ဆန်အိတ်(၂)သိန်းနီးပါးကို လက်လီ(၅၈)ဆိုင်အပါအဝင် စက်ရုံဝန်ထမ်းများအတွက် သက်သာသောဈေးနှုန်းဖြင့် လစဉ်ရောင်းချပေးနေဟု MRF ပြော

 3665

ယွန်း(NP News) - ဇွန် ၁၄

လစဉ်ဆန်အိတ်ရေ(၂)သိန်းနီးပါးကို လက်လီဆိုင်(၅၈)ဆိုင်အပါအဝင် စက်ရုံဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)အနေဖြင့် ပြည်တွင်း၌ ဆန်ဈေးနှုန်းတည်ငြိမ်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ဆန်ရောင်းချခဲ့ရာ ဌာနဆိုင် ရာဝန်ထမ်းများအပါအဝင် စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများအတွက် အဓိကရောင်းချပေးခဲ့ကြောင်းသိရသည်။ “ မနှစ်ကလည်း (၄)၊(၅)လလောက်ရောင်းပြီး ရပ်လိုက်တယ်။ အခုကတော့ ဒီနှစ်ထဲမှာရောင်းနေတာ (၃)၊(၄)လ လောက်တော့ရှိပြီ။ ရခိုင်ဆိုလည်း သင်္ဘောတင်နေတာ အိတ်(၅၀ဝဝဝ)ကျော်ရှိတယ်။ တနင်္သာရီတိုင်းလည်း ရောင်းပေးတယ်။ မွန်၊ ကရင်တွေလည်း ရောင်းတယ်။ လက်လီဆိုင်မှာရောင်းတာတော့ ရန်ကုန်တစ်ခုပဲ ရောင်းပေးတာ။ ကျန်တဲ့ဒေသတွေမှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့စက်ရုံ၊ အလုပ်ရုံဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေကိုတော့ ဆက်သွယ်ရင်ရောင်းပေးတယ်”ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြော သည်။

ထိုသို့ရောင်းချရာတွင် ဧည့်မထဆန်များကို ရောင်းချနေခြင်းဖြစ်ပြီး ယခင်ကတစ်ပြည်လျှင်(၃၃၀ဝ)ကျပ်ဖြင့် ရောင်းချနေရာမှပြီးခဲ့သည့်ရက်ပိုင်းတွင် MRF ၏ ထုတ်ပြန်ချက်အရ တစ်ပြည်လျှင်(၃၀ဝဝ)ကျပ်သို့ လျှော့ချရောင်းချနေကြောင်း သိရသည်။ အဆိုပါ ဧည့်မထဆန်များကို စက်ရုံအလုပ်ရုံများအပါအဝင် ရန်ကုန်မြို့အတွင်းရှိ မြို့နယ် (၁၈)မြို့နယ်မှ လက်လီဆိုင်(၅၈)ဆိုင်တွင် လစဉ်ဆန်အိတ်ပေါင်း(၂)သိန်းနီးပါးကို ရောင်းချပေးနေရ ကြောင်းသိရသည်။

“တစ်ပြည်ကို ၃၀ဝ၀ နှုန်းနဲ့တော့ ရောင်းပေးနေတယ်။ အရမ်းကြီးလည်း ဈေးချပြီးရောင်းပေးလို့ မရဘူး။ အရမ်းကြီးဈေးချပြီးရောင်းရင် ပြန်ရောင်းတဲ့သူတွေက လာဝယ်တယ်။ အကြမ်းဖျင်းတော့ တစ်လကို အိတ်တစ်သိန်းနဲ့ နှစ်သိန်းဝန်းကျင်လောက်တော့ ရောင်းနေရပါတယ်။ လက်လီဆိုင်ရော၊ အစိုးရဌာနဆိုင်ရာတွေအတွက်ရော၊ စက်မှုဇုန်တွေအတွက်ရော အကုန်ပါတယ်။ ဆန်ဆိုင်တွေမှာဆို တစ်ပတ်ကို အိတ်နှစ်ဆယ်၊ သုံးဆယ်လောက်ရောင်းရတယ်။ တစ်ပတ်ကို သုံးရက်ရောင်းပေးတာပေါ့။ ရွှေပြည်သာတို့၊ လှိုင်သာယာတို့၊ မြောက်ဥက္ကလာပတို့ဆို တစ်ပတ်ကို အိတ်(၅၀) လောက်ကို ရောင်းရ တယ်။ ပုဇွန်တောင်တို့ ဘာတို့ကတော့ အိတ်(၂၀)လောက်တော့ ရောင်းရတယ်”ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

