ဂျိုးဘိုင်ဒန်က အကြမ်းဖက်သမားတွေကို ကူညီထောက်ပံ့ပေးနေတာဖြစ်တယ်လို့ သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝေဖန်

 1448

Pika (NP News) - ဇွန် ၁၆

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ နိုင်ငံအတွင်းကို အကြမ်းဖက်သမားတွေ အလွယ်တကူ ဝင်ရောက်စေနိုင်မယ့် မူဝါဒတွေကို အကောင်အထည်ဖော်မှုနဲ့အတူ အမေရိကန်နိုင်ငံသားတွေအပေါ် အလားအလာရှိတဲ့တိုက်ခိုက်မှုတွေ ကို ကူညီပံ့ပိုးပေးခဲ့တယ်လို့ သမ္မတဟောင်းဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က “အခြားကောင်းမွန်တဲ့အချက်တွေကို ပြသထားတဲ့ ဂျိုးဘိုင်ဒန်ဟာ အကြမ်းဖက်သမားတွေ အတွက် အထောက်အပံ့ပစ္စည်းတွေ ကူညီပံ့ပိုးပေးမှုနဲ့ အပြစ်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ဇွန်လ(၁၄)ရက်က ဖလော်ရီဒါပြည်နယ် Palm Beach မြို့မှာ ပြုလုပ်တဲ့ကမ်းပိန်းအတွင်း ယခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်က သမ္မတအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလကတည်းက အမေရိကန်နယ်ခြားစောင့် တပ်ဖွဲ့တွေ ရင်ဆိုင်နေတဲ့ရွှေ့ပြောင်းနေထိုင်သူအရေအတွက်က တိုးမြင့်လာခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က မှတ်ချက် ပြုပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ(၃၀)ရက်က ပြီးဆုံးသွားတဲ့ အမေရိကန်အစိုးရရဲ့နောက်ဆုံး ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံရဲ့အကြမ်းဖက်စောင့်ကြည့်စာရင်းမှာ လူပေါင်း(၇၃၆)ဦး ရှိခဲ့တယ်လို့ အမေရိကန် အကောက်ခွန် နဲ့ နယ်စပ်ကာကွယ်ရေး (CBP) အေဂျင်စီက ပြောကြားခဲ့ပါတယ်။

အဲဒီအရေအတွက်ဟာ ဒေါ်နယ်ထရမ့်အစိုးရရဲ့နောက်ဆုံးဘဏ္ဍာနှစ်အတွင်း ရှိခဲ့တဲ့ အကြမ်းဖက်စောင့်ကြည့် စာရင်းထဲက လူ(၁၉၉)ဦးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အများကြီးကွာဟနေတယ်လို့လည်း ပြောထားပါတယ်။ ဆိပ်ကမ်း တွေမှာ ဖမ်းဆီးခံခဲ့ရတဲ့ အကြမ်းဖက်သမားလို့ သံသယရှိတဲ့လူအရေအတွက်ဟာ (၁၇၂)ဦးထိရှိလာပြီး (၅၆၀၀) ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် လက်ရှိဘဏ္ဍာနှစ်အတွင်း အကြမ်းဖက်စောင့်ကြည့်စာရင်းမှာ ပါဝင်တဲ့ နယ်စပ်ဖြတ်ကျော်ဖို့ကြိုးပမ်းခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူအရေအတွက်ဟာ အလားတူအရှိန်အဟုန်မျိုးနဲ့ ဆက်သွားနေတယ်လို့ CBP ရဲ့ ဒေတာအချက် အလက်တွေအရ သိရပါတယ်။ နှိုင်းယှဉ်မယ်ဆိုရင် ဒေါ်နယ်ထရမ့်လက်ထက်မှာ ဆိပ်ကမ်းကနေ နိုင်ငံတွင်းကို ဖြတ်ကျော်ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တဲ့ အကြမ်းဖက်သမားလို့ သံသယရှိသူ(၁၄)ဦးသာ ရှိခဲ့တယ်လို့ သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်တွေကို ပိုမိုမြင့်တက်လာ အောင်လုပ်ဆောင်နေတယ်လို့ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်တွေနဲ့ အခြားဝေဖန်သူတွေက စွပ်စွဲပြောဆိုခဲ့ ပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့မူဝါဒတွေဟာ အစွန်းရောက်လို့သံသယရှိသူအများအပြားကို နိုင်ငံတွင်းကို ဝင်ရောက်လာစေခဲ့တယ် လို့ ၎င်းတို့က ပြောခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်နယ်စပ်အကျပ်အတည်းကို မဖြေရှင်းဘူးဆိုရင် ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ(၁၁)ရက်က ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုလိုမျိုး တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင် တယ်လို့ ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်က ပြီးခဲ့တဲ့ဧပြီလမှာ သတိပေးပြောခဲ့ပါတယ်။

Zawgyi Version;
ဂ်ိဳးဘိုင္ဒန္က အၾကမ္းဖက္သမားေတြကို ကူညီေထာက္ပံ့ေပးေနတာျဖစ္တယ္လို႔ သမၼတေဟာင္းေဒၚနယ္ထရမ့္ ေဝဖန္
Pika (NP News) - ဇြန္ ၁၆

