မန္တလေးမြို့ရှိ ဖုန်းအရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားများကို ဓားထောက်လုယက်မှု ကျူးလွန်ခဲ့သူများ အပါအဝင် ၁၁ ဦးကို ဖမ်းဆီးရမိ

 3129

ယွန်း (NP News) - ဇွန် ၁၆

မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားများကို ဓားထောက်၍ လုယက်မှု ကျူးလွန်ခဲ့သူများ အပါအဝင် ပါဝင်ပတ်သက်သူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ယမန်နေ့(ဇွန် ၁၅ ရက်) ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့၊ မဟာမြိုင်(၂) ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စားသောက်ဆိုင်ရှေ့ တွင် အမျိုးသားနှစ်ဦးမှ လက်ပစ်ဗုံးတစ်လုံးနှင့် ဓားမြှောင်တစ်ချောင်းတို့ကို ကိုင်ဆောင်၍ ဆိုင်ဝန်ထမ်းများအား ရန်ရှာခြိမ်းခြောက်နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန် ခြိမ်းခြောက်ခဲ့သူ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ဒ-၉/၁၀၆ တွင်နေထိုင်သူ ဝင်းမြိုင် (၅၆)နှစ်၊ ကို MG-1 လက်ပစ်ဗုံးတစ်လုံး၊ အရိုး အသွား ၁၃ လက်မခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်းဖြင့်လည်းကောင်း၊ ဓားဦးချွန်ကိုင်ဆောင် ခြိမ်းခြောက်ခဲ့သူ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ အောင်မြေမန္တလာဝန်ထမ်းအိမ်ရာတွင်နေထိုင်သူ ကျော်ဇေယျာ (၃၉)နှစ်အား ဓားဦးချွန်တစ်ချောင်းဖြင့်လည်းကောင်း ဇွန် ၁၃ ရက် နံနက် ၁ နာရီအချိန်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များအတွင်း လုယက်မှုများအကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ) ရှရစ်ဘိုင်(၃၂)နှစ်ကို ဇွန် ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဘုံးအိုးကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ ကြောင်း နစကမှ ဆိုထားသည်။

စစ်ဆေးချက်အရ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး (ခ)ရှရစ်ဘိုင်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များအတွင်း ခိုးမှုနှင့်လုယက်မှု နှစ်မှုတို့ဖြင့် ထောင်လေးနှစ်ကျခံခဲ့ဖူးသူဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလအတွင်း ၎င်းသည်ဖမ်းဆီးရန်ကျန်ရှိသည့် ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာနေ မျိုးမင်းလတ်နှင့်အတူ ကျောက်စိမ်းဘုရားအနီး အပါအဝင် စုစုပေါင်းနေရာခုနှစ်ခုတွင် ဆိုင်ကယ်စီးနင်းသွားလာသူများထံမှ ရွှေထည်ပစ္စည်းများကို လုယက်မှု ခုနှစ်ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့ကြောင့် အမှုများမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေးနှင့် ဖမ်းဆီးရန် ကျန်ရှိသည့် မျိုးမင်းလတ်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှ ဆိုထားသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၂ ရက်နှင့် ၁၂ ရက်တို့တွင် အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ Sky Mobile Phone အရောင်းဆိုင်နှင့် Paradise Mobile Phone အရောင်းဆိုင်တို့ရှိ လက်ကိုင်ဖုန်းမျိုးစုံ ၂၅ လုံးကို ဓားရှည်များ ကိုင်ဆောင်အသုံးပြု၍ လုယက်ယူဆောင်ခဲ့သူများအား ပြည်သူများ၏ သတင်း ပေးပို့ချက်အရ စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဇွန် ၁၃ ရက် နံနက် ၁၁ နာရီတွင် လုယက်မှုကျူးလွန်သူများဖြစ်သည့် ကျော်ဇင်ခန့်(ခ)ငပြူး (၂၀)နှစ်ကို မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်၊ ၃၈လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ နယူးရွှေထိပ်တန်းတည်းခိုခန်း၊ အခန်းအမှတ် B-1 တွင်လည်းကောင်း၊ ဟိန်းမင်းစိုး (ခ)ဖိုးသား(၂၈)နှစ်အား ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား ၁၁၂ လမ်းပေါ်ရှိ Maple တည်းခိုခန်း အခန်းအမှတ် (၃၀၅)တွင်လည်းကောင်း လုယက်မှုကျူးလွန်ရာမှရရှိခဲ့သည့် I Phone အမျိုးအစား လက်ကိုင်ဖုန်း(၉)လုံး၊ Redmi A3 အမျိုးအစား လက်ကိုင်ဖုန်း(၇)လုံးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည်နှစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ကျော်ဇင်ခန့်(ခ)ငပြူးနှင့် ဟိန်းမင်းစိုး(ခ)ဖိုးသားတို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးမှ Mobile Phone အရောင်းဆိုင်များအား လုယက်မှု ကျူးလွန်စဉ် ဖမ်းဆီးရန်ကျန်ရှိသည့် စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာနေ မိုးဆန်းအောင်(ခ)ပိစိ (၂၉) နှစ်က ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

