တတိယကမ္ဘာစစ် ဖြစ်ပွားနေပြီလား (ဘာသာပြန်ဆောင်းပါး)

2990

ဇေဋ္ဌအောင် (NP News) - ဇွန် ၁၅
ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်စေမယ့် မဟာမိတ်တိုင်းပြည်များ တပ်ပေါင်းစု D-Day ကမ်းတက်ခြင်း အထိမ်း အမှတ်ပွဲများကို ပြင်သစ်နိုင်ငံ နော်မန်ဒီမှာ သုန်သုန်မှုန်မှုန်နဲ့ပဲ ကျင်းပလိုက်ကြပါတယ်။ ယူကရိန်းနိုင်ငံ ဆက်လက် ရှင်သန်ရေး အမျိုးသားစစ်ပွဲဖြစ်ပွားနေခဲ့တာ နှစ်နှစ်ကျော် ရှိလာခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာလည်း စစ်မီးလျှံ များ တောက်လောင်နေပါတယ်။ ယခုရက်သတ္တပတ်အတွင်း ဒုတိယကမ္ဘာစစ်ကြီးအကြောင်း အားလုံးရဲ့ အတွေးထဲမှာ ရှိနေပေမယ့် မကြာမီ အလားတူ ကမ္ဘာစစ်ကြီးက တတိယအကြိမ် တစ်ပတ်ပြန်လှည့်လာတာကို တွေ့မြင်ကြရလိမ့်မယ်လို့ “သည် တယ်လီဂရပ်ဖ်” ဗြိတိသျှနေ့စဉ်သတင်းစာ ၂ဝ၂၄ ခုနှစ် ဇွန်လ ၈ ရက်မှာ အင်ဒရူး ဖောက်စ်က ရေးသားပါတယ်။
အင်္ဂလန်ရဲ့မဟာဗျူဟာ ပြိုင်ဘက်တိုင်းပြည်တွေက ဘယ်နိုင်ငံတွေဖြစ်မလဲဆိုတာ သိသာမြင်သာပါတယ်လို့ အာဖဂန်စစ်ပွဲမှာ သုံးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူသူ ဗြိတိသျှလေထီးတပ်ရင်း တပ်ခွဲမှူးဟောင်း အင်ဒရူးဖောက်စ်က ဆိုပါတယ်။ တရုတ်ဟာ ပစိဖိတ် စစ်နယ်ဝန်းအပြင် အာဖရိကနဲ့ အာရှတိုက် ဓာတ်သတ္တု ကြွယ်ဝတဲ့နိုင်ငံများအပေါ် လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေပါတယ်။ ရုရှားက ယခင် USSR အဖွဲ့ဝင်ဟောင်း နိုင်ငံများအပေါ် ဆိုဗီယက်ပုံစံ လွှမ်းမိုးမှုတည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အီရန်က အရှေ့အလယ်ပိုင်း ဒေသ မှာ အမေရိကန်နဲ့အပေါင်းပါ အနောက်အုပ်စုတို့ရဲ့လွှမ်းမိုးနေမှုကို အဆုံးသတ်ရန် အားထုတ်နေပါ တယ်။ တူရကီနဲ့ ကာတာ ကျောထောက်နောက်ခံပြု မွတ်ဆလင်ဘရားသားဟုဒ်တွေကတော့ အာရပ်ကမ္ဘာကို ကြီးစိုးဖို့ ပြင်ဆင်နေ ပါတယ်။
ရည်မှန်းချက်အသီးသီး အင်အားစုအမျိုးမျိုးတို့ရဲ့ ကမ္ဘာအနှံ့ ဒွေးရောယှက်တင်ဖြစ်နေမှုကို ခြေတစ်လှမ်းဆုတ်ပြီး အကဲခတ်ကြည့်မယ် တတိယကမ္ဘာစစ်ကြီး စတင်နေပြီလို့ မြင်ရပါလိမ့်မယ်။ ဒါဟာ အများထင်မှတ်နေကြတဲ့ ပဋိပက္ခနဲ့မတူပါဘူး။ သေနတ်ချင်း ယှဉ်ပြိုင်ပစ်ခတ်ကြတာထက်ဆိုးရွားတဲ့ ဗျူဟာမြောက်ပြိုင်ဆိုင်မှုကို တွေ့မြင် နေရပါတယ်။ စစ်မြေပြင်မှာဆိုရင်တော့ အမေရိကန်နဲ့ နေတိုးကို ဘယ်နိုင်ငံမှ မယှဉ်ပြိုင်နိုင်ပါဘူး၊ အဲဒါကြောင့် ရန်သူတွေဟာ သေနတ်တွေ ပစ်ဖောက်နေမယ့်အစား စီးပွားရေး၊ ယဉ်ကျေးမှုနည်းလမ်းတွေနဲ့ အနိုင်ယူဖို့ ကြိုးစား နေကြပါတယ်။
အဲဒီတိုင်းပြည်တွေဟာ တစ်ချိန်ချိန် ထိပ်တိုက်ရင်ဆိုင်ကြရမယ်ဆိုတာ အချိန်အတော်ကြာ ကြိုတင်မျှော်လင့်ထား ပြီး အဲဒီအတွက် ပြင်ဆင်နေပါတယ်။ တရုတ်နိုင်ငံရဲ့ “ရပ်ဝန်းနဲ့လမ်း ပဏာမခြေလှမ်း” BRI ဟာ နိုင်ငံပေါင်း ၁၄၀ ကျော်မှာ ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံတကာလူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းနဲ့ကမ္ဘာ့ GDP ထက်ဝက်ကျော်ကို လွှမ်းခြုံထား ပါတယ်။