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ႏိုင္ငံအတြင္းကို အၾကမ္းဖက္သမားေတြ အလြယ္တကူ ဝင္ေရာက္ေစႏိုင္မယ့္ မူဝါဒေတြကို အေကာင္အထည္ေဖာ္မႈနဲ႔အတူ အေမရိကန္ႏိုင္ငံသားေတြအေပၚ အလားအလာရွိတဲ့တိုက္ခိုက္မႈေတြ ကို ကူညီပံ့ပိုးေပးခဲ့တယ္လို႔ သမၼတေဟာင္းေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္က “အျခားေကာင္းမြန္တဲ့အခ်က္ေတြကို ျပသထားတဲ့ ဂ်ိဳးဘိုင္ဒန္ဟာ အၾကမ္းဖက္သမားေတြ အတြက္ အေထာက္အပံ့ပစၥည္းေတြ ကူညီပံ့ပိုးေပးမႈနဲ႔ အျပစ္ရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ ဇြန္လ(၁၄)ရက္က ဖေလာ္ရီဒါျပည္နယ္ Palm Beach ၿမိဳ႕မွာ ျပဳလုပ္တဲ့ကမ္းပိန္းအတြင္း ယခုလိုေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဂ်ိဳးဘိုင္ဒန္က သမၼတအျဖစ္ စတင္တာဝန္ယူခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလကတည္းက အေမရိကန္နယ္ျခားေစာင့္ တပ္ဖြဲ႕ေတြ ရင္ဆိုင္ေနတဲ့ေ႐ႊ႕ေျပာင္းေနထိုင္သူအေရအတြက္က တိုးျမင့္လာခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က မွတ္ခ်က္ ျပဳေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလ(၃၀)ရက္က ၿပီးဆုံးသြားတဲ့ အေမရိကန္အစိုးရရဲ႕ေနာက္ဆုံး ဘ႑ာေရးႏွစ္အတြင္း ႏိုင္ငံရဲ႕အၾကမ္းဖက္ေစာင့္ၾကည့္စာရင္းမွာ လူေပါင္း(၇၃၆)ဦး ရွိခဲ့တယ္လို႔ အေမရိကန္ အေကာက္ခြန္ နဲ႔ နယ္စပ္ကာကြယ္ေရး (CBP) ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။

အဲဒီအေရအတြက္ဟာ ေဒၚနယ္ထရမ့္အစိုးရရဲ႕ေနာက္ဆုံးဘ႑ာႏွစ္အတြင္း ရွိခဲ့တဲ့ အၾကမ္းဖက္ေစာင့္ၾကည့္ စာရင္းထဲက လူ(၁၉၉)ဦးနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ အမ်ားႀကီးကြာဟေနတယ္လို႔လည္း ေျပာထားပါတယ္။ ဆိပ္ကမ္း ေတြမွာ ဖမ္းဆီးခံခဲ့ရတဲ့ အၾကမ္းဖက္သမားလို႔ သံသယရွိတဲ့လူအေရအတြက္ဟာ (၁၇၂)ဦးထိရွိလာၿပီး (၅၆၀၀) ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ လက္ရွိဘ႑ာႏွစ္အတြင္း အၾကမ္းဖက္ေစာင့္ၾကည့္စာရင္းမွာ ပါဝင္တဲ့ နယ္စပ္ျဖတ္ေက်ာ္ဖို႔ႀကိဳးပမ္းခဲ့တဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူအေရအတြက္ဟာ အလားတူအရွိန္အဟုန္မ်ိဳးနဲ႔ ဆက္သြားေနတယ္လို႔ CBP ရဲ႕ ေဒတာအခ်က္ အလက္ေတြအရ သိရပါတယ္။ ႏႈိင္းယွဥ္မယ္ဆိုရင္ ေဒၚနယ္ထရမ့္လက္ထက္မွာ ဆိပ္ကမ္းကေန ႏိုင္ငံတြင္းကို ျဖတ္ေက်ာ္ဝင္ေရာက္ဖို႔ႀကိဳးပမ္းခဲ့တဲ့ အၾကမ္းဖက္သမားလို႔ သံသယရွိသူ(၁၄)ဦးသာ ရွိခဲ့တယ္လို႔ သိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္ႏိုင္ငံသားေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈအႏၲရာယ္ေတြကို ပိုမိုျမင့္တက္လာ ေအာင္လုပ္ေဆာင္ေနတယ္လို႔ ရီပတ္ဘလစ္ကန္လႊတ္ေတာ္အမတ္ေတြနဲ႔ အျခားေဝဖန္သူေတြက စြပ္စြဲေျပာဆိုခဲ့ ပါတယ္။

ဂ်ိဳးဘိုင္ဒန္ရဲ႕မူဝါဒေတြဟာ အစြန္းေရာက္လို႔သံသယရွိသူအမ်ားအျပားကို ႏိုင္ငံတြင္းကို ဝင္ေရာက္လာေစခဲ့တယ္ လို႔ ၎တို႔က ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္နယ္စပ္အက်ပ္အတည္းကို မေျဖရွင္းဘူးဆိုရင္ ၂ဝဝ၁ ခုႏွစ္ စက္တင္ဘာလ(၁၁)ရက္က ျဖစ္ပြားခဲ့တဲ့အၾကမ္းဖက္တိုက္ခိုက္မႈလိုမ်ိဳး တိုက္ခိုက္မႈေတြ ထပ္မံျဖစ္ပြားလာႏိုင္ တယ္လို႔ ကမာၻေက်ာ္ဘီလ်ံနာအီလြန္မတ္က ၿပီးခဲ့တဲ့ဧၿပီလမွာ သတိေပးေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.