ထို့နောက် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား အပေါင်ခံသူများဖြစ်ကြသည့် ရန်ကျော်(၃၄)နှစ်၊ မောင်မောင်ချစ်(၂၉)နှစ်၊ ဌေးမင်းသူ(၃၄)နှစ်တို့နှင့် လုယက်ရာမှရရှိသည့် လက်ကိုင်ဖုန်းများအား ရောင်းချပေးသူများဖြစ်ကြသည့် ခိုင်ဇာလင်း(၂၀)နှစ်၊ သက်သက်ဦး(၁၆)နှစ်နှင့် ဖွေဖွေးလှိုင် (ခ)မျိုးသန္တာလှိုင် (၁၆)နှစ်တို့အား ဇွန် ၁၃ ရက်၊ နေ့လယ် ၂ နာရီတွင် ၎င်းတို့၏ နေအိမ်အသီးသီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ကျော်ဇင်ခန့် (ခ)ငပြူး၊ ဟိန်းမင်းစိုး (ခ) ဖိုးသားနှင့် ဖမ်းဆီးရန်ကျန်ရှိသည့် မိုးဆန်းအောင်(ခ)ပိစိတို့သုံးဦးသည် ဇွန်လအတွင်း မန္တလေးမြို့ပေါ်ရပ်ကွက်များ၌ ဓားထောက်၍ ဆိုင်ကယ်လုယက်မှုသုံးမှုအား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး အဆိုပါအမှုများမှ CZI အမျိုးအစားသက်သေခံဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ကာ ကျန်သက်သေခံပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်နေ ကြောင်း သိရသည်။

ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန်ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအားဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ကြသူ ဖမ်းဆီးရမိ တရားခံစုစုပေါင်း ၁၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ကို သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင်အမှုများ ဖွင့်လှစ်ထားရှိပြီး ကွင်းဆက်ပတ်သက်သူများ အပါအဝင် ဖမ်းဆီးရန်ကျန်ရှိသူများကို ထပ်မံဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
မႏၲေလးၿမိဳ႕ရွိ ဖုန္းအေရာင္းဆိုင္မ်ားအား လုယက္မႈႏွင့္ ခရီးသြားမ်ားကို ဓားေထာက္လုယက္မႈ က်ဴးလြန္ခဲ့သူမ်ား အပါအဝင္ ၁၁ ဦးကို ဖမ္းဆီးရမိ
ယြန္း (NP News) - ဇြန္ ၁၆

မႏၲေလးၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း လက္ပစ္ဗုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ရန္ ၿခိမ္းေျခာက္မႈ၊ Mobile Phone အေရာင္းဆိုင္မ်ားအား လုယက္မႈႏွင့္ ခရီးသြားမ်ားကို ဓားေထာက္၍ လုယက္မႈ က်ဴးလြန္ခဲ့သူမ်ား အပါအဝင္ ပါဝင္ပတ္သက္သူ ၁၁ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ယမန္ေန႔(ဇြန္ ၁၅ ရက္) ညပိုင္းတြင္ ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္ ၁၂ ရက္ ညပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ မႏၲေလးၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ပိတ္ဆို႔စစ္ေဆးရွာေဖြျခင္း၊ ေရွာင္တခင္ဧည့္စာရင္း စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ေနစဥ္ မႏၲေလးၿမိဳ႕၊ မဟာၿမိဳင္(၂) ရပ္ကြက္၊ ၄၃ (ေအ)လမ္း၊ ၆၁ လမ္းေထာင့္ရွိ Royal Star စားေသာက္ဆိုင္ေရွ႕ တြင္ အမ်ိဳးသားႏွစ္ဦးမွ လက္ပစ္ဗုံးတစ္လုံးႏွင့္ ဓားေျမႇာင္တစ္ေခ်ာင္းတို႔ကို ကိုင္ေဆာင္၍ ဆိုင္ဝန္ထမ္းမ်ားအား ရန္ရွာၿခိမ္းေျခာက္ေနေၾကာင္းသတင္းအရ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးခဲ့ရာ လက္ပစ္ဗုံးျဖင့္ေဖာက္ခြဲရန္ ၿခိမ္းေျခာက္ခဲ့သူ မဟာေအာင္ေျမၿမိဳ႕နယ္ မဟာၿမိဳင္(၁) ရပ္ကြက္ ဒ-၉/၁၀၆ တြင္ေနထိုင္သူ ဝင္းၿမိဳင္ (၅၆)ႏွစ္၊ ကို MG-1 လက္ပစ္ဗုံးတစ္လုံး၊ အ႐ိုး အသြား ၁၃ လက္မခန႔္ရွိ ဓားအိမ္ပါ ဓားဦးခြၽန္တစ္ေခ်ာင္းျဖင့္လည္းေကာင္း၊ ဓားဦးခြၽန္ကိုင္ေဆာင္ ၿခိမ္းေျခာက္ခဲ့သူ ပုသိမ္ႀကီးၿမိဳ႕နယ္ မဲကင္းကုန္းေက်း႐ြာရွိ ေအာင္ေျမမႏၲလာဝန္ထမ္းအိမ္ရာတြင္ေနထိုင္သူ ေက်ာ္ေဇယ်ာ (၃၉)ႏွစ္အား ဓားဦးခြၽန္တစ္ေခ်ာင္းျဖင့္လည္းေကာင္း ဇြန္ ၁၃ ရက္ နံနက္ ၁ နာရီအခ်ိန္တြင္ ၎တို႔၏ ေနအိမ္အသီးသီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အလားတူ မႏၲေလးၿမိဳ႕ေပၚရပ္ကြက္မ်ားႏွင့္ အနီးပတ္ဝန္းက်င္ရွိ ၿမိဳ႕နယ္မ်ားအတြင္း လုယက္မႈမ်ားအႀကိမ္ႀကိမ္က်ဴးလြန္ခဲ့သူ ပိုင္စိုး(ခ)ပိုင္ပိုင္စိုး(ခ) ရွရစ္ဘိုင္(၃၂)ႏွစ္ကို ဇြန္ ၁၃ ရက္ ေန႔လယ္ ၁၂ နာရီခြဲအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး အမရပူရၿမိဳ႕နယ္ ဘုံးအိုးေက်း႐ြာရွိ ၎၏ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ ေၾကာင္း နစကမွ ဆိုထားသည္။