ပေကျင်အနေနဲ့ နိုင်ငံတကာစီးပွားရေးက တရုတ်ရဲ့အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မှီခိုအားထား လာရအောင် ဖန်တီးနေပြီး မဟာဗျူဟာကျကျ ဆိပ်ကမ်းများနဲ့ အခြားအလားအလာကောင်းတဲ့ စစ်အခြေ စိုက်စခန်းများအတွင်း ဝင်ရောက်ခွင့်ရရှိခြင်းအားဖြင့် သြဇာလွှမ်းမိုးမှုကို ငွေပေးရယူနေပါတယ်။ တစ်ချိန်တည်း မှာပဲ အနောက်တိုင်းတက္ကသိုလ်များဟာ တရုတ်ကျောင်းသားများနဲ့ ပြည့်လျှံနေပါတယ်။ အဖိုးတန် အသိပညာများ ဟာ တရုတ်စီးပွားရေးအတွင်း ပြန်လည်စီးဆင်းသွားတဲ့ အဖြစ်ကို ရောက်ရှိသွားပြီး တရုတ်ယွမ်ငွေအပေါ် မှီခို အားထားမှုလမ်းကြောင်းတစ်ခုကို တည်ဆောက်နေပါတယ်။
တရုတ်တို့ ခြေပုန်းခုတ်နေချိန် ရုရှားကလည်း အမေရိကန် ဗြိတိန်တို့လို အနောက်နိုင်ငံများမှာ ပြဿနာအ တောင့်လိုက်တက်စေဖို့ အဖျက်အမှောက်တွေကို လျှို့ဝှက်လုပ်ဆောင်နေပါတယ်။ အမေရိကန် ရွေးကောက်ပွဲ များကို ခြယ်လှယ်ရန်၊ ဗြိတိန်မြေပေါ်ရောက် သူ့ရဲ့နိုင်ငံရေးရန်သူများကို အဆိပ်ခတ်လုပ်ကြံရန်၊ ဥရောပသမဂ္ဂ ကြီးကိုယ်တိုင် မော်စကို ဓာတ်ငွေ့အပေါ် မှီခိုအားထားလာရအောင် ကြိုးပမ်းခဲ့ပါတယ်။ အွန်လိုင်းနဲ့ သတင်း မီဒီယာများမှာ အတုအယောင်အချက်အလက်များကို ဖြန့်ကြက်ပြီး သူ့ရဲ့ ပြိုင်ဘက်တိုင်းပြည်များ သိက္ခာကျ အောင် လုပ်ဆောင်နေပါတယ်။ ဘော်လကန်ဒေသ၊ အာရှအလယ်ပိုင်းနဲ့ အရှေ့ဥရောပနိုင်ငံများက အနောက်တိုင်းနိုင်ငံ များအပေါ် အထင်ကြီးလေးစားမှု ပျက်ပြားအောင် ဖန်တီးနေပါတယ်။ ရုရှားခေါင်းဆောင် ပူတင်ဟာ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့လို သူ့နိုင်ငံအိမ်နီးချင်းတိုင်းပြည်များအပေါ် စစ်ရေးအရ ရန်စပြီး နိုင်လိုမင်းထက်ပြုမူနေခဲ့ပါတယ်။ ကြာလည်းကြာ ပေးဆပ်ရမယ့်တန်ဖိုးလည်းကြီးမားတဲ့ ပဋိပက္ခများကို ဆင်နွှဲဖို့ ဆန္ဒရှိကြောင်း ပြသနေပါတယ်။
၂၀၀၃-ခုနှစ် အီရန်ခေါင်းဆောင် ဆဒမ်ဟူစိန်က လူအစုအပုံလိုက်သေဆုံးစေနိုင်တဲ့ လက်နက်များကို တီထွင် ထုတ်လုပ်နေပြီး အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ကို လက်ခံလေ့ကျင့်ပေးနေတယ်လို့ အမေရိကန်က လိမ်လည် စွပ်စွဲခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်နဲ့ အနောက်အုပ်စုညွန့်ပေါင်းတပ်များက အီရတ်နိုင်ငံအတွင်း ကျူး ကျော်ဝင်ရောက်ခဲ့ကြပါတယ်။ တစ်လကျော်သာကြာမြင့်တဲ့ စစ်ပွဲအပြီးမှာ အီရတ်တပ်မတော် ပြိုလဲ- ဆဒမ်အ စိုးရပြုတ်ကျပြီး အီရတ်အရပ်သား ၄၀၀၀ မှ ၇၀၀၀ အတွင်း သေဆုံးခဲ့ရပါတယ်။ စစ်ရာဇဝတ်မှု စွပ်စွဲချက်နဲ့ ဆဒမ် ဟူစိန်ကို ကြိုးပေးကွပ်မျက်ခြင်းနဲ့အတူ အရှေ့အလယ်ပိုင်း ရှေးကျလှတဲ့ မွတ်စလင်နိုင်ငံကြီးအတွင်း လုံခြုံရေး စီးပွားရေး ပျက်ပြားသွားခဲ့ရပါတယ်။ အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်မတော်ဟာ ဆက်စပ်ဒေသရဲ့ မတည်ငြိမ်မှုအခြေအနေအပေါ် အခွင့်ကောင်းယူပြီး ယီမင်၊ လက်ဘနွန်၊ ဆီးရီးယားနဲ့ အီရတ်တို့လို နိုင်ငံများ အတွင်း ခက်ထန်ကြမ်းတမ်းတဲ့ အင်အားကောင်းမဟာမိတ်တွေကို ဖန်တီးခဲ့ပါတယ်။
လက်နက်ကိုင်ဆောင်ထားတဲ့ အီရန်ကိုယ်ပွား ဟူသီတို့ဟာ စူးအက်တူးမြောင်းလို ကမ္ဘာ့ကုန်သွယ်ရေးအရေး ကြီးရေလမ်းကြောင်းများကို နှောက်ယှက်နေပါတယ်။ လက်ဘနွန်ပြည်သူစစ် ဟစ်ဇ်ဘိုလာတို့ကတော့ ဆီးရီးယား ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်နေကြပါတယ်။ အီရန်လေ့ကျင့်သင်ကြားပေးတဲ့ လက်နက်ကိုင်အရပ်သားတွေ ဟာ အီရတ်နိုင်ငံအတွင်း အမေရိကန်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ခေါင်းမာလှတဲ့ အီရန်အစိုးရဟာ သူ့ရဲ့သြဇာအရှိန်အဝါနဲ့ စွမ်းပကားများအကြောင်း အမေရိကန်နဲ့ ဥရောပကို လက်ခ မောင်းခတ် ပြနေပါတယ်။
