ယူကရိန်းပဋိပက္ခအဆုံးသတ်ဖို့အတွက် စေ့စပ်ညှိနှိုင်းမှုတွေမှာ ရုရှားရဲ့ပါဝင်မှုက အရေးကြီးတယ်လို့ ဆော်ဒီအာရေးဗျအစိုးရပြော

 624

Pika (NP News) - ဇွန် ၁၆

ယူကရိန်းပဋိပက္ခအဆုံးသတ်ဖို့အတွက် ရည်ရွယ်တဲ့ ယုံကြည်ရလောက်တဲ့စေ့စပ်ညှိနှိုင်းမှုတွေမှာ ရုရှားရဲ့ပါဝင်မှုက အရေးကြီးတယ်လို့ ဆော်ဒီအာရေးဗျနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud က ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ Burgenstock အပန်းဖြေစခန်းမှာကျင်းပတဲ့ နိုင်ငံတကာထိပ်စီးအစည်းအဝေးပွဲမှာ ရုရှားနဲ့ ယူကရိန်းကြားစစ်ပွဲကို အဆုံးသတ်နိုင်ဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရရှိဖို့အတွက် ကြိုးပမ်း အားထုတ်မှုတွေအားလုံးကို ပံ့ပိုးပေးမယ့် ဆော်ဒီအာရေးဗျနိုင်ငံရဲ့ကတိဝတ်ကို Faisal bin Farhan Al Saud က ထပ်မံပြောကြားခဲ့ပါတယ်။

သို့သော်လည်း ရုရှား နဲ့ ယူကရိန်းနိုင်ငံကြား အဓိပ္ပါယ်ရှိတဲ့တိုးတက်မှုတွေအတွက် ခက်ခဲတဲ့အပေးအယူတွေ လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ ၎င်းက “ယုံကြည်စိတ်ချရတဲ့ ဘယ်လိုလုပ်ငန်းစဉ်မှာမဆို ရုရှားရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်ဆိုတာကို အလေးပေးဖော်ပြဖို့က အရေးကြီးပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် မတူညီမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းရဲ့အရေးကြီးမှုကို ၎င်းက မီးမောင်းထိုးပြခဲ့ပြီး ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းဖို့အတွက် ဆော်ဒီအာရေးဗျအစိုးရရဲ့အသင့်ရှိနေမှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ရုရှား နဲ့ တရုတ်တို့ အပါအဝင် အဓိကနိုင်ငံအများအပြားဟာ ဆွစ်ဇာလန်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ခဲ့ကြဘူးလို့လည်း သိရပါတယ်။ အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ရုရှားနိုင်ငံကို တရားဝင်ဖိတ်ကြားထားတာမျိုးမရှိတဲ့အပြင် ပွဲစီစဉ်သူတွေဟာ ငြိမ်းချမ်းရေးအတွက် စည်းမျဉ်းတွေကို ထည့်သွင်း စဉ်းစားဖို့ ဆန္ဒမရှိကြဘူးလို့ ရုရှားဘက်က စွပ်စွဲပြောခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းပဋိပကၡအဆုံးသတ္ဖို႔အတြက္ ေစ့စပ္ညႇိႏႈိင္းမႈေတြမွာ ႐ုရွားရဲ႕ပါဝင္မႈက အေရးႀကီးတယ္လို႔ ေဆာ္ဒီအာေရးဗ်အစိုးရေျပာ
Pika (NP News) - ဇြန္ ၁၆

ယူကရိန္းပဋိပကၡအဆုံးသတ္ဖို႔အတြက္ ရည္႐ြယ္တဲ့ ယုံၾကည္ရေလာက္တဲ့ေစ့စပ္ညႇိႏႈိင္းမႈေတြမွာ ႐ုရွားရဲ႕ပါဝင္မႈက အေရးႀကီးတယ္လို႔ ေဆာ္ဒီအာေရးဗ်ႏိုင္ငံျခားေရးဝန္ႀကီး Faisal bin Farhan Al Saud က ေျပာၾကားခဲ့ပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ Burgenstock အပန္းေျဖစခန္းမွာက်င္းပတဲ့ ႏိုင္ငံတကာထိပ္စီးအစည္းအေဝးပြဲမွာ ႐ုရွားနဲ႔ ယူကရိန္းၾကားစစ္ပြဲကို အဆုံးသတ္ႏိုင္ဖို႔နဲ႔ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးရရွိဖို႔အတြက္ ႀကိဳးပမ္း အားထုတ္မႈေတြအားလုံးကို ပံ့ပိုးေပးမယ့္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံရဲ႕ကတိဝတ္ကို Faisal bin Farhan Al Saud က ထပ္မံေျပာၾကားခဲ့ပါတယ္။

သို႔ေသာ္လည္း ႐ုရွား နဲ႔ ယူကရိန္းႏိုင္ငံၾကား အဓိပၸါယ္ရွိတဲ့တိုးတက္မႈေတြအတြက္ ခက္ခဲတဲ့အေပးအယူေတြ လုပ္ဖို႔ လိုအပ္လိမ့္မယ္လို႔ ၎က ေျပာၾကားခဲ့ပါတယ္။ ၎က “ယုံၾကည္စိတ္ခ်ရတဲ့ ဘယ္လိုလုပ္ငန္းစဥ္မွာမဆို ႐ုရွားရဲ႕ ပူးေပါင္းပါဝင္မႈ လိုအပ္တယ္ဆိုတာကို အေလးေပးေဖာ္ျပဖို႔က အေရးႀကီးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေတြ႕ဆုံေဆြးေႏြးမႈေတြကေနတစ္ဆင့္ မတူညီမႈေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္းျခင္းရဲ႕အေရးႀကီးမႈကို ၎က မီးေမာင္းထိုးျပခဲ့ၿပီး ပဋိပကၡကို ေျပလည္ေအာင္ေျဖရွင္းဖို႔အတြက္ ေဆာ္ဒီအာေရးဗ်အစိုးရရဲ႕အသင့္ရွိေနမႈေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

႐ုရွား နဲ႔ တ႐ုတ္တို႔ အပါအဝင္ အဓိကႏိုင္ငံအမ်ားအျပားဟာ ဆြစ္ဇာလန္မွာက်င္းပတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို မတက္ေရာက္ခဲ့ၾကဘူးလို႔လည္း သိရပါတယ္။ အဲဒီၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို တက္ေရာက္ဖို႔အတြက္ ႐ုရွားႏိုင္ငံကို တရားဝင္ဖိတ္ၾကားထားတာမ်ိဳးမရွိတဲ့အျပင္ ပြဲစီစဥ္သူေတြဟာ ၿငိမ္းခ်မ္းေရးအတြက္ စည္းမ်ဥ္းေတြကို ထည့္သြင္း စဥ္းစားဖို႔ ဆႏၵမရွိၾကဘူးလို႔ ႐ုရွားဘက္က စြပ္စြဲေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.