ဗြိတိန်ဆယ်ကျော်သက်တစ်ဦး တစ်ပတ်ကို စီးကရက် ၄၀၀ ခန့်နဲ့ညီမျှတဲ့ E Vape သောက်သုံးမိခြင်းကြောင့် ပြင်းထန်အဆုတ်ရောဂါနဲ့ ဆေးရုံတက်ရ

644

ရောင်နီ(NP News) - ဇွန် ၁၃
ဗြိတိန်ရှိ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးဟာ တစ်ရက်ကို ပျှမ်းမျှ စီးကရက် ၅၇ လိပ်၊ တစ်ပတ်ကို စီးကရက် အလိပ် ၄၀၀ ခန့်နဲ့ညီမျှတဲ့ E vape သောက်ပြီးနောက် ပြင်းထန် အဆုတ်ရောဂါနဲ့ပြီးခဲ့တဲ့ မေလက ဆေးရုံတက်ခဲ့ရတယ်လို့သိရပါတယ်။ အသက် ၁၇ နှစ်အရွယ်ပဲရှိသေးတဲ့ ကာလာဘလိုက် အမည်ရှိ အမျိုးသမီးဟာ မေလ ၁၁ ရက်နေ့ အစောပိုင်းက အဆုတ်မှာ pulmonary bleb လို့ခေါ်တဲ့ အဖုသေးသေးလေး ပေါက်သွားပြီး နှလုံးရပ်လုနီးနီးဖြစ်ခဲ့ကာ ခွဲစိတ်ခန်းချက်ချင်းဝင်ခဲ့ရပါတယ်။ အဲဒီနောက် သူမရဲ့အဆုတ်ပျက်စီးနေတဲ့ အစိတ်အပိုင်းကို ဖယ်ထုတ်ဖို့ ၅ နာရီခွဲကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
ဆေးရုံမှကျွမ်းကျင်သူတွေကတော့ ဒီအခြေအနေကို "အသက်အန္တရာယ်ရှိတယ်"လို့ ဆိုထားပြီး အဆုတ်ရဲ့အစိတ်အပိုင်းတစ်ခုဟာ ပြာကျလုနီးနီးဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ကယ်လာဟာ သူမ အသက် ၁၅ နှစ်အရွယ်ကစ ဆေးလိပ်သောက်ဖြစ်ခဲ့ပြီး တစ်ပတ်ကို စီးကရက် အလိပ် ၄၀၀ နဲ့ ညီမျှတဲ့ puff vape ကို သောက်သုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ကယ်လာဟာ ခွဲစိတ်ပြီးနောက် သီတင်း ၂ ပတ်ကြာထိ ဆေးရုံတက်ခဲ့ရပါတယ်။ အစီ ရင်ခံစာအရ သူမဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း နှလုံးဖောက်လက္ခဏာနဲ့ ဆေးရုံတက်ခဲ့ရသေးတယ်လို့ သိရပါတယ်။

zawgyi version
ၿဗိတိန္ဆယ္ေက်ာ္သက္တစ္ဦး တစ္ပတ္ကို စီးကရက္ ၄၀၀ ခန႔္နဲ႔ညီမွ်တဲ့ E Vape ေသာက္သုံးမိျခင္းေၾကာင့္ ျပင္းထန္အဆုတ္ေရာဂါနဲ႔ ေဆး႐ုံတက္ရ
ေရာင္နီ(NP News) - ဇြန္ ၁၃
ၿဗိတိန္ရွိ ဆယ္ေက်ာ္သက္မိန္းကေလးတစ္ဦးဟာ တစ္ရက္ကို ပွ်မ္းမွ် စီးကရက္ ၅၇ လိပ္၊ တစ္ပတ္ကို စီးကရက္ အလိပ္ ၄၀၀ ခန႔္နဲ႔ညီမွ်တဲ့ E vape ေသာက္ၿပီးေနာက္ ျပင္းထန္ အဆုတ္ေရာဂါနဲ႔ၿပီးခဲ့တဲ့ ေမလက ေဆး႐ုံတက္ခဲ့ရတယ္လို႔သိရပါတယ္။ အသက္ ၁၇ ႏွစ္အ႐ြယ္ပဲရွိေသးတဲ့ ကာလာဘလိုက္ အမည္ရွိ အမ်ိဳးသမီးဟာ ေမလ ၁၁ ရက္ေန႔ အေစာပိုင္းက အဆုတ္မွာ pulmonary bleb လို႔ေခၚတဲ့ အဖုေသးေသးေလး ေပါက္သြားၿပီး ႏွလုံးရပ္လုနီးနီးျဖစ္ခဲ့ကာ ခြဲစိတ္ခန္းခ်က္ခ်င္းဝင္ခဲ့ရပါတယ္။ အဲဒီေနာက္ သူမရဲ႕အဆုတ္ပ်က္စီးေနတဲ့ အစိတ္အပိုင္းကို ဖယ္ထုတ္ဖို႔ ၅ နာရီခြဲၾကာ ခြဲစိတ္ကုသမႈ ခံယူခဲ့ရပါတယ္။
ေဆး႐ုံမွကြၽမ္းက်င္သူေတြကေတာ့ ဒီအေျခအေနကို "အသက္အႏၲရာယ္ရွိတယ္"လို႔ ဆိုထားၿပီး အဆုတ္ရဲ႕အစိတ္အပိုင္းတစ္ခုဟာ ျပာက်လုနီးနီးျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ကယ္လာဟာ သူမ အသက္ ၁၅ ႏွစ္အ႐ြယ္ကစ ေဆးလိပ္ေသာက္ျဖစ္ခဲ့ၿပီး တစ္ပတ္ကို စီးကရက္ အလိပ္ ၄၀၀ နဲ႔ ညီမွ်တဲ့ puff vape ကို ေသာက္သုံးခဲ့တယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။ ကယ္လာဟာ ခြဲစိတ္ၿပီးေနာက္ သီတင္း ၂ ပတ္ၾကာထိ ေဆး႐ုံတက္ခဲ့ရပါတယ္။ အစီ ရင္ခံစာအရ သူမဟာ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလကလည္း ႏွလုံးေဖာက္လကၡဏာနဲ႔ ေဆး႐ုံတက္ခဲ့ရေသးတယ္လို႔ သိရပါတယ္။