အဲဒီပွဲရဲ့နှစ်ဘက်စလုံးမှာ ပါဝင်ကစားနေသူများကတော့ ကာတာနဲ့ တူရကီနိုင်ငံများပဲဖြစ်ပါတယ်။ တူရကီဟာ အမေရိကန်ဦးဆောင် နေတိုးစစ်စာချုပ်အဖွဲ့ဝင်ဖြစ်မှု၊ ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးချိတ်ဆက်မှုများကို အသုံး ချနေပါတယ်။ ကာတာကလည်း အနောက်နိုင်ငံများရဲ့ စစ်အခြေစိုက်စခန်းများကို လက်ခံထားပြီး မြို့တော်ဒို ဟာမှာ ငွေကြေးအလုံးအရင်းနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ကမ်းလှမ်းထားပါတယ်။ အခြားတစ်ဖက်မှာတော့ ဂါဇာရှိ ဟားမတ်စ်စစ်သွေးကြွများကို ဆက်လက်ထောက်ခံအားပေးခဲ့ကြပါတယ်။ အီရန်နဲ့ သူ့ရဲ့ ပြည်သူ့စစ်များက အစ္စရေးအပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခြင်းဖြင့် ဒေသတွင်းစစ်ပွဲကို စတင်နေပြီး ကာတာနဲ့ တူရကီက အလိုတူအလိုပါ လုပ်နေကြပါတယ်။
အနောက်နိုင်ငံများရဲ့နိုင်ငံခြားရေးရုံးများ လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဌာနများရဲ့ လေ့ကျင့်ရေးအကြံပေးအဖွဲ့ အစည်းများအပေါ် သြဇာလွှမ်းမိုးဖို့ ငွေကြေးပေးကမ်းထားပြီး ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှာ ရင်းနှီးမြုပ်နှံမှု များကို အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်။ ကာတာနိုင်ငံက ငွေကြေးထောက်ပံ့တဲ့ “အယ်လ်ဂျားဇီးယား” မီဒီယာ ဟာ အနောက်နိုင်ငံများအတွင်း အစ္စရေးဆန့်ကျင်ရေး ဇာတ်နာစေဖို့ တွန်းအားပေးရာမှာ အရေးကြီး ဇာတ်ရုပ် တစ်ရုပ်ဖြစ်ပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဟားမတ်စ်ခေါင်းဆောင်တွေက ဘေးမသီရန်မခ ခိုလှုံနေချိန် တူရကီနိုင်ငံကတော့ ဒဏ်ရာရ ဟားမတ်စ်တိုက်ခိုက်ရေးသမားများအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ပေးထားပါတယ်။
သတင်းတု သတင်းမှားများကို ထည့်သွင်းဖို့ ၊ စစ်ရေးနဲ့ ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် ထောက်ခံသူနည်းပါးဖို့ အနောက်နိုင်ငံမီဒီယာတို့အပေါ် သြဇာညောင်းသူတို့ကို ငွေကြေးနဲ့ ဝယ်ယူထားပြီး အနောက်နိုင်ငံတွေရဲ့ ဒီမိုက ရေစီ၊ သတင်းမီဒီယာနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအတွင်း ထိုးဖောက်မွှေနှောက်ထားပါတယ်။ ယူကရိန်း-အစ္စရေးတို့နဲ့ပတ်သက်ပြီး လောလောဆယ် ဖြစ်ပျက်နေမှုများဟာ တကယ်လို့သာ အနောက်နိုင်ငံများအနေနဲ့ အတိအလင်းပစ်ခတ်စစ်ပွဲအတွင်း ပါဝင်ဖို့ ဖြစ်လာခဲ့ရင် ဆုံးဖြတ်ချက်လွဲမှားစေဖို့ အဲဒီလိုနည်းဗျူဟာများရဲ့ အရသာ ကို မြည်းစမ်းနေရခြင်းပဲဖြစ်ပါတယ်။
အဲဒီပဋိပက္ခများတွေဟာ တစ်ကမ္ဘာလုံးမှာ သတိပြုမိလောက်အောင် အထင်အရှား ဖြစ်ပွားနေကြပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတို့ရဲ့ ရန်သူများအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ သေနတ်ချင်း အတိအလင်း ပစ်ကြရတဲ့ ပဋိပက္ခ အဖြစ် အစဆွဲထုတ်ရာမှာ အသံတိတ်လက်နက်အဖြစ် ဩဇာကို အသုံးချနေခဲ့တာ ဆယ်စုနှစ်တစ်ခုမက ကျော် ကြာခဲ့ပြီဖြစ်ကြောင်း သတိချပ်စေလိုပါတယ်။ လူအများအနေနဲ့ တတိယကမ္ဘာစစ်ဟာ ထင်မှတ်ထား သည်ထက် ပိုနီးကပ်နေပြီး နော်မန်ဒီအပေါ်လောက်သာ မျက်စိကျနေချိန် အဲဒီစစ်ပွဲကြီးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက် နေရပြီလို့ ပြောပြချင်ပါတယ်။
