လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်း(၁၂)ခုကို မြန်မာ- တရုတ်နှစ်နိုင်ငံ လက်မှတ်ရေးထိုး

 1061

ယွန်း (NP News) - ဇွန် ၁၅

၂၀၂၄ ခုနှစ် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်း(၁၂)ခုကို မြန်မာ- တရုတ်နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေပံ့ပိုးမှုဖြင့်ဖော်ဆောင်မည့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံစီမံကိန်းများ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဇွန်လ(၁၄)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကာ အဆိုပါစာချုပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း- မဲခေါင်စီမံကိန်းအား ကောင်းမွန်စွာ ဆက်လက်ဖော်ဆောင်ပြီး ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များဖြင့် မြန်မာနိုင်ငံရှိပြည်သူများကို အကျိုးဖြစ်ထွန်းစေလိုကြောင်း တရုတ်သံအမတ်က ပြောကြားသည်။

ယခုအကြိမ်တွင် စီမံကိန်း ၁၂ ခုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်မှု စသည့်နယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့လူနေမှုဘဝ တိုးတက်ကောင်းမွန်စေရေးအတွက် ကူညီပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး က ဆိုထားသည်။ ၂၀၁၈ ခုနှစ်မှစ၍ ယနေ့အထိ မြန်မာနိုင်ငံမှ စုစုပေါင်းစီမံကိန်းပေါင်း (၇)သုတ်တွင် စီမံကိန်း (၁၁၈)ခုသည် လန်ချန်း- မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးကူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများအနက် ပံ့ပိုးကူညီမှုရရှိသည့် စီမံကိန်းအရေအတွက် အများဆုံးနိုင်ငံဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လအထိ အဆိုပါရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုဧရိယာ(၃၄)ခုတွင် စီမံကိန်း(၉၂)ခုကို ပံ့ပိုးပေးခဲ့ပြီး ပြည်သူများအတွက် အကျိုးများစွာရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက အသိပေးပြောဆိုထားဖူးသည်။

zawgyi version
လန္ခ်န္း- မဲေခါင္ ပူးေပါင္းေဆာင္႐ြက္မႈအထူးရန္ပုံေငြျဖင့္ ေဆာင္႐ြက္မည့္ စီမံကိန္း(၁၂)ခုကို ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံ လက္မွတ္ေရးထိုး

ယြန္း (NP News) - ဇြန္ ၁၅

၂၀၂၄ ခုႏွစ္ လန္ခ်န္း- မဲေခါင္ ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြျဖင့္ ေဆာင္႐ြက္မည့္ စီမံကိန္း(၁၂)ခုကို ျမန္မာ- တ႐ုတ္ႏွစ္ႏိုင္ငံ လက္မွတ္ေရးထိုးခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးမွ သိရသည္။

လန္ခ်န္း-မဲေခါင္ ပူးေပါင္းေဆာင္႐ြက္မႈအထူးရန္ပုံေငြပံ့ပိုးမႈျဖင့္ေဖာ္ေဆာင္မည့္ ၂၀၂၄ ခုႏွစ္ ျမန္မာႏိုင္ငံစီမံကိန္းမ်ား လက္မွတ္ေရးထိုးျခင္းအခမ္းအနားကို ဇြန္လ(၁၄)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့ကာ အဆိုပါစာခ်ဳပ္ကို ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလြင္ဦးႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ Mr. Chen Hai တို႔က လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။ အဆိုပါအခမ္းအနားတြင္ တ႐ုတ္သံအမတ္ႀကီးက တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္အတူ လန္ခ်န္း- မဲေခါင္စီမံကိန္းအား ေကာင္းမြန္စြာ ဆက္လက္ေဖာ္ေဆာင္ၿပီး ပိုမိုမ်ားျပားေသာ ပူးေပါင္းေဆာင္႐ြက္မႈ ရလဒ္မ်ားျဖင့္ ျမန္မာႏိုင္ငံရွိျပည္သူမ်ားကို အက်ိဳးျဖစ္ထြန္းေစလိုေၾကာင္း တ႐ုတ္သံအမတ္က ေျပာၾကားသည္။

ယခုအႀကိမ္တြင္ စီမံကိန္း ၁၂ ခုကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ၿပီး စိုက္ပ်ိဳးေရး၊ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရး၊ ကုန္သြယ္ေရး၊ ဆန္းသစ္တီထြင္မႈ စသည့္နယ္ပယ္အသီးသီးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ ျပည္သူ႔လူေနမႈဘဝ တိုးတက္ေကာင္းမြန္ေစေရးအတြက္ ကူညီေပးျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး က ဆိုထားသည္။ ၂၀၁၈ ခုႏွစ္မွစ၍ ယေန႔အထိ ျမန္မာႏိုင္ငံမွ စုစုေပါင္းစီမံကိန္းေပါင္း (၇)သုတ္တြင္ စီမံကိန္း (၁၁၈)ခုသည္ လန္ခ်န္း- မဲေခါင္ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြပံ့ပိုးကူညီမႈရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသည္ မဲေခါင္ျမစ္ဝွမ္းႏိုင္ငံမ်ားအနက္ ပံ့ပိုးကူညီမႈရရွိသည့္ စီမံကိန္းအေရအတြက္ အမ်ားဆုံးႏိုင္ငံျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက ဆိုသည္။
ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ မတ္လအထိ အဆိုပါရန္ပုံေငြျဖင့္ ျမန္မာႏိုင္ငံ၏ပူးေပါင္းေဆာင္႐ြက္မႈဧရိယာ(၃၄)ခုတြင္ စီမံကိန္း(၉၂)ခုကို ပံ့ပိုးေပးခဲ့ၿပီး ျပည္သူမ်ားအတြက္ အက်ိဳးမ်ားစြာရွိေနေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးက အသိေပးေျပာဆိုထားဖူးသည္။

Related news

© 2021. All rights reserved.