စစ္ေဆးခ်က္အရ ပိုင္စိုး(ခ)ပိုင္ပိုင္စိုး (ခ)ရွရစ္ဘိုင္သည္ ၂၀၁၉ ခုႏွစ္ႏွင့္ ၂၀၂၁ ခုႏွစ္မ်ားအတြင္း စစ္ကိုင္းၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕မ်ားအတြင္း ခိုးမႈႏွင့္လုယက္မႈ ႏွစ္မႈတို႔ျဖင့္ ေထာင္ေလးႏွစ္က်ခံခဲ့ဖူးသူျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ ေမလအတြင္း ၎သည္ဖမ္းဆီးရန္က်န္ရွိသည့္ ေက်ာက္ဆည္ၿမိဳ႕နယ္ လက္ပံေက်း႐ြာေန မ်ိဳးမင္းလတ္ႏွင့္အတူ ေက်ာက္စိမ္းဘုရားအနီး အပါအဝင္ စုစုေပါင္းေနရာခုႏွစ္ခုတြင္ ဆိုင္ကယ္စီးနင္းသြားလာသူမ်ားထံမွ ေ႐ႊထည္ပစၥည္းမ်ားကို လုယက္မႈ ခုႏွစ္ႀကိမ္ က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။

ထို႔ေၾကာင့္ အမႈမ်ားမွ သက္ေသခံပစၥည္းမ်ားအား သိမ္းဆည္းႏိုင္ေရးႏွင့္ ဖမ္းဆီးရန္ က်န္ရွိသည့္ မ်ိဳးမင္းလတ္အား ဖမ္းဆီးရမိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း နစကမွ ဆိုထားသည္။

အလားတူ ၿပီးခဲ့သည့္ ဇြန္ ၂ ရက္ႏွင့္ ၁၂ ရက္တို႔တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္ႏွင့္ မဟာေအာင္ေျမၿမိဳ႕နယ္တို႔ရွိ Sky Mobile Phone အေရာင္းဆိုင္ႏွင့္ Paradise Mobile Phone အေရာင္းဆိုင္တို႔ရွိ လက္ကိုင္ဖုန္းမ်ိဳးစုံ ၂၅ လုံးကို ဓားရွည္မ်ား ကိုင္ေဆာင္အသုံးျပဳ၍ လုယက္ယူေဆာင္ခဲ့သူမ်ားအား ျပည္သူမ်ား၏ သတင္း ေပးပို႔ခ်က္အရ စုံစမ္းေဖာ္ထုတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ဇြန္ ၁၃ ရက္ နံနက္ ၁၁ နာရီတြင္ လုယက္မႈက်ဴးလြန္သူမ်ားျဖစ္သည့္ ေက်ာ္ဇင္ခန႔္(ခ)ငျပဴး (၂၀)ႏွစ္ကို မဟာေအာင္ေျမၿမိဳ႕နယ္ မဟာႏြယ္စဥ္ရပ္ကြက္၊ ၃၈လမ္း၊ ၆၉ လမ္းႏွင့္ ၇၀ လမ္းၾကားရွိ နယူးေ႐ႊထိပ္တန္းတည္းခိုခန္း၊ အခန္းအမွတ္ B-1 တြင္လည္းေကာင္း၊ ဟိန္းမင္းစိုး (ခ)ဖိုးသား(၂၈)ႏွစ္အား ခ်မ္းျမသာစည္ၿမိဳ႕နယ္ ကန္သာယာရပ္ကြက္၊ ၅၇ လမ္းႏွင့္ ၅၈ လမ္းၾကား ၁၁၂ လမ္းေပၚရွိ Maple တည္းခိုခန္း အခန္းအမွတ္ (၃၀၅)တြင္လည္းေကာင္း လုယက္မႈက်ဴးလြန္ရာမွရရွိခဲ့သည့္ I Phone အမ်ိဳးအစား လက္ကိုင္ဖုန္း(၉)လုံး၊ Redmi A3 အမ်ိဳးအစား လက္ကိုင္ဖုန္း(၇)လုံးႏွင့္ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ ဓားရွည္ႏွစ္ေခ်ာင္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူ ေက်ာ္ဇင္ခန႔္(ခ)ငျပဴးႏွင့္ ဟိန္းမင္းစိုး(ခ)ဖိုးသားတို႔၏ ထြက္ဆိုခ်က္အရ ၎တို႔ႏွစ္ဦးမွ Mobile Phone အေရာင္းဆိုင္မ်ားအား လုယက္မႈ က်ဴးလြန္စဥ္ ဖမ္းဆီးရန္က်န္ရွိသည့္ စဥ့္ကူးၿမိဳ႕နယ္ လက္ပံလွေက်း႐ြာေန မိုးဆန္းေအာင္(ခ)ပိစိ (၂၉) ႏွစ္က ဆိုင္ကယ္ျဖင့္ လိုက္ပါပို႔ေဆာင္ေပးခဲ့ ေၾကာင္း သိရသည္။