(ဗြိတိသျှလေထီးတပ်ရင်း တပ်ခွဲမှူးဟောင်းတစ်ဦးဖြစ်သူ အင်ဒရူးဖောက်စ်က အင်္ဂလန်နိုင်ငံသားတစ်ဦးပီပီ အနောက်နိုင်ငံများဘက်မှ သူု့ရဲ့အမြင်ကို ရေးသားထားကြောင်း မှတ်ယူရပါတယ်။ သူပြောသလိုသလိုပဲ မျက် မှောက်ကမ္ဘာကြီးမှာ သွေးချောင်းစီး စစ်ပွဲများ ဖြစ်ပွားနေခဲ့တာ ပိုမိုပြင်းထန်လာပြီး မရပ်တန့်နိုင်ပဲရှိနေတာ အမှန်ပါ။ ယနေ့ခေတ် နိုင်ငံချင်း စစ်ပွဲတွေဟာ တပ်ရင်း တပ်ဖွဲ့-အမြောက်-တင့်ကား-တိုက်လေယာဉ်စသဖြင့် ပါဝါ အမာများကို အသုံးပြု တိုက်ခိုက်တာလည်း ရှိပြီး သတင်းမီဒီယာများ၊ လူထုဆက်ဆံရေးနည်းပညာ စသည်ဖြင့် ပါဝါ အပျော့များကိုလည်း အသုံးပြုနေကြပါတယ်။ အဲဒီလိုမတူညီတဲ့နည်းလမ်းများကို ပေါင်းစပ်အသုံးပြုတဲ့အတွက် “မျိုးပေါင်းစပ်စစ်” Hybrid Warfare လို့ ခေါ်ကြပါတယ်။
ဒီနေရာမှာ ၁၉၀၀ ပြည့်နှစ်များတဝိုက် ဥရောပဘော်လ်ကန်ဒေသ နိုင်ငံငယ်များအဖြစ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတဲ့ ယူဂိုဆလားဗီးယား စစ်ပွဲအတွင်း ရန်ဘက်တိုင်းပြည်အချင်းချင်း အမျိုးဇာတ်ကို ဖျက်ဆီးဖို့ မိန်းမ များကို စနစ်တကျ အစုအပုံလိုက် မုဒိန်းကျင့်တဲ့ “မျိုးစပ်စစ်ပွဲ” နဲ့ မရောထွေးစေလိုပါ။ နှစ်ဖက် တပ်ရင်းတပ်ဖွဲ့ အင်အားအလုံးအရင်းနဲ့ စစ်တိုက်ကြရင်း အဲဒီလို လူမဆန်စွာ သားစပ်ပစ်တဲ့ နည်းလမ်းများလည်းပါဝင်ကောင်း ပါဝင်နိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း သတင်းမီဒီယာများ၊ သံတမန်ဆက်ဆံရေးများ၊ လူထုဆက်သွယ်ရေး စနစ်များကို အသုံးပြုပြီး ရန်သူ့လူ့အဖွဲ့အစည်းအတွင်း တုန်လှုပ်ခြောက်ခြားစေဖို့ ကောလဟလများ လွှင့်ထုတ် ခြင်း၊ သတင်းတု သတင်းမှားများ ဖန်တီးပြီး တစ်ဖက်သားကို အထင်ကြီးလာစေဖို့ မိမိလူ့အဖွဲ့အစည်းအပေါ် အထင်သေး စိတ်ပျက်ပြီး သစ္စာဖောက်ဖျက်မိစေဖို့ ကုလားဖန်ထိုးနေရင်း စစ်တိုက်ကြပါတယ်။
ဒီအတွက် တစ်ဖက်လူ့အဖွဲ့အစည်းရဲ့ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများ၊ လူသိများတဲ့ အနုပညာရှင်များ၊ ဆေးဝါးကုသရေး ဆရာဝန်-သူနာပြုများ၊ ပညာရေးနယ်ပယ်မှာ ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ များသာမက နိုင်ငံရေးပါတီများ၊ စစ်တပ်-ရဲတပ်ဖွဲ့နဲ့ အစိုးရအဖွဲ့အစည်းအတွင်းပိုင်းအထိ ထိုးဖောက်စည်းရုံးထား တတ်ပါတယ်။
သတင်းမီဒီယာခေတ်ကြီးဖြစ်တဲ့အတွက် Media War မီဒီယာစစ်ခင်းခြင်းကို လူတိုင်းအလွယ်တကူ မတိမ်း ရှောင်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ပုံစံပြောင်းလဲလာတဲ့ စစ်ပွဲကြီးများနဲ့ မျိုးပေါင်းစပ်စစ်ပွဲအကြောင်း သက်ဆိုင်ရာ ပညာရှင်များက ရေးသား/ဟောပြော ပညာပေးမှု မရှိခြင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်မှာ လူပိန်းအများစုဖြစ်နေခြင်း၊ ကာယကံရှင်အစိုးရများက မိမိပြည်သူလူထုအပေါ် အကာအကွယ်ပေးရကောင်းမှန်း မသိလျှင်တော့ ပါဝါအပျော့ သာမက ပါဝါအမာနဲ့ပါ ထိပ်တိုက်ကြုံတွေ့ရတတ်ပါတယ်။ တစ်ဖက်ရန်သူနဲ့ စစ်တိုက်ရမလား မဝေခွဲနိုင်ဖြစ်ပြီး ကိုယ့်အချင်းချင်း ပြန်သတ်ကြရင်း “မသာ ကံထူးရှင်” များ ဖြစ်တတ်ပါတယ်။ ။သတင်းဘာ သာပြန်သူ)))