လတ်တလော ပြည်တွင်းဈေးကွက်၌ ဆင်းသုခတစ်အိတ်လျှင် ငွေကျပ်(၈၅၀ဝဝ)ကျပ်နှင့် ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ်(၂၀ဝဝဝ၀)ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်းစားသုံးမှု လုံလောက်ရေးအပြင် ပြည်ပဆန်တင်ပို့မှုကို ယခုဘဏ္ဍာနှစ်၏ ပထမသုံးလအတွင်း ဆန်တန်ချိန် (၇)သိန်းဝန်းကျင်ခန့်တင်ပို့သွားရန် ဆောင်ရွက်နေကြောင်းသိရသည်။

zawgyi version
ဆန္အိတ္(၂)သိန္းနီးပါးကို လက္လီ(၅၈)ဆိုင္အပါအဝင္ စက္႐ုံဝန္ထမ္းမ်ားအတြက္ သက္သာေသာေဈးႏႈန္းျဖင့္ လစဥ္ေရာင္းခ်ေပးေနဟု MRF ေျပာ
ယြန္း(NP News) - ဇြန္ ၁၄

လစဥ္ဆန္အိတ္ေရ(၂)သိန္းနီးပါးကို လက္လီဆိုင္(၅၈)ဆိုင္အပါအဝင္ စက္႐ုံဝန္ထမ္းမ်ားအား သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ (MRF)အေနျဖင့္ ျပည္တြင္း၌ ဆန္ေဈးႏႈန္းတည္ၿငိမ္ရန္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္မွစ၍ သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ဆန္ေရာင္းခ်ခဲ့ရာ ဌာနဆိုင္ ရာဝန္ထမ္းမ်ားအပါအဝင္ စက္႐ုံ၊ အလုပ္႐ုံဝန္ထမ္းမ်ားအတြက္ အဓိကေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။ “ မႏွစ္ကလည္း (၄)၊(၅)လေလာက္ေရာင္းၿပီး ရပ္လိုက္တယ္။ အခုကေတာ့ ဒီႏွစ္ထဲမွာေရာင္းေနတာ (၃)၊(၄)လ ေလာက္ေတာ့ရွိၿပီ။ ရခိုင္ဆိုလည္း သေဘၤာတင္ေနတာ အိတ္(၅၀ဝဝဝ)ေက်ာ္ရွိတယ္။ တနသၤာရီတိုင္းလည္း ေရာင္းေပးတယ္။ မြန္၊ ကရင္ေတြလည္း ေရာင္းတယ္။ လက္လီဆိုင္မွာေရာင္းတာေတာ့ ရန္ကုန္တစ္ခုပဲ ေရာင္းေပးတာ။ က်န္တဲ့ေဒသေတြမွာေတာ့ ဌာနဆိုင္ရာဝန္ထမ္းေတြနဲ႔စက္႐ုံ၊ အလုပ္႐ုံဝန္ထမ္းေတြနဲ႔ အဖြဲ႕အစည္းေတြကိုေတာ့ ဆက္သြယ္ရင္ေရာင္းေပးတယ္”ဟု ဥကၠ႒ ဦးရဲမင္းေအာင္ကေျပာ သည္။

