ကူးစက်ရောဂါများ ပူးပေါင်းထိန်းချုပ်ကာကွယ်ရေးပါဝင်သည့် နားလည်မှုစာချွန်လွှာကို မြန်မာ - တရုတ် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုး

 410

Pearl (NP News) - ဇွန် ၁၅

ကူးစက်ရောဂါများ ပူးပေါင်းထိန်းချုပ်ကာကွယ်ရေးပါဝင်သည့် နားလည်မှုစာချွန်လွှာကို မြန်မာ - တရုတ် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့ကြောင်း နစက၏အချက်အလက်များ အရသိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Myanmar CDC ၌ Myanmar CDC နှင့် China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် နားလည်မှုစာချွန်လွှာ (MoU) ကို Myanmar CDC ကိုယ်စားပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် China CDC ကိုယ်စား Prof. Li Qun (De- puty Director General, China CDC)တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား တီဘီ၊ အိပ်ချ်အိုင်ဗွီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် အခြားသောကူးစက်ရောဂါများအပါအဝင် ကူးစက်ရောဂါများကို ထိန်းချုပ်ကာကွယ်ခြင်း၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါများကို ကာကွယ်ကုသခြင်းတို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဓာတ်ခွဲခန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျန်းမာရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများကို လေ့လာရေးခရီးသင်တန်းများစေလွှတ်ခြင်း၊ ပူးတွဲသုတေသနပြုလုပ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို လျင်မြန်စွာတုံ့ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်း စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ကြောင်းလည်း သိရသည်။

zawgyi version
ကူးစက္ေရာဂါမ်ား ပူးေပါင္းထိန္းခ်ဳပ္ကာကြယ္ေရးပါဝင္သည့္ နားလည္မႈစာခြၽန္လႊာကို ျမန္မာ - တ႐ုတ္ ႏွစ္ႏိုင္ငံၾကား လက္မွတ္ေရးထိုး

Pearl (NP News) - ဇြန္ ၁၅

ကူးစက္ေရာဂါမ်ား ပူးေပါင္းထိန္းခ်ဳပ္ကာကြယ္ေရးပါဝင္သည့္ နားလည္မႈစာခြၽန္လႊာကို ျမန္မာ - တ႐ုတ္ ႏွစ္ႏိုင္ငံၾကား လက္မွတ္ေရးထိုးခဲ့ေၾကာင္း နစက၏အခ်က္အလက္မ်ား အရသိရသည္။

ၿပီးခဲ့သည့္ ဇြန္လ (၁၃)ရက္ေန႔က ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဗဟိုဌာနႏွင့္ သင္တန္းေက်ာင္း Myanmar CDC ၌ Myanmar CDC ႏွင့္ China CDC တို႔အၾကား ႏွစ္ဦးႏွစ္ဖက္ နားလည္မႈစာခြၽန္လႊာ Memorandum of Understanding (MoU) လက္မွတ္ေရးထိုးပြဲအခမ္းအနားကို က်င္းပခဲ့ေၾကာင္း သိရသည္။ အခမ္းအနားတြင္ နားလည္မႈစာခြၽန္လႊာ (MoU) ကို Myanmar CDC ကိုယ္စားျပည္သူ႔က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမင့္ျမင့္သန္းႏွင့္ China CDC ကိုယ္စား Prof. Li Qun (De- puty Director General, China CDC)တို႔က လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

အဆိုပါနားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးျခင္းျဖင့္ ျမန္မာ - တ႐ုတ္ ႏွစ္ႏိုင္ငံအၾကား တီဘီ၊ အိပ္ခ်္အိုင္ဗြီ၊ ငွက္ဖ်ား၊ ေသြးလြန္တုပ္ေကြးႏွင့္ အျခားေသာကူးစက္ေရာဂါမ်ားအပါအဝင္ ကူးစက္ေရာဂါမ်ားကို ထိန္းခ်ဳပ္ကာကြယ္ျခင္း၊ ဆီးခ်ိဳေရာဂါႏွင့္ ေသြးတိုးေရာဂါကဲ့သို႔ မကူးစက္ႏိုင္ေသာေရာဂါမ်ားကို ကာကြယ္ကုသျခင္းတို႔ကို ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဓာတ္ခြဲခန္းမ်ား၏ စြမ္းေဆာင္ရည္ျမႇင့္တင္ေရး၊ က်န္းမာေရးဆိုင္ရာလူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ က်န္းမာေရးဝန္ထမ္းမ်ားကို ေလ့လာေရးခရီးသင္တန္းမ်ားေစလႊတ္ျခင္း၊ ပူးတြဲသုေတသနျပဳလုပ္ျခင္းႏွင့္ ျပည္သူ႔က်န္းမာေရး အေရးေပၚအေျခအေနမ်ားကို လ်င္ျမန္စြာတုံ႔ျပန္ႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္ျခင္း စသည့္နယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္သြားမည္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.