#တတိယကမ္ဘာစစ်_ဖြစ်နေုပြီလား #ရပ်ဝန်းနဲ့လမ်း_ပဏာမခြေလှမ်း #ဘော်လ်ကန်စစ်ပွဲ #မျိုးပေါင်းစပ်စစ်
(The Telegraph., 13 June 2024, “World War 3 has already started” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
တတိယကမာၻစစ္ ျဖစ္ပြားေနၿပီလား (ဘာသာျပန္ေဆာင္းပါး)
ေဇ႒ေအာင္ (NP News) - ဇြန္ ၁၅
ဒုတိယကမာၻစစ္ကို အဆုံးသတ္ေစမယ့္ မဟာမိတ္တိုင္းျပည္မ်ား တပ္ေပါင္းစု D-Day ကမ္းတက္ျခင္း အထိမ္း အမွတ္ပြဲမ်ားကို ျပင္သစ္ႏိုင္ငံ ေနာ္မန္ဒီမွာ သုန္သုန္မႈန္မႈန္နဲ႔ပဲ က်င္းပလိုက္ၾကပါတယ္။ ယူကရိန္းႏိုင္ငံ ဆက္လက္ ရွင္သန္ေရး အမ်ိဳးသားစစ္ပြဲျဖစ္ပြားေနခဲ့တာ ႏွစ္ႏွစ္ေက်ာ္ ရွိလာခဲ့ၿပီး အေရွ႕အလယ္ပိုင္းေဒသမွာလည္း စစ္မီးလွ်ံ မ်ား ေတာက္ေလာင္ေနပါတယ္။ ယခုရက္သတၱပတ္အတြင္း ဒုတိယကမာၻစစ္ႀကီးအေၾကာင္း အားလုံးရဲ႕ အေတြးထဲမွာ ရွိေနေပမယ့္ မၾကာမီ အလားတူ ကမာၻစစ္ႀကီးက တတိယအႀကိမ္ တစ္ပတ္ျပန္လွည့္လာတာကို ေတြ႕ျမင္ၾကရလိမ့္မယ္လို႔ “သည္ တယ္လီဂရပ္ဖ္” ၿဗိတိသွ်ေန႔စဥ္သတင္းစာ ၂ဝ၂၄ ခုႏွစ္ ဇြန္လ ၈ ရက္မွာ အင္ဒ႐ူး ေဖာက္စ္က ေရးသားပါတယ္။
အဂၤလန္ရဲ႕မဟာဗ်ဴဟာ ၿပိဳင္ဘက္တိုင္းျပည္ေတြက ဘယ္ႏိုင္ငံေတြျဖစ္မလဲဆိုတာ သိသာျမင္သာပါတယ္လို႔ အာဖဂန္စစ္ပြဲမွာ သုံးႀကိမ္တိုင္တိုင္ တာဝန္ထမ္းေဆာင္ခဲ့ဖူသူ ၿဗိတိသွ်ေလထီးတပ္ရင္း တပ္ခြဲမႉးေဟာင္း အင္ဒ႐ူးေဖာက္စ္က ဆိုပါတယ္။ တ႐ုတ္ဟာ ပစိဖိတ္ စစ္နယ္ဝန္းအျပင္ အာဖရိကနဲ႔ အာရွတိုက္ ဓာတ္သတၱဳ ႂကြယ္ဝတဲ့ႏိုင္ငံမ်ားအေပၚ လႊမ္းမိုးခ်ဳပ္ကိုင္ဖို႔ ႀကိဳးစားေနပါတယ္။ ႐ုရွားက ယခင္ USSR အဖြဲ႕ဝင္ေဟာင္း ႏိုင္ငံမ်ားအေပၚ ဆိုဗီယက္ပုံစံ လႊမ္းမိုးမႈတည္ေဆာက္ဖို႔ ရည္႐ြယ္ထားပါတယ္။ အီရန္က အေရွ႕အလယ္ပိုင္း ေဒသ မွာ အေမရိကန္နဲ႔အေပါင္းပါ အေနာက္အုပ္စုတို႔ရဲ႕လႊမ္းမိုးေနမႈကို အဆုံးသတ္ရန္ အားထုတ္ေနပါ တယ္။ တူရကီနဲ႔ ကာတာ ေက်ာေထာက္ေနာက္ခံျပဳ မြတ္ဆလင္ဘရားသားဟုဒ္ေတြကေတာ့ အာရပ္ကမာၻကို ႀကီးစိုးဖို႔ ျပင္ဆင္ေန ပါတယ္။
ရည္မွန္းခ်က္အသီးသီး အင္အားစုအမ်ိဳးမ်ိဳးတို႔ရဲ႕ ကမာၻအႏွံ႔ ေဒြးေရာယွက္တင္ျဖစ္ေနမႈကို ေျခတစ္လွမ္းဆုတ္ၿပီး အကဲခတ္ၾကည့္မယ္ တတိယကမာၻစစ္ႀကီး စတင္ေနၿပီလို႔ ျမင္ရပါလိမ့္မယ္။ ဒါဟာ အမ်ားထင္မွတ္ေနၾကတဲ့ ပဋိပကၡနဲ႔မတူပါဘူး။ ေသနတ္ခ်င္း ယွဥ္ၿပိဳင္ပစ္ခတ္ၾကတာထက္ဆိုး႐ြားတဲ့ ဗ်ဴဟာေျမာက္ၿပိဳင္ဆိုင္မႈကို ေတြ႕ျမင္ ေနရပါတယ္။ စစ္ေျမျပင္မွာဆိုရင္ေတာ့ အေမရိကန္နဲ႔ ေနတိုးကို ဘယ္ႏိုင္ငံမွ မယွဥ္ၿပိဳင္ႏိုင္ပါဘူး၊ အဲဒါေၾကာင့္ ရန္သူေတြဟာ ေသနတ္ေတြ ပစ္ေဖာက္ေနမယ့္အစား စီးပြားေရး၊ ယဥ္ေက်းမႈနည္းလမ္းေတြနဲ႔ အႏိုင္ယူဖို႔ ႀကိဳးစား ေနၾကပါတယ္။
အဲဒီတိုင္းျပည္ေတြဟာ တစ္ခ်ိန္ခ်ိန္ ထိပ္တိုက္ရင္ဆိုင္ၾကရမယ္ဆိုတာ အခ်ိန္အေတာ္ၾကာ ႀကိဳတင္ေမွ်ာ္လင့္ထား ၿပီး အဲဒီအတြက္ ျပင္ဆင္ေနပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ “ရပ္ဝန္းနဲ႔လမ္း ပဏာမေျခလွမ္း” BRI ဟာ ႏိုင္ငံေပါင္း ၁၄၀ ေက်ာ္မွာ ရင္းႏွီးျမႇဳပ္ႏွံထားၿပီး ႏိုင္ငံတကာလူဦးေရရဲ႕ ၇၅ ရာခိုင္ႏႈန္းနဲ႔ကမာၻ႔ GDP ထက္ဝက္ေက်ာ္ကို လႊမ္းၿခဳံထား ပါတယ္။
