တောင်တက်နေစဉ်အချိန်အတွင်း T. rex ဒိုင်နိုဆောရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ လူငယ်သုံးဦး

 232

Pika (NP News) - ဇွန် ၁၃

အမေရိကန်နိုင်ငံမှ လူငယ်သုံးဦးသည် မြောက်ဒါကိုတာပြည်နယ်တွင် တောင်တက်ခရီးသွားနေစဉ်အချိန်အတွင်း Tyrannosaurus rex ဒိုင်နိုဆောရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ အသက်(၁၀)နှစ်အရွယ် ဂျက်စင်၊ အသက်(၇)နှစ်အရွယ် လိုင်ယန်ဖစ်ရှာ၊ ၎င်းတို့၏ ဝမ်းကွဲဖြစ်သူ အသက်(၉)နှစ်အရွယ် ကိုင်ဒန်မတ်ဆန် နှင့် ၎င်းတို့၏ ဖခင်ဖြစ်သူဆမ်ဖစ်ရှာတို့သည် Marmarth မြို့အနီးရှိ North Dakota Bureau of Land Management land တွင် တောင်တက်နေစဉ်အချိန်အတွင်း မြေပြင်ပေါ်သို့ ထိုးထွက်နေသည့် ပုံမှန်မဟုတ်သောအရာတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဖခင်ဖြစ်သူဆမ်ဖစ်ရှာ၏ အထက်တန်းကျောင်းအတန်းဖော်ဖြစ်သလို Denver Museum of Nature & Science အတွက် ကျောက်ဖြစ်ရုပ်ကြွင်းပြတိုက်မှူးဖြစ်သူ တိုင်လာလိုင်ဆန်ကို ဆက်သွယ်ခဲ့ပြီး ၎င်းတို့ရှာဖွေတွေ့ခဲ့သည့်အရာမှာ မည်သည့်အရာဖြစ်သည်ဆိုသည်ကို ဖော်ထုတ်ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

တိုင်လာလိုင်ဆန်နှင့် ၎င်း၏ ကျောက်ဖြစ်ရုပ်ကြွင်းအဖွဲ့တို့သည် ၂၀၂၃ ခုနှစ် နွေရာသီတွင် ရှာဖွေတွေ့ရှိခဲ့သည့်အရာကို ဖော်ထုတ်ရန်အတွက် အဆိုပါနေရာသို့ ပြန်လည်သွားရောက်ခဲ့ပြီးနောက် ဂျက်စင်၊ လိုင်ယန်ဖစ်ရှာ နှင့် ကိုင်ဒန်မတ်ဆန်တို့သည် အရွယ်မရောက်သေးသော Tyrannosaurus ဒိုင်နိုဆောရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ဒိုင်နိုဆောရုပ်ကြွင်းကို ဇွန်လ(၂၁)ရက်တွင် ဖွင့်လှစ်မည့် Denver Museum of Nature & Science ၏ "Discovering Teen Rex" ပြပွဲတွင် လူသိရှင်ကြား ပြသသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ တိုင်လာလိုင်ဆန်က "ဒီကလေးတွေဟာ သိပ္ပံပညာကို တိုးတက်စေပြီး သဘာဝကမ္ဘာကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်စေမယ့် ဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါ” ဟု ပြောခဲ့သည်။

Zawgyi Version;
ေတာင္တက္ေနစဥ္အခ်ိန္အတြင္း T. rex ဒိုင္ႏိုေဆာ႐ုပ္ႂကြင္းကို ရွာေဖြေတြ႕ရွိခဲ့တဲ့ လူငယ္သုံးဦး
Pika (NP News) - ဇြန္ ၁၃

အေမရိကန္ႏိုင္ငံမွ လူငယ္သုံးဦးသည္ ေျမာက္ဒါကိုတာျပည္နယ္တြင္ ေတာင္တက္ခရီးသြားေနစဥ္အခ်ိန္အတြင္း Tyrannosaurus rex ဒိုင္ႏိုေဆာ႐ုပ္ႂကြင္းကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ အသက္(၁၀)ႏွစ္အ႐ြယ္ ဂ်က္စင္၊ အသက္(၇)ႏွစ္အ႐ြယ္ လိုင္ယန္ဖစ္ရွာ၊ ၎တို႔၏ ဝမ္းကြဲျဖစ္သူ အသက္(၉)ႏွစ္အ႐ြယ္ ကိုင္ဒန္မတ္ဆန္ ႏွင့္ ၎တို႔၏ ဖခင္ျဖစ္သူဆမ္ဖစ္ရွာတို႔သည္ Marmarth ၿမိဳ႕အနီးရွိ North Dakota Bureau of Land Management land တြင္ ေတာင္တက္ေနစဥ္အခ်ိန္အတြင္း ေျမျပင္ေပၚသို႔ ထိုးထြက္ေနသည့္ ပုံမွန္မဟုတ္ေသာအရာတစ္ခုကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔သည္ ဖခင္ျဖစ္သူဆမ္ဖစ္ရွာ၏ အထက္တန္းေက်ာင္းအတန္းေဖာ္ျဖစ္သလို Denver Museum of Nature & Science အတြက္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းျပတိုက္မႉးျဖစ္သူ တိုင္လာလိုင္ဆန္ကို ဆက္သြယ္ခဲ့ၿပီး ၎တို႔ရွာေဖြေတြ႕ခဲ့သည့္အရာမွာ မည္သည့္အရာျဖစ္သည္ဆိုသည္ကို ေဖာ္ထုတ္ေပးရန္ အကူအညီေတာင္းခံခဲ့ေၾကာင္း သိရသည္။

တိုင္လာလိုင္ဆန္ႏွင့္ ၎၏ ေက်ာက္ျဖစ္႐ုပ္ႂကြင္းအဖြဲ႕တို႔သည္ ၂၀၂၃ ခုႏွစ္ ေႏြရာသီတြင္ ရွာေဖြေတြ႕ရွိခဲ့သည့္အရာကို ေဖာ္ထုတ္ရန္အတြက္ အဆိုပါေနရာသို႔ ျပန္လည္သြားေရာက္ခဲ့ၿပီးေနာက္ ဂ်က္စင္၊ လိုင္ယန္ဖစ္ရွာ ႏွင့္ ကိုင္ဒန္မတ္ဆန္တို႔သည္ အ႐ြယ္မေရာက္ေသးေသာ Tyrannosaurus ဒိုင္ႏိုေဆာ႐ုပ္ႂကြင္းကို ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဆုံးျဖတ္ခဲ့သည္။

အဆိုပါ ဒိုင္ႏိုေဆာ႐ုပ္ႂကြင္းကို ဇြန္လ(၂၁)ရက္တြင္ ဖြင့္လွစ္မည့္ Denver Museum of Nature & Science ၏ "Discovering Teen Rex" ျပပြဲတြင္ လူသိရွင္ၾကား ျပသသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ တိုင္လာလိုင္ဆန္က "ဒီကေလးေတြဟာ သိပၸံပညာကို တိုးတက္ေစၿပီး သဘာဝကမာၻကို နက္နက္ရႈိင္းရႈိင္း နားလည္ႏိုင္ေစမယ့္ ဒိုင္ႏိုေဆာ႐ုပ္ႂကြင္းတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့တာပါ” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.