ထို႔ေနာက္ လုယက္ရာမွရရွိသည့္ လက္ကိုင္ဖုန္းမ်ားအား အေပါင္ခံသူမ်ားျဖစ္ၾကသည့္ ရန္ေက်ာ္(၃၄)ႏွစ္၊ ေမာင္ေမာင္ခ်စ္(၂၉)ႏွစ္၊ ေဌးမင္းသူ(၃၄)ႏွစ္တို႔ႏွင့္ လုယက္ရာမွရရွိသည့္ လက္ကိုင္ဖုန္းမ်ားအား ေရာင္းခ်ေပးသူမ်ားျဖစ္ၾကသည့္ ခိုင္ဇာလင္း(၂၀)ႏွစ္၊ သက္သက္ဦး(၁၆)ႏွစ္ႏွင့္ ေဖြေဖြးလႈိင္ (ခ)မ်ိဳးသႏၲာလႈိင္ (၁၆)ႏွစ္တို႔အား ဇြန္ ၁၃ ရက္၊ ေန႔လယ္ ၂ နာရီတြင္ ၎တို႔၏ ေနအိမ္အသီးသီး၌လည္းေကာင္း ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ေက်ာ္ဇင္ခန႔္ (ခ)ငျပဴး၊ ဟိန္းမင္းစိုး (ခ) ဖိုးသားႏွင့္ ဖမ္းဆီးရန္က်န္ရွိသည့္ မိုးဆန္းေအာင္(ခ)ပိစိတို႔သုံးဦးသည္ ဇြန္လအတြင္း မႏၲေလးၿမိဳ႕ေပၚရပ္ကြက္မ်ား၌ ဓားေထာက္၍ ဆိုင္ကယ္လုယက္မႈသုံးမႈအား က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရၿပီး အဆိုပါအမႈမ်ားမွ CZI အမ်ိဳးအစားသက္ေသခံဆိုင္ကယ္တစ္စီးအား သိမ္းဆည္းရမိခဲ့ကာ က်န္သက္ေသခံပစၥည္းမ်ားအား ထပ္မံသိမ္းဆည္းရမိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေန ေၾကာင္း သိရသည္။

ျဖစ္စဥ္မ်ားတြင္ မႏၲေလးၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ျပည္သူလူထုအထိတ္တလန႔္ျဖစ္ေစရန္ လက္ပစ္ဗုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ရန္ၿခိမ္းေျခာက္မႈ၊ Mobile Phone အေရာင္းဆိုင္မ်ားအား လုယက္မႈႏွင့္ ခရီးသြားျပည္သူမ်ားအားဓားေထာက္၍ ေ႐ႊထည္ပစၥည္းမ်ား လုယက္မႈက်ဴးလြန္ခဲ့ၾကသူ ဖမ္းဆီးရမိ တရားခံစုစုေပါင္း ၁၁ ဦးတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔ကို သက္ဆိုင္ရာ ရဲစခန္းအသီးသီးတြင္အမႈမ်ား ဖြင့္လွစ္ထားရွိၿပီး ကြင္းဆက္ပတ္သက္သူမ်ား အပါအဝင္ ဖမ္းဆီးရန္က်န္ရွိသူမ်ားကို ထပ္မံဖမ္းဆီးရမိႏိုင္ေရးႏွင့္ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္စစ္ေဆးေဆာင္႐ြက္ေနေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.