ေပက်င္အေနနဲ႔ ႏိုင္ငံတကာစီးပြားေရးက တ႐ုတ္ရဲ႕အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ မွီခိုအားထား လာရေအာင္ ဖန္တီးေနၿပီး မဟာဗ်ဴဟာက်က် ဆိပ္ကမ္းမ်ားနဲ႔ အျခားအလားအလာေကာင္းတဲ့ စစ္အေျခ စိုက္စခန္းမ်ားအတြင္း ဝင္ေရာက္ခြင့္ရရွိျခင္းအားျဖင့္ ၾသဇာလႊမ္းမိုးမႈကို ေငြေပးရယူေနပါတယ္။ တစ္ခ်ိန္တည္း မွာပဲ အေနာက္တိုင္းတကၠသိုလ္မ်ားဟာ တ႐ုတ္ေက်ာင္းသားမ်ားနဲ႔ ျပည့္လွ်ံေနပါတယ္။ အဖိုးတန္ အသိပညာမ်ား ဟာ တ႐ုတ္စီးပြားေရးအတြင္း ျပန္လည္စီးဆင္းသြားတဲ့ အျဖစ္ကို ေရာက္ရွိသြားၿပီး တ႐ုတ္ယြမ္ေငြအေပၚ မွီခို အားထားမႈလမ္းေၾကာင္းတစ္ခုကို တည္ေဆာက္ေနပါတယ္။
တ႐ုတ္တို႔ ေျခပုန္းခုတ္ေနခ်ိန္ ႐ုရွားကလည္း အေမရိကန္ ၿဗိတိန္တို႔လို အေနာက္ႏိုင္ငံမ်ားမွာ ျပႆနာအ ေတာင့္လိုက္တက္ေစဖို႔ အဖ်က္အေမွာက္ေတြကို လွ်ိဳ႕ဝွက္လုပ္ေဆာင္ေနပါတယ္။ အေမရိကန္ ေ႐ြးေကာက္ပြဲ မ်ားကို ျခယ္လွယ္ရန္၊ ၿဗိတိန္ေျမေပၚေရာက္ သူ႔ရဲ႕ႏိုင္ငံေရးရန္သူမ်ားကို အဆိပ္ခတ္လုပ္ႀကံရန္၊ ဥေရာပသမဂၢ ႀကီးကိုယ္တိုင္ ေမာ္စကို ဓာတ္ေငြ႕အေပၚ မွီခိုအားထားလာရေအာင္ ႀကိဳးပမ္းခဲ့ပါတယ္။ အြန္လိုင္းနဲ႔ သတင္း မီဒီယာမ်ားမွာ အတုအေယာင္အခ်က္အလက္မ်ားကို ျဖန႔္ၾကက္ၿပီး သူ႔ရဲ႕ ၿပိဳင္ဘက္တိုင္းျပည္မ်ား သိကၡာက် ေအာင္ လုပ္ေဆာင္ေနပါတယ္။ ေဘာ္လကန္ေဒသ၊ အာရွအလယ္ပိုင္းနဲ႔ အေရွ႕ဥေရာပႏိုင္ငံမ်ားက အေနာက္တိုင္းႏိုင္ငံ မ်ားအေပၚ အထင္ႀကီးေလးစားမႈ ပ်က္ျပားေအာင္ ဖန္တီးေနပါတယ္။ ႐ုရွားေခါင္းေဆာင္ ပူတင္ဟာ ယူကရိန္းနဲ႔ ေဂ်ာ္ဂ်ီယာတို႔လို သူ႔ႏိုင္ငံအိမ္နီးခ်င္းတိုင္းျပည္မ်ားအေပၚ စစ္ေရးအရ ရန္စၿပီး ႏိုင္လိုမင္းထက္ျပဳမူေနခဲ့ပါတယ္။ ၾကာလည္းၾကာ ေပးဆပ္ရမယ့္တန္ဖိုးလည္းႀကီးမားတဲ့ ပဋိပကၡမ်ားကို ဆင္ႏႊဲဖို႔ ဆႏၵရွိေၾကာင္း ျပသေနပါတယ္။
၂၀၀၃-ခုႏွစ္ အီရန္ေခါင္းေဆာင္ ဆဒမ္ဟူစိန္က လူအစုအပုံလိုက္ေသဆုံးေစႏိုင္တဲ့ လက္နက္မ်ားကို တီထြင္ ထုတ္လုပ္ေနၿပီး အယ္လ္ကိုင္ဒါအၾကမ္းဖက္အဖြဲ႕ကို လက္ခံေလ့က်င့္ေပးေနတယ္လို႔ အေမရိကန္က လိမ္လည္ စြပ္စြဲခဲ့ပါတယ္။ အဲဒီေနာက္ အေမရိကန္နဲ႔ အေနာက္အုပ္စုၫြန႔္ေပါင္းတပ္မ်ားက အီရတ္ႏိုင္ငံအတြင္း က်ဴး ေက်ာ္ဝင္ေရာက္ခဲ့ၾကပါတယ္။ တစ္လေက်ာ္သာၾကာျမင့္တဲ့ စစ္ပြဲအၿပီးမွာ အီရတ္တပ္မေတာ္ ၿပိဳလဲ- ဆဒမ္အ စိုးရျပဳတ္က်ၿပီး အီရတ္အရပ္သား ၄၀၀၀ မွ ၇၀၀၀ အတြင္း ေသဆုံးခဲ့ရပါတယ္။ စစ္ရာဇဝတ္မႈ စြပ္စြဲခ်က္နဲ႔ ဆဒမ္ ဟူစိန္ကို ႀကိဳးေပးကြပ္မ်က္ျခင္းနဲ႔အတူ အေရွ႕အလယ္ပိုင္း ေရွးက်လွတဲ့ မြတ္စလင္ႏိုင္ငံႀကီးအတြင္း လုံၿခဳံေရး စီးပြားေရး ပ်က္ျပားသြားခဲ့ရပါတယ္။ အီရန္အစၥလာမ္မစ္ေတာ္လွန္ေရး အေစာင့္တပ္မေတာ္ဟာ ဆက္စပ္ေဒသရဲ႕ မတည္ၿငိမ္မႈအေျခအေနအေပၚ အခြင့္ေကာင္းယူၿပီး ယီမင္၊ လက္ဘႏြန္၊ ဆီးရီးယားနဲ႔ အီရတ္တို႔လို ႏိုင္ငံမ်ား အတြင္း ခက္ထန္ၾကမ္းတမ္းတဲ့ အင္အားေကာင္းမဟာမိတ္ေတြကို ဖန္တီးခဲ့ပါတယ္။
လက္နက္ကိုင္ေဆာင္ထားတဲ့ အီရန္ကိုယ္ပြား ဟူသီတို႔ဟာ စူးအက္တူးေျမာင္းလို ကမာၻ႔ကုန္သြယ္ေရးအေရး ႀကီးေရလမ္းေၾကာင္းမ်ားကို ေႏွာက္ယွက္ေနပါတယ္။ လက္ဘႏြန္ျပည္သူစစ္ ဟစ္ဇ္ဘိုလာတို႔ကေတာ့ ဆီးရီးယား ျပည္တြင္းစစ္မွာ ပါဝင္တိုက္ခိုက္ေနၾကပါတယ္။ အီရန္ေလ့က်င့္သင္ၾကားေပးတဲ့ လက္နက္ကိုင္အရပ္သားေတြ ဟာ အီရတ္ႏိုင္ငံအတြင္း အေမရိကန္အေျခစိုက္စခန္းမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ပါတယ္။ ေခါင္းမာလွတဲ့ အီရန္အစိုးရဟာ သူ႔ရဲ႕ၾသဇာအရွိန္အဝါနဲ႔ စြမ္းပကားမ်ားအေၾကာင္း အေမရိကန္နဲ႔ ဥေရာပကို လက္ခ ေမာင္းခတ္ ျပေနပါတယ္။