ထိုသို႔ေရာင္းခ်ရာတြင္ ဧည့္မထဆန္မ်ားကို ေရာင္းခ်ေနျခင္းျဖစ္ၿပီး ယခင္ကတစ္ျပည္လွ်င္(၃၃၀ဝ)က်ပ္ျဖင့္ ေရာင္းခ်ေနရာမွၿပီးခဲ့သည့္ရက္ပိုင္းတြင္ MRF ၏ ထုတ္ျပန္ခ်က္အရ တစ္ျပည္လွ်င္(၃၀ဝဝ)က်ပ္သို႔ ေလွ်ာ့ခ်ေရာင္းခ်ေနေၾကာင္း သိရသည္။ အဆိုပါ ဧည့္မထဆန္မ်ားကို စက္႐ုံအလုပ္႐ုံမ်ားအပါအဝင္ ရန္ကုန္ၿမိဳ႕အတြင္းရွိ ၿမိဳ႕နယ္ (၁၈)ၿမိဳ႕နယ္မွ လက္လီဆိုင္(၅၈)ဆိုင္တြင္ လစဥ္ဆန္အိတ္ေပါင္း(၂)သိန္းနီးပါးကို ေရာင္းခ်ေပးေနရ ေၾကာင္းသိရသည္။

“တစ္ျပည္ကို ၃၀ဝ၀ ႏႈန္းနဲ႔ေတာ့ ေရာင္းေပးေနတယ္။ အရမ္းႀကီးလည္း ေဈးခ်ၿပီးေရာင္းေပးလို႔ မရဘူး။ အရမ္းႀကီးေဈးခ်ၿပီးေရာင္းရင္ ျပန္ေရာင္းတဲ့သူေတြက လာဝယ္တယ္။ အၾကမ္းဖ်င္းေတာ့ တစ္လကို အိတ္တစ္သိန္းနဲ႔ ႏွစ္သိန္းဝန္းက်င္ေလာက္ေတာ့ ေရာင္းေနရပါတယ္။ လက္လီဆိုင္ေရာ၊ အစိုးရဌာနဆိုင္ရာေတြအတြက္ေရာ၊ စက္မႈဇုန္ေတြအတြက္ေရာ အကုန္ပါတယ္။ ဆန္ဆိုင္ေတြမွာဆို တစ္ပတ္ကို အိတ္ႏွစ္ဆယ္၊ သုံးဆယ္ေလာက္ေရာင္းရတယ္။ တစ္ပတ္ကို သုံးရက္ေရာင္းေပးတာေပါ့။ ေ႐ႊျပည္သာတို႔၊ လႈိင္သာယာတို႔၊ ေျမာက္ဥကၠလာပတို႔ဆို တစ္ပတ္ကို အိတ္(၅၀) ေလာက္ကို ေရာင္းရ တယ္။ ပုဇြန္ေတာင္တို႔ ဘာတို႔ကေတာ့ အိတ္(၂၀)ေလာက္ေတာ့ ေရာင္းရတယ္”ဟု ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။

လတ္တေလာ ျပည္တြင္းေဈးကြက္၌ ဆင္းသုခတစ္အိတ္လွ်င္ ေငြက်ပ္(၈၅၀ဝဝ)က်ပ္ႏွင့္ ေပၚဆန္းတစ္အိတ္လွ်င္ ေငြက်ပ္(၂၀ဝဝဝ၀)ေက်ာ္အထိ ေပါက္ေဈးရွိေနေၾကာင္း သိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ျပည္တြင္းစားသုံးမႈ လုံေလာက္ေရးအျပင္ ျပည္ပဆန္တင္ပို႔မႈကို ယခုဘ႑ာႏွစ္၏ ပထမသုံးလအတြင္း ဆန္တန္ခ်ိန္ (၇)သိန္းဝန္းက်င္ခန႔္တင္ပို႔သြားရန္ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.