင္းဆုံး ဟာသပညာရွင္မ်ားကို စိစစ္ေ႐ြးခ်ယ္၍ ထူးခြၽန္ဆုမ်ား ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဟာသပညာ ရွင္မ်ားအစည္းအ႐ုံး(ဗဟို)က ဇြန္လ(၇)ရက္ေန႔တြင္ အသိေပးေၾကညာထားသည္။

ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)အေနျဖင့္ အသက္(၆၅)ႏွစ္အထက္ သက္ ႀကီးဟာသပညာရွင္မ်ားကို ႏွစ္စဥ္ကန္ေတာ့ခဲ့ရာ ယခုႏွစ္တြင္ (၁၄) ႀကိမ္ေျမာက္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါအခမ္းအနားကို လာမည့္ ဇူလိုင္ လ (၇) ရက္ေန႔တြင္ က်င္းပသြားမည္ျဖစ္ၿပီး ယခုႏွစ္တြင္ ပထမဆုံးအႀကိမ္အေနျဖင့္ အေကာင္းဆုံး ဟာသပညာရွင္ ထူးခြၽန္ဆုမ်ားကို ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ထူးခြၽန္ဆုေတြေပးတာက ဒီႏွစ္မွာ ပထမဆုံးအႀကိမ္ပဲ။ အဘဖိုးပါႀကီးတို႔ လက္ထက္ကေန စၿပီးေတာ့ ေပ်ာ္႐ႊင္ေအာင္လုပ္ေပးခဲ့တဲ့သူေတြ အကယ္ဒမီမရခဲ့ဘူး။ ဖိုးပါႀကီးတို႔၊ မိုးဒီတို႔၊ ေမာ့စ္၊ ေဗလုဝ၊ အုန္းသီးတို႔ဆိုတာက မ်က္ရည္က်ခဲ့လို႔ အကယ္ဒမီရခဲ့တာ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ပရိသတ္ကို ရယ္ေအာင္လုပ္ေပးတဲ့ အေမာေျပေအာင္လုပ္ေပးတဲ့ အႏုပညာရွင္ေတြကို ဒီလိုေပးမွာေပါ့။ ႐ုပ္ရွင္ သ႐ုပ္ေဆာင္၊ ဗီဒီယိုသ႐ုပ္ေဆာင္အျပင္ You Tube တို႔လို အြန္လိုင္းေပၚမွာ ရယ္ေအာင္လုပ္ေပးႏိုင္တဲ့က ေလးေတြကို ပံ့ပိုးတဲ့အေနနဲ႔ ဘဝရဲ႕မွတ္တိုင္ေလးျဖစ္ေအာင္ လုပ္ေပးတာေပါ့” ဟု ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ား အစည္းအ႐ုံး(ဗဟို) ဥကၠ႒ ဦးဒိန္းေဒါင္က NP News ကို ေျပာသည္။

ထိုသို႔ ခ်ီးျမႇင့္ရာတြင္ ၂၀၂၃- ၂၀၂၄ ႐ုံ တင္ကားမ်ား၊ ဗီဒီယိုဇာတ္ကားမ်ားႏွင့္ အြန္လိုင္းေပၚမွ ႐ုပ္သံဇာတ္လမ္းတြဲမ်ားမွ သ႐ုပ္ေဆာင္မ်ားကို စိစစ္ ေ႐ြးခ်ယ္သြား မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။ အဆိုပါ ထူးခြၽန္ဆုမ်ားတြင္ အေကာင္းဆုံး ဟာသပညာထူးခြၽန္ဆု(၄)ဆု၊ ဟာသပညာပံ့ပိုးဆု (၁)ဆုႏွင့္ ဟာသပညာဖန္တီးဆု(၄)ဆု စုစုေပါင္း(၉)ဆုတို႔ကို ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီႏွစ္မွာ စလုပ္တာျဖစ္တဲ့အတြက္ အရမ္းလည္းႀကိဳးစားရပါတယ္။ ကြၽန္ေတာ္တို႔မွာ ဘယ္က ပံ့ပိုးေထာက္ပံ့မႈမွ မရွိပါဘူး။ ေစတနာရွင္ အလႉရွင္ေတြရဲ႕ ပံ့ပိုးမႈ၊ ေထာက္ပံ့မႈ၊ လႉဒါန္းမႈနဲ႔ပဲ ႏွစ္တိုင္း သြားေနရတာပါ။ အခုဆိုရင္ ျမန္မာတစ္ႏိုင္ငံလုံးက အစည္းအ႐ုံးရွိတဲ့ေနရာေတြရွိတဲ့ ရပ္ကြက္တိုင္း၊ ၿမိဳ႕နယ္တိုင္းမွာ အလႉခံေနၾကပါတယ္။ အခုေတာ့ ႀကိဳးစားေနၾကပါတယ္” ဟု ဥကၠ႒ ဦးဒိန္းေဒါင္က ေျပာသည္။

ယခု (၂၀၂၄)ခုႏွစ္ သက္ႀကီးကန္ေတာ့ပြဲတြင္ စုစုေပါင္း သက္ႀကီးဟာသပညာရွင္(၁၀ဝ) ေက်ာ္ကို ကန္ေတာ့သြားမည္ျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္တြင္ ကန္ေတာ့ခံဦးေရ (၁၆၀)ခန႔္ရွိခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ တစ္ႏိုင္ငံလုံး၌ ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံးအဖြဲ႕ဝင္ (၁၀ဝဝ)ေက်ာ္ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.