အဲဒီပြဲရဲ႕ႏွစ္ဘက္စလုံးမွာ ပါဝင္ကစားေနသူမ်ားကေတာ့ ကာတာနဲ႔ တူရကီႏိုင္ငံမ်ားပဲျဖစ္ပါတယ္။ တူရကီဟာ အေမရိကန္ဦးေဆာင္ ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ဝင္ျဖစ္မႈ၊ ဥေရာပသမဂၢနဲ႔ ကုန္သြယ္ေရးခ်ိတ္ဆက္မႈမ်ားကို အသုံး ခ်ေနပါတယ္။ ကာတာကလည္း အေနာက္ႏိုင္ငံမ်ားရဲ႕ စစ္အေျခစိုက္စခန္းမ်ားကို လက္ခံထားၿပီး ၿမိဳ႕ေတာ္ဒို ဟာမွာ ေငြေၾကးအလုံးအရင္းနဲ႔ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ ကမ္းလွမ္းထားပါတယ္။ အျခားတစ္ဖက္မွာေတာ့ ဂါဇာရွိ ဟားမတ္စ္စစ္ေသြးႂကြမ်ားကို ဆက္လက္ေထာက္ခံအားေပးခဲ့ၾကပါတယ္။ အီရန္နဲ႔ သူ႔ရဲ႕ ျပည္သူ႔စစ္မ်ားက အစၥေရးအေပၚ တိုက္ခိုက္မႈမ်ားကို အရွိန္ျမႇင့္တင္ျခင္းျဖင့္ ေဒသတြင္းစစ္ပြဲကို စတင္ေနၿပီး ကာတာနဲ႔ တူရကီက အလိုတူအလိုပါ လုပ္ေနၾကပါတယ္။
အေနာက္ႏိုင္ငံမ်ားရဲ႕ႏိုင္ငံျခားေရး႐ုံးမ်ား လုံၿခဳံေရးဝန္ေဆာင္မႈဆိုင္ရာဌာနမ်ားရဲ႕ ေလ့က်င့္ေရးအႀကံေပးအဖြဲ႕ အစည္းမ်ားအေပၚ ၾသဇာလႊမ္းမိုးဖို႔ ေငြေၾကးေပးကမ္းထားၿပီး ပညာေရးဆိုင္ရာအဖြဲ႕အစည္းမ်ားမွာ ရင္းႏွီးျမဳပ္ႏွံမႈ မ်ားကို အႀကီးအက်ယ္ ျပဳလုပ္ခဲ့ပါတယ္။ ကာတာႏိုင္ငံက ေငြေၾကးေထာက္ပံ့တဲ့ “အယ္လ္ဂ်ားဇီးယား” မီဒီယာ ဟာ အေနာက္ႏိုင္ငံမ်ားအတြင္း အစၥေရးဆန႔္က်င္ေရး ဇာတ္နာေစဖို႔ တြန္းအားေပးရာမွာ အေရးႀကီး ဇာတ္႐ုပ္ တစ္႐ုပ္ျဖစ္ပါတယ္။ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ ဟားမတ္စ္ေခါင္းေဆာင္ေတြက ေဘးမသီရန္မခ ခိုလႈံေနခ်ိန္ တူရကီႏိုင္ငံကေတာ့ ဒဏ္ရာရ ဟားမတ္စ္တိုက္ခိုက္ေရးသမားမ်ားအတြက္ ေဆးဘက္ဆိုင္ရာ ေစာင့္ေရွာက္မႈ ေပးထားပါတယ္။
သတင္းတု သတင္းမွားမ်ားကို ထည့္သြင္းဖို႔ ၊ စစ္ေရးနဲ႔ ကိုင္တြယ္ေျဖရွင္းမယ္ဆိုရင္ ေထာက္ခံသူနည္းပါးဖို႔ အေနာက္ႏိုင္ငံမီဒီယာတို႔အေပၚ ၾသဇာေညာင္းသူတို႔ကို ေငြေၾကးနဲ႔ ဝယ္ယူထားၿပီး အေနာက္ႏိုင္ငံေတြရဲ႕ ဒီမိုက ေရစီ၊ သတင္းမီဒီယာနဲ႔ ပညာေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားအတြင္း ထိုးေဖာက္ေမႊေႏွာက္ထားပါတယ္။ ယူကရိန္း-အစၥေရးတို႔နဲ႔ပတ္သက္ၿပီး ေလာေလာဆယ္ ျဖစ္ပ်က္ေနမႈမ်ားဟာ တကယ္လို႔သာ အေနာက္ႏိုင္ငံမ်ားအေနနဲ႔ အတိအလင္းပစ္ခတ္စစ္ပြဲအတြင္း ပါဝင္ဖို႔ ျဖစ္လာခဲ့ရင္ ဆုံးျဖတ္ခ်က္လြဲမွားေစဖို႔ အဲဒီလိုနည္းဗ်ဴဟာမ်ားရဲ႕ အရသာ ကို ျမည္းစမ္းေနရျခင္းပဲျဖစ္ပါတယ္။
အဲဒီပဋိပကၡမ်ားေတြဟာ တစ္ကမာၻလုံးမွာ သတိျပဳမိေလာက္ေအာင္ အထင္အရွား ျဖစ္ပြားေနၾကပါတယ္။ ဒါေပမယ့္ အေနာက္ႏိုင္ငံတို႔ရဲ႕ ရန္သူမ်ားအေနနဲ႔ ကမာၻလုံးဆိုင္ရာ ေသနတ္ခ်င္း အတိအလင္း ပစ္ၾကရတဲ့ ပဋိပကၡ အျဖစ္ အစဆြဲထုတ္ရာမွာ အသံတိတ္လက္နက္အျဖစ္ ဩဇာကို အသုံးခ်ေနခဲ့တာ ဆယ္စုႏွစ္တစ္ခုမက ေက်ာ္ ၾကာခဲ့ၿပီျဖစ္ေၾကာင္း သတိခ်ပ္ေစလိုပါတယ္။ လူအမ်ားအေနနဲ႔ တတိယကမာၻစစ္ဟာ ထင္မွတ္ထား သည္ထက္ ပိုနီးကပ္ေနၿပီး ေနာ္မန္ဒီအေပၚေလာက္သာ မ်က္စိက်ေနခ်ိန္ အဲဒီစစ္ပြဲႀကီးမွာ ကိုယ္တိုင္ကိုယ္က် ပါဝင္တိုက္ခိုက္ ေနရၿပီလို႔ ေျပာျပခ်င္ပါတယ္။
(ၿဗိတိသွ်ေလထီးတပ္ရင္း တပ္ခြဲမႉးေဟာင္းတစ္ဦးျဖစ္သူ အင္ဒ႐ူးေဖာက္စ္က အဂၤလန္ႏိုင္ငံသားတစ္ဦးပီပီ အေနာက္ႏိုင္ငံမ်ားဘက္မွ သူု႔ရဲ႕အျမင္ကို ေရးသားထားေၾကာင္း မွတ္ယူရပါတယ္။ သူေျပာသလိုသလိုပဲ မ်က္ ေမွာက္ကမာၻႀကီးမွာ ေသြးေခ်ာင္းစီး စစ္ပြဲမ်ား ျဖစ္ပြားေနခဲ့တာ ပိုမိုျပင္းထန္လာၿပီး မရပ္တန႔္ႏိုင္ပဲရွိေနတာ အမွန္ပါ။ ယေန႔ေခတ္ ႏိုင္ငံခ်င္း စစ္ပြဲေတြဟာ တပ္ရင္း တပ္ဖြဲ႕-အေျမာက္-တင့္ကား-တိုက္ေလယာဥ္စသျဖင့္ ပါဝါ အမာမ်ားကို အသုံးျပဳ တိုက္ခိုက္တာလည္း ရွိၿပီး သတင္းမီဒီယာမ်ား၊ လူထုဆက္ဆံေရးနည္းပညာ စသည္ျဖင့္ ပါဝါ အေပ်ာ့မ်ားကိုလည္း အသုံးျပဳေနၾကပါတယ္။ အဲဒီလိုမတူညီတဲ့နည္းလမ္းမ်ားကို ေပါင္းစပ္အသုံးျပဳတဲ့အတြက္ “မ်ိဳးေပါင္းစပ္စစ္” Hybrid Warfare လို႔ ေခၚၾကပါတယ္။
ဒီေနရာမွာ ၁၉၀၀ ျပည့္ႏွစ္မ်ားတဝိုက္ ဥေရာပေဘာ္လ္ကန္ေဒသ ႏိုင္ငံငယ္မ်ားအျဖစ္ အစိတ္စိတ္အမႊာမႊာ ၿပိဳကြဲသြားတဲ့ ယူဂိုဆလားဗီးယား စစ္ပြဲအတြင္း ရန္ဘက္တိုင္းျပည္အခ်င္းခ်င္း အမ်ိဳးဇာတ္ကို ဖ်က္ဆီးဖို႔ မိန္းမ မ်ားကို စနစ္တက် အစုအပုံလိုက္ မုဒိန္းက်င့္တဲ့ “မ်ိဳးစပ္စစ္ပြဲ” နဲ႔ မေရာေထြးေစလိုပါ။ ႏွစ္ဖက္ တပ္ရင္းတပ္ဖြဲ႕ အင္အားအလုံးအရင္းနဲ႔ စစ္တိုက္ၾကရင္း အဲဒီလို လူမဆန္စြာ သားစပ္ပစ္တဲ့ နည္းလမ္းမ်ားလည္းပါဝင္ေကာင္း ပါဝင္ႏိုင္ပါတယ္။ အျခားတစ္ဖက္မွာလည္း သတင္းမီဒီယာမ်ား၊ သံတမန္ဆက္ဆံေရးမ်ား၊ လူထုဆက္သြယ္ေရး စနစ္မ်ားကို အသုံးျပဳၿပီး ရန္သူ႔လူ႔အဖြဲ႕အစည္းအတြင္း တုန္လႈပ္ေျခာက္ျခားေစဖို႔ ေကာလဟလမ်ား လႊင့္ထုတ္ ျခင္း၊ သတင္းတု သတင္းမွားမ်ား ဖန္တီးၿပီး တစ္ဖက္သားကို အထင္ႀကီးလာေစဖို႔ မိမိလူ႔အဖြဲ႕အစည္းအေပၚ အထင္ေသး စိတ္ပ်က္ၿပီး သစၥာေဖာက္ဖ်က္မိေစဖို႔ ကုလားဖန္ထိုးေနရင္း စစ္တိုက္ၾကပါတယ္။
ဒီအတြက္ တစ္ဖက္လူ႔အဖြဲ႕အစည္းရဲ႕ ဂ်ာနယ္လစ္မ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ လူသိမ်ားတဲ့ အႏုပညာရွင္မ်ား၊ ေဆးဝါးကုသေရး ဆရာဝန္-သူနာျပဳမ်ား၊ ပညာေရးနယ္ပယ္မွာ ဆရာ/ဆရာမ ေက်ာင္းသား/ေက်ာင္းသူ မ်ားသာမက ႏိုင္ငံေရးပါတီမ်ား၊ စစ္တပ္-ရဲတပ္ဖြဲ႕နဲ႔ အစိုးရအဖြဲ႕အစည္းအတြင္းပိုင္းအထိ ထိုးေဖာက္စည္း႐ုံးထား တတ္ပါတယ္။
သတင္းမီဒီယာေခတ္ႀကီးျဖစ္တဲ့အတြက္ Media War မီဒီယာစစ္ခင္းျခင္းကို လူတိုင္းအလြယ္တကူ မတိမ္း ေရွာင္ႏိုင္ပဲ ျဖစ္တတ္ပါတယ္။ ပုံစံေျပာင္းလဲလာတဲ့ စစ္ပြဲႀကီးမ်ားနဲ႔ မ်ိဳးေပါင္းစပ္စစ္ပြဲအေၾကာင္း သက္ဆိုင္ရာ ပညာရွင္မ်ားက ေရးသား/ေဟာေျပာ ပညာေပးမႈ မရွိျခင္း၊ လူ႔အဖြဲ႕အစည္းတစ္ရပ္မွာ လူပိန္းအမ်ားစုျဖစ္ေနျခင္း၊ ကာယကံရွင္အစိုးရမ်ားက မိမိျပည္သူလူထုအေပၚ အကာအကြယ္ေပးရေကာင္းမွန္း မသိလွ်င္ေတာ့ ပါဝါအေပ်ာ့ သာမက ပါဝါအမာနဲ႔ပါ ထိပ္တိုက္ႀကဳံေတြ႕ရတတ္ပါတယ္။ တစ္ဖက္ရန္သူနဲ႔ စစ္တိုက္ရမလား မေဝခြဲႏိုင္ျဖစ္ၿပီး ကိုယ့္အခ်င္းခ်င္း ျပန္သတ္ၾကရင္း “မသာ ကံထူးရွင္” မ်ား ျဖစ္တတ္ပါတယ္။ ။သတင္းဘာ သာျပန္သူ)))
#တတိယကမာၻစစ္_ျဖစ္ေနုၿပီလား #ရပ္ဝန္းနဲ႔လမ္း_ပဏာမေျခလွမ္း #ေဘာ္လ္ကန္စစ္ပြဲ #မ်ိဳးေပါင္းစပ္စစ္
(The Telegraph., 13 June 2024, “World War 3